ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



အတၳရံျမစ္ေရေၾကာင့္ ႏွစ္စဥ္ေရႀကီးနစ္ ျမဳပ္ေလ့ရွိသည့္ မြန္ျပည္နယ္ က်ိဳက္မေရာ ၿမိဳ႕နယ္အတြင္းရွိ လယ္ယာေျမမ်ားအနက္မွ ဧက ၅၀ဝ ဝန္းက်င္ကို ႀကံႏွင့္အုန္းေမႊးအစား ထိုး စိုက္ပ်ိဳးရန္စီစဥ္လ်က္ရွိေၾကာင္း မြန္ျပည္ နယ္ အစိုးရအဖြဲ႕မွ သိရသည္။

အဆိုပါေဒသတြင္ ႏွစ္စဥ္လယ္ယာေျမ ဧက ေလးေသာင္းေက်ာ္ေရႀကီးနစ္ျမဳပ္ေလ့ ရွိၿပီး ၎ေျမမ်ားအနက္ ဧက ၅၀ဝ ကို ျပန္ လည္ျပဳျပင္၍ စပါးဆက္လက္စိုက္ပ်ိဳးႏိုင္ ေအာင္ ေဆာင္႐ြက္ေနကာ ေရနစ္ျမဳပ္မႈ ဆိုး႐ြားသည့္ လယ္ကြင္းမ်ားကို အစားထိုးသီးႏွံ စိုက္ပ်ိဳးထားေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ စိုက္ပ်ိဳး၊ ေမြးျမဴေရးႏွင့္ ပို႔ေဆာင္ဆက္သြယ္ေရး ဝန္ႀကီး ဦးထြန္းေဌးက ေျပာဆိုသည္။


"လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၊ ၃၀က ဘာမွမစိုက္ ဘဲနဲ႔ ဒီအတိုင္းထားထားတဲ့ေျမေတြေပါ့။ အရင္က စပါးစိုက္တယ္။ ေရလႊမ္းတဲ့အခါက် ေတာ့ ဘာမွမစိုက္ေတာ့ဘဲ ပစ္ထားတာၾကာၿပီ။ ေလာေလာဆယ္ေတာ့ ႀကံစိုက္ဖို႔ ဇုန္အလိုက္ အေကာင္အထည္ေဖာ္ေနတယ္။ ဧက ၅၀ဝ ေလာက္စစိုက္ဖို႔လုပ္ေနတယ္" ဟု ၎က ေျပာဆိုသည္။

သၾကားစက္ လက္ရွိတြင္ မ်ိဳးစမ္းသည့္အေနျဖင့္ မ်ိဳး ႀကံမ်ားကိုစိုက္ပ်ိဳးကာ ႀကံထုတ္လုပ္ႏိုင္သည့္ အေျခအေနရရွိပါက  သၾကားစက္တည္ ေဆာက္ရန္ စီစဥ္ထားသည္။


လက္ရွိမွာ က်ိဳက္မေရာၿမိဳ႕နယ္ သေျပမ ေက်း႐ြာႏွင့္ ၾကက္ခတ္ကုန္းေက်း႐ြာအုပ္စု တို႔တြင္ ႀကံစတင္စိုက္ပ်ိဳးေနၿပီး ယခုစီမံမႈ ေအာင္ျမင္လာပါက က်ိဳက္မေရာၿမိဳ႕နယ္တြင္ လည္း သၾကားစက္တစ္လုံးထပ္မံေပၚထြက္လာ မည္ ျဖစ္သည္။

အျမင့္ေဈး

လက္ရွိႀကံေပါက္ေဈးမွာ ျပည္တြင္းႀကံ တစ္တန္လွ်င္ အနိမ့္ဆုံးေဈး က်ပ္  ၄၂ယဝ၀ဝ ႏွင့္ အျမင့္ဆုံးေဈးမွာ က်ပ္ ၅၂,ဝ၀ဝ အထိ ရွိၿပီး သၾကားတစ္ပိႆာလွ်င္ က်ပ္ ၁,၁၀ဝ ေက်ာ္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Time


#Unicode Version#

အတ္ထရံမြစ်ရေကြောင့် နှစ်စဉ်ရေကြီးနစ် မြုပ်လေ့ရှိသည့် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းရှိ လယ်ယာမြေများအနက်မှ ဧက ၅၀ဝ ဝန်းကျင်ကို ကြံနှင့်အုန်းမွှေးအစား ထိုး စိုက်ပျိုးရန်စီစဉ်လျက်ရှိကြောင်း မွန်ပြည် နယ် အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါဒေသတွင် နှစ်စဉ်လယ်ယာမြေ ဧက လေးသောင်းကျော်ရေကြီးနစ်မြုပ်လေ့ ရှိပြီး ၎င်းမြေများအနက် ဧက ၅၀ဝ ကို ပြန် လည်ပြုပြင်၍ စပါးဆက်လက်စိုက်ပျိုးနိုင် အောင် ဆောင်ရွက်နေကာ ရေနစ်မြုပ်မှု ဆိုးရွားသည့် လယ်ကွင်းများကို အစားထိုးသီးနှံ စိုက်ပျိုးထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။


"လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၊ ၃၀က ဘာမှမစိုက် ဘဲနဲ့ ဒီအတိုင်းထားထားတဲ့မြေတွေပေါ့။ အရင်က စပါးစိုက်တယ်။ ရေလွှမ်းတဲ့အခါကျ တော့ ဘာမှမစိုက်တော့ဘဲ ပစ်ထားတာကြာပြီ။ လောလောဆယ်တော့ ကြံစိုက်ဖို့ ဇုန်အလိုက် အကောင်အထည်ဖော်နေတယ်။ ဧက ၅၀ဝ လောက်စစိုက်ဖို့လုပ်နေတယ်" ဟု ၎င်းက ပြောဆိုသည်။

သကြားစက် လက်ရှိတွင် မျိုးစမ်းသည့်အနေဖြင့် မျိုး ကြံများကိုစိုက်ပျိုးကာ ကြံထုတ်လုပ်နိုင်သည့် အခြေအနေရရှိပါက  သကြားစက်တည် ဆောက်ရန် စီစဉ်ထားသည်။


လက်ရှိမှာ ကျိုက်မရောမြို့နယ် သပြေမ ကျေးရွာနှင့် ကြက်ခတ်ကုန်းကျေးရွာအုပ်စု တို့တွင် ကြံစတင်စိုက်ပျိုးနေပြီး ယခုစီမံမှု အောင်မြင်လာပါက ကျိုက်မရောမြို့နယ်တွင် လည်း သကြားစက်တစ်လုံးထပ်မံပေါ်ထွက်လာ မည် ဖြစ်သည်။

အမြင့်ဈေး

လက်ရှိကြံပေါက်ဈေးမှာ ပြည်တွင်းကြံ တစ်တန်လျှင် အနိမ့်ဆုံးဈေး ကျပ်  ၄၂ယဝဝဝ နှင့် အမြင့်ဆုံးဈေးမှာ ကျပ် ၅၂,ဝဝဝ အထိ ရှိပြီး သကြားတစ်ပိဿာလျှင် ကျပ် ၁,၁၀ဝ ကျော်ရှိကြောင်း သိရသည်။


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top