(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဆူဇူကီးဖလားအုပ္စု (ခ)၌ ယမန္ေန႔ညက ကစားခဲ့ ေသာပြဲမ်ားတြင္ ထုိင္းႏွင့္ဖိလစ္ ပိုင္တို႔ တစ္ဂုိးစီသေရက်ၿပီး စင္ ကာပူကအေရွ႕တီေမာကုိ ၆-၁ ဂိုးျဖင့္အႏုိင္ရရွိခဲ့သည္။

ထုိ႔ေၾကာင့္ အုပ္စု(ခ)တြင္ ထုိင္းႏွင့္ဖိလစ္ပိုင္က ခုနစ္မွတ္ စီျဖင့္ ဦးေဆာင္ေနၿပီး စင္ကာပူက ေျခာက္မွတ္ျဖင့္ တတိယေနရာ၌ ရွိေနကာ အႀကိဳဗုိလ္လုပြဲတက္ရန္ သုံးသင္းစလုံး ေမွ်ာ္လင့္ႏုိင္ေန သည္။ တစ္ပြဲႏုိင္၊ ႏွစ္ပြဲ႐ႈံးေသာ အင္ဒုိနီးရွားက အုပ္စုမွ လွည့္ျပန္ ရၿပီျဖစ္သည္။

ထုိင္းႏွင့္ ဖိလစ္ပိုင္ပြဲတြင္ ထုိင္းက ၅၆ မိနစ္၌ ဦးေဆာင္ ဂုိးသြင္းယူေသာ္လည္း အဂၤလန္ နည္းျပေဟာင္း အဲရစ္ဆင္ကိုင္ တြယ္ေနေသာ ဖိလစ္ပိုင္က ၈၁ မိနစ္္တြင္ ေခ်ပဂုိးသြင္းယူခဲ့သည္။ စင္ကာပူက အိမ္ကြင္းအားသာ ခ်က္ကုိ အျပည့္အ၀အသုံးခ်ၿပီး ဖန္ဒီဟာမက္၏သား အစ္ရွန္ဖန္ ဒီအာမက္သြင္းယူေသာဂုိးႏွစ္ဂိုး အပါအ၀င္ စင္ကာပူက ၆-၁ ဂုိး ျဖင့္ အႏုိင္ရရွိကာ ဆီမီးဖုိင္နယ္ တက္ေရာက္ႏုိင္မည့္အခြင့္အေရး ဆက္လက္ဆုပ္ကိုင္ထားသည္။

ႏုိ၀င္ဘာ ၂၅ ရက္အုပ္စု ေနာက္ဆုံးပြဲမ်ားတြင္ ထုိင္းက စင္ကာပူႏွင့္ ရင္ဆုိင္ေတြ႕ကာ အင္ဒုိနီးရွားက ဖိလစ္ပုိင္ကုိ လက္ခံကစားရမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ဆူဇူကီးဖလားအုပ်စု (ခ)၌ ယမန်နေ့ညက ကစားခဲ့ သောပွဲများတွင် ထိုင်းနှင့်ဖိလစ် ပိုင်တို့ တစ်ဂိုးစီသရေကျပြီး စင် ကာပူကအရှေ့တီမောကို ၆-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် အုပ်စု(ခ)တွင် ထိုင်းနှင့်ဖိလစ်ပိုင်က ခုနစ်မှတ် စီဖြင့် ဦးဆောင်နေပြီး စင်ကာပူက ခြောက်မှတ်ဖြင့် တတိယနေရာ၌ ရှိနေကာ အကြိုဗိုလ်လုပွဲတက်ရန် သုံးသင်းစလုံး မျှော်လင့်နိုင်နေ သည်။ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးသော အင်ဒိုနီးရှားက အုပ်စုမှ လှည့်ပြန် ရပြီဖြစ်သည်။

ထိုင်းနှင့် ဖိလစ်ပိုင်ပွဲတွင် ထိုင်းက ၅၆ မိနစ်၌ ဦးဆောင် ဂိုးသွင်းယူသော်လည်း အင်္ဂလန် နည်းပြဟောင်း အဲရစ်ဆင်ကိုင် တွယ်နေသော ဖိလစ်ပိုင်က ၈၁ မိနစ်တွင် ချေပဂိုးသွင်းယူခဲ့သည်။ စင်ကာပူက အိမ်ကွင်းအားသာ ချက်ကို အပြည့်အဝအသုံးချပြီး ဖန်ဒီဟာမက်၏သား အစ်ရှန်ဖန် ဒီအာမက်သွင်းယူသောဂိုးနှစ်ဂိုး အပါအဝင် စင်ကာပူက ၆-၁ ဂိုး ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည့်အခွင့်အရေး ဆက်လက်ဆုပ်ကိုင်ထားသည်။

နိုဝင်ဘာ ၂၅ ရက်အုပ်စု နောက်ဆုံးပွဲများတွင် ထိုင်းက စင်ကာပူနှင့် ရင်ဆိုင်တွေ့ကာ အင်ဒိုနီးရှားက ဖိလစ်ပိုင်ကို လက်ခံကစားရမည်ဖြစ်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top