(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ယခုပညာသင္ႏွစ္ ဆယ္တန္းစာေမးပြဲေျဖရန္ စာရင္းေပးထားသူ ကုိးသိန္းခန္႔အနက္ စိတ္ႀကိဳက္ျမန္မာစာ အထူးျပဳေျဖမည့္သူ ရန္ကုန္မွတစ္ဦး၊ မႏၲေလးမွတစ္ဦး၊ ရခုိင္မွ တစ္ဦး စုစုေပါင္း ၃ ဦးရွိေၾကာင္း ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာနထံမွ သိရသည္။

ယခုႏွစ္တြင္ ဆယ္တန္းေျဖရန္ စာရင္းေပးထားသည့္ ေက်ာင္းသားဦးေရ ယခင္ႏွစ္ကထက္ ငါးေသာင္းေက်ာ္ တုိးလာၿပီး တစ္ႏုိင္ငံလံုးအတုိင္းအတာအေနႏွင့္ စာစစ္ဌာန ၁၀၀ ေက်ာ္ တုိးမည္ျဖစ္ေၾကာင္း ယင္းဌာန ဒုညႊန္ခ်ဳပ္ ဦးေအာင္ထုိက္က ဆုိသည္။

အထက္တန္းဆင့္တြင္ မယူမေနရအျဖစ္ ျမန္မာ၊ အဂၤလိပ္၊ သခၤ်ာႏွင့္ ေက်ာင္းသားကုိယ္တုိင္ေရြးခ်ယ္ႏုိင္သည့္ ဓာတု၊ ႐ူပ၊ ဇီဝ၊ ေဘာဂ၊ ပထဝီဝင္၊ သမုိင္း၊ စိတ္ႀကိဳက္ ျမန္မာစာဟူ၍ ဘာသာရပ္ ၁၀ ခုရွိသည္။

ထုိအနက္ ႏွစ္က်ေက်ာင္းသားေက်ာင္းသူမ်ားအေနႏွင့္ ဘာသာတြဲေျပာင္းေျဖခြင့္ တစ္ႀကိမ္ေပးထားေၾကာင္းႏွင့္ တစ္ႀကိမ္ေပးရာတြင္ မည္သည့္ဘာသာတြဲကိုျဖစ္ေစ ေျဖႏုိင္ေၾကာင္း ယင္းဌာန ညႊန္ၾကားေရးမွဴး ဦးမုိးျမင့္ေက်ာ္က ေျပာသည္။

ယခု ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠသုိလ္ဝင္ စာေမးပြဲအခ်ိန္စာရင္းမ်ားကို ႏွစ္စဥ္ ထုတ္ျပန္ေနက်အတိုင္း ဒီဇင္ဘာလတြင္ ထုတ္ျပန္မည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ စာစစ္ဦးစီးဌာနထံမွ သိရွိရသည္။

ၿပီးခဲ့သည့္မတ္လက က်င္းပခဲ့သည့္ တကၠသုိလ္ဝင္စာေမးပြဲတြင္ စိတ္ႀကိဳက္ျမန္မာစာ ဘာသာရပ္ေျဖသူတစ္ဦးသာ ရွိခဲ့ၿပီး အဆုိပါ ဘာသာရပ္ ေျဖဆုိသည့္ ေက်ာင္းသူ၏ နာမည္သည္ စာေမးပြဲ ေအာင္ျမင္ေၾကာင္း ထုတ္ျပန္သည့္စာရင္းတြင္ ပါမလာခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

ယခုပညာသင်နှစ် ဆယ်တန်းစာမေးပွဲဖြေရန် စာရင်းပေးထားသူ ကိုးသိန်းခန့်အနက် စိတ်ကြိုက်မြန်မာစာ အထူးပြုဖြေမည့်သူ ရန်ကုန်မှတစ်ဦး၊ မန္တလေးမှတစ်ဦး၊ ရခိုင်မှ တစ်ဦး စုစုပေါင်း ၃ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်တွင် ဆယ်တန်းဖြေရန် စာရင်းပေးထားသည့် ကျောင်းသားဦးရေ ယခင်နှစ်ကထက် ငါးသောင်းကျော် တိုးလာပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် စာစစ်ဌာန ၁၀၀ ကျော် တိုးမည်ဖြစ်ကြောင်း ယင်းဌာန ဒုညွှန်ချုပ် ဦးအောင်ထိုက်က ဆိုသည်။

အထက်တန်းဆင့်တွင် မယူမနေရအဖြစ် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာနှင့် ကျောင်းသားကိုယ်တိုင်ရွေးချယ်နိုင်သည့် ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက် မြန်မာစာဟူ၍ ဘာသာရပ် ၁၀ ခုရှိသည်။

ထိုအနက် နှစ်ကျကျောင်းသားကျောင်းသူများအနေနှင့် ဘာသာတွဲပြောင်းဖြေခွင့် တစ်ကြိမ်ပေးထားကြောင်းနှင့် တစ်ကြိမ်ပေးရာတွင် မည်သည့်ဘာသာတွဲကိုဖြစ်စေ ဖြေနိုင်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။

ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအချိန်စာရင်းများကို နှစ်စဉ် ထုတ်ပြန်နေကျအတိုင်း ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။

ပြီးခဲ့သည့်မတ်လက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေသူတစ်ဦးသာ ရှိခဲ့ပြီး အဆိုပါ ဘာသာရပ် ဖြေဆိုသည့် ကျောင်းသူ၏ နာမည်သည် စာမေးပွဲ အောင်မြင်ကြောင်း ထုတ်ပြန်သည့်စာရင်းတွင် ပါမလာခဲ့ပေ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top