(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အေရျပားမိႈစဲြတာကို အိမ္မွာေနရင္းနဲ႔လည္း သက္သာေအာင္ ကုသလို႔ရေနပါျပီ။ ဆရာဝန္နဲ႔ေတြ႔ဖို႔ အခ်ိန္္မေပးႏိုင္ဘးူဆိုရင္ေတာင္ အိမ္မွာ ဒီနည္လမ္းေလးေတြေတာင္ စမ္းသံုးၾကည့္ပါလို႔ အၾကံေပး
ခ်င္ပါတယ္။

နႏြင္းမႈန္႔

နႏြင္းမႈန္႔မွာ anti-inflammatory ပါ၀င္တဲ့အတြက္ အေရျပားအတြက္ အေကာင္းဆံုးကုထံုး အိမ္သံုးပစၥည္းလို႔ေတာင္ေျပာရပါမယ္။ နႏြင္းမႈန္႔ကို ေရရယ္၊ အုန္းဆီနဲ႔ ေရာျပီး ျပႆနာျဖစ္ေနတဲ့ ေနရာကို လိမ္းေပးပါ။ အခ်ိန္ၾကာၾကာ ထားေပးႏုိင္ရင္ ပိုေကာင္းပါတယ္။ တကယ္လို႔ အေရျပားေတြ
နီျမန္းလာတယ္ဆိုရင္ မစိုးရိမ္ပါနဲ႔။ ရက္အနည္းငယ္ၾကာရင္ေပ်ာက္သြားပါလိမ့္မယ္။

ပန္းသီး ႐ွာလကာရည္

ပန္းသီး ႐ွာလကာရည္က အေရျပားယားယံျခင္းနဲ႔ ေျခာက္ေသြ႔ျခင္းကို သက္သာေစပါတယ္။ အေရျပားေပၚက မိႈစဲြတာေတြကို သက္သာေစျပီး PH ဓာတ္ကို ထိန္းညွိေပးႏုိင္ပါတယ္။ ပန္းသီး ႐ွာလကာရည္ကို လိမ္းေပးျပီး ဂြမ္းေလးနဲ႔ အသာယာပြတ္ေပးပါ။ တစ္ေန႔ ၃ၾကိမ္လုပ္ေပးႏုိင္ပါတယ္။ ၁၅မိနစ္ၾကာထားျပီးရင္ ေရေဆးခ်လုိက္ပါ။

Neem Leaf Extracts

အိႏိၵယ လူမ်ဳိးေတြကေတာ့ ဒီအရြက္ကို Neem လို႔ပဲေခၚၾကပါတယ္။ အေရျပား ျပႆနာတစ္ခုခုျဖစ္ရင္ ဒီအရြက္ကိုပဲ အိႏိၵယလူမ်ဳိးေတြ ႏွစ္ေပါင္းရာေက်ာ္သံုးစဲြလာၾကတာျဖစ္ပါတယ္။ Neem အရြက္ရဲ႕အဓိက အာနိသင္က ပိုုးမႊားေတြကိုေသေစျပီး အေရျပားကိုစိုေျပေစပါတယ္။Neem အရြက္ကို ေရထဲ မိနစ္အနည္းငယ္ ျပဳတ္ထားပါ။ အခ်ိန္အၾကာၾကီး ျပဳတ္ဖို႔ မလိုပါဘူး။ ပိုးမႊားေၾကာင့္ျဖစ္တဲ့ ယားယံမႈေတြကိုလည္း သက္သာေစပါတယ္။

အုန္းဆီ

အုန္းဆီမွာပါတဲ့ fatty acids က ပ်က္ဆီးသြားတဲ့ ဆဲလ္ေတြကို ျပန္လည္ေကာင္းမြန္ေစပါတယ္။ တစ္ေန႔ကို ၃ၾကိမ္ ျဖစ္ေနတဲ့ အေရျပားေပၚကို လိမ္းက်ံေပးပါ။ အစိုဓာတ္ေကာင္းေကာင္းေပးႏုိင္တဲ့
အတြက္ ပိုးေတြ ၊ ယားယံတာေတြကို ေပ်ာက္ကင္းေစပါတယ္။

Tea Tree Oil

အခုေခတ္မွာ အေရျပားျပႆနာေတြအတြက္ Tea Tree Oil ကလည္း ေတာ္ေတာ္အေရးပါလာတယ္လုိ႔ ၾသစေတးလ်လူမ်ဳိး အမ်ားစု လက္ခံလာပါတယ္။ အေရျပားမိႈစဲြျခင္းကို သက္သာေစမယ့္ Tea Tree Oilထုတ္ကုန္ေတြကုိလည္း အမ်ဳိးမ်ဳိးထုတ္လုပ္လာၾကတာေတြ႔ရတယ္။ Tea Tree Oil မွာ ယားယံျခင္း ၊ အေရျပားေျခာက္ေသြ႔ နီျမန္းျခင္းတို႔ကို ေကာင္းေကာင္းေပ်ာက္ကင္းႏုိင္စြမ္း႐ွိပါတယ္။ Tea Tree Oil ကုိ အုန္းဆီနဲ႔အနည္းငယ္ေရာျပီး တစ္ေန႔ကို ၃ၾကိမ္ေလာက္လိမ္းေပးပါ။ ထိခိုက္လြယ္တဲ့အေရျပားမဟုတ္ဘူးဆိုရင္ ဒီနည္းလမ္းကို တိုက္႐ုိက္အသံုးျပဳႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

အရေပြားမှိုစွဲတာကို အိမ်မှာနေရင်းနဲ့လည်း သက်သာအောင် ကုသလို့ရနေပါပြီ။ ဆရာဝန်နဲ့တွေ့ဖို့ အချိန်မပေးနိုင်ဘးူဆိုရင်တောင် အိမ်မှာ ဒီနည်လမ်းလေးတွေတောင် စမ်းသုံးကြည့်ပါလို့ အကြံပေး
ချင်ပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်မှာ anti-inflammatory ပါဝင်တဲ့အတွက် အရေပြားအတွက် အကောင်းဆုံးကုထုံး အိမ်သုံးပစ္စည်းလို့တောင်ပြောရပါမယ်။ နနွင်းမှုန့်ကို ရေရယ်၊ အုန်းဆီနဲ့ ရောပြီး ပြဿနာဖြစ်နေတဲ့ နေရာကို လိမ်းပေးပါ။ အချိန်ကြာကြာ ထားပေးနိုင်ရင် ပိုကောင်းပါတယ်။ တကယ်လို့ အရေပြားတွေ
နီမြန်းလာတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ရက်အနည်းငယ်ကြာရင်ပျောက်သွားပါလိမ့်မယ်။

ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်က အရေပြားယားယံခြင်းနဲ့ ခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ အရေပြားပေါ်က မှိုစွဲတာတွေကို သက်သာစေပြီး PH ဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ပန်းသီး ရှာလကာရည်ကို လိမ်းပေးပြီး ဂွမ်းလေးနဲ့ အသာယာပွတ်ပေးပါ။ တစ်နေ့ ၃ကြိမ်လုပ်ပေးနိုင်ပါတယ်။ ၁၅မိနစ်ကြာထားပြီးရင် ရေဆေးချလိုက်ပါ။

Neem Leaf Extracts

အိန္ဒိယ လူမျိုးတွေကတော့ ဒီအရွက်ကို Neem လို့ပဲခေါ်ကြပါတယ်။ အရေပြား ပြဿနာတစ်ခုခုဖြစ်ရင် ဒီအရွက်ကိုပဲ အိန္ဒိယလူမျိုးတွေ နှစ်ပေါင်းရာကျော်သုံးစွဲလာကြတာဖြစ်ပါတယ်။ Neem အရွက်ရဲ့အဓိက အာနိသင်က ပိုးမွှားတွေကိုသေစေပြီး အရေပြားကိုစိုပြေစေပါတယ်။Neem အရွက်ကို ရေထဲ မိနစ်အနည်းငယ် ပြုတ်ထားပါ။ အချိန်အကြာကြီး ပြုတ်ဖို့ မလိုပါဘူး။ ပိုးမွှားကြောင့်ဖြစ်တဲ့ ယားယံမှုတွေကိုလည်း သက်သာစေပါတယ်။

အုန်းဆီ

အုန်းဆီမှာပါတဲ့ fatty acids က ပျက်ဆီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ တစ်နေ့ကို ၃ကြိမ် ဖြစ်နေတဲ့ အရေပြားပေါ်ကို လိမ်းကျံပေးပါ။ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့
အတွက် ပိုးတွေ ၊ ယားယံတာတွေကို ပျောက်ကင်းစေပါတယ်။

Tea Tree Oil

အခုခေတ်မှာ အရေပြားပြဿနာတွေအတွက် Tea Tree Oil ကလည်း တော်တော်အရေးပါလာတယ်လို့ သြစတေးလျလူမျိုး အများစု လက်ခံလာပါတယ်။ အရေပြားမှိုစွဲခြင်းကို သက်သာစေမယ့် Tea Tree Oilထုတ်ကုန်တွေကိုလည်း အမျိုးမျိုးထုတ်လုပ်လာကြတာတွေ့ရတယ်။ Tea Tree Oil မှာ ယားယံခြင်း ၊ အရေပြားခြောက်သွေ့ နီမြန်းခြင်းတို့ကို ကောင်းကောင်းပျောက်ကင်းနိုင်စွမ်းရှိပါတယ်။ Tea Tree Oil ကို အုန်းဆီနဲ့အနည်းငယ်ရောပြီး တစ်နေ့ကို ၃ကြိမ်လောက်လိမ်းပေးပါ။ ထိခိုက်လွယ်တဲ့အရေပြားမဟုတ်ဘူးဆိုရင် ဒီနည်းလမ်းကို တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top