(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဓာတ္ပံုအသံုးျပဳ၍ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ပုဂၢိဳလ္ေရးအရေသာ္လည္းေကာင္း၊ အဖြဲ႔အစည္းအရေသာ္လည္းေကာင္း ဂုဏ္သိကၡာ ထိခုိက္နစ္နာေစရန္ ေရးသားေဖာ္ျပခဲ့သည့္ Aung Ye Thwe (မင္းမႏုိင္) အေကာင့္ပုိင္ရွင္ကို ဖမ္းဆီးအေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

အီလက္ထေရာနစ္ဥပေဒျဖင့္ အေရးယူခံရသူ အသက္ ၂၁ ႏွစ္အရြယ္ ေအာင္ရဲေသြးမွာ ဗဟိုပစၥည္းထိန္းသိမ္းဌာန၊ လမ္းေဘးေစ်းသည္ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႔မွ ပုတ္ျပတ္လုပ္သားတစ္ဦးျစဖ္ၿပီး ၎အသံုးျပဳေနသည့္ Aung Ye Thwe (မင္းမႏုိင္) အေကာင့္တြင္ ႏုိင္ငံေတာ္၏ လြတ္လပ္ေရးဖခင္ျဖစ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဓာတ္ပံုကိုအသံုးျပဳ၍ “လြတ္လပ္ေရးရေအာင္ အသက္စြန္႔ႀကိဳးပစ္ခဲ့တယ္။ ငါ့သမီးလက္ထက္ေရာက္မွ ဖာႏုိင္ငံႀကီး ျဖစ္သြားတာေတာ့ မတတ္ႏုိင္ဘူး”ဟုေရးသားေဖာ္ျပ၍ “အမွန္တရား ရဲရဲဝင့္ဝင့္ ေျပာရင္ ၆၆ (ဃ)ျဖင့္ ေထာင္ခ်မယ္။ အဲဒါ အန္တီေျပာတဲ့ ဒီမိုေxြးxိဆုိတာေလ”ဟု ညစ္ညမ္းစာသားမ်ားကို ေရးတင္ခဲ့ေၾကာင္း အမႈဖြင့္ တုိင္ၾကားခ်က္အရ သိရသည္။

ယင္းစာသားမွာ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံ႔လာခဲ့သျဖင့္ အေကာင့္ပုိင္ရွင္ျဖစ္သူ ေအာင္ရဲေသြးကို ၄၆ လမ္းရွိ စည္ပင္သာယာေရး႐ံုးသို႔ ေခၚေဆာင္၍ ယင္းဌာနစုမွဴး အပါအဝင္ အဖြဲ႔ဝင္ေလးဦးကစစ္ေဆးခဲ့ရာ ယင္းအမ်ဳိးသားက ၎ကိုယ္တုိင္ ျပဳလုပ္ခဲ့ျခင္းမဟုတ္ဘဲ Myanmar Funny Crazy(MFC)မွ ကူးယူခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆုိခဲ့ေသာ္လည္း ႏုိဝင္ဘာလ ၂၀ ရက္ေန႔က အဖြဲ႔ဝင္ေလးဦးက ထပ္မံ စစ္ေဆးသည့္အခါ ၎ကိုယ္တိုင္ ပံုႏွင့္စာမ်ားကို လူမႈကြန္ရက္ေပၚတြင္တင္ခဲ့ေၾကာင္း စိစစ္ေပၚေပါက္ခဲ့သည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ေအာင္ရဲေသြးမွာ အီလက္ထေရာနစ္ နည္းပညာကို အသံုးျပဳ၍ အဖြဲ႔အစည္းတစ္ခုခု သို႔မဟုတ္ ပုဂၢိဳလ္တစ္ဦးဦးကို ထိခိုက္နစ္နာမႈျဖစ္ေစရန္၊ ဂုဏ္သိကၡာက်ဆင္းေစရန္ျဖစ္ေစ ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ၎ကို ယင္းဌာနစုမွဴးကုိယ္တုိင္ တရားလုိျပဳ တုိင္ၾကားလာသျဖင့္ ဗိုလ္တေထာင္ၿမိဳ႕မ ရဲစခန္းမွ (ပ) ၄၉၉/၁၈၊​ အီလက္ထေရာနစ္ ဥပေဒပုဒ္မ ၃၄ (ဃ)ျဖင့္ အမႈဖြင့္အေရးယူဖမ္းဆီးစစ္ေဆးေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice


#Unicode Version#

ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေရန် ရေးသားဖော်ပြခဲ့သည့် Aung Ye Thwe (မင်းမနိုင်) အကောင့်ပိုင်ရှင်ကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အီလက်ထရောနစ်ဥပဒေဖြင့် အရေးယူခံရသူ အသက် ၂၁ နှစ်အရွယ် အောင်ရဲသွေးမှာ ဗဟိုပစ္စည်းထိန်းသိမ်းဌာန၊ လမ်းဘေးဈေးသည် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ပုတ်ပြတ်လုပ်သားတစ်ဦးစြဖ်ပြီး ၎င်းအသုံးပြုနေသည့် Aung Ye Thwe (မင်းမနိုင်) အကောင့်တွင် နိုင်ငံတော်၏ လွတ်လပ်ရေးဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကိုအသုံးပြု၍ “လွတ်လပ်ရေးရအောင် အသက်စွန့်ကြိုးပစ်ခဲ့တယ်။ ငါ့သမီးလက်ထက်ရောက်မှ ဖာနိုင်ငံကြီး ဖြစ်သွားတာတော့ မတတ်နိုင်ဘူး”ဟုရေးသားဖော်ပြ၍ “အမှန်တရား ရဲရဲဝင့်ဝင့် ပြောရင် ၆၆ (ဃ)ဖြင့် ထောင်ချမယ်။ အဲဒါ အန်တီပြောတဲ့ ဒီမိုေxွးxိဆိုတာလေ”ဟု ညစ်ညမ်းစာသားများကို ရေးတင်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

ယင်းစာသားမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့သဖြင့် အကောင့်ပိုင်ရှင်ဖြစ်သူ အောင်ရဲသွေးကို ၄၆ လမ်းရှိ စည်ပင်သာယာရေးရုံးသို့ ခေါ်ဆောင်၍ ယင်းဌာနစုမှူး အပါအဝင် အဖွဲ့ဝင်လေးဦးကစစ်ဆေးခဲ့ရာ ယင်းအမျိုးသားက ၎င်းကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ Myanmar Funny Crazy(MFC)မှ ကူးယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သော်လည်း နိုဝင်ဘာလ ၂၀ ရက်နေ့က အဖွဲ့ဝင်လေးဦးက ထပ်မံ စစ်ဆေးသည့်အခါ ၎င်းကိုယ်တိုင် ပုံနှင့်စာများကို လူမှုကွန်ရက်ပေါ်တွင်တင်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အောင်ရဲသွေးမှာ အီလက်ထရောနစ် နည်းပညာကို အသုံးပြု၍ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာမှုဖြစ်စေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေ ပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းကို ယင်းဌာနစုမှူးကိုယ်တိုင် တရားလိုပြု တိုင်ကြားလာသဖြင့် ဗိုလ်တထောင်မြို့မ ရဲစခန်းမှ (ပ) ၄၉၉/၁၈၊ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄ (ဃ)ဖြင့် အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top