Photo-Ahlone Tsp

ခရီးသြားလုပ္ငန္းရွင္တစ္ဦးကို ဖုန္းခုိးတဲ့တရားခံတစ္ဦးနဲ႔မွားယြင္းၿပီးေတာ့ ဖမ္းဆီးနွိပ္စက္မႈအလုံၿမိဳ႕နယ္မွာျဖစ္ပြားခဲ့တယ္လုိ႔ ကာယကံရွင္ျဖစ္သူ က ႏုိ၀င္ဘာ ၁၀ ရက္ေန႔မွာ Duwun ကုိေျပာပါတယ္။

နုိ၀င္ဘာ၉ ရက္ေန႔ ညေနေျခာက္နာရီခန္႔အခ်ိန္က ကာယကံရွင္ရဲ႕အိမ္ေရွ႕မွာဖမ္းဆီးသြားခဲ့တာျဖစ္ၿပီးေတာ့ ရဲစခန္းမွာ မွားယြင္းၿပီးဖမ္းဆီးခံခဲ့ရၿပီး ထုိးႀကိတ္ခံခဲ့ရတယ္လုိ႔ ေျပာပါတယ္။

“ကၽြန္ေတာ့့္ကုိ CCTV မွာပါတဲ့ဖုန္းယူသြားတဲ့တရားခံနဲ႔ မွားၿပီးေတာ့ဖမ္းတယ္။ ညေန ေျခာက္နာရီေလာက္ေန ၁၁ နာရီအထိပါ။ ကၽြန္ေတာ့္ကုိ ေမးတာ ရဲ ေလးေယာက္ငါးေယာက္ေလာက္ရွိတယ္။ တစ္ေယာက္ကမူးေနတယ္။ရင္ဘတ္ကုိထုိးတယ္။ ေနာက္ၿပီးနွစ္ခ်က္ရုိက္တယ္။ လက္ထိပ္ခတ္ထားတယ္။ ပုံစံအတင္းထုိင္ခုိင္းတယ္။ ၿခိမ္းေျခာက္တယ္။အဲ့လုိလုပ္ေနစဥ္အတြင္းမွာပဲ ၿမိဳ႕နယ္မႈးက ေရာက္လာေတာ့မွ ျပန္ၾကည့္ၿပီးကၽြန္ေတာ္မဟုတ္မွန္းသိလုိ႔ ျပန္လႊတ္ေပးလုိက္တာ။"လုိ႔ကာယကံရွင္ျဖစ္သူ ကုိေအာင္စိုးထုိုက္ကေျပာပါတယ္။

သူ႔အေနနဲ႔ တရားစြဲမယ္ဆုိၿပီးလုပ္ေဆာင္ထားေပမယ့္လုပ္ငန္းလုပ္ကုိင္ေနလုိ႔႔ မအားတာေၾကာင့္၊ ေနာက္ထပ္လူေတြမခံရေအာင္၊ မွားယြင္းဖမ္းဆီးၿပီး နွိပ္စက္တာမ်ိဳးမျဖစ္ေအာင္နွိပ္စက္သူေတြကုိ အေရးယူေပးဖုိ႔အတြက္ လုပ္ေဆာင္မယ္လုိ႔လည္းေျပာပါတယ္။

ျဖစ္စဥ္က အလုံၿမိဳ႕နယ္ေထြအုပ္ရုံးက ဖုန္းကုိခုိးယူခဲ့တဲ့ CCTV အရအဆုိပါမွားယြင္းဖမ္းဆီးခံရသူနဲ႔ ရုပ္ခ်င္းဆင္တူေနတာေၾကာင့္ ရဲတပ္ဖြဲ႔၀င္ေတြက ဖမ္းဆီးသြားတာျဖစ္ၿပီးေတာ့ အခ်ိန္ငါးနာရီေက်ာ္ၾကာ စစ္ေဆးေမးျမန္းၿပီး ၿခိမ္းေျခာက္မႈေတြျပဳလုပ္ခဲ့တာလုိ႔လည္း ကာယကံရွင္ကေျပာပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

ခရီးသွားလုပ်ငန်းရှင်တစ်ဦးကို ဖုန်းခိုးတဲ့တရားခံတစ်ဦးနဲ့မှားယွင်းပြီးတော့ ဖမ်းဆီးနှိပ်စက်မှုအလုံမြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူ က နိုဝင်ဘာ ၁၀ ရက်နေ့မှာ Duwun ကိုပြောပါတယ်။

နိုဝင်ဘာ၉ ရက်နေ့ ညနေခြောက်နာရီခန့်အချိန်က ကာယကံရှင်ရဲ့အိမ်ရှေ့မှာဖမ်းဆီးသွားခဲ့တာဖြစ်ပြီးတော့ ရဲစခန်းမှာ မှားယွင်းပြီးဖမ်းဆီးခံခဲ့ရပြီး ထိုးကြိတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

“ကျွန်တော့်ကို CCTV မှာပါတဲ့ဖုန်းယူသွားတဲ့တရားခံနဲ့ မှားပြီးတော့ဖမ်းတယ်။ ညနေ ခြောက်နာရီလောက်နေ ၁၁ နာရီအထိပါ။ ကျွန်တော့်ကို မေးတာ ရဲ လေးယောက်ငါးယောက်လောက်ရှိတယ်။ တစ်ယောက်ကမူးနေတယ်။ရင်ဘတ်ကိုထိုးတယ်။ နောက်ပြီးနှစ်ချက်ရိုက်တယ်။ လက်ထိပ်ခတ်ထားတယ်။ ပုံစံအတင်းထိုင်ခိုင်းတယ်။ ခြိမ်းခြောက်တယ်။အဲ့လိုလုပ်နေစဉ်အတွင်းမှာပဲ မြို့နယ်မှုးက ရောက်လာတော့မှ ပြန်ကြည့်ပြီးကျွန်တော်မဟုတ်မှန်းသိလို့ ပြန်လွှတ်ပေးလိုက်တာ။"လို့ကာယကံရှင်ဖြစ်သူ ကိုအောင်စိုးထိုက်ကပြောပါတယ်။

သူ့အနေနဲ့ တရားစွဲမယ်ဆိုပြီးလုပ်ဆောင်ထားပေမယ့်လုပ်ငန်းလုပ်ကိုင်နေလို့ မအားတာကြောင့်၊ နောက်ထပ်လူတွေမခံရအောင်၊ မှားယွင်းဖမ်းဆီးပြီး နှိပ်စက်တာမျိုးမဖြစ်အောင်နှိပ်စက်သူတွေကို အရေးယူပေးဖို့အတွက် လုပ်ဆောင်မယ်လို့လည်းပြောပါတယ်။

ဖြစ်စဉ်က အလုံမြို့နယ်ထွေအုပ်ရုံးက ဖုန်းကိုခိုးယူခဲ့တဲ့ CCTV အရအဆိုပါမှားယွင်းဖမ်းဆီးခံရသူနဲ့ ရုပ်ချင်းဆင်တူနေတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပြီးတော့ အချိန်ငါးနာရီကျော်ကြာ စစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တာလို့လည်း ကာယကံရှင်ကပြောပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top