ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

႐ုံတင္ျပသေနတဲ့ “မုန္းစြဲ” ဇာတ္ကားမွာ ကာရိုက္တာႏွစ္မ်ိဳးနဲ႕ သ႐ုပ္ေဆာင္ထားတဲ့ မေအးေသာင္း (ခ) ေအးဝတ္ရည္ေသာင္းက မုန္းစြဲဇာတ္ကားကို ခဏခဏၾကည့္ေနျဖစ္ၿပီး ကိုယ့္ပါတဲ့ အခန္းကိုေတာ့မၾကည့္ရဲဘူးလို႔ ဆိုပါတယ္။

“မုန္းစြဲကားကို ၾကည့္တာ ခဏခဏရွိေနၿပီ။ ကိုယ့္ကာရိုက္တာကို မၾကည့္ရဲဘူး။ ေပါက္စီအခန္းလာရင္ Screen ကို တည့္တည့္မၾကည့္ရဲဘူး။ ဟိုၾကည့္လိုက္ ဒီၾကည့္လိုက္နဲ႕။ ပရိသတ္ေတြက ခ်ီးက်ဴးက်ေတာ့အရမ္းလည္း ေပ်ာ္တယ္။ အရမ္းလည္း ပီတိျဖစ္တယ္။ ကာရိုက္တာ ၂ခုလုံးကေတာ့ ခ်စ္တဲ့မ်က္လုံး ေတြရွိရမယ္ဆိုေတာ့ ဒီကားရိုက္တုန္းကေတာ့ စိတ္ကိုျပင္ဆင္ခဲ့ရတာ မ်ားပါတယ္” လို႔ မေအးေသာင္းက ဆိုပါတယ္။

မုန္းစြဲဇာတ္ကားနဲ႕ ပတ္သက္ၿပီးလည္း “ ပထမဆုံးျပန္ရိုက္တဲ့ ကားေလးလည္းျဖစ္တယ္။ ၿပီးေတာ့ ကိုယ့္ထက္ေတာ္တဲ့ သူေတြနဲ႕ သ႐ုပ္ေဆာင္ရေတာ့ ေပါက္စီက်န္ခဲ့မွာ ေၾကာက္ခဲ့တာ ေပါက္စီကို အသိအမွတ္ျပဳေပးၾကေတာ့ ဝမ္းသာတယ္ ေပ်ာ္လည္းေပ်ာ္တယ္။ အျပင္မွာ ကိုယ္က အစြဲသိပ္မထားဘူး။ စိတ္ဆိုးရင္ ခဏေနရင္ေျပတာ။ ခ်စ္ရင္လည္း သူမရွိမွ ျဖစ္ပါမယ္ဆိုၿပီး စြဲစြဲလန္းလန္းမရွိဘူး”

“ ကိုယ့္ကို မခ်စ္ေတာ့ဘူးဆိုရင္ လက္ခံတယ္။ လူဆိုတာ ေျပာင္းလဲတတ္တယ္ေလ။ ကိုယ္လည္း ေျပာင္းလဲခ်င္ေျပာင္းလဲ မွာဆိုေတာ့ ခဏေတာ့ ခ်စ္လိုက္ မုန္းလိုက္တာရွိရင္ရွိမယ္ အၾကာႀကီးစြဲၿပီးေတာ့ ခ်စ္တာမုန္းတာမရွိပါဘူး”လို႔ ေျပာပါတယ္။

မေအးေသာင္းက မုန္းစြဲ ဇာတ္ကားမွာ ‘မေၾကးဥ” ဆိုတဲ့ ခ်စ္စြဲ စြဲရတဲ့ အမ်ိဳးသမီးအျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားၿပီး လက္ရွိမွာေတာ့ မေအးေသာင္းက လက္ရွိမွာ မုန္းစြဲဇာတ္ကားကို စင္ကာပူနိုင္ငံမွာျပသေနတဲ့အတြက္ ပရိသတ္မ်ားနဲ႕ ေတြ႕ဆုံပြဲအတြက္ သြားေရာက္ေနတာ ျဖစ္ပါတယ္။

မုန္းစြဲဇာတ္ကားမွာ သ႐ုပ္ေဆာင္ထားတဲ့ မေအးေသာင္းကိုလည္း အကယ္ဒမီရရွိနိုင္တယ္လို႔ ပရိသတ္မ်ားရဲ႕ ထင္ေၾကးေပးျခင္းခံေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

ရုံတင်ပြသနေတဲ့ “မုန်းစွဲ” ဇာတ်ကားမှာ ကာရိုက်တာနှစ်မျိုးနဲ့ သရုပ်ဆောင်ထားတဲ့ မအေးသောင်း (ခ) အေးဝတ်ရည်သောင်းက မုန်းစွဲဇာတ်ကားကို ခဏခဏကြည့်နေဖြစ်ပြီး ကိုယ့်ပါတဲ့ အခန်းကိုတော့မကြည့်ရဲဘူးလို့ ဆိုပါတယ်။

“မုန်းစွဲကားကို ကြည့်တာ ခဏခဏရှိနေပြီ။ ကိုယ့်ကာရိုက်တာကို မကြည့်ရဲဘူး။ ပေါက်စီအခန်းလာရင် Screen ကို တည့်တည့်မကြည့်ရဲဘူး။ ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့။ ပရိသတ်တွေက ချီးကျူးကျတော့အရမ်းလည်း ပျော်တယ်။ အရမ်းလည်း ပီတိဖြစ်တယ်။ ကာရိုက်တာ ၂ခုလုံးကတော့ ချစ်တဲ့မျက်လုံး တွေရှိရမယ်ဆိုတော့ ဒီကားရိုက်တုန်းကတော့ စိတ်ကိုပြင်ဆင်ခဲ့ရတာ များပါတယ်” လို့ မအေးသောင်းက ဆိုပါတယ်။

မုန်းစွဲဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း “ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးလည်းဖြစ်တယ်။ ပြီးတော့ ကိုယ့်ထက်တော်တဲ့ သူတွေနဲ့ သရုပ်ဆောင်ရတော့ ပေါက်စီကျန်ခဲ့မှာ ကြောက်ခဲ့တာ ပေါက်စီကို အသိအမှတ်ပြုပေးကြတော့ ဝမ်းသာတယ် ပျော်လည်းပျော်တယ်။ အပြင်မှာ ကိုယ်က အစွဲသိပ်မထားဘူး။ စိတ်ဆိုးရင် ခဏနေရင်ပြေတာ။ ချစ်ရင်လည်း သူမရှိမှ ဖြစ်ပါမယ်ဆိုပြီး စွဲစွဲလန်းလန်းမရှိဘူး”

“ ကိုယ့်ကို မချစ်တော့ဘူးဆိုရင် လက်ခံတယ်။ လူဆိုတာ ပြောင်းလဲတတ်တယ်လေ။ ကိုယ်လည်း ပြောင်းလဲချင်ပြောင်းလဲ မှာဆိုတော့ ခဏတော့ ချစ်လိုက် မုန်းလိုက်တာရှိရင်ရှိမယ် အကြာကြီးစွဲပြီးတော့ ချစ်တာမုန်းတာမရှိပါဘူး”လို့ ပြောပါတယ်။

မအေးသောင်းက မုန်းစွဲ ဇာတ်ကားမှာ ‘မကြေးဥ” ဆိုတဲ့ ချစ်စွဲ စွဲရတဲ့ အမျိုးသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိမှာတော့ မအေးသောင်းက လက်ရှိမှာ မုန်းစွဲဇာတ်ကားကို စင်ကာပူနိုင်ငံမှာပြသနေတဲ့အတွက် ပရိသတ်များနဲ့ တွေ့ဆုံပွဲအတွက် သွားရောက်နေတာ ဖြစ်ပါတယ်။

မုန်းစွဲဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မအေးသောင်းကိုလည်း အကယ်ဒမီရရှိနိုင်တယ်လို့ ပရိသတ်များရဲ့ ထင်ကြေးပေးခြင်းခံနေပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top