ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေဘာလိဝုဒ္မင္းသားႀကီး အမီတာဘဂ်မ္းကေတာ့ အေမရိကန္ေဒၚလာ ၅ သိန္းေက်ာ္ တန္ဖိုးရွိတဲ့ ေခ်းေငြေတြကို အိႏၵိယႏိုင္ငံေျမာက္ပိုင္းကလယ္သမားေတြအတြက္ ျပန္ဆပ္ေပးခဲ့တယ္လို႔ သိရပါတယ္။ လယ္သမားေပါင္း ၁၃၉၈ ဦးအတြက္ အေႂကြးဆပ္ေပးၿပီး ကူညီလိုက္ရတဲ့အတြက္ ေျပာျပမတတ္ေအာင္ ဝမ္းသာပါတယ္လို႔ သူ႕ရဲ႕ ဘေလာ့ဂ္ (blog) မွာ ေရးသားထားခဲ့ပါေသးတယ္။

အစိုးရဘဏ္ကေန ေခ်းယူထားတဲ့ ေႂကြးၿမီေတြကို အေက်မဆပ္ႏိုင္ဘူးဆိုရင္ လယ္သမားေတြဟာ ပိုင္ဆိုင္တာေတြအကုန္လုံး အသိမ္းခံရမယ့္အေျခအေနမွာ ရွိေနပါတယ္။ ဒါေၾကာင့္ အမီတာဘဂ်မ္းဆီကေန ဘဏ္စာ႐ြက္ရဖို႔အတြက္ လယ္သမားအေယာက္ ၇၀ က မြန္ဘိုင္းၿမိဳ႕ကို တက္လာၿပီး ႏိုဝင္ဘာလ ၂၆ ရက္ေန႔မွာ မင္းသားနဲ႔ ေတြ႕ဆုံၾကမွာပါ။

ေခ်းေငြမဆပ္ႏိုင္တဲ့ လယ္သမားေတြက အမီတာဘဂ်မ္းရဲ႕ ဇာတိၿမိဳ႕ျဖစ္တဲ့ အိႏၵိယႏိုင္ငံေျမာက္ပိုင္း အူတာပရာဒက္ရွ္ ( Uttar Pradesh) ျပည္နယ္သားေတြ ျဖစ္ပါတယ္။ မိုးေခါင္ျခင္း၊ ေျမေအာက္ေရေၾကာျပတ္ျခင္း နဲ႔ ေခတ္မီစက္ပစၥည္းေတြခ်ိဳ႕တဲ့မႈေၾကာင့္ လယ္ယာလုပ္ငန္းမွာ ဆုံး႐ႈံးမႈေတြ မ်ားၿပီး လယ္သမားေထာင္ခ်ီဟာ ေႂကြးၿမီေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ကလည္း မြန္ဘိုင္း၊ မဟာရွတရာျပည္နယ္က လယ္သမားေပါင္း ၃၅၀ ေက်ာ္က ေခ်းေငြရရွိဖို႔နဲ႔ ေကာက္ပဲသီးႏွံေဈးႏႈန္းေတြ တိုးေပးဖို႔ ဆႏၵျပခဲ့ၾကပါတယ္။ ဒီလယ္သမားေတြအတြက္လည္း အမီတာဘဂ်မ္းကပဲ အေႂကြးဆပ္ေပးခဲ့တာ ျဖစ္ပါတယ္။

အသက္ ၇၆ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ မင္းသားႀကီး အမီတာဘဂ်မ္းဟာ အိႏၵိယႏိုင္ငံရဲ႕ အေက်ာ္ၾကားဆုံးနဲ႔ လူသိအမ်ားဆုံး မင္းသားတစ္လက္ ျဖစ္ၿပီး ႐ုပ္ရွင္ကားေပါင္း ၁၉၀ ေက်ာ္မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ကာ ေဟာလိဝုဒ္ေလာကအထိ ေျခဆန္႔ႏိုင္ခဲ့တဲ့ မင္းသားႀကီးလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YoYarLay


#Unicode Version#

ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းကတော့ အမေရိကန်ဒေါ်လာ ၅ သိန်းကျော် တန်ဖိုးရှိတဲ့ ချေးငွေတွေကို အိန္ဒိယနိုင်ငံမြောက်ပိုင်းကလယ်သမားတွေအတွက် ပြန်ဆပ်ပေးခဲ့တယ်လို့ သိရပါတယ်။ လယ်သမားပေါင်း ၁၃၉၈ ဦးအတွက် အကြွေးဆပ်ပေးပြီး ကူညီလိုက်ရတဲ့အတွက် ပြောပြမတတ်အောင် ဝမ်းသာပါတယ်လို့ သူ့ရဲ့ ဘလော့ဂ် (blog) မှာ ရေးသားထားခဲ့ပါသေးတယ်။

အစိုးရဘဏ်ကနေ ချေးယူထားတဲ့ ကြွေးမြီတွေကို အကျေမဆပ်နိုင်ဘူးဆိုရင် လယ်သမားတွေဟာ ပိုင်ဆိုင်တာတွေအကုန်လုံး အသိမ်းခံရမယ့်အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် အမီတာဘဂျမ်းဆီကနေ ဘဏ်စာရွက်ရဖို့အတွက် လယ်သမားအယောက် ၇၀ က မွန်ဘိုင်းမြို့ကို တက်လာပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မင်းသားနဲ့ တွေ့ဆုံကြမှာပါ။

ချေးငွေမဆပ်နိုင်တဲ့ လယ်သမားတွေက အမီတာဘဂျမ်းရဲ့ ဇာတိမြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ် ( Uttar Pradesh) ပြည်နယ်သားတွေ ဖြစ်ပါတယ်။ မိုးခေါင်ခြင်း၊ မြေအောက်ရေကြောပြတ်ခြင်း နဲ့ ခေတ်မီစက်ပစ္စည်းတွေချို့တဲ့မှုကြောင့် လယ်ယာလုပ်ငန်းမှာ ဆုံးရှုံးမှုတွေ များပြီး လယ်သမားထောင်ချီဟာ ကြွေးမြီတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း မွန်ဘိုင်း၊ မဟာရှတရာပြည်နယ်က လယ်သမားပေါင်း ၃၅၀ ကျော်က ချေးငွေရရှိဖို့နဲ့ ကောက်ပဲသီးနှံဈေးနှုန်းတွေ တိုးပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီလယ်သမားတွေအတွက်လည်း အမီတာဘဂျမ်းကပဲ အကြွေးဆပ်ပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းဟာ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့ လူသိအများဆုံး မင်းသားတစ်လက် ဖြစ်ပြီး ရုပ်ရှင်ကားပေါင်း ၁၉၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ဟောလိဝုဒ်လောကအထိ ခြေဆန့်နိုင်ခဲ့တဲ့ မင်းသားကြီးလည်း ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top