ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


မဂၤလာရက္ သတ္မွတ္ၾကတဲ့အခါမွာ ရက္ရာဇာ၊ ျပႆဒါးေတြအျပင္ ဘယ္လ၊ ဘယ္ရက္ေတြမွာ ေဆာင္သင့္တယ္ဆိုတာလည္း  ေသခ်ာေလး စီစဥ္ေဆာင္ရြက္သင့္ပါတယ္ေနာ္။

စံုတြဲေလးတို႔ေရ ေမတၱာမွ်ေနေၾကာင္း ႏွစ္ဖက္မိဘေတြကို အသိေပးၿပီးၿပီး ေစ့စပ္ေတာင္းရမ္းပြဲေလး လုပ္ၿပီဆိုရင္ေတာ့ မဂၤလာပြဲ ဘယ္ေန႔က်င္းပမလဲဆိုတဲ့ ေန႔ေကာင္းရက္သာေတြ ေရြးခ်ယ္သတ္မွတ္ၾကတယ္မလား၊ ဒီလိုမ်ိဳး သတ္မွတ္ၾကတဲ့အခါမွာ ရက္ရာဇာ၊ ျပႆဒါးေတြအျပင္ ဘယ္လ၊ ဘယ္ရက္ေတြမွာ ေဆာင္သင့္တယ္ဆိုတာလည္း အေရးႀကီးသလို ဆင္ျမန္းသင့္တဲ့ ပန္း၊ ဝတ္စံုအေရာင္ေတြကအစ ေသခ်ာေလး စီစဥ္ေဆာင္ရြက္သင့္ပါတယ္ေနာ္။

မဂၤလာေဆာင္တယ္ဆိုတာ သူစိမ္းတစ္ေယာက္နဲ႔ တစ္သက္လံုး ေပါင္းသင္းေနထိုင္ျခင္း ျဖစ္တာေၾကာင့္ ဘဝတစ္ခုလံုးအတြက္ အေရးႀကီးပါတယ္ေနာ္။ ဒီေတာ့ ေဆာင္ရန္ေရွာင္ရန္ေလးေတြ ႀကိဳတင္ၿပီး သိထားသင့္ပါတယ္။

မဂၤလာပြဲက်ငး္ပသင့္တဲ့ လ (၆) လ

မဂၤလာပြဲ က်င္းပသင့္တဲ့လေတြကေတာ့ တန္ခူးလ၊ ကဆုန္၊ နယုန္၊ သီတင္းကၽြတ္၊ တန္ေဆာင္မုန္းနဲ႔ တပို႔တြဲလေတြပါ။ တန္ခူးလမွာ မဂၤလာပြဲ က်င္းပမယ္ဆိုရင္ ပစၥည္းဥစၥာၾကြယ္ဝျခင္း၊ ကဆုန္လမွာ ခ်မ္းသာၾကြယ္ဝျခင္း၊ နယုန္လမွာ ေပ်ာ္ရႊင္မႈရရွိျခင္း၊ ေမတၱာဓါတ္ျပည့္ဝျခင္း၊ သီတငး္ကၽြတ္မွာဆိုရင္ ဆန္ေရစပါး ျပည့္စံုတတ္ျခင္း၊ သားေကာင္းသမီးရတနာ ထြန္းကားျခင္းနဲ႔ တန္ေဆာင္မုန္းဆိုရင္ေတာ့ ေနအိမ္မဂၤလာအသံုးအေဆာင္ေတြ ျပည့္စံုတာမ်ိဳး အက်ိဳးေက်းဇူးေတြ ခံစားရမွာ ျဖစ္ပါတယ္။
မဂၤလာပြဲ မက်င္းပသင့္တဲ့လ (၆) လ

မဂၤလာပြဲ မက်င္းပသင့္တဲ့ (၆) လကေတာ့ ဝါဆို၊ ဝါေခါင္၊ ေတာ္သလင္း၊ နတ္ေတာ္၊ျပာသိုလနဲ႔ တေပါင္းလပဲ ျဖစ္ပါတယ္။ ဝါဆိုလမွာဆိုရင္ ဖ်ားနာျခင္း၊ ေဘးအႏၱရာယ္ႀကံဳျခင္း၊ ဝါေခါင္လမွာဆိုရင္ စိတ္ေသာကျဖစ္စရာ ႀကံဳတတ္ျခင္း၊ ေတာ္သလင္းလမွာဆိုရင္ ေရာဂါထူေျပာတတ္ျခင္း၊ နတ္ေတာ္လမွာ အိမ္ေထာင္ေရးေသာက ႀကံဳရတတ္ျခင္း၊ ျပာသိုလမွာ ပစၥည္းဥစၥာ ေခါင္းပါးျခင္းနဲ႔ တေပါင္းလမွာဆိုရင္ စကားခဏခဏမ်ားရျခင္းနဲ႔ ရွင္ကြဲ ကြဲရျခင္းေတြ ျဖစ္တတ္ပါတယ္။

ေန႔ရက္အလိုက္ ေဆာင္ရန္ေရွာင္ရန္

ေန႔ရက္အလိုက္ ေဆာင္ရန္ေရွာင္ရန္ကေတာ့ တနဂၤေႏြ၊ အဂၤါ၊ ဗုဒၶဟူး၊ ၾကာသပေတး၊ ေသာၾကာေန႔ေတြမွာ မဂၤလာေဆာင္ရင္ သားေကာင္းရတနာ ထြနး္ကားတတ္သလို  ဥစၥာပစၥည္းလည္း ႂကြယ္ဝခ်မ္းသာတတ္ၾကပါတယ္။ စေနေန႔နဲ႔ တနလၤာေန႔ေတြမွာ မဂၤလာေဆာင္ရင္ေတာ့ သားသမီးအရနည္းတတ္သလို လင္မယားခ်င္လည္း ရန္ျဖစ္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

အေကာင္းဆံုး မဂၤလာအခ်ိန္

မဂၤလာအခ်ိန္ကေတာ့ အခမ္းအနားမႉးဘိသိတ္ဆရာက “မဂၤလာအခ်ိန္က်ေရာက္ပါၿပီ”လို႔ ႏႈတ္ႁမြက္ေျပာၾကားၿပီး မဂၤလာအခမ္းအနားစတင္ဖြင့္လွစ္ဖို႔ အေကာင္းဆံုး အခ်ိန္ေတြပါပဲ။ ရံုးတက္လက္မွတ္ထိုးမယ့္သူေတြအတြက္ မဂၤလာအခ်ိန္ကေတာ့ တနဂၤေႏြေန႔၊ ဗုဒၶဟူး၊ ေသာၾကာေန႔ေတြမွာဆိုရင္ အေကာင္းဆံုး မဂၤလာအခ်ိန္ကေတာ့ မနက္(၆ ) နာရီကေန (၈)နာရီ (၂၄) မိနစ္အတြင္းပါ။ အဂၤါနဲ႔ ၾကာသပေတးေန႔ကေတာ့ ညေန(၃) နာရီ (၃၇) မိနစ္ကေန (၆) နာရီအတြင္းပါ။ ဗုဒၶဟူးေန႔ကေတာ့ မြန္းလြဲ(၁) နာရီ (၁၃) မိနစ္ကေန (၃) နာရီ (၃၆) မိနစ္အတြင္းပါ။  ၾကာသပေတးေန႔ဆို မနက္ (၈)နာရီ (၂၅)မိနစ္ ကေန(၁၀)နာရီ (၄၈)မိနစ္ အတြင္းပါ။ စေနနဲ႔တနလၤာ မပါတာက  မဂၤလာမေဆာင္သင့္ဘူးလို႔ ေျပာထားၿပီးျဖစ္တဲ့အတြက္ အခ်ိန္မေရြးေပးတာပါ။

ရက္ရာဇာ ၊ ျပႆ ဒါး၊သမားျဖဴ၊၊ သမားညိဳ ၊ဝါရမိတၱဴ ရက္ေတြေရြးခ်ယ္ဖို႔ကေတာ့ ျပကၡဒိန္ၾကည့္ၿပီး ေရြးလို႔ရပါတယ္။ သတိျပဳရမယ့္အခ်က္ကေတာ့ မဂၤလာအခ်ိန္အခါေတြ ဘယ္ေလာက္ေရြးေရြး ကာယကံရွင္ ဇနီးေမာင္ႏွံတို႔ရဲ႕ ဇာတာႏွစ္ခုကို တိုက္စစ္ၿပီး ေဆာင္ရန္ေရွာင္ရန္ေလးေတြ လုပ္ထားရင္ေတာ့ ေကာင္းပါတယ္။ စံုတြဲေလးတို႔ နီးစပ္ရာ ဆရာေတြဆီမွာ ဇာတာတုိက္စစ္တာမ်ိဳး လုပ္ပါ။ ဇာတာမတိုက္ဆိုင္ဘူးဆိုရင္ ယၾတာေခ်တာမ်ိဳးလုပ္ေဆာင္ပါေနာ္။ ဒီလိုဆိုိရင္ ဇနီးေမာင္ႏွံတို႔ အိမ္ေထာင္ေရး အဆင္ေျပမွာ ေသခ်ာပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )


#Unicode Version#

မင်္ဂလာရက် သတ်မှတ်ကြတဲ့အခါမှာ ရက်ရာဇာ၊ ပြဿဒါးတွေအပြင် ဘယ်လ၊ ဘယ်ရက်တွေမှာ ဆောင်သင့်တယ်ဆိုတာလည်း  သေချာလေး စီစဉ်ဆောင်ရွက်သင့်ပါတယ်နော်။

စုံတွဲလေးတို့ရေ မေတ္တာမျှနေကြောင်း နှစ်ဖက်မိဘတွေကို အသိပေးပြီးပြီး စေ့စပ်တောင်းရမ်းပွဲလေး လုပ်ပြီဆိုရင်တော့ မင်္ဂလာပွဲ ဘယ်နေ့ကျင်းပမလဲဆိုတဲ့ နေ့ကောင်းရက်သာတွေ ရွေးချယ်သတ်မှတ်ကြတယ်မလား၊ ဒီလိုမျိုး သတ်မှတ်ကြတဲ့အခါမှာ ရက်ရာဇာ၊ ပြဿဒါးတွေအပြင် ဘယ်လ၊ ဘယ်ရက်တွေမှာ ဆောင်သင့်တယ်ဆိုတာလည်း အရေးကြီးသလို ဆင်မြန်းသင့်တဲ့ ပန်း၊ ဝတ်စုံအရောင်တွေကအစ သေချာလေး စီစဉ်ဆောင်ရွက်သင့်ပါတယ်နော်။

မင်္ဂလာဆောင်တယ်ဆိုတာ သူစိမ်းတစ်ယောက်နဲ့ တစ်သက်လုံး ပေါင်းသင်းနေထိုင်ခြင်း ဖြစ်တာကြောင့် ဘဝတစ်ခုလုံးအတွက် အရေးကြီးပါတယ်နော်။ ဒီတော့ ဆောင်ရန်ရှောင်ရန်လေးတွေ ကြိုတင်ပြီး သိထားသင့်ပါတယ်။

မင်္ဂလာပွဲကျင်းပသင့်တဲ့ လ (၆) လ

မင်္ဂလာပွဲ ကျင်းပသင့်တဲ့လတွေကတော့ တန်ခူးလ၊ ကဆုန်၊ နယုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းနဲ့ တပို့တွဲလတွေပါ။ တန်ခူးလမှာ မင်္ဂလာပွဲ ကျင်းပမယ်ဆိုရင် ပစ္စည်းဥစ္စာကြွယ်ဝခြင်း၊ ကဆုန်လမှာ ချမ်းသာကြွယ်ဝခြင်း၊ နယုန်လမှာ ပျော်ရွှင်မှုရရှိခြင်း၊ မေတ္တာဓါတ်ပြည့်ဝခြင်း၊ သီတင်းကျွတ်မှာဆိုရင် ဆန်ရေစပါး ပြည့်စုံတတ်ခြင်း၊ သားကောင်းသမီးရတနာ ထွန်းကားခြင်းနဲ့ တန်ဆောင်မုန်းဆိုရင်တော့ နေအိမ်မင်္ဂလာအသုံးအဆောင်တွေ ပြည့်စုံတာမျိုး အကျိုးကျေးဇူးတွေ ခံစားရမှာ ဖြစ်ပါတယ်။
မင်္ဂလာပွဲ မကျင်းပသင့်တဲ့လ (၆) လ

မင်္ဂလာပွဲ မကျင်းပသင့်တဲ့ (၆) လကတော့ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ နတ်တော်၊ပြာသိုလနဲ့ တပေါင်းလပဲ ဖြစ်ပါတယ်။ ဝါဆိုလမှာဆိုရင် ဖျားနာခြင်း၊ ဘေးအန္တရာယ်ကြုံခြင်း၊ ဝါခေါင်လမှာဆိုရင် စိတ်သောကဖြစ်စရာ ကြုံတတ်ခြင်း၊ တော်သလင်းလမှာဆိုရင် ရောဂါထူပြောတတ်ခြင်း၊ နတ်တော်လမှာ အိမ်ထောင်ရေးသောက ကြုံရတတ်ခြင်း၊ ပြာသိုလမှာ ပစ္စည်းဥစ္စာ ခေါင်းပါးခြင်းနဲ့ တပေါင်းလမှာဆိုရင် စကားခဏခဏများရခြင်းနဲ့ ရှင်ကွဲ ကွဲရခြင်းတွေ ဖြစ်တတ်ပါတယ်။

နေ့ရက်အလိုက် ဆောင်ရန်ရှောင်ရန်

နေ့ရက်အလိုက် ဆောင်ရန်ရှောင်ရန်ကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်ရင် သားကောင်းရတနာ ထွန်းကားတတ်သလို  ဥစ္စာပစ္စည်းလည်း ကြွယ်ဝချမ်းသာတတ်ကြပါတယ်။ စနေနေ့နဲ့ တနင်္လာနေ့တွေမှာ မင်္ဂလာဆောင်ရင်တော့ သားသမီးအရနည်းတတ်သလို လင်မယားချင်လည်း ရန်ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။

အကောင်းဆုံး မင်္ဂလာအချိန်

မင်္ဂလာအချိန်ကတော့ အခမ်းအနားမှူးဘိသိတ်ဆရာက “မင်္ဂလာအချိန်ကျရောက်ပါပြီ”လို့ နှုတ်မြွက်ပြောကြားပြီး မင်္ဂလာအခမ်းအနားစတင်ဖွင့်လှစ်ဖို့ အကောင်းဆုံး အချိန်တွေပါပဲ။ ရုံးတက်လက်မှတ်ထိုးမယ့်သူတွေအတွက် မင်္ဂလာအချိန်ကတော့ တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာဆိုရင် အကောင်းဆုံး မင်္ဂလာအချိန်ကတော့ မနက်(၆ ) နာရီကနေ (၈)နာရီ (၂၄) မိနစ်အတွင်းပါ။ အင်္ဂါနဲ့ ကြာသပတေးနေ့ကတော့ ညနေ(၃) နာရီ (၃၇) မိနစ်ကနေ (၆) နာရီအတွင်းပါ။ ဗုဒ္ဓဟူးနေ့ကတော့ မွန်းလွဲ(၁) နာရီ (၁၃) မိနစ်ကနေ (၃) နာရီ (၃၆) မိနစ်အတွင်းပါ။  ကြာသပတေးနေ့ဆို မနက် (၈)နာရီ (၂၅)မိနစ် ကနေ(၁၀)နာရီ (၄၈)မိနစ် အတွင်းပါ။ စနေနဲ့တနင်္လာ မပါတာက  မင်္ဂလာမဆောင်သင့်ဘူးလို့ ပြောထားပြီးဖြစ်တဲ့အတွက် အချိန်မရွေးပေးတာပါ။

ရက်ရာဇာ ၊ ပြဿ ဒါး၊သမားဖြူ၊၊ သမားညို ၊ဝါရမိတ္တူ ရက်တွေရွေးချယ်ဖို့ကတော့ ပြက္ခဒိန်ကြည့်ပြီး ရွေးလို့ရပါတယ်။ သတိပြုရမယ့်အချက်ကတော့ မင်္ဂလာအချိန်အခါတွေ ဘယ်လောက်ရွေးရွေး ကာယကံရှင် ဇနီးမောင်နှံတို့ရဲ့ ဇာတာနှစ်ခုကို တိုက်စစ်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ လုပ်ထားရင်တော့ ကောင်းပါတယ်။ စုံတွဲလေးတို့ နီးစပ်ရာ ဆရာတွေဆီမှာ ဇာတာတိုက်စစ်တာမျိုး လုပ်ပါ။ ဇာတာမတိုက်ဆိုင်ဘူးဆိုရင် ယတြာချေတာမျိုးလုပ်ဆောင်ပါနော်။ ဒီလိုဆိုရင် ဇနီးမောင်နှံတို့ အိမ်ထောင်ရေး အဆင်ပြေမှာ သေချာပါတယ်။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top