ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


 အေမျဖစ္သူက သင့္ကို ဟင္းသီးဟင္းရြက္မ်ား စားခိုင္းၿပီး လိေမၼာ္ရည္ေသာက္ခုိင္းလွ်င္ ေကာင္းကြက္တစ္ခု ရွိပါသည္။ ယင္းသည္ ဟင္းသီးဟင္းရြက္မ်ားက သင့္ဦးေႏွာက္က်န္းမာေရးကို ထိန္းသိမ္းေပးႏိုင္သည္ဆိုေသာ ေလ့လာခ်က္ျဖစ္ေၾကာင္း သုေတ သနအသစ္တစ္ရပ္က ဆိုသည္။


က်န္းမာေရးလုပ္ငန္းပေရာ္ဖက္ရွင္နယ္မ်ားျဖစ္ခဲ့ေသာ အမ်ိဳး သားမ်ားကို အႏွစ္ ၂၀ ေလ့လာမႈက အစိမ္းေရာင္ဟင္းသီးဟင္းရြက္၊ လိေမၼာ္ရည္ႏွင့္ အနီေရာင္ဟင္းသီးဟင္းရြက္မ်ားပါဝင္ေသာ စား ေသာက္မႈသည္ မွတ္ဉာဏ္ဆံုး႐ႈံးမႈ ေလ်ာ့ပါးျခင္းႏွင့္ ဆက္စပ္ ေၾကာင္း ျပသထားသည္။

‘‘ဒီေလ့လာမႈကေနၿပီး အသီးအရြက္နဲ႔ သစ္သီးေတြ ပိုမိုစားသံုး တာဟာ ေရရွည္မွာ မွတ္ဉာဏ္စြမ္းအားကို ထိန္းသိမ္းေပးတယ္ဆိုတဲ့ ရွိၿပီးသား သုေတသနေတြကို အားျဖည့္ေပးပါတယ္’’ဟု ဟားဗက္၊ တီ၊ အိတ္ခ်္၊ ခ်န္းျပည္သူ႔က်န္းမာေရးေက်ာင္းမွ ဘြဲ႕လြန္သုေတသီ ေဒါက္တာခ်န္ဇန္ယြမ္က ေျပာၾကားသည္။

မိမိတုိ႔၏ေလ့လာမႈက အာဟာရျပည့္ဝေသာ စားသံုးမႈပံုစံသည္ မွတ္ဉာဏ္ဆံုး႐ႈံးျခင္းကို ေလ်ာ့ပါးေစသည္ဟု သက္ေသျပျခင္းမဟုတ္ဘဲ ဆက္စပ္မႈရွိျခင္းကို ျပသျခင္းျဖစ္သည္ဟု သုေတ သနျပဳစုသူ ယြမ္ကေျပာသည္။

ပ်မ္းမွ် အသက္(၅၁)ႏွစ္ရွိေသာ အမ်ိဳးသားက်န္းမာေရးပေရာ္ ဖက္ရွင္နယ္ ၂၈,၀၀၀ ၏ အခ်က္အလက္မ်ားကို သုေတသီမ်ားက ေကာက္ယူစုေဆာင္းၿပီး ၎တို႔၏ ဟင္းသီးဟင္းရြက္စားသံုးျခင္း အေလ့အထမ်ားကို ေမးျမန္းခဲ့သည္။

ထို႔ေနာက္ ပ်မ္းမွ် ၎တို႔အသက္(၇၃)ႏွစ္တြင္ သုေတသန အဆံုးမသတ္မီ အနည္းဆံုး ေလးႏွစ္ကစ၍ ၎တို႔၏မွတ္ဉာဏ္ႏွင့္ ေတြးေခၚႏုိင္စြမ္းကို ေမးျမန္းခဲ့သည္။

ယင္းတြင္ ၅၅ ရာခိုင္ႏႈန္းက မွတ္ဉာဏ္ႏွင့္ အေတြးအေခၚ ေကာင္းေနဆဲ၊ ၃၈ ရာခိုင္ႏႈန္းက အသင့္အတင့္ေကာင္းဆဲ၊ ၇ ရာခိုင္ ႏႈန္းက ညံ့သြားၿပီဟု ေျပာၾကားသည္။

ယင္းတြင္ သစ္သီးပံုမွန္စားသံုးသူမ်ားသည္ မွတ္ဉာဏ္ဆံုး႐ႈံးမႈ အနည္းဆံုးျဖစ္ေၾကာင္း သုေတသီမ်ားက ေတြ႕ရွိၿပီး ငယ္စဥ္ကပင္ ဟင္းသီးဟင္းရြက္၊ အသီးစားသံုးသူမ်ားသည္ မွတ္ဉာဏ္ႏွင့္ ေတြးေတာႏိုင္မႈ ေလ်ာ့ပါးေသာ ျပႆနာအနည္းဆံုးျဖစ္ေၾကာင္း ေတြ႕ ရွိိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day


#Unicode Version#

 အမေဖြစ်သူက သင့်ကို ဟင်းသီးဟင်းရွက်များ စားခိုင်းပြီး လိမ္မော်ရည်သောက်ခိုင်းလျှင် ကောင်းကွက်တစ်ခု ရှိပါသည်။ ယင်းသည် ဟင်းသီးဟင်းရွက်များက သင့်ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်သည်ဆိုသော လေ့လာချက်ဖြစ်ကြောင်း သုတေ သနအသစ်တစ်ရပ်က ဆိုသည်။


ကျန်းမာရေးလုပ်ငန်းပရော်ဖက်ရှင်နယ်များဖြစ်ခဲ့သော အမျိုး သားများကို အနှစ် ၂၀ လေ့လာမှုက အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ လိမ္မော်ရည်နှင့် အနီရောင်ဟင်းသီးဟင်းရွက်များပါဝင်သော စား သောက်မှုသည် မှတ်ဉာဏ်ဆုံးရှုံးမှု လျော့ပါးခြင်းနှင့် ဆက်စပ် ကြောင်း ပြသထားသည်။

‘‘ဒီလေ့လာမှုကနေပြီး အသီးအရွက်နဲ့ သစ်သီးတွေ ပိုမိုစားသုံး တာဟာ ရေရှည်မှာ မှတ်ဉာဏ်စွမ်းအားကို ထိန်းသိမ်းပေးတယ်ဆိုတဲ့ ရှိပြီးသား သုတေသနတွေကို အားဖြည့်ပေးပါတယ်’’ဟု ဟားဗက်၊ တီ၊ အိတ်ချ်၊ ချန်းပြည်သူ့ကျန်းမာရေးကျောင်းမှ ဘွဲ့လွန်သုတေသီ ဒေါက်တာချန်ဇန်ယွမ်က ပြောကြားသည်။

မိမိတို့၏လေ့လာမှုက အာဟာရပြည့်ဝသော စားသုံးမှုပုံစံသည် မှတ်ဉာဏ်ဆုံးရှုံးခြင်းကို လျော့ပါးစေသည်ဟု သက်သေပြခြင်းမဟုတ်ဘဲ ဆက်စပ်မှုရှိခြင်းကို ပြသခြင်းဖြစ်သည်ဟု သုတေ သနပြုစုသူ ယွမ်ကပြောသည်။

ပျမ်းမျှ အသက်(၅၁)နှစ်ရှိသော အမျိုးသားကျန်းမာရေးပရော် ဖက်ရှင်နယ် ၂၈,၀၀၀ ၏ အချက်အလက်များကို သုတေသီများက ကောက်ယူစုဆောင်းပြီး ၎င်းတို့၏ ဟင်းသီးဟင်းရွက်စားသုံးခြင်း အလေ့အထများကို မေးမြန်းခဲ့သည်။

ထို့နောက် ပျမ်းမျှ ၎င်းတို့အသက်(၇၃)နှစ်တွင် သုတေသန အဆုံးမသတ်မီ အနည်းဆုံး လေးနှစ်ကစ၍ ၎င်းတို့၏မှတ်ဉာဏ်နှင့် တွေးခေါ်နိုင်စွမ်းကို မေးမြန်းခဲ့သည်။

ယင်းတွင် ၅၅ ရာခိုင်နှုန်းက မှတ်ဉာဏ်နှင့် အတွေးအခေါ် ကောင်းနေဆဲ၊ ၃၈ ရာခိုင်နှုန်းက အသင့်အတင့်ကောင်းဆဲ၊ ၇ ရာခိုင် နှုန်းက ညံ့သွားပြီဟု ပြောကြားသည်။

ယင်းတွင် သစ်သီးပုံမှန်စားသုံးသူများသည် မှတ်ဉာဏ်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ကြောင်း သုတေသီများက တွေ့ရှိပြီး ငယ်စဉ်ကပင် ဟင်းသီးဟင်းရွက်၊ အသီးစားသုံးသူများသည် မှတ်ဉာဏ်နှင့် တွေးတောနိုင်မှု လျော့ပါးသော ပြဿနာအနည်းဆုံးဖြစ်ကြောင်း တွေ့ ရှိခဲ့သည်။ 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top