ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မိန္းမဆိုတာကေတာ႔ငယ္ငယ္ျကီးျကီး ေျခဆံုးေခါင္းဆံုး လွခ်င္ျကတာပါပဲ။ အသားေလးကလည္းလွပါရဲ႕..ေျခေထာက္ေလးကလည္းသြယ္ပါလ်က္နဲ႕ဒူးေခါင္းတစ္ခုတည္းကြက္မဲေနလုိ႕အတို၀တ္ရင္ ကိုယ္႔ကိုယ္ကိုယ္ယံုျကည္မႈနည္းတဲ႔အမိ်ိဳးသမီးေတြအမ်ားျကီးရွိျကမွာပါ။ ဒီလုိဒုကၡေတြကင္းေ၀းေအာင္ ဘယ္လုိလြယ္လြယ္ကူကူသက္သာတဲ႔နည္းလမ္းေလးေတြနဲ႕ဒူးေခါင္းေလးေတြကုိျဖဴေဖြးသန္႔စင္ေအာင္ လုပ္လို႕ရသလဲဆိုတဲ႔ေကာင္းမြန္တဲ႔နည္းလမ္းေလးအသြယ္သြယ္ကိုေဖာ္ျပလိုက္ပါတယ္…

(၁) ဒိန္ခ်ဥ္နဲ႕ ပ်ားရည္ကိုေရာျပီးလိမ္းပါ

ဒိန္ခ်ဥ္ကို ပ်ားရည္စစ္စစ္နဲ႕ေရာျပီး ဒူးေခါင္းပတ္လည္နဲ႕မဲေနတဲ႔ေနရာေတြကို ပ်စ္ပ်စ္ေလး လိမ္းျပီး ၁၅ မိနစ္ေလာက္ထားေပးပါ။ ၁၅မိနစ္အျကာမွာ ေရေဆးခ်လိုက္ပါ။ တစ္ပတ္မွာသံုးခါေလာက္လုပ္ရံုနဲ႕တင္အဆင္ေျပပါတယ္။

(၂) မုန္႔ဖုတ္ေဆာ္ဒါကို အရည္ပ်စ္ပ်စ္ေလးေဖာ်္ျပီးလိမ္းပါ

မုန္႔ဖုတ္ေဆာ္ဒါအမႈန္႕ကို အရည္ပ်စ္ပ်စ္ေလးေဖ်ာ္ျပီး ဒူးပတ္လည္ကိုလိမ္းပါ။ မုန္႔ဖုတ္ေဆာ္ဒါကလည္း ဒူးမဲျခင္း၊ အမာရြတ္ထင္ျခင္းေတြကိုသက္သာေစပါတယ္။

(၃) သံပုရာသီးစိပ္ကို ဆားနဲ႕တုိ႕ျပီး ဒူးေခါင္းကိုပြက္ပါ

သံပုရာသီးစိပ္ကို ဆားနဲ႕ေရာျပီး ဒူးပတ္ပတ္လည္ကိုပြက္ပါ။ ဆားနဲ႕သံပုရာဟာ အေရျပားေပၚကမဲေနတဲ႔အရာေတြကုိသက္သာေစပါတယ္။

(၄) နႏြင္းမႈန္႕ကိုအရည္ပ်စ္ပ်စ္ေလးေဖ်ာ္ျပီးေရမခ်ိဳးခင္လိမ္းေပးပါ

နႏြင္းမႈန္႕ကေတာ႔အသားေရ ၀င္းမို႔စိုေျပေစတဲ႔ေနရာမွာဆရာျကီးပါ။ နႏြင္းမႈန္႕ကို ပ်စ္ပ်စ္ေလးေဖ်ာ္ျပီး ေရမခ်ိဳးခင္ မိနစ္၃၀ အျကာေလာက္မွာလိမ္းေပးပါ။

(၅) ရွားေစာင္းလက္ပတ္ပြက္ပါ

ရွားေစာင္းလက္ပတ္အႏွစ္ကို ဒူးေခါင္းတစ္ေလ်ွာက္ပြက္တိုက္ေပးပါ။ အပမ္းမျကီးရင္ေန႔စဥ္လုပ္ေပးသင္႔ပါတယ္။

ဒီနည္းလမ္းေကာင္းေလးေတြကသက္သက္သာသာနဲ႕ပ်ိဳေမတို႕ရဲ႕ဒူးေခါင္းမဲျခင္းကုိသက္သာေစနိုင္ပါတယ္။ ဒီနည္းလမ္းေလးေတြရဲ႕ေက်းဇူးေျကာင္႔ဘယ္သြားသြား ဘာ၀တ္၀တ္တင္႔တယ္ေနေတာ႔မွပါ…


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#


မိန်းမဆိုတာကတော့ငယ်ငယ်ကြီးကြီး ခြေဆုံးခေါင်းဆုံး လှချင်ကြတာပါပဲ။ အသားလေးကလည်းလှပါရဲ့..ခြေထောက်လေးကလည်းသွယ်ပါလျက်နဲ့ဒူးခေါင်းတစ်ခုတည်းကွက်မဲနေလို့အတိုဝတ်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းတဲ့အမျိုးသမီးတွေအများကြီးရှိကြမှာပါ။ ဒီလိုဒုက္ခတွေကင်းဝေးအောင် ဘယ်လိုလွယ်လွယ်ကူကူသက်သာတဲ့နည်းလမ်းလေးတွေနဲ့ဒူးခေါင်းလေးတွေကိုဖြူဖွေးသန့်စင်အောင် လုပ်လို့ရသလဲဆိုတဲ့ကောင်းမွန်တဲ့နည်းလမ်းလေးအသွယ်သွယ်ကိုဖော်ပြလိုက်ပါတယ်…

(၁) ဒိန်ချဉ်နဲ့ ပျားရည်ကိုရောပြီးလိမ်းပါ

ဒိန်ချဉ်ကို ပျားရည်စစ်စစ်နဲ့ရောပြီး ဒူးခေါင်းပတ်လည်နဲ့မဲနေတဲ့နေရာတွေကို ပျစ်ပျစ်လေး လိမ်းပြီး ၁၅ မိနစ်လောက်ထားပေးပါ။ ၁၅မိနစ်အကြာမှာ ရေဆေးချလိုက်ပါ။ တစ်ပတ်မှာသုံးခါလောက်လုပ်ရုံနဲ့တင်အဆင်ပြေပါတယ်။

(၂) မုန့်ဖုတ်ဆော်ဒါကို အရည်ပျစ်ပျစ်လေးဖောျ်ပြီးလိမ်းပါ

မုန့်ဖုတ်ဆော်ဒါအမှုန့်ကို အရည်ပျစ်ပျစ်လေးဖျော်ပြီး ဒူးပတ်လည်ကိုလိမ်းပါ။ မုန့်ဖုတ်ဆော်ဒါကလည်း ဒူးမဲခြင်း၊ အမာရွတ်ထင်ခြင်းတွေကိုသက်သာစေပါတယ်။

(၃) သံပုရာသီးစိပ်ကို ဆားနဲ့တို့ပြီး ဒူးခေါင်းကိုပွက်ပါ

သံပုရာသီးစိပ်ကို ဆားနဲ့ရောပြီး ဒူးပတ်ပတ်လည်ကိုပွက်ပါ။ ဆားနဲ့သံပုရာဟာ အရေပြားပေါ်ကမဲနေတဲ့အရာတွေကိုသက်သာစေပါတယ်။

(၄) နနွင်းမှုန့်ကိုအရည်ပျစ်ပျစ်လေးဖျော်ပြီးရေမချိုးခင်လိမ်းပေးပါ

နနွင်းမှုန့်ကတော့အသားရေ ဝင်းမို့စိုပြေစေတဲ့နေရာမှာဆရာကြီးပါ။ နနွင်းမှုန့်ကို ပျစ်ပျစ်လေးဖျော်ပြီး ရေမချိုးခင် မိနစ်၃၀ အကြာလောက်မှာလိမ်းပေးပါ။

(၅) ရှားစောင်းလက်ပတ်ပွက်ပါ

ရှားစောင်းလက်ပတ်အနှစ်ကို ဒူးခေါင်းတစ်လျှောက်ပွက်တိုက်ပေးပါ။ အပမ်းမကြီးရင်နေ့စဉ်လုပ်ပေးသင့်ပါတယ်။

ဒီနည်းလမ်းကောင်းလေးတွေကသက်သက်သာသာနဲ့ပျိုမေတို့ရဲ့ဒူးခေါင်းမဲခြင်းကိုသက်သာစေနိုင်ပါတယ်။ ဒီနည်းလမ်းလေးတွေရဲ့ကျေးဇူးကြောင့်ဘယ်သွားသွား ဘာဝတ်ဝတ်တင့်တယ်နေတော့မှပါ…

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top