ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ သုဝဏၰ ေဘာလံုးကြင္းအနီးရွိ ကားတစ္စီး ေပၚတြင္ ဆရာဝန္တစ္ဦး ေဆးထိုးအပ္ကိုင္လ်က္ ေသဆံုးေနျခင္း အေၾကာင္းရင္းကို စစ္ေဆးေနဆဲျဖစ္ေၾကာင္း သဃၤန္းကြၽန္းၿမိဳ႕နယ္ ရဲစခန္းမွ တာဝန္က် ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ႏိုဝင္ဘာ ၂၅ ရက္ ညက သုဝဏၰေဘာလံုးကြင္း ပတ္လမ္း ဂိတ္ (၆)အနီး ကိုယ္ပိုင္ယာဥ္ တစ္စီး၏ ယာဥ္ေမာင္းထိုင္ခံုတြင္ ေသဆံုးေနသည့္ အမ်ိဳးသားတစ္ဦးႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕ႏွင့္ သက္ဆုိင္ရာ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့သည္။

ထိုသို႔ စစ္ေဆးရာ ေသဆံုး သူသည္ မရမ္းကုန္းၿမိဳ႕နယ္ အမွတ္ (၂) ရပ္ကြက္ေန အသက္ (၃၀) အရြယ္ ဆရာ၀န္တစ္ဦးျဖစ္ၿပီး ၎၏ ယာလက္ထဲ၌ ၂၀ စီစီ ေဆးထိုးႁပြန္တြင္ ပိုက္အပ္တြဲတပ္လ်က္ ေတြ႕ရသကဲ့သုိ႔ ေမာ္ေတာ္ယာဥ္ ထိုင္ခံုတြင္လည္း Potassium Chloride (20ml) ဘူးခြံႏွစ္ဘူး၊ Sodium Chloride (500ml) Solution ဘူးသစ္တစ္ဘူး၊ အရည္ထည့္လ်က္ ၂၀ စီစီ ေဆးထိုးႁပြန္တစ္ခု ေတြ႕ရွိခဲ့ၿပီး ႐ုပ္အေလာင္းကို သဃၤန္းကြၽန္း ေဆး႐ံုသို႔ ပို႔အပ္ခဲ့သည္ဟု ရဲစစ္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆုိပါ ဆရာဝန္ ေသဆံုး မႈႏွင့္ ပတ္သက္ၿပီး အေသးစိတ္ သိရွိႏုိင္ေရး သဃၤန္းကြၽန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕သုိ႔ ႏိုဝင္ဘာ ၂၆ ရက္ ည က ဆက္သြယ္ရာ တာဝန္က်တပ္ ဖြဲ႕ဝင္တစ္ဦးက ‘‘ဆရာဝန္က စစ္ ေဆးတုန္းရွိေသးတယ္။ အေျဖက ဘယ္ရဦးမလဲ။ ေဆး႐ံုမွာပဲ’’ဟု ေျပာသည္။

 အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္ၿပီး လတ္တေလာတြင္ ေသ မႈေသခင္းဖြင့္ ေဆာင္ရြက္ထားၿပီး ဓမၼတာအတုိင္း ေသဆံုးျခင္း ဟုတ္၊ မဟုတ္ စံုစမ္းစစ္ေဆးေန သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day

#Unicode Version#

ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းအနီးရှိ ကားတစ်စီး ပေါ်တွင် ဆရာဝန်တစ်ဦး ဆေးထိုးအပ်ကိုင်လျက် သေဆုံးနေခြင်း အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၅ ရက် ညက သုဝဏ္ဏဘောလုံးကွင်း ပတ်လမ်း ဂိတ် (၆)အနီး ကိုယ်ပိုင်ယာဉ် တစ်စီး၏ ယာဉ်မောင်းထိုင်ခုံတွင် သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ သေဆုံး သူသည် မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်နေ အသက် (၃၀) အရွယ် ဆရာဝန်တစ်ဦးဖြစ်ပြီး ၎င်း၏ ယာလက်ထဲ၌ ၂၀ စီစီ ဆေးထိုးပြွန်တွင် ပိုက်အပ်တွဲတပ်လျက် တွေ့ရသကဲ့သို့ မော်တော်ယာဉ် ထိုင်ခုံတွင်လည်း Potassium Chloride (20ml) ဘူးခွံနှစ်ဘူး၊ Sodium Chloride (500ml) Solution ဘူးသစ်တစ်ဘူး၊ အရည်ထည့်လျက် ၂၀ စီစီ ဆေးထိုးပြွန်တစ်ခု တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို သင်္ဃန်းကျွန်း ဆေးရုံသို့ ပို့အပ်ခဲ့သည်ဟု ရဲစစ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆရာဝန် သေဆုံး မှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရေး သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့သို့ နိုဝင်ဘာ ၂၆ ရက် ည က ဆက်သွယ်ရာ တာဝန်ကျတပ် ဖွဲ့ဝင်တစ်ဦးက ‘‘ဆရာဝန်က စစ် ဆေးတုန်းရှိသေးတယ်။ အဖြေက ဘယ်ရဦးမလဲ။ ဆေးရုံမှာပဲ’’ဟု ပြောသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်ပြီး လတ်တလောတွင် သေ မှုသေခင်းဖွင့် ဆောင်ရွက်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေ သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top