ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကုိယ့္ဘဝရည္မွန္းခ်က္အတြက္ အက်ိဳးရွိမယ့္ ကိစၥရပ္တစ္ခုကုိ စဥ္းစားလုိက္တုိင္း “မျဖစ္ႏုိင္ပါဘူး၊ ငါလုပ္ႏုိင္မွာမဟုတ္ပါဘူး၊ အေျခအေနေပးမွာ မဟုတ္ပါဘူး” လုိ႔အၿမဲတမ္းေတြးမိတတ္ပါတယ္။ ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ေတြဟာမ်ားေသာအားျဖင့္ အဲ့လုိမ်ိဳးေတြးမိၿပီး စိတ္ကူးေတြ၊ အိမ္မက္ေတြကုိ လက္ေလွ်ာ့လုိက္ရတာမ်ားပါတယ္။ ဒါတင္မကဘဲ အခြင့္အလမ္းေတြႀကံဳေတြ႕ရတဲ့ အခါမ်ိဳးမွာေတာင္ “ငါမလုပ္သင့္ဘူး၊ ငါလုပ္ႏုိင္မွာမဟုတ္ဘူး” ဆုိၿပီး အေတြးလြန္ကာ အခြင့္အလမ္းေကာင္းမ်ားကုိ လက္လႊတ္ဆုံး႐ႈံးရတတ္ပါတယ္။

ဒါေၾကာင့္ ‘မလုပ္သင့္ဘူး၊ လုပ္ႏုိင္မွာမဟုတ္ဘူးလုိ႔’ ေတြးမယ့္အစား “လုပ္သင့္တယ္၊ လုပ္ႏုိင္တယ္” ဆုိတာမ်ိဳးျဖစ္သင့္ပါတယ္။ အနည္းဆုံးေတာ့ ရလာတဲ့အခြင့္အေရးေပၚမူတည္ၿပီး ေတြေဝစုိးရိမ္ေနမယ့္အစား ႀကိဳးစားလုပ္ၾကည့္သင့္ပါတယ္။“လုပ္သင့္တယ္၊ လုပ္ႏုိင္တယ္” ဆုိတဲ့ စကားႏွစ္ခြန္းသည္ မိမိရဲ႕ စိတ္သႏၱာန္ ကုိပါေျပာင္းလဲေစႏုိင္ပါတယ္။

ေအာင္ျမင္ႏုိင္တဲ့အခြင့္အေရးေတြကုိ အေႏွာင့္အယွက္ေပးမယ့္ အေၾကာင္းျပခ်က္ေတြကုိ တားဆီးေပးႏုိင္သလုိ ဘယ္အရာမွမျဖစ္ႏုိင္တာမရွိဘူးဆိုတာကုိပါ လက္ခံလာေစႏုိင္ပါတယ္။

ေနာက္တစ္ခ်က္မွာ အျခားတစ္ေယာက္ ေယာက္က မိမိရဲ႕ Career နဲ႔ ပတ္သက္ၿပီး ေမးလာခဲ့ရင္ ေျဖရခက္တာမ်ိဳးႀကံဳေတြ႕ရတတ္ပါတယ္။ အိမ္မက္နဲ႔ လက္ေတြ႕တစ္ထပ္တည္း က်ေနတဲ့သူမ်ားမွလြဲၿပီး မိမိရဲ႕ Career အေျပာင္းအလဲေတြကုိမိမိကုိယ္တုိင္စိတ္တုိင္းက်မျဖစ္ျခင္း၊ အျခားသူမ်ားကုိလည္းေျပာျပဖုိ႔လည္း ဝန္ေလးေနတာမ်ိဳးႀကံဳရႏုိင္ပါတယ္။ ဒီထက္ဆုိးတာက လက္ရွိအေနအထားမွ မိမိျဖစ္ခ်င္ေသာ အေနအထားသစ္သုိ႔ ႐ုတ္ခ်ည္းေျပာင္းလဲပစ္ဖုိ႔ကုိ စိုးရိမ္
ေၾကာက္ရြံ႕ၾကတာပဲ ျဖစ္ပါတယ္။ အဲ့လုိေၾကာက္႐ြံ႕ေနမယ့္အစားကုိယ္လုိခ်င္ေသာ အေျခအေန၊ အေနအထားတစ္ခုကုိ သတၱိရွိရွိနဲ႔ ရင္ဆုိင္ေျပာင္းလဲလုိက္ျခင္းျဖင့္ အနည္းဆုံးေနာင္တဆုိတာမရႏုိင္ပါဘူး။ ကုိယ္တကယ္လုိခ်င္၊
ေျပာင္းလဲခ်င္ဖုိ႔နဲ႔ ႀကိဳးစားဖုိ႔ပဲလုိအပ္တာပါ။

“မိမိမႏွစ္သက္ေသာ နယ္ပယ္မွာေအာင္ျမင္ေနတာထက္၊ မိမိႏွစ္သက္ေသာ နယ္ပယ္မွာ က်႐ႈံးေနတာပုိၿပီးေပ်ာ္ဖုိ႔ေကာင္းပါတယ္” ဘာျဖစ္လုိ႔လဲဆုိရင္ ေအာင္ျမင္မႈ၊ က်႐ႈံးမႈေတြ ဆုိတာ မတည္ၿမဲပါဘူး။ မေပ်ာ္တဲ့နယ္ပယ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေအာင္ျမင္မႈရရွိႏုိင္ေသာ္လည္း က်႐ႈံးခ်ိန္ေရာက္တဲ့အခါ စိတ္ဓာတ္္က်မႈနဲ႔အတူ နလန္မထူႏိုင္တဲ့ထိျဖစ္ႏုိင္ၿပီး ကုိယ္ႏွစ္သက္ေပ်ာ္ရႊင္ေသာ နယ္ပယ္တြင္က်႐ႈံးေနရင္ေသာ္မွ ျပန္လည္ႏုိးထၿပီး ထိပ္ဆုံးသုိ႔ေရာက္ေအာင္ပင္ ႀကိဳးစားလုိစိတ္ပုိမ်ားေသာေၾကာင့္ပဲျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: SFJ Strategy First


#Unicode Version#

ကိုယ့်ဘဝရည်မှန်းချက်အတွက် အကျိုးရှိမယ့် ကိစ္စရပ်တစ်ခုကို စဉ်းစားလိုက်တိုင်း “မဖြစ်နိုင်ပါဘူး၊ ငါလုပ်နိုင်မှာမဟုတ်ပါဘူး၊ အခြေအနေပေးမှာ မဟုတ်ပါဘူး” လို့အမြဲတမ်းတွေးမိတတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေဟာများသောအားဖြင့် အဲ့လိုမျိုးတွေးမိပြီး စိတ်ကူးတွေ၊ အိမ်မက်တွေကို လက်လျှော့လိုက်ရတာများပါတယ်။ ဒါတင်မကဘဲ အခွင့်အလမ်းတွေကြုံတွေ့ရတဲ့ အခါမျိုးမှာတောင် “ငါမလုပ်သင့်ဘူး၊ ငါလုပ်နိုင်မှာမဟုတ်ဘူး” ဆိုပြီး အတွေးလွန်ကာ အခွင့်အလမ်းကောင်းများကို လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။

ဒါကြောင့် ‘မလုပ်သင့်ဘူး၊ လုပ်နိုင်မှာမဟုတ်ဘူးလို့’ တွေးမယ့်အစား “လုပ်သင့်တယ်၊ လုပ်နိုင်တယ်” ဆိုတာမျိုးဖြစ်သင့်ပါတယ်။ အနည်းဆုံးတော့ ရလာတဲ့အခွင့်အရေးပေါ်မူတည်ပြီး တွေဝေစိုးရိမ်နေမယ့်အစား ကြိုးစားလုပ်ကြည့်သင့်ပါတယ်။“လုပ်သင့်တယ်၊ လုပ်နိုင်တယ်” ဆိုတဲ့ စကားနှစ်ခွန်းသည် မိမိရဲ့ စိတ်သန္တာန် ကိုပါပြောင်းလဲစေနိုင်ပါတယ်။

အောင်မြင်နိုင်တဲ့အခွင့်အရေးတွေကို အနှောင့်အယှက်ပေးမယ့် အကြောင်းပြချက်တွေကို တားဆီးပေးနိုင်သလို ဘယ်အရာမှမဖြစ်နိုင်တာမရှိဘူးဆိုတာကိုပါ လက်ခံလာစေနိုင်ပါတယ်။

နောက်တစ်ချက်မှာ အခြားတစ်ယောက် ယောက်က မိမိရဲ့ Career နဲ့ ပတ်သက်ပြီး မေးလာခဲ့ရင် ဖြေရခက်တာမျိုးကြုံတွေ့ရတတ်ပါတယ်။ အိမ်မက်နဲ့ လက်တွေ့တစ်ထပ်တည်း ကျနေတဲ့သူများမှလွဲပြီး မိမိရဲ့ Career အပြောင်းအလဲတွေကိုမိမိကိုယ်တိုင်စိတ်တိုင်းကျမဖြစ်ခြင်း၊ အခြားသူများကိုလည်းပြောပြဖို့လည်း ဝန်လေးနေတာမျိုးကြုံရနိုင်ပါတယ်။ ဒီထက်ဆိုးတာက လက်ရှိအနေအထားမှ မိမိဖြစ်ချင်သော အနေအထားသစ်သို့ ရုတ်ချည်းပြောင်းလဲပစ်ဖို့ကို စိုးရိမ်
ကြောက်ရွံ့ကြတာပဲ ဖြစ်ပါတယ်။ အဲ့လိုကြောက်ရွံ့နေမယ့်အစားကိုယ်လိုချင်သော အခြေအနေ၊ အနေအထားတစ်ခုကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပြောင်းလဲလိုက်ခြင်းဖြင့် အနည်းဆုံးနောင်တဆိုတာမရနိုင်ပါဘူး။ ကိုယ်တကယ်လိုချင်၊
ပြောင်းလဲချင်ဖို့နဲ့ ကြိုးစားဖို့ပဲလိုအပ်တာပါ။

“မိမိမနှစ်သက်သော နယ်ပယ်မှာအောင်မြင်နေတာထက်၊ မိမိနှစ်သက်သော နယ်ပယ်မှာ ကျရှုံးနေတာပိုပြီးပျော်ဖို့ကောင်းပါတယ်” ဘာဖြစ်လို့လဲဆိုရင် အောင်မြင်မှု၊ ကျရှုံးမှုတွေ ဆိုတာ မတည်မြဲပါဘူး။ မပျော်တဲ့နယ်ပယ်မှာ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုရရှိနိုင်သော်လည်း ကျရှုံးချိန်ရောက်တဲ့အခါ စိတ်ဓာတ်ကျမှုနဲ့အတူ နလန်မထူနိုင်တဲ့ထိဖြစ်နိုင်ပြီး ကိုယ်နှစ်သက်ပျော်ရွှင်သော နယ်ပယ်တွင်ကျရှုံးနေရင်သော်မှ ပြန်လည်နိုးထပြီး ထိပ်ဆုံးသို့ရောက်အောင်ပင် ကြိုးစားလိုစိတ်ပိုများသောကြောင့်ပဲဖြစ်ပါတယ်။

Credit: SFJ Strategy First
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top