(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ထမင္းစားၾကတဲ့အခါ ဒီအခ်က္ေလးေတြကို ေဆာင္ပါ ေရွာင္ပါ …

အစာစားရင္ သတိယွဥ္ပါ

ထမင္းစားၾကတဲ့အခါ ေဆာင္သင့္ ေရွာင္သင့္တဲ့ အျပဳအမူေတြကုိ ေလ့လာ သိရွိႏုိင္ေအာင္ စုစည္း တင္ျပထားပါတယ္။အစာစားရင္ သတိယွဥ္ပါ။

လူတစ္ေယာက္ အစာစားပံု အထူးသျဖင့္ ထမင္းစားပံုကို ၾကည့္ၿပီး ဒီလူရဲ႕ စရုိက္သဘာဝကုိ ခန္႔မွန္းႏုိင္သလိုပဲ သူ႔ရဲ႕ ကံဇာတာ အဆုိးအေကာင္းကလည္း ထမင္းစားေသာက္ပံုကေန ထင္ဟပ္ ေပၚလြင္ေစပါတယ္။ဥပမာ ထမင္းစားတဲ့အခါ ဟင္းဖတ္ေတြကို ထမင္းနဲ႔ ေရာမစားဘဲ ထမင္းေအာက္ ျမွဳပ္ထည့္ၿပီးမွ စားတတ္ရင္ ဒီလူဟာ လွ်ိဳ႕ဝွက္တတ္သူလုိ႔ ယူဆႏုိင္ပါတယ္။တခ်ဳိ႕ကေတာ့ ထမင္းကုိ ပလုတ္ပေလာင္း စားရင္းကေန စကားေတြ ေဖာင္ဖြဲ႔ ေလွ်ာက္ေျပာေနတတ္ၾကပါတယ္။

ပါးစပ္ထဲမွာ ထမင္းအျပည့္နဲ႔ မပီမျပင္ ေျပာေနသူေတြကို ေရွးလူႀကီးေတြက ဆင္းရဲ တာရွည္တတ္တယ္ ဆုိၿပီး ဆံုးမေလ့ ရွိပါတယ္။ထမင္းစားရင္ ထမင္းမွာသာ အာရံုျပဳဖို႔၊ ဟင္းအရသာကုိ ေသခ်ာခံစားၿပီး စားဖုိ႔ ၊ အရုိးမ်ားတဲ့ ဟင္းေတြဆုိရင္ သတိထား စားတတ္ဖုိ႔ ဆုိဆံုးမတာလည္း ျဖစ္ႏုိင္ပါတယ္။ပညာရပ္ရႈေထာင့္က ေျပာရရင္ လူ႔ဘဝမွာ အေရးပါ အခရာ က်တဲ့ အသက္ဓာတ္ကို ေပးအပ္ေသာ ထမင္းကို အေလးအနက္ထား စားတတ္ဖို႔ မွာၾကားတာလည္း ျဖစ္ႏုိင္ပါတယ္။

လူတိုင္းရဲ႕ ဘ၀ေတြမွာ ထမင္းစားပံုစားနည္း အက်င့္ စရိုက္ေတြက ဒီေလာက္အေရးႀကီးမွန္း အခုမွသိရလို႔ ေက်းဇူးပါ။ 2

အဲသလို ထမင္းစားရင္း စကားေဖာင္ဖြဲ႔ ေလွ်ာက္ေျပာေနတတ္သူေတြဟာ သူ႔တုိ႔ရဲ႕ အတိတ္ဘဝ ကံဇာတာေတြ၊ လက္ရွိ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ ေအာင္ျမင္ခ်မ္းသာေနၾကရင္ေတာင္ သူေဌးက သူေဌးလို မေနတတ္တဲ့ ေနရာတကာ ဝင္ပါ အပင္ပန္းခံတတ္တဲ့ ဆင္းရဲဇာတာမ်ဳိး ပါလာၾကသူေတြ ျဖစ္ေနတတ္ပါတယ္။တကယ္ဆုိ ေန႔စဥ္ ရွင္သန္ရုန္းကန္မႈအတြက္ အသက္ဓာတ္ အင္အားကို ေပးစြမ္းေသာ ထမင္းဟင္းႏွစ္နပ္ကုိ သံုးေဆာင္ၾကရာမွာ ေအးေအးေဆးေဆး အာရံုအျပည့္နဲ႔သာ စားသံုးသင့္ပါတယ္။

ထမင္းစားေနပါတယ္ဆုိပါမွ လက္ေရာ၊ ပါးစပ္ပါ မအားရေအာင္ ေျပာဆုိ ရႈပ္ယွက္ခတ္ေနမယ္ဆုိရင္ ဘယ္လိုမွ မသင့္ေတာ္ပါဘူး။အလုပ္နဲ႔ လက္ မျပတ္ေအာင္ ပင္ပန္းရသူလုိ႔ ကိုယ့္ဖာသာ နိမိတ္ဖတ္သလုိ ျဖစ္ေနပါၿပီ။ေနာက္တစ္မ်ဳိး ရွိပါေသးတယ္။ ထမင္းစားေနရင္ ဖင္အၿငိမ္မေနဘဲ ဟုိထ ဒီထ၊ ဟုိဘက္ဝုိင္း ေျပာင္းထုိင္၊ ဒီဘက္ ေရႊ႕ထုိင္နဲ႔ ေနရာမ်ဳိးစံု ေျပာင္းစားတတ္သူပါ။ကိုယ့္ပန္းကန္ ကိုယ္ကုိင္ၿပီး တစ္ေနရာတည္းမွာကို အၿငိမ္ မေနႏုိင္ဘဲ ေလွ်ာက္သြားရင္း စားေသာက္တတ္သူေတြဟာ ဘဝမွာလည္း အတည္တက်နဲ႔ ေနထုိင္ လုပ္ကိုင္ စားေသာက္ခြင့္ နည္းပါးသူေတြ ျဖစ္လာတတ္ပါတယ္။ ဆင္ျခင္ၾကဖို႔ လိုပါတယ္။

ၿပီးေတာ့ ဟင္းကို ေခ်းမ်ား (ဂ်ီးမ်ား) တတ္သူေတြပါ။ ဟုိဟာလည္း မႀကိဳက္၊ ဒီဟာလည္း သေဘာမက်နဲ႔ ဟင္း မ်ဳိးစံု တစ္ခုမွ စိတ္တုိင္း မက်ႏုိင္တဲ့ (တနည္းအားျဖင့္) ဇီဇာေၾကာင္တဲ့ သူေတြဟာ စိတ္အေျပာင္းအလဲ ျမန္ဆန္သူေတြ၊ စိတ္ မမွန္သူေတြ ျဖစ္ေနတတ္ပါတယ္။ ဒီအက်င့္ကလည္း ေကာင္းက်ဳိး မေပးပါဘူး။လိုရင္းကို ေျပာရရင္ေတာ့ တေနရာတည္း အိေျႏၵရရ ထုိင္၊ တခါတည္း အဝစားဖုိ႔နဲ႔ စားေသာက္တဲ့အခါ ကိုယ္ စားတဲ့ ထမင္းနဲ႔ ဟင္းေပၚမွာ အာရံုစုိက္ သံုးေဆာင္ၾကဖုိ႔ပါပဲ။ေရွးလူႀကီးမ်ားရဲ႕ အဆံုးအမနဲ႔အတူ မဂၤလာ ရွိေသာ အေနအထုိင္ အျပဳအမူေတြကုိ က်င့္ယူႏုိင္ၾကပါေစဗ်ာ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ​ေဗဒင္​သုတ


#Unicode Version#

ထမင်းစားကြတဲ့အခါ ဒီအချက်လေးတွေကို ဆောင်ပါ ရှောင်ပါ …

အစာစားရင် သတိယှဉ်ပါ

ထမင်းစားကြတဲ့အခါ ဆောင်သင့် ရှောင်သင့်တဲ့ အပြုအမူတွေကို လေ့လာ သိရှိနိုင်အောင် စုစည်း တင်ပြထားပါတယ်။အစာစားရင် သတိယှဉ်ပါ။

လူတစ်ယောက် အစာစားပုံ အထူးသဖြင့် ထမင်းစားပုံကို ကြည့်ပြီး ဒီလူရဲ့ စရိုက်သဘာဝကို ခန့်မှန်းနိုင်သလိုပဲ သူ့ရဲ့ ကံဇာတာ အဆိုးအကောင်းကလည်း ထမင်းစားသောက်ပုံကနေ ထင်ဟပ် ပေါ်လွင်စေပါတယ်။ဥပမာ ထမင်းစားတဲ့အခါ ဟင်းဖတ်တွေကို ထမင်းနဲ့ ရောမစားဘဲ ထမင်းအောက် မြှုပ်ထည့်ပြီးမှ စားတတ်ရင် ဒီလူဟာ လျှို့ဝှက်တတ်သူလို့ ယူဆနိုင်ပါတယ်။တချို့ကတော့ ထမင်းကို ပလုတ်ပလောင်း စားရင်းကနေ စကားတွေ ဖောင်ဖွဲ့ လျှောက်ပြောနေတတ်ကြပါတယ်။

ပါးစပ်ထဲမှာ ထမင်းအပြည့်နဲ့ မပီမပြင် ပြောနေသူတွေကို ရှေးလူကြီးတွေက ဆင်းရဲ တာရှည်တတ်တယ် ဆိုပြီး ဆုံးမလေ့ ရှိပါတယ်။ထမင်းစားရင် ထမင်းမှာသာ အာရုံပြုဖို့၊ ဟင်းအရသာကို သေချာခံစားပြီး စားဖို့ ၊ အရိုးများတဲ့ ဟင်းတွေဆိုရင် သတိထား စားတတ်ဖို့ ဆိုဆုံးမတာလည်း ဖြစ်နိုင်ပါတယ်။ပညာရပ်ရှုထောင့်က ပြောရရင် လူ့ဘဝမှာ အရေးပါ အခရာ ကျတဲ့ အသက်ဓာတ်ကို ပေးအပ်သော ထမင်းကို အလေးအနက်ထား စားတတ်ဖို့ မှာကြားတာလည်း ဖြစ်နိုင်ပါတယ်။

လူတိုင်းရဲ့ ဘဝတွေမှာ ထမင်းစားပုံစားနည်း အကျင့် စရိုက်တွေက ဒီလောက်အရေးကြီးမှန်း အခုမှသိရလို့ ကျေးဇူးပါ။ 2

အဲသလို ထမင်းစားရင်း စကားဖောင်ဖွဲ့ လျှောက်ပြောနေတတ်သူတွေဟာ သူ့တို့ရဲ့ အတိတ်ဘဝ ကံဇာတာတွေ၊ လက်ရှိ ကြိုးစားအားထုတ်မှုတွေကြောင့် အောင်မြင်ချမ်းသာနေကြရင်တောင် သူဌေးက သူဌေးလို မနေတတ်တဲ့ နေရာတကာ ဝင်ပါ အပင်ပန်းခံတတ်တဲ့ ဆင်းရဲဇာတာမျိုး ပါလာကြသူတွေ ဖြစ်နေတတ်ပါတယ်။တကယ်ဆို နေ့စဉ် ရှင်သန်ရုန်းကန်မှုအတွက် အသက်ဓာတ် အင်အားကို ပေးစွမ်းသော ထမင်းဟင်းနှစ်နပ်ကို သုံးဆောင်ကြရာမှာ အေးအေးဆေးဆေး အာရုံအပြည့်နဲ့သာ စားသုံးသင့်ပါတယ်။

ထမင်းစားနေပါတယ်ဆိုပါမှ လက်ရော၊ ပါးစပ်ပါ မအားရအောင် ပြောဆို ရှုပ်ယှက်ခတ်နေမယ်ဆိုရင် ဘယ်လိုမှ မသင့်တော်ပါဘူး။အလုပ်နဲ့ လက် မပြတ်အောင် ပင်ပန်းရသူလို့ ကိုယ့်ဖာသာ နိမိတ်ဖတ်သလို ဖြစ်နေပါပြီ။နောက်တစ်မျိုး ရှိပါသေးတယ်။ ထမင်းစားနေရင် ဖင်အငြိမ်မနေဘဲ ဟိုထ ဒီထ၊ ဟိုဘက်ဝိုင်း ပြောင်းထိုင်၊ ဒီဘက် ရွှေ့ထိုင်နဲ့ နေရာမျိုးစုံ ပြောင်းစားတတ်သူပါ။ကိုယ့်ပန်းကန် ကိုယ်ကိုင်ပြီး တစ်နေရာတည်းမှာကို အငြိမ် မနေနိုင်ဘဲ လျှောက်သွားရင်း စားသောက်တတ်သူတွေဟာ ဘဝမှာလည်း အတည်တကျနဲ့ နေထိုင် လုပ်ကိုင် စားသောက်ခွင့် နည်းပါးသူတွေ ဖြစ်လာတတ်ပါတယ်။ ဆင်ခြင်ကြဖို့ လိုပါတယ်။

ပြီးတော့ ဟင်းကို ချေးများ (ဂျီးများ) တတ်သူတွေပါ။ ဟိုဟာလည်း မကြိုက်၊ ဒီဟာလည်း သဘောမကျနဲ့ ဟင်း မျိုးစုံ တစ်ခုမှ စိတ်တိုင်း မကျနိုင်တဲ့ (တနည်းအားဖြင့်) ဇီဇာကြောင်တဲ့ သူတွေဟာ စိတ်အပြောင်းအလဲ မြန်ဆန်သူတွေ၊ စိတ် မမှန်သူတွေ ဖြစ်နေတတ်ပါတယ်။ ဒီအကျင့်ကလည်း ကောင်းကျိုး မပေးပါဘူး။လိုရင်းကို ပြောရရင်တော့ တနေရာတည်း အိန္ဒြေရရ ထိုင်၊ တခါတည်း အဝစားဖို့နဲ့ စားသောက်တဲ့အခါ ကိုယ် စားတဲ့ ထမင်းနဲ့ ဟင်းပေါ်မှာ အာရုံစိုက် သုံးဆောင်ကြဖို့ပါပဲ။ရှေးလူကြီးများရဲ့ အဆုံးအမနဲ့အတူ မင်္ဂလာ ရှိသော အနေအထိုင် အပြုအမူတွေကို ကျင့်ယူနိုင်ကြပါစေဗျာ။

Credit – ဗေဒင်သုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top