ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ေဘာလုံး အေက်ာ္အေမာ္ေဟာင္း ေဒးဗစ္ဘက္ခမ္းနဲ႔ ဖက္ရွင္ဒီဇိုင္နာ ဗစ္တိုးရီးယားဘက္ခမ္းတို႔ရဲ႕ ေနအိမ္ကို တလအတြင္း ဒုတိယအႀကိမ္ေျမာက္အေနနဲ႔ ေဖာက္ထြင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ ေအာက္စ္ဖို႔ရႈိင္းယားအရပ္ Great Tew မွာ ရွိတဲ့ ေဒးဗစ္ဘက္ခမ္းတို႔ရဲ႕ စတာလင္ေပါင္ ၆ သန္းတန္ အိမ္အျပင္ဘက္က လုံၿခဳံေရးကင္မရာမွာ မ်က္ႏွာဖုံးစြပ္ ဝတ္ထားတဲ့ လူ ၃ ဦးကို ေတြ႕ရွိခဲ့ရၿပီးေနာက္ ရဲတပ္ဖြဲ႕ကိုအေၾကာင္းၾကား ေခၚဆိုခဲ့ရပါတယ္။
အခုေတာ့ ကနဦးေဖာက္ဝင္ဖို႔ ႀကိဳးစားခဲ့တဲ့ ျဖစ္ရပ္အၿပီး သီတင္းေလးပတ္အၾကာမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၄ ရက္ေန႔တုန္းက သူတို႔ရဲ႕အိမ္ကေန အျခားေဖာက္ဝင္မယ့္ အဖြဲ႕တခုကို လုံၿခဳံေရးအေစာင့္ေတြနဲ႔ တိုက္ခိုက္ေရးေခြးေတြက ေမာင္းထုတ္ခဲ့ရေသးတယ္လို႔ သတင္းေတြ ထြက္လာပါတယ္။ အဲဒီအခ်ိန္မွာ ကေလး ၄ ဦးျဖစ္တဲ့ Brooklyn, Romeo, Cruz နဲ႔ Harper တို႔ အိမ္မွာ ရွိမေနခဲ့ပါဘူး။

ေဒသသတင္းအရင္းျမစ္ကေတာ့ “အိမ္မွာလူေတြ မရွိတဲ့ အခ်ိန္ကိုေ႐ြးၿပီး ပစ္မွတ္ထား ေဖာက္ဝင္ဖို႔ႀကိဳးစားခဲ့တာျဖစ္တယ္” လို႔ The Sun သတင္းစာကို ေျပာၾကားခဲ့ပါတယ္။ သူတို႔မိသားစုဟာ လန္ဒန္ၿမိဳ႕လယ္မွာရွိတဲ့ အိမ္နဲ႔ ေက်းလက္ေဒသမွာရွိတဲ့ အဲဒီအိမ္တို႔မွာ သီးျခားစီေနထိုင္ေနၾကတာျဖစ္ပါတယ္။

ကံေကာင္းခ်င္ေတာ့ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားနဲ႔ ေခြးေတြအပါအဝင္ ေနာက္ဆုံးျဖစ္ရပ္ၿပီးတဲ့ေနာက္ အပိုလုံၿခဳံေရးေတြ ခ်ထားတဲ့အတြက္ ေဖာက္ထြင္းသူခိုးေတြ မဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ သူခိုးေတြဟာ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္တာနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး အိမ္ထဲမွာခ်ထားတဲ့ လုံၿခဳံေရးအေရအတြက္ကို ေလ်ာ့တြက္ခဲ့ပုံရတယ္လို႔ ဆိုပါတယ္။

ေဖာက္ထြင္းရန္ ႀကိဳးပမ္းခဲ့တဲ့ ႏွစ္ႀကိမ္စလုံးကို အဖြဲ႕တခုတည္းက လုပ္ေဆာင္ခဲ့ပုံရေၾကာင္း၊ ေနာက္ဆုံးျဖစ္ရပ္မွာ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့တာမ်ိဳး မရွိခဲ့ေပမယ့္ အဲဒီအေျခအေန အေသးစိတ္ကို ရဲက သိရွိထားတယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့ဲတဲ့ ေအာက္တိုဘာလတုန္းက ပထမအႀကိမ္ ေဖာက္ထြင္းဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ ျပစ္မႈက်ဴးလြန္သူေတြဟာ အိမ္ထဲမွာရွိတဲ့ အဖိုးတန္ပစၥည္းေတြကို လွမ္းျမင္ရတဲ့ နံရံကိုေက်ာ္တက္ဖို႔ ေလွကားေထာင္ထားခဲ့တာကိုလည္း ေတြ႕ရွိခဲ့ပါတယ္။

အဲဒီအိမ္ဟာ အလုပ္အရမ္းမ်ားလြန္းတဲ့ ေဒးဗစ္ဘက္ခမ္းတို႔ ဇနီးေမာင္ႏွံအတြက္ တခါတရံမွသာ လာလည္ပတ္ေလ့ရွိတဲ့ အိမ္လည္းျဖစ္ပါတယ္။ ဘာပစၥည္းမွ ခိုးယူခံခဲ့ရတာ မရွိခဲ့ေပမယ့္ အခုလိုမ်ိဳး သတင္းေၾကာင့္ သူတို႔စုံတြဲႏွစ္ဦးဟာ စိတ္အထိတ္တလန႔္ ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ဘောလုံး အကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ နေအိမ်ကို တလအတွင်း ဒုတိယအကြိမ်မြောက်အနေနဲ့ ဖောက်ထွင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အောက်စ်ဖို့ရှိုင်းယားအရပ် Great Tew မှာ ရှိတဲ့ ဒေးဗစ်ဘက်ခမ်းတို့ရဲ့ စတာလင်ပေါင် ၆ သန်းတန် အိမ်အပြင်ဘက်က လုံခြုံရေးကင်မရာမှာ မျက်နှာဖုံးစွပ် ဝတ်ထားတဲ့ လူ ၃ ဦးကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ကိုအကြောင်းကြား ခေါ်ဆိုခဲ့ရပါတယ်။
အခုတော့ ကနဦးဖောက်ဝင်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်အပြီး သီတင်းလေးပတ်အကြာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းက သူတို့ရဲ့အိမ်ကနေ အခြားဖောက်ဝင်မယ့် အဖွဲ့တခုကို လုံခြုံရေးအစောင့်တွေနဲ့ တိုက်ခိုက်ရေးခွေးတွေက မောင်းထုတ်ခဲ့ရသေးတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အဲဒီအချိန်မှာ ကလေး ၄ ဦးဖြစ်တဲ့ Brooklyn, Romeo, Cruz နဲ့ Harper တို့ အိမ်မှာ ရှိမနေခဲ့ပါဘူး။

ဒေသသတင်းအရင်းမြစ်ကတော့ “အိမ်မှာလူတွေ မရှိတဲ့ အချိန်ကိုရွေးပြီး ပစ်မှတ်ထား ဖောက်ဝင်ဖို့ကြိုးစားခဲ့တာဖြစ်တယ်” လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။ သူတို့မိသားစုဟာ လန်ဒန်မြို့လယ်မှာရှိတဲ့ အိမ်နဲ့ ကျေးလက်ဒေသမှာရှိတဲ့ အဲဒီအိမ်တို့မှာ သီးခြားစီနေထိုင်နေကြတာဖြစ်ပါတယ်။

ကံကောင်းချင်တော့ ဝန်ထမ်းတော်တော်များများနဲ့ ခွေးတွေအပါအဝင် နောက်ဆုံးဖြစ်ရပ်ပြီးတဲ့နောက် အပိုလုံခြုံရေးတွေ ချထားတဲ့အတွက် ဖောက်ထွင်းသူခိုးတွေ မဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူခိုးတွေဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာနဲ့ ကြုံတွေ့ခဲ့ရပြီး အိမ်ထဲမှာချထားတဲ့ လုံခြုံရေးအရေအတွက်ကို လျော့တွက်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဖောက်ထွင်းရန် ကြိုးပမ်းခဲ့တဲ့ နှစ်ကြိမ်စလုံးကို အဖွဲ့တခုတည်းက လုပ်ဆောင်ခဲ့ပုံရကြောင်း၊ နောက်ဆုံးဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာမျိုး မရှိခဲ့ပေမယ့် အဲဒီအခြေအနေ အသေးစိတ်ကို ရဲက သိရှိထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့ဲတဲ့ အောက်တိုဘာလတုန်းက ပထမအကြိမ် ဖောက်ထွင်းဖို့ ကြိုးစားခဲ့ချိန်မှာ ပြစ်မှုကျူးလွန်သူတွေဟာ အိမ်ထဲမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို လှမ်းမြင်ရတဲ့ နံရံကိုကျော်တက်ဖို့ လှေကားထောင်ထားခဲ့တာကိုလည်း တွေ့ရှိခဲ့ပါတယ်။

အဲဒီအိမ်ဟာ အလုပ်အရမ်းများလွန်းတဲ့ ဒေးဗစ်ဘက်ခမ်းတို့ ဇနီးမောင်နှံအတွက် တခါတရံမှသာ လာလည်ပတ်လေ့ရှိတဲ့ အိမ်လည်းဖြစ်ပါတယ်။ ဘာပစ္စည်းမှ ခိုးယူခံခဲ့ရတာ မရှိခဲ့ပေမယ့် အခုလိုမျိုး သတင်းကြောင့် သူတို့စုံတွဲနှစ်ဦးဟာ စိတ်အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top