(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×



ပုသိမ္မွာေတာဆင္ရိုင္းကုိ အေရခြံႏႊာသတ္ျဖတ္ခဲ့တဲ့ ဆင္သတ္မုဆုိးေတြကုိ ဇီ၀မ်ိဳးစုံမ်ဳိးကြဲပုဒ္မနဲ႔ အမႈဖြင့္ထားတယ္လုိ႔ ျပည္ထဲေရး၀န္ႀကီးဌာနကေန သတင္းထုတ္ျပန္လုိက္ပါတယ္။
နုိ၀င္ဘာ ၂၅ ရက္ေန႔က ပုသိမ္ၿမိဳ႕နယ္၊ေခ်ာင္းသာႀကိဳး၀ုိင္း အကြက္အမွတ္ (၄) မွာေတာဆင္ရိုိင္းအထီးတစ္ေကာင္ ေသဆုံးေနတာျဖစ္ၿပီးေတာ့ ဆင္ကုိေတာ့အကုန္ အေရခြံအႏႊာခံထားရတာလည္းျဖစ္ပါတယ္။

ပုသိမ္သစ္ေတာလုံၿခံဳေရးရဲတပ္ဖြဲ႔က စစ္ေဆးရာမွာေတာ့ အလ်ား ၇ ေပ၊လုံးပတ္ ၁၁ေပ ၆ လက္မ၊ အျမင့္ ၈ ေပရွိတဲဲ့ ဟိုင္းဆင္ အမ်ုိးအစားျဖစ္ၿပီး အသက္ ၁၅ နွစ္ခန္႔ရွိၿပီးေတာ့ ခႏၶာကုိယ္ ၄ ပုံ ၃ ပုံခန္႔ကုိ အေရခြံခြာထားၿပီးေတာ့ ျမွားဆူး၀င္ဒဏ္ရာ ၁ ခ်က္နဲဲ႔ ေသဆုံးေနတာကုိေတြ႔ရွိရတယ္လုိ႔ ဆုိပါတယ္။

ဆင္သတ္မုဆုိးေတြေၾကာင့္ေသဆုံးရတယ္လုိ႔ ယူဆထားၿပီးေတာ့ ေခ်ာင္းသာနယ္ေျမရဲစခန္းမွာ ဇီ၀မ်ိဳးစုံမ်ိဳးကြဲ ပုဒ္မ ၄၁ (က) နဲ႕အမႈဖြင့္ထားတယ္လုိ႔ သိရပါတယ္။

ရုပ္ၾကြင္းကုိေတာ့ ဒီေန႔ ႏုိ၀င္ဘာ ၂၆ ရက္ေန႔မွာသစ္ေတာဌာနကေနမီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာသီတင္းပါတ္တစ္ပါတ္ကုိ ပ်မ္းမွ်ေတာဆင္ရိုိင္း ၁ ေကာင္ႏႈန္းနဲ႔ အသတ္ခံေနရၿပီးေတာ့ ၂၀၁၇ မွာ ဆင္အသတ္ခံရမႈက ၅၉ ေကာင္အထိရွိေနတယ္လုိ႔ သစ္ေတာဦးစီးဌာနက ေနုထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

ပုသိမ်မှာတောဆင်ရိုင်းကို အရေခွံနွှာသတ်ဖြတ်ခဲ့တဲ့ ဆင်သတ်မုဆိုးတွေကို ဇီဝမျိုးစုံမျိုးကွဲပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က ပုသိမ်မြို့နယ်၊ချောင်းသာကြိုးဝိုင်း အကွက်အမှတ် (၄) မှာတောဆင်ရိုင်းအထီးတစ်ကောင် သေဆုံးနေတာဖြစ်ပြီးတော့ ဆင်ကိုတော့အကုန် အရေခွံအနွှာခံထားရတာလည်းဖြစ်ပါတယ်။

ပုသိမ်သစ်တောလုံခြုံရေးရဲတပ်ဖွဲ့က စစ်ဆေးရာမှာတော့ အလျား ၇ ပေ၊လုံးပတ် ၁၁ပေ ၆ လက်မ၊ အမြင့် ၈ ပေရှိတဲ့ ဟိုင်းဆင် အမျိုးအစားဖြစ်ပြီး အသက် ၁၅ နှစ်ခန့်ရှိပြီးတော့ ခန္ဓာကိုယ် ၄ ပုံ ၃ ပုံခန့်ကို အရေခွံခွာထားပြီးတော့ မြှားဆူးဝင်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေတာကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဆင်သတ်မုဆိုးတွေကြောင့်သေဆုံးရတယ်လို့ ယူဆထားပြီးတော့ ချောင်းသာနယ်မြေရဲစခန်းမှာ ဇီဝမျိုးစုံမျိုးကွဲ ပုဒ်မ ၄၁ (က) နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရုပ်ကြွင်းကိုတော့ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာသစ်တောဌာနကနေမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာသီတင်းပါတ်တစ်ပါတ်ကို ပျမ်းမျှတောဆင်ရိုင်း ၁ ကောင်နှုန်းနဲ့ အသတ်ခံနေရပြီးတော့ ၂၀၁၇ မှာ ဆင်အသတ်ခံရမှုက ၅၉ ကောင်အထိရှိနေတယ်လို့ သစ်တောဦးစီးဌာနက နေုထုတ်ပြန်ထားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top