(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ယခုတေလာ ငါးပိထဲ လူေသေကာင္ပုပ္ေတြ႔တယ္ ဘာ၊ ညာ သတင္းေတြ ဖတ္ရပါတယ္။ အရင္ကလည္း ငါးပိထဲဓာတု ပစၥည္း အေရာအေနွာထည့္ၾကတယ္လို့ၾကားရေပမဲ့ အတိ အက်မသိတာတေၾကာင္း၊ ၾကာခဲ့ျပီျဖစ္တာေၾကာင့္တေၾကာင္း၊ ဟုတ္ခ်င္ လည္း ဟုတ္နိုင္တာက တေၾကာင္းတို့ေၾကာင့္ ဘာမွေနာက္ေၾကာင္း မလွန္လိုေတာ့ပါဘူး။ ဒါေပမဲ့ ခုကိစၥကေတာ့ ဘယ္လိုမွ မဟုတ္မဟတ္ တာၾကီးကို ၾကားလာရေတာ့ မေနနိုင္လို့ ေရးလိုက္မိပါတယ္။ အကို်းစီးပြား ပဋိပကၡျဖစ္သြားသူေတြကေတာ့ မုန္းၾကမွာေပါ့။

အေျခခံလူတန္းစားေတြ လႈပ္လႈပ္ရြရြျဖစ္ေစမယ့္ အေျခအေနအမို်း မို်းဖန္တီးခံေနရတာ ေတြ့ေနရပါတယ္။ ေငြစကၠူေတြဖ်က္သိမ္းမယ္လို့ ေကာလာဟလေတြထြက္သလို၊ ဗိုလ္ခု်ပ္ေၾကးရုပ္ကိစၥကလည္း သခြတ္ပင္ မီးတက်ည္က်ည္ပါ။ အဲဒီေၾကးရုပ္တခုျဖစ္ဖို့လိုတဲ့ သိန္းရာေက်ာ္ေငြ ဘယ္ ကလာလဲ လမ္းေၾကာင္းလိုက္လိုက္ရင္ ပဲြျပီးပါတယ္။ ဒါေပမဲ့လည္း ဘာ ေတြ မကင္းရာမကင္းေၾကာင္း ပတ္သက္ေနလည္းမသိ၊ ရႈပ္သထက္ရႈပ္ လာပါတယ္။

၂၀၁၅ ေရြးေကာက္ပဲြအျပီး အာဏာအလဲႊအေျပာင္းၾကား ကာလမွာလည္း ခရစ္ယာန္ဘုရားေက်ာင္းထဲ၊ ဗလီထဲ ေစတီအတင္း၀င္ တည္တာေတြ၊ ကေလးခိုးဂိုဏ္းမိတယ္ဆိုျပီး အုတ္ေအာ္ေသာင္းတင္းျဖစ္ တာေတြ၊ ပင္စင္စားေတြ ေျမကြက္ေပးဖို့ ေလွ်ာက္လႊာတင္ခိုင္းတယ္ဆိုျပီး ရုတ္ရုတ္သဲသဲျဖစ္ခဲ့ၾကရေသးတာ မွတ္မိၾကေသးလားမသိ။

ယခုလူသားငါးပိ၊ ငံျပာရည္ကိစၥကေတာ့ နားလည္သူေတြအတြက္ ရယ္စရာပါ။

ေရခို်စစ္စစ္ ငါး၊ ပုစြန္နဲ့ေတာင္ လုပ္မရပါ။ ပင္လယ္ငါး၊ သို့မဟုတ္ ဆားငန္ဒီေရ၀င္တဲ့ ျမစ္၀ကြ်န္း ေပၚေဒသ ငါး၊ ပုစြန္နဲ့သာ လုပ္လို့ရပါတယ္
လူသားမွမဟုတ္ ၾကက္သား၊ ၀က္သား၊ အမဲသား တျခားဘယ္ ဟာနဲ့မွ ငါးပိ၊ ငံျပာရည္ လုပ္လို့မရပါ။ ေရခို်စစ္စစ္ ငါး၊ ပုစြန္နဲ့ေတာင္ လုပ္မရပါ။ ပင္လယ္ငါး၊ သို့မဟုတ္ ဆားငန္ဒီေရ၀င္တဲ့ ျမစ္၀ကြ်န္း ေပၚေဒသ ငါး၊ ပုစြန္နဲ့သာ လုပ္လို့ရပါတယ္။ လုပ္တာမွာလည္း ငါးအပုပ္၊ အသိုးနဲ့မရပါ။ အရည္အေသြး ထိပ္တန္းငါးပိ၊ ငံျပာရည္ကို လတ္ဆတ္တဲ့ ကုန္ၾကမ္းနဲ့မွ လုပ္လို့ရပါတယ္။

ငါး၊ ပုစြန္ေတြကို ဒီတိုင္းထားရင္ ပုပ္သိုး၊ ေလာက္တက္သြားပါတယ္။ အရက္ကို ဆန္၊ ဂံု်၊ ေျပာင္း၊ အာလူး စတာ ေတြကေန ကေစာ္ေဖာက္ ထုတ္လုပ္တာျဖစ္ေပမဲ့ ရိုးရိုးပုပ္သိုးသြားတာနဲ့ သေဘာမတူတာ၊ ဟင္းသီးဟင္းရြက္ေတြ ပုပ္ရိရဲြသြားတာနဲ့ ခ်ဥ္ဖတ္ျဖစ္ သြားတာ မတူတာ၊ နို့သိုး၊ ခ်ဥ္သြားတာနဲ့ ဒိန္ခ်ဥ္၊ ဒိန္ခဲ၊ ခ့နန်န ျဖစ္သြားတာေတြနဲ့ မတူသလိုမို်းပါ။

အဲဟာေတြအားလံုးမွာ အဓိကက ေအာက္ဆီဂ်င္ မရိွ၊ အလင္းေရာင္မရိွတဲ့အေျခအေနမို်းမွာ အကို်းျပု ဗက္တီးရီးယားေတြ၊ အင္ဇိုင္းေတြရဲ့ ဓာတ္ျပုေျပာင္းလဲမႈကေန အနံ့ အရသာနဲ့ ျပည့္စံုတဲ့ၾကာရွည္ထားခံတဲ့ စားစရာေတြအျဖစ္ ေျပာင္းလဲ သြားၾကတာပါ။ ငါးပိလုပ္ရင္ ငါး၊ ပုစြန္ စတာေတြကို ဆားနဲ့နယ္ျပီး ေလမသလပ္ေအာင္၊ အလင္းေရာင္မ၀င္ေအာင္ စဥ့္အိုးထဲဖိသိပ္ထည့္ ဖံုးအုပ္ထားမွျဖစ္တာပါ။ ေ၀က်လာတဲ့ အရည္ေတြကေတာ့ ငံျပာရည္ေပါ့။

ေရခို်ငါးနဲ႔ ေရငန္ငါးလည္း သဘာ၀မတူပါ။

သတၱ၀ါေတြကိုယ္တြင္းမွာ ဆားငန္နႈန္းက ၁% ျဖစ္ေပမဲ့ ပင္လယ္ ေရမွာ အငန္ဓာတ္က ၃% ပါ။ ဆားငန္ေရနဲ့ အျမဲထိေတြ႔အသက္ရွူ၊ အသက္ရွင္ေနရတဲ့ ပင္လယ္ငါး၊ ပုစြန္၊ ေရသတၱ၀ါေတြမွာ ကိုယ္တြင္း ဆားအငန္ဓာတ္ကိုထိန္းဖို႔၊ ကိုယ္တြင္းအရည္ေတြ၊ ေသြးေတြ၊ အသားေတြ ထဲကို ဆားေတြစိမ့္၀င္မလာဖို႔ ကိုယ့္ကိုယ္တြင္း၊ အရည္၊ အေသြးအသားေတြကို ပ်စ္ေနေအာင္ဖန္တီးထားၾကရပါတယ္။

အဲဒီလိုပ်စ္ေစဖို႔ ဂလိုင္စင္းနဲ႔ ဂလူတမစ္အက္စစ္လို႔ေခၚတဲ့ အမိုင္နိုအက္စစ္ ၂ ခုကို ကိုယ္တြင္းအနံွ႔ ျဖန္႔ၾကက္ျပည့္၀ေနေစၾကရပါတယ္။ ပင္လယ္ငါးလတ္ရင္ မညီွေသးေပမဲ့ ခဏေနညီွလာတာ အဲဒီ ၂ ခုနဲ့ ေလနဲ့ဓာတ္ျပုျပီး အနံ႔ဆိုးထြက္လာတာပါ။

ဒါေၾကာင့္ ေရခို်ငါးထက္ ပင္လယ္ငါးက ပိုညီွရတာျဖစ္ပါတယ္။

သတၱ၀ါေတြကိုယ္တြင္းမွာ ဆားငန္နႈန္းက ၁% ျဖစ္ေပမဲ့ ပင္လယ္ ေရမွာ အငန္ဓာတ္က ၃% ပါ ပင္လယ္ငါး၊ ပုစြန္လတ္လတ္ဆတ္ဆတ္ကို ဆားနယ္ ငါးပိသိပ္ လိုက္ရင္ အထဲက ဂလူတမစ္အက္စစ္နဲ့ ဆားထဲက ဆိုဒီယမ္ဓာတ္ျပုျပီး မိုနိုဆိုဒီယမ္ဂလူတမိတ္အျဖစ္ ေျပာင္းသြားတာပါပဲ။ ၾကားဖူးၾကလားမသိ။ ျႊ အခို်မႈန့္ေလ။ ဂလိုင္စင္းရဲ့နဂိုအခ်ဳိအရသာရယ္၊ မိုနိုဆိုဒီယမ္ ဂလူတမိတ္ရဲ့ေလးပင္ေစတဲ့ အရသာတို႔ေၾကာင့္ ငါးပိ၊ ငံျပာရည္ေတြကို လူေတြ ဟင္းခတ္အေနနဲ႔သံုးလာခဲ့ၾကတာပါ။

ငါးအရိုးအသားေတြ ေဆြးျမည့္သြားေအာင္ ဗက္တီးရီယားေတြ၊ အင္ဇိုင္းေတြ ျဖိဳခဲြေျပာင္းလဲလိုက္ ခိ်န္မွာ အမ်ဳိးမ်ဳိးေသာ အနံ႔အရသာ ျဒပ္ေပါင္းမ်ားစြာလည္း ျဖစ္ေပၚ လာလို႔ တကယ္ငါးပိ၊ ငံျပာရည္ေကာင္းရင္ တျခားဘာဟင္းခတ္မွ မလိုပါ။ ေရခို်ငါးနဲ့ထုတ္လုပ္ထားတဲ့ ဟင္းခ်ဳိမႈန္႔တို႔၊ ဟင္းခတ္ၾကက္သားမႈန္႔တို႔ဆိုတာ မုသာ၀ါဒေတြပါ။ ငါးပိ၊ ငံျပာရည္ဓာတ္ေျပာင္းျဖစ္စဥ္ အအသးစိတ္ကို ပညာရွင္ေတြ ယေန႔ထိ အကုန္အစင္ နားမလည္ၾကေသးပါ။

MSG အခို်မႈန့္ကို လူေတြနားလည္မႈ လဲြတာလည္း ပါပါတယ္။ ငါးပိ၊ ငံျပာရည္မွာ MSG အခို်မႈန့္သဘာ၀အတိုင္းျဖစ္ေပၚပါရိွေနေပမဲ့လည္း တျခားအနံ႔အရသာ ျဒပ္ေပါင္းမ်ားစြာ၊ သတၱဳဓာတ္မ်ားစြာနဲ႔ သမမွ်တစြာ ပါ၀င္တည္ရိွေနလို႔ ကစီဓာတ္သီးနံွေတြကေန ဂလူတင္၊ အဲဒီကေန ဂလူတမစ္အက္စစ္၊ ျပီးေတာ့ ဆားနဲ႔ဓာတ္ျပဳထုတ္လုပ္ထားတဲ့ ဓာတု MSG အခ်ဳိမႈန္႔ထက္ေတာ့ ငါးပိ၊ ငံျပာရည္ေတြက က်န္းမာေရးနဲ႔ ပိုညီ ညြတ္ပါတယ္။

ဥပမာေျပာရရင္ ခို်တာခ်င္းတူေပမဲ့ စက္ရံုထုတ္သၾကားျဖူ ထက္ သဘာ၀ပ်ားရည္၊ ၾကံရည္၊ သကာရည္တို့က ပိုေကာင္းသလိုမို်းေပါ့။ အစာေသနဲ့ အစာရွင္လို႔ ေျပာလို႔ရပါတယ္။

ငါးပိရဲ့မူလအစက မဲေခါင္ျမစ္၀ကြ်န္းေပၚ အင္ဒိုခ်ဳိင္းနားေဒသ ျဖစ္ပါတယ္။ ဗမာျပည္ကို ယိုးဒယားကတဆင့္ ငါးပိယဥ္ေက်းမႈ ကူးစက္လာတယ္လို႔ ယူဆနိုင္ပါတယ္။ ငါးပိ၊ ငံျပာရည္ဆိုတာ ဗမာစကားမဟုတ္ပါ။ ယိုးဒယားစကား ကပိ(Kapi)၊ နံပလာ(Nam-plaa)ကေန လာတာပါ။ အေရွ႕ေတာင္အာရွနိုင္ငံေတြ၊ ယဥ္ေက်းမႈေတြကို ဆန္နဲ႔ ငါးပိအေျချပဳထူေထာင္ထားတယ္လို႔ ဆိုနိုင္ပါတယ္။

ကုန္းတြင္းေန ဗမာေတြထက္ ပင္လယ္နဲ႔နီးစပ္တဲ့ ရခိုင္၊ တနသၤာရီ၊ ဧရာ၀တီျမစ္၀ကြ်န္းေပၚသားေတြက ငါးပိနဲ႔ ပိုအကြ်မ္းတ၀င္ရိွခဲ့ ၾကပါတယ္။ “ေအာက္ျပည္ေရာက္လာတဲ့ ဗမာအညာသား ငါးပိစားမိ၊ ၾကိဳက္မိသြားရင္ အညာမျပန္ေတာ့ဘူး”လို႔ သက္ၾကီးစကား ၾကားဖူးၾကမွာပါ။ တကယ္လည္း အညာမွာ၊ ေတာင္တန္း ေဒသေတြမွာ ျမစ္ ေခ်ာင္းအင္းအိုင္ေတြ၊ တံငါေတြရိွေပမဲ့ ငါးပိယဥ္ေက်းမႈ မထြန္းကားပါ။

ပင္လယ္ငါး၊ ပုစြန္ေတြနဲ႔ တျခားသားငါးေတြ ရုပ္၊ ဓာတ္သဘာ၀မတူတာ၊ သူတို႔မွာမွရနိုင္တဲ့ ထူးျခားအာဟာရဓာတ္ေတြအေၾကာင္း စိတ္၀င္စားဖြယ္ မ်ားစြာရိွပါတယ္။ ပင္လယ္ငါးအဆီဟာ ဦးေနွာက္နဲ႔ အာရံုေၾကာ အဖဲြ႔အစည္းဖံြ႔ျဖိဳးမႈကို အားေပးတာေၾကာင့္ ဖံြ႔ျဖိဳးၾကီးထြားတဲ့အရြယ္ ကေလးငယ္မ်ား ပင္လယ္ငါး အထူးစားေပးသင့္ပါတယ္။

ဒါေပမဲ့ ျပဒါးဓာတ္ၾကာရွည္စုေ၀း အဆိပ္သင့္လာနိုင္တာေၾကာင့္ အလ်ား ၁ ေပထက္ ပိုရွည္တာမို်းေတြကို မစားသင့္တာ၊ တူနာစတဲ့ အသက္ရွည္အသားစား အေကာင္ၾကီးငါးမ်ဳိးေတြကို ကိုယ္၀န္ေဆာင္ေတြမစားသင့္တာစတဲ့ အနၱရာယ္မ်ားကိုလည္း သတိျပဳၾကရမွာပါ။ ေလာေလာဆယ္ေတာ့ လူသားငါးပိဆိုတာ ဓာတ္သဘာ၀အရေရာ၊ ကုန္ၾကမ္းရရိွနိုင္မႈ အေျခအေနအရပါ မျဖစ္နိုင္ေကာင္းမွ်ကို ေျပာၾကားရင္း နိဂံုးခ်ဳပ္အဆံုးသတ္လိုက္ရပါတယ္။

ကိုးကား- အစာအာဟာရသိပၸံ(ဦးတိုင္းအုပ္) ၊ On Food and Cooking (Harold McGee)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးေဆြ(ရန္ကင္း)


#Unicode Version#

ယခုတလော ငါးပိထဲ လူသေကောင်ပုပ်တွေ့တယ် ဘာ၊ ညာ သတင်းတွေ ဖတ်ရပါတယ်။ အရင်ကလည်း ငါးပိထဲဓာတု ပစ္စည်း အရောအနှောထည့်ကြတယ်လို့ကြားရပေမဲ့ အတိ အကျမသိတာတကြောင်း၊ ကြာခဲ့ပြီဖြစ်တာကြောင့်တကြောင်း၊ ဟုတ်ချင် လည်း ဟုတ်နိုင်တာက တကြောင်းတို့ကြောင့် ဘာမှနောက်ကြောင်း မလှန်လိုတော့ပါဘူး။ ဒါပေမဲ့ ခုကိစ္စကတော့ ဘယ်လိုမှ မဟုတ်မဟတ် တာကြီးကို ကြားလာရတော့ မနေနိုင်လို့ ရေးလိုက်မိပါတယ်။ အကိုျးစီးပွား ပဋိပက္ခဖြစ်သွားသူတွေကတော့ မုန်းကြမှာပေါ့။

အခြေခံလူတန်းစားတွေ လှုပ်လှုပ်ရွရွဖြစ်စေမယ့် အခြေအနေအမိုျး မိုျးဖန်တီးခံနေရတာ တွေ့နေရပါတယ်။ ငွေစက္ကူတွေဖျက်သိမ်းမယ်လို့ ကောလာဟလတွေထွက်သလို၊ ဗိုလ်ခုျပ်ကြေးရုပ်ကိစ္စကလည်း သခွတ်ပင် မီးတကျည်ကျည်ပါ။ အဲဒီကြေးရုပ်တခုဖြစ်ဖို့လိုတဲ့ သိန်းရာကျော်ငွေ ဘယ် ကလာလဲ လမ်းကြောင်းလိုက်လိုက်ရင် ပွဲပြီးပါတယ်။ ဒါပေမဲ့လည်း ဘာ တွေ မကင်းရာမကင်းကြောင်း ပတ်သက်နေလည်းမသိ၊ ရှုပ်သထက်ရှုပ် လာပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာအလွဲှအပြောင်းကြား ကာလမှာလည်း ခရစ်ယာန်ဘုရားကျောင်းထဲ၊ ဗလီထဲ စေတီအတင်းဝင် တည်တာတွေ၊ ကလေးခိုးဂိုဏ်းမိတယ်ဆိုပြီး အုတ်အော်သောင်းတင်းဖြစ် တာတွေ၊ ပင်စင်စားတွေ မြေကွက်ပေးဖို့ လျှောက်လွှာတင်ခိုင်းတယ်ဆိုပြီး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြရသေးတာ မှတ်မိကြသေးလားမသိ။

ယခုလူသားငါးပိ၊ ငံပြာရည်ကိစ္စကတော့ နားလည်သူတွေအတွက် ရယ်စရာပါ။

ရေခိုျစစ်စစ် ငါး၊ ပုစွန်နဲ့တောင် လုပ်မရပါ။ ပင်လယ်ငါး၊ သို့မဟုတ် ဆားငန်ဒီရေဝင်တဲ့ မြစ်ဝကျွန်း ပေါ်ဒေသ ငါး၊ ပုစွန်နဲ့သာ လုပ်လို့ရပါတယ်
လူသားမှမဟုတ် ကြက်သား၊ ဝက်သား၊ အမဲသား တခြားဘယ် ဟာနဲ့မှ ငါးပိ၊ ငံပြာရည် လုပ်လို့မရပါ။ ရေခိုျစစ်စစ် ငါး၊ ပုစွန်နဲ့တောင် လုပ်မရပါ။ ပင်လယ်ငါး၊ သို့မဟုတ် ဆားငန်ဒီရေဝင်တဲ့ မြစ်ဝကျွန်း ပေါ်ဒေသ ငါး၊ ပုစွန်နဲ့သာ လုပ်လို့ရပါတယ်။ လုပ်တာမှာလည်း ငါးအပုပ်၊ အသိုးနဲ့မရပါ။ အရည်အသွေး ထိပ်တန်းငါးပိ၊ ငံပြာရည်ကို လတ်ဆတ်တဲ့ ကုန်ကြမ်းနဲ့မှ လုပ်လို့ရပါတယ်။

ငါး၊ ပုစွန်တွေကို ဒီတိုင်းထားရင် ပုပ်သိုး၊ လောက်တက်သွားပါတယ်။ အရက်ကို ဆန်၊ ဂုံျ၊ ပြောင်း၊ အာလူး စတာ တွေကနေ ကစော်ဖောက် ထုတ်လုပ်တာဖြစ်ပေမဲ့ ရိုးရိုးပုပ်သိုးသွားတာနဲ့ သဘောမတူတာ၊ ဟင်းသီးဟင်းရွက်တွေ ပုပ်ရိရွဲသွားတာနဲ့ ချဉ်ဖတ်ဖြစ် သွားတာ မတူတာ၊ နို့သိုး၊ ချဉ်သွားတာနဲ့ ဒိန်ချဉ်၊ ဒိန်ခဲ၊ ခ့နနျန ဖြစ်သွားတာတွေနဲ့ မတူသလိုမိုျးပါ။

အဲဟာတွေအားလုံးမှာ အဓိကက အောက်ဆီဂျင် မရှိ၊ အလင်းရောင်မရှိတဲ့အခြေအနေမိုျးမှာ အကိုျးပြု ဗက်တီးရီးယားတွေ၊ အင်ဇိုင်းတွေရဲ့ ဓာတ်ပြုပြောင်းလဲမှုကနေ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ကြာရှည်ထားခံတဲ့ စားစရာတွေအဖြစ် ပြောင်းလဲ သွားကြတာပါ။ ငါးပိလုပ်ရင် ငါး၊ ပုစွန် စတာတွေကို ဆားနဲ့နယ်ပြီး လေမသလပ်အောင်၊ အလင်းရောင်မဝင်အောင် စဉ့်အိုးထဲဖိသိပ်ထည့် ဖုံးအုပ်ထားမှဖြစ်တာပါ။ ဝေကျလာတဲ့ အရည်တွေကတော့ ငံပြာရည်ပေါ့။

ရေခိုျငါးနဲ့ ရေငန်ငါးလည်း သဘာဝမတူပါ။

သတ္တဝါတွေကိုယ်တွင်းမှာ ဆားငန်နှုန်းက ၁% ဖြစ်ပေမဲ့ ပင်လယ် ရေမှာ အငန်ဓာတ်က ၃% ပါ။ ဆားငန်ရေနဲ့ အမြဲထိတွေ့အသက်ရှူ၊ အသက်ရှင်နေရတဲ့ ပင်လယ်ငါး၊ ပုစွန်၊ ရေသတ္တဝါတွေမှာ ကိုယ်တွင်း ဆားအငန်ဓာတ်ကိုထိန်းဖို့၊ ကိုယ်တွင်းအရည်တွေ၊ သွေးတွေ၊ အသားတွေ ထဲကို ဆားတွေစိမ့်ဝင်မလာဖို့ ကိုယ့်ကိုယ်တွင်း၊ အရည်၊ အသွေးအသားတွေကို ပျစ်နေအောင်ဖန်တီးထားကြရပါတယ်။

အဲဒီလိုပျစ်စေဖို့ ဂလိုင်စင်းနဲ့ ဂလူတမစ်အက်စစ်လို့ခေါ်တဲ့ အမိုင်နိုအက်စစ် ၂ ခုကို ကိုယ်တွင်းအနံှ့ ဖြန့်ကြက်ပြည့်ဝနေစေကြရပါတယ်။ ပင်လယ်ငါးလတ်ရင် မညှီသေးပေမဲ့ ခဏနေညှီလာတာ အဲဒီ ၂ ခုနဲ့ လေနဲ့ဓာတ်ပြုပြီး အနံ့ဆိုးထွက်လာတာပါ။

ဒါကြောင့် ရေခိုျငါးထက် ပင်လယ်ငါးက ပိုညှီရတာဖြစ်ပါတယ်။

သတ္တဝါတွေကိုယ်တွင်းမှာ ဆားငန်နှုန်းက ၁% ဖြစ်ပေမဲ့ ပင်လယ် ရေမှာ အငန်ဓာတ်က ၃% ပါ ပင်လယ်ငါး၊ ပုစွန်လတ်လတ်ဆတ်ဆတ်ကို ဆားနယ် ငါးပိသိပ် လိုက်ရင် အထဲက ဂလူတမစ်အက်စစ်နဲ့ ဆားထဲက ဆိုဒီယမ်ဓာတ်ပြုပြီး မိုနိုဆိုဒီယမ်ဂလူတမိတ်အဖြစ် ပြောင်းသွားတာပါပဲ။ ကြားဖူးကြလားမသိ။ ြွှ အခိုျမှုန့်လေ။ ဂလိုင်စင်းရဲ့နဂိုအချိုအရသာရယ်၊ မိုနိုဆိုဒီယမ် ဂလူတမိတ်ရဲ့လေးပင်စေတဲ့ အရသာတို့ကြောင့် ငါးပိ၊ ငံပြာရည်တွေကို လူတွေ ဟင်းခတ်အနေနဲ့သုံးလာခဲ့ကြတာပါ။

ငါးအရိုးအသားတွေ ဆွေးမြည့်သွားအောင် ဗက်တီးရီယားတွေ၊ အင်ဇိုင်းတွေ ဖြိုခွဲပြောင်းလဲလိုက် ချိန်မှာ အမျိုးမျိုးသော အနံ့အရသာ ဒြပ်ပေါင်းများစွာလည်း ဖြစ်ပေါ် လာလို့ တကယ်ငါးပိ၊ ငံပြာရည်ကောင်းရင် တခြားဘာဟင်းခတ်မှ မလိုပါ။ ရေခိုျငါးနဲ့ထုတ်လုပ်ထားတဲ့ ဟင်းချိုမှုန့်တို့၊ ဟင်းခတ်ကြက်သားမှုန့်တို့ဆိုတာ မုသာဝါဒတွေပါ။ ငါးပိ၊ ငံပြာရည်ဓာတ်ပြောင်းဖြစ်စဉ် အအသးစိတ်ကို ပညာရှင်တွေ ယနေ့ထိ အကုန်အစင် နားမလည်ကြသေးပါ။

MSG အခိုျမှုန့်ကို လူတွေနားလည်မှု လွဲတာလည်း ပါပါတယ်။ ငါးပိ၊ ငံပြာရည်မှာ MSG အခိုျမှုန့်သဘာဝအတိုင်းဖြစ်ပေါ်ပါရှိနေပေမဲ့လည်း တခြားအနံ့အရသာ ဒြပ်ပေါင်းများစွာ၊ သတ္တုဓာတ်များစွာနဲ့ သမမျှတစွာ ပါဝင်တည်ရှိနေလို့ ကစီဓာတ်သီးနံှတွေကနေ ဂလူတင်၊ အဲဒီကနေ ဂလူတမစ်အက်စစ်၊ ပြီးတော့ ဆားနဲ့ဓာတ်ပြုထုတ်လုပ်ထားတဲ့ ဓာတု MSG အချိုမှုန့်ထက်တော့ ငါးပိ၊ ငံပြာရည်တွေက ကျန်းမာရေးနဲ့ ပိုညီ ညွတ်ပါတယ်။

ဥပမာပြောရရင် ခိုျတာချင်းတူပေမဲ့ စက်ရုံထုတ်သကြားဖြူ ထက် သဘာဝပျားရည်၊ ကြံရည်၊ သကာရည်တို့က ပိုကောင်းသလိုမိုျးပေါ့။ အစာသေနဲ့ အစာရှင်လို့ ပြောလို့ရပါတယ်။

ငါးပိရဲ့မူလအစက မဲခေါင်မြစ်ဝကျွန်းပေါ် အင်ဒိုချိုင်းနားဒေသ ဖြစ်ပါတယ်။ ဗမာပြည်ကို ယိုးဒယားကတဆင့် ငါးပိယဉ်ကျေးမှု ကူးစက်လာတယ်လို့ ယူဆနိုင်ပါတယ်။ ငါးပိ၊ ငံပြာရည်ဆိုတာ ဗမာစကားမဟုတ်ပါ။ ယိုးဒယားစကား ကပိ(Kapi)၊ နံပလာ(Nam-plaa)ကနေ လာတာပါ။ အရှေ့တောင်အာရှနိုင်ငံတွေ၊ ယဉ်ကျေးမှုတွေကို ဆန်နဲ့ ငါးပိအခြေပြုထူထောင်ထားတယ်လို့ ဆိုနိုင်ပါတယ်။

ကုန်းတွင်းနေ ဗမာတွေထက် ပင်လယ်နဲ့နီးစပ်တဲ့ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်သားတွေက ငါးပိနဲ့ ပိုအကျွမ်းတဝင်ရှိခဲ့ ကြပါတယ်။ “အောက်ပြည်ရောက်လာတဲ့ ဗမာအညာသား ငါးပိစားမိ၊ ကြိုက်မိသွားရင် အညာမပြန်တော့ဘူး”လို့ သက်ကြီးစကား ကြားဖူးကြမှာပါ။ တကယ်လည်း အညာမှာ၊ တောင်တန်း ဒေသတွေမှာ မြစ် ချောင်းအင်းအိုင်တွေ၊ တံငါတွေရှိပေမဲ့ ငါးပိယဉ်ကျေးမှု မထွန်းကားပါ။

ပင်လယ်ငါး၊ ပုစွန်တွေနဲ့ တခြားသားငါးတွေ ရုပ်၊ ဓာတ်သဘာဝမတူတာ၊ သူတို့မှာမှရနိုင်တဲ့ ထူးခြားအာဟာရဓာတ်တွေအကြောင်း စိတ်ဝင်စားဖွယ် များစွာရှိပါတယ်။ ပင်လယ်ငါးအဆီဟာ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်းဖွံ့ဖြိုးမှုကို အားပေးတာကြောင့် ဖွံ့ဖြိုးကြီးထွားတဲ့အရွယ် ကလေးငယ်များ ပင်လယ်ငါး အထူးစားပေးသင့်ပါတယ်။

ဒါပေမဲ့ ပြဒါးဓာတ်ကြာရှည်စုဝေး အဆိပ်သင့်လာနိုင်တာကြောင့် အလျား ၁ ပေထက် ပိုရှည်တာမိုျးတွေကို မစားသင့်တာ၊ တူနာစတဲ့ အသက်ရှည်အသားစား အကောင်ကြီးငါးမျိုးတွေကို ကိုယ်ဝန်ဆောင်တွေမစားသင့်တာစတဲ့ အန္တရာယ်များကိုလည်း သတိပြုကြရမှာပါ။ လောလောဆယ်တော့ လူသားငါးပိဆိုတာ ဓာတ်သဘာဝအရရော၊ ကုန်ကြမ်းရရှိနိုင်မှု အခြေအနေအရပါ မဖြစ်နိုင်ကောင်းမျှကို ပြောကြားရင်း နိဂုံးချုပ်အဆုံးသတ်လိုက်ရပါတယ်။


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top