ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေနမာက စုစုေပါင္း ၉၅ ပြဲအထိ ပါ၀င္ကစားေပးထားႏိုင္ၿပီ ျဖစ္ၿပီး ဘရာဇီး သမုိင္းမွာ ပြဲအမ်ားဆုံး ကစားထားသူကေတာ့ ကာဖူးျဖစ္ၿပီး ၁၄၂ ပြဲ ပါ၀င္ကစားထားပါတယ္။

ဘရာဇီးနဲ႔ ဥရုေဂြးအသင္းတို႔ မေန႔ညက လန္ဒန္ကလပ္ အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္း အီးမရိတ္ကြင္းႀကီးထဲမွာ ႏိုင္ငံတကာ ေျခစမ္းပြဲ အျဖစ္ ကစားခဲ့ရာမွာ ဘရာဇီးက ၁ - ၀ ဂိုးနဲ႔ အႏိုင္ရရွိသြားပါတယ္။

ဘရာဇီးအတြက္ တစ္လုံးတည္းေသာ သြင္းဂိုးကိုေတာ့ ပီအက္စ္ဂ်ီ တိုက္စစ္မွဴး ေနမာက ပင္နယ္တီကတဆင့္ သြင္းယူေပးခဲ့ၿပီး ဘရာဇီးကို အႏိုင္ ရရွိေစခဲ့ပါတယ္။

အခုလို အႏိုင္ဂိုးသြင္းေပးခဲ့တဲ့ ေနမာအေနနဲ႔ ဘရာဇီးအသင္းနဲ႔အတူ မွတ္တမ္းေကာင္းတစ္ရပ္ကိုစတင္ေရးထိုးစ ျပဳႏိုင္ခဲ့ၿပီလညး္ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ဒီေျခစမ္းပြဲအပါအ၀င္ ေနမာဟာ ဘရာဇီးအသင္းအတြက္ ႏိုင္ငံတကာပြဲေပါငး္ ၉၅ ပြဲအထိ ပါ၀င္ ကစားေပးထားႏိုင္ၿပီလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဘရာဇီးသမုိင္းမွာ အသင္းအတြက္ ပြဲအမ်ားဆုံး ကစားေပးထားတဲ့ ကစားသမား ၁၀ ဦးစာရင္းထဲကို ၀င္ေရာက္လာခဲ့ပါၿပီ။ တစ္ခ်ိန္က ဘရာဇီးအသင္းအတြက္ ပြဲေပါင္း ၉၄ ပြဲကစားေပးထားႏိုင္ခဲ့တဲ့ ဂိုးသမားႀကီး ေဂလ္မာကို ေက်ာ္ျဖတ္ၿပီး အခုစာရင္းထဲကို ၀င္လာတာ လည္း ျဖစ္ပါတယ္။

ေနမာအေနနဲ႔ လက္ရွိ အသက္ ၂၆ ႏွစ္သာရွိေသးလို႔ ဘရာဇီးအတြက္ ပြဲအမ်ားဆုံးကစားေပးႏုိင္မယ့္ ကစားသမား တစ္ေယာက္ ျဖစ္ခြင့္ကလည္း လက္တစ္ကမ္းမွာ ေစာင့္ႀကိဳေနပါတယ္။

ပြဲအမ်ားဆုံး အဆင့္ ၉ မွာ ရပ္တည္ေနတဲ့ ကစားသမားကေတာ့ ဘာစီလိုနာ ကစားသမားေဟာင္း ေရာ္နယ္ဒင္ဟိုျဖစ္ၿပီး ၉၇ ပြဲ ပါ၀င္ကစားထား ပါတယ္။ ရီးရဲမက္ဒရစ္ ကစားသမားေဟာင္း ေရာ္နယ္ဒိုနဲ႔ ဒီဂ်ယ္မာ ဆန္းတို႔စ္တို႔ကေတာ့ ၉၈ ပြဲစီ ကစားထားပါတယ္။

မန္စီးတီးမွာကစားခဲ့ဖူးတဲ့ ေရာ္ဘင္ဟိုကေတာ့ ပြဲေပါင္း ၁၀၀ ကစားၿပီး ပြဲအမ်ားဆုံး ကစားထားတဲ့ ၆ ေယာက္ေျမာက္ကစားသမားေနရာမွာ ရွိ ေနသလို ၅ ေယာက္ေျမာက္ေနရာမွာေတာ့ ကေလာက္ဒီယိုက ပြဲေပါင္း ၁၀၅ ပြဲနဲ႔ ရပ္တည္ေနပါတယ္။

ေနမာအတြက္ ပြဲအမ်ားဆုံးကစားထားတဲ့စံခ်ိန္ကို တင္ရွိိႏုိင္ဖို႔ဆိုရင္ေတာ့ အနားယူသြားႏွင့္ၿပီ ျဖစ္တဲ့ ဘရာဇီး အသင္းေခါငး္ေဆာင္ေဟာင္း ကာဖူးရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မွ ျဖစ္ပါလိမ့္မယ္။

ကာဖူးကေတာ့ ပြဲေပါင္း ၁၄၂ ပြဲ ပါ၀င္ကစားထားၿပီး ဒီကေန႔ အခ်ိန္ထိ ဘရာဇီးသမုိင္းမွာ ပြဲအမ်ားဆုံး ပါ၀င္ကစားထားသူ အျဖစ္ ထိပ္ဆုံးက ဦး ေဆာင္ေနတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

နေမာက စုစုပေါင်း ၉၅ ပွဲအထိ ပါဝင်ကစားပေးထားနိုင်ပြီ ဖြစ်ပြီး ဘရာဇီး သမိုင်းမှာ ပွဲအများဆုံး ကစားထားသူကတော့ ကာဖူးဖြစ်ပြီး ၁၄၂ ပွဲ ပါဝင်ကစားထားပါတယ်။

ဘရာဇီးနဲ့ ဥရုဂွေးအသင်းတို့ မနေ့ညက လန်ဒန်ကလပ် အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အီးမရိတ်ကွင်းကြီးထဲမှာ နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် ကစားခဲ့ရာမှာ ဘရာဇီးက ၁ - ၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ဘရာဇီးအတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့ပြီး ဘရာဇီးကို အနိုင် ရရှိစေခဲ့ပါတယ်။

အခုလို အနိုင်ဂိုးသွင်းပေးခဲ့တဲ့ နေမာအနေနဲ့ ဘရာဇီးအသင်းနဲ့အတူ မှတ်တမ်းကောင်းတစ်ရပ်ကိုစတင်ရေးထိုးစ ပြုနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီခြေစမ်းပွဲအပါအဝင် နေမာဟာ ဘရာဇီးအသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၉၅ ပွဲအထိ ပါဝင် ကစားပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘရာဇီးသမိုင်းမှာ အသင်းအတွက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမား ၁၀ ဦးစာရင်းထဲကို ဝင်ရောက်လာခဲ့ပါပြီ။ တစ်ချိန်က ဘရာဇီးအသင်းအတွက် ပွဲပေါင်း ၉၄ ပွဲကစားပေးထားနိုင်ခဲ့တဲ့ ဂိုးသမားကြီး ဂေလ်မာကို ကျော်ဖြတ်ပြီး အခုစာရင်းထဲကို ဝင်လာတာ လည်း ဖြစ်ပါတယ်။

နေမာအနေနဲ့ လက်ရှိ အသက် ၂၆ နှစ်သာရှိသေးလို့ ဘရာဇီးအတွက် ပွဲအများဆုံးကစားပေးနိုင်မယ့် ကစားသမား တစ်ယောက် ဖြစ်ခွင့်ကလည်း လက်တစ်ကမ်းမှာ စောင့်ကြိုနေပါတယ်။

ပွဲအများဆုံး အဆင့် ၉ မှာ ရပ်တည်နေတဲ့ ကစားသမားကတော့ ဘာစီလိုနာ ကစားသမားဟောင်း ရော်နယ်ဒင်ဟိုဖြစ်ပြီး ၉၇ ပွဲ ပါဝင်ကစားထား ပါတယ်။ ရီးရဲမက်ဒရစ် ကစားသမားဟောင်း ရော်နယ်ဒိုနဲ့ ဒီဂျယ်မာ ဆန်းတို့စ်တို့ကတော့ ၉၈ ပွဲစီ ကစားထားပါတယ်။

မန်စီးတီးမှာကစားခဲ့ဖူးတဲ့ ရော်ဘင်ဟိုကတော့ ပွဲပေါင်း ၁၀၀ ကစားပြီး ပွဲအများဆုံး ကစားထားတဲ့ ၆ ယောက်မြောက်ကစားသမားနေရာမှာ ရှိ နေသလို ၅ ယောက်မြောက်နေရာမှာတော့ ကလောက်ဒီယိုက ပွဲပေါင်း ၁၀၅ ပွဲနဲ့ ရပ်တည်နေပါတယ်။

နေမာအတွက် ပွဲအများဆုံးကစားထားတဲ့စံချိန်ကို တင်ရှိနိုင်ဖို့ဆိုရင်တော့ အနားယူသွားနှင့်ပြီ ဖြစ်တဲ့ ဘရာဇီး အသင်းခေါင်းဆောင်ဟောင်း ကာဖူးရဲ့ စံချိန်ကို ချိုးဖျက်နိုင်မှ ဖြစ်ပါလိမ့်မယ်။

ကာဖူးကတော့ ပွဲပေါင်း ၁၄၂ ပွဲ ပါဝင်ကစားထားပြီး ဒီကနေ့ အချိန်ထိ ဘရာဇီးသမိုင်းမှာ ပွဲအများဆုံး ပါဝင်ကစားထားသူ အဖြစ် ထိပ်ဆုံးက ဦး ဆောင်နေတာပါ။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top