ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ဖိုးသူတော် (www.phothutaw.com)
Credit: Trend
#Unicode Version#
တကယ်ချစ်တတ်တဲ့ မိန်းကလေးတွေဆိုတာ သူတို့စိတ်မဝင်စားရင် အရိပ်တောင်မတတ်နင်းသလိုတစ်အားကြီးချစ်မိပြီဆိုရင်တော့ အရာရာကိုပေးဆပ်အနစ်နာခံချင်လောက်အောင်ကိုယ့်ကိုယ်ကိုယ်ထက်ကိုပိုချစ်တတ်ကြတာပါပဲ။ ဒီလိုအချစ်ကြီးတဲ့ မိန်းကလေးတွေရထားတဲ့ကောင်လေးတွေကကံကောင်းတယ်လို့ဆိုရမလို တစ်ခါတစ်ရံမှာလည်း စိတ်ရှုပ်စရာလေးတွေ နားလည်မှုလွဲတာလေးတွေအနည်းနဲ့အများဖြစ်တတ်ကြပါတယ်….ဘာလို့ အချစ်ကြီးတဲ့မိန်းကလေးတွေရဲ့ RS Life ကပြဿနာလေးတွေရှိတတ်သလဲပေါ့…
ဘယ်နေရာမှာ ဘယ်လောက်ပဲရင့်ကျက်နေပါစေ ကိုယ့်ချစ်သူကောင်လေးနဲ့ပတ်သတ်လာရင်တော့ ကလေးဆန် သဝန်ကြောင်ကြတာကြီးပဲမဟုတ်လား…ဒါကြောင့် တစ်ခြားမိန်းကလေးတွေနဲ့ သဝန်တိုမိတယ်…အထင်လွဲမိမယ် စိတ်ပူမိမယ်…ကောင်လေးဘက်ကလည်းမဟုတ်ပဲအပြောခံရတော့ ငါ့ကိုတွေ့ရာမိန်းကလေးနဲ့သမုတ်တယ် ငါ့မှာမင်းကြောင့်အပေါင်းသင်းတွေကြားမျက်နှာပျက်ရတယ် ဆိုတဲ့ နားလည်မှုလွဲတဲ့ကိစ္စမျိုးတွေ ဖြစ်လာတတ်ပါတယ်…ဒါကတော့သဝန်တိုတဲ့ကိစ္စ
နောက်တစ်မျိုးက စိတ်ပူလွန်တဲ့ကိစ္စ …မိန်းကလေးတွေက သူတို့ချစ်သူကို သူများအမြင်မှာဘာကြီးဖြစ်နေဖြစ်နေသူတို့အမြင်မှာတော့ ထူးချွန်ကောင်းမွန်တဲ့ယောကျ်ားတွေလို့ပဲမြင်တတ်ကြတယ်။ ဒါကြောင့် လည်း ဖြစ်စေချင်တဲ့ဆန္ဒတွေ ကြောင့် ကောင်လေးတွေကို ဘယ်လိုနေဘယ်လိုထိုင်ဘယ်လိုကြိုးစား ဘာတွေလုပ်နော်ဆိုပြီး စိုးရိမ်တစ်ကြီးနဲ့မှာတတ်ကြတယ်…ညအိပ်ရေးပျက်ရင်လည်းကျန်းမာရေးထိခိုက်မှာဆိုးလို့ ဆေးလိပ်သောက်ရင်လည်း ရောဂါဖြစ်မှာဆိုးလို့စသဖြင့်ပေါ့ …ဒါပင်မဲ့တစ်ဖက်စွန်းရောက်စိတ်ပူမှုတွေကြောင့်ကြိမ်ဖန်များစွာပြောလာတော့ ယောကျာ်းလေးအနေနဲ့ကလည်းမင်းကငါ့ကိုမယုံကြည်ဘူးလား..ငါ့ဘဝကိုလိုက်ပိတ်ပင်နေတာလားလို့တွေးတတ်ကြပါတယ်။
ဒီလိုနဲ့ချစ်စရာကောင်းပြီးသဝန်တိုတဲ့ကောင်မလေးတွေကို သဝန်ကြောင်တယ် သဘောထားသေးတယ် ချုပ်ချယ်တယ်လို့ယောကျာ်းလေတွေက အထင်လွဲပြီး ကိုယ့်အပေါ်ကောင်းတဲ့ချစ်သူကောင်မလေးကိုစွန့်ခွာသွားတတ်ကြပါတယ်။ ဒါကြောင့်သိပ်ချုစ်တတ်တဲ့မိန်းကလေးတွေသိထားဖို့က ဘယ်အရာမဆိုအတိုင်းတာနဲ့ပဲပြောပါနေပါ…အလွန်အကျွံတစ်ဖက်စွနု်းရောက်ပြောဆိုမိတဲ့အခါသဘောထားတွေကွဲလွဲပြီးအချစ်တွေလျော့ပါးသွားစေနိုင်ပါတယ်။ သေချာတာကတော့ဒီကောင်လေးသာမင်းကိုတကယ်ချစ်ရင် မင်းရဲ့စေတနာကို အချိန်မှီနားလည်နိုင်မှာပါ…
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top