ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကေလးေတြအတြက္ လူ႔ေလာကကို ၀င္လာဖို႔ နည္းလမ္း၂သြယ္ရွိပါတယ္။ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီး အေနနဲ႔က်န္းမာေရးေကာင္းမြန္ေနရင္ ရိုးရိုးေမြးလို႔ရသလို က်န္းမာေရး အားနဲခ်က္ ရွိေန ရင္ေတာ့ ခြဲေမြး ရေလ့ရွိပါတယ္။

အဓိကကေတာ့ မိခင္ေရာ ကေလးပါ က်န္းက်န္းမာမာနဲ႔ အသက္ရွင္ သန္ေနဖို႔ပါပဲ။ ဒါေပမယ့္ အခုေနာက္ပိုင္း မွာေတာ့ ရိုးရိုးေမြးနိုင္တဲ့ အေနအထားမွာ ရွိေနေပမယ့္လည္း အလွမပ်က္ခ်င္လို႔ ခြဲေမြးၾကတဲ့ အမ်ိဳးသမီးဦးေရဟာ မ်ားသည္ထက္မ်ားလာျပီး ခြဲေမြးတာကိုက ဖက္ရွင္လိုျဖစ္ေနတဲ့အတြက္ ပညာရွင္မ်ားက ရိုးရိုးေမြးျခင္းနဲ႔ ခြဲေမြးျခင္း တို႔ရဲ႕ အားသာခ်က္၊ အားနဲခ်က္ေတြကို နွိဴင္းယွဥ္ေဖာ္ျပထား ပါတယ္။

အမႊာပူးေမြးမယ္၊ ဆီးခ်ိဳ၊ ေသြးတိုးေတြလို က်န္းမာေရး အားနဲခ်က္ရွိမယ္၊ HIV ေ၀ဒနာသည္ျဖစ္ေနမယ္၊ ဒါမွမဟုတ္ အခ်င္းနဲ႔ပါတ္သက္တဲ့ျပႆနာေတြ ရွိေနမယ္ဆိုရင္ ခြဲေမြးရေလ့ရွိျပီး ကာယကံရွင္ကိုလည္း သူခြဲေမြးမွ ရမယ္ဆိုတာကို ၾကိဳတင္အသိေပးထားေလ့ ရွိပါတယ္။

ကေလးအရြယ္ ၾကီးလြန္းျပီး မိခင္ တင္ပဆံု က်ဥ္းလြန္းရင္လည္းေကာင္း၊ ကေလးက ေမြးလမ္းေၾကာင္းကို ေခါင္းမတည္ထားသလို အဲဒီ လိုေခါင္းတည္လာေအာင္ အျပင္ကေနလွည့္ေပးတာ ကလည္း မေအာင္ျမင္ရင္လည္းေကာင္း ခြဲေမြးရပါ တယ္။

တစ္ခါတေလ ေမြးခန္းထဲကိုေရာက္ျပီးမွ ကေလးေအာက္စီ ဂ်င္ မရေတာ့တဲ့ ျပႆနာမ်ိဳးျဖစ္ျပီး အေရးေပၚခြဲေမြး လိုက္ရတာလည္း ရွိပါတယ္။ အခုေနာက္ပိုင္း မွာေတာ့ လိုအပ္လို႔ခြဲေမြးရတဲ့အျပင္ ေမြး လူနာရဲ႕ေတာင္းဆိုခ်က္နဲ႕ခြဲေမြးေပးရတာေတြ ပိုမ်ားလာ တာပဲ ျဖစ္ပါတယ္။

က်န္းမာေရးရွဳေထာင့္ကေနၾကည့္မယ္ဆိုရင္ ခြဲေမြးတာဟာ ရိုးရိုးေမြးတာထက္ပိုျပီး ေဘးအႏၱရယ္ ကင္း တယ္လို႔ထင္ရေပမယ့္ ခြဲေမြးျခင္းေၾကာင့္ ျဖစ္ေပၚလာနိုင္တဲ့ အက်ိဳးဆက္အႏၱရယ္ေတြ ရွိေနတာ အမွန္ပဲျဖစ္ပါတယ္။

ခြဲေမြးတယ္ဆိုတာ လူနာရဲ႕၀မ္းဗိုက္ကို ဖြင့္ရပါတယ္။ သားအိမ္ကို ဆက္ျပီးဖြင့္ရပါတယ္။ ကေလးကို ဆြဲထုတ္ရပါ တယ္။ ျပီးရင္ သားအိမ္နဲ႕၀မ္းဗိုက္ကို ျပန္ပိတ္ရပါတယ္။ ဒါဟာ အၾကီးစားခြဲစိပ္မႈ တစ္ခုျဖစ္ ပါတယ္။

တျခား အၾကီး စား ခြဲစိပ္မႈေတြလိုပဲ လူနာကိုအသက္အႏၱရယ္ျဖစ္ေစနိုင္ျပီး ဒီေနရာမွာ အသက္ ၂ေခ်ာင္းကိစၥကို ေျပာေနတာျဖစ္ပါ တယ္။

ရိုးရိုးေမြးရတာ ပိုျပီးမိခင္ဆန္တယ္လို႔ ခံစားရပါတယ္။ ကိုယ္နဲ႔အတူ ၉လလံုးလံုးအတူရွိေနတဲ့ကေလးကို ကိုယ့္ရဲ႕ အားနဲ႔ပဲ လူ႕ေလာကထဲ ကိုေရာက္ေအာင္ တြန္းပို႔ေပးရတာ တစ္ကယ္ပဲ ပီတိျဖစ္စရာပါ။

မိခင္နဲ႔ကေလးရဲ႕သံေယာဇဥ္ကိုလည္း အမ်ားၾကီး ပိုေစနိုင္လိမ့္မယ္လို႕ ယံုၾကည္ပါတယ္ဟု ရိုးရိုးေမြး ဖြားျခင္းကိုသာ ဦးစားေပး ေရြး ခ်ယ္ခဲ့သူ ကေလး ၆ ဦး မိခင္တစ္ဦးက ေျပာျပပါတယ္။

ကိုယ့္ကေလးကိုယ္ ဘယ္လိုေမြးမယ္ဆုိတာ မိခင္ေလာင္းရဲ႕ကိုယ္ပိုင္အခြင့္အေရးပဲ ျဖစ္သင့္ပါတယ္။ အသက္ ၂ေခ်ာင္းနဲ႔ ဆိုင္တဲ့ဆံုးျဖတ္ခ်က္ကို ကၽြန္မတို႔ကိုယ္တိုင္ပဲ ခ်မွတ္ခ်င္ပါတယ္။ ခြဲေမြးတဲ့အခါ မိခင္ တစ္ခုခုျဖစ္သြား တယ္ ထားအံုးေတာ့၊ ကေလးကေတာ့ အသက္ရွင္မွာ အမွန္ပါပဲ။

ကၽြန္မတို႔ခြဲေမြး ဖို႔ေရြးခ်ယ္တယ္ ဆိုတာ ကေလးကို အမွန္တစ္ကယ္ခ်စ္လို႔ပါ။ အလွအပနဲ႔ မဆိုင္ပါဘူးလို ့လည္း မိမိ က်န္းမာေရးအေျခအေနကို စိတ္မခ်လို ့ သားဦး ကို ခြဲေမြးထားတဲ့ မိခင္အသစ္စက္စက္ တစ္ဦးက လည္း ေျပာျပပါတယ္။

နွစ္ဦးႏွစ္ဖက္ မိသားစုအသိုင္းအဝိုင္း ဘယ္ေလာက္ပဲၾကီးၾကီး၊ တစ္ေန႔တာကုန္ဆံုးသြားျပီး ညအေမွာင္ ဖံုးလႊမ္းသြား တဲ့အခါ ကၽြန္မရဲ႕ခင္ပြန္းသည္ပဲ ကၽြန္မအနားမွာ ရွိေပးနိုင္တာပါ။ သူ႕အတြက္ ကၽြန္မ တာ၀န္ေက်ခ်င္ပါတယ္။

ါေၾကာင့္ ကၽြန္မရဲ ့ ခႏၶာကိုယ္အလွကို ထိန္းသိမ္းတဲ့အေနနဲ ့ ကိုယ္ပဲအနာခံျပီး ခြဲေမြးဖို႔ေရြးခ်ယ္တာျဖစ္ပါတယ္လို႔တမင္တကာ ခြဲေမြးဖို႔ေရြးခ်ယ္ခဲ့တဲ့ အိမ္ေထာင္ရွင္ အမ်ိဳးသမီးတစ္ဦး ကလည္း ေျပာျပပါတယ္။

ရိုးရိုးေမြးျခင္း၏ အားသာခ်က္မ်ား။ ေဆးရံုတက္ခ်ိန္ တိုေတာင္းျပီး အနာက်က္ခ်ိန္ အမ်ားၾကီးပိုျမန္ပါ တယ္။ ႏိုင္ငံ တကာမွာ ရိုးရိုးေမြးလူနာကို ေဆးရံုေပၚမွာ ၂၄နာရီကေန ၄၈နာရီအထိိပဲ ထားပါတယ္။

ခြဲေမြးထားသလိုမ်ိဳး ေသြးထြက္လြန္ျခင္း၊ ၀မ္းဗိုက္မွာ ခြဲဒဏ္ရာေၾကာင့္ျဖစ္တဲ့ အမာ ရြတ္ျဖစ္ေပၚျခင္း၊ ေမးေဆး ဒဏ္ေၾကာင့္ ေမ့တတ္ လာျခင္း၊ ေမ့ေဆးထိုးတားတဲ့ေနရာမွာ အျမဲနာေနျခင္း တို ့ကို ခံစားရမွာမဟုတ္တဲ့အျပင္ ခြဲလူနာ လုပ္နိုင္မွာမဟုတ္တဲ့ ကိုယ့္ရင္ေသြးေလးကိုရင္ခြင္ပိုက္ျပီး နို ့ခ်ိဳတိုက္ေကၽြးတာကိုလည္း ခ်က္ျခင္းျပဳလုပ္နုိင္မွာ ျဖစ္ပါတယ္။

ရုိးရိုးေမြးျခင္း၏ အားနဲခ်က္မ်ား။ မိန္းမကိုယ္ ပတ္ပတ္လည္က အေရျပားနဲ႔တစ္ရွဳးေတြ စုတ္ျပဲသြားနိုင္ပါ တယ္။ ဒါေတြကို ျပန္ခ်ဳပ္ရတဲ့အခါ တင္ပဆံုၾကြက္သားမွာ ဒဏ္ျဖစ္သြားနိုင္ျပီး ဆီး၊ ၀မ္းထိန္းရ ခက္သြားနိုင္ ပါတယ္။

ေခ်ာင္းဆိုးလိုက္တိုင္း၊ ရယ္လိုက္တိုင္း ဆီးထြက္က်တဲ့အမ်ိဳးသမီးအမ်ားဟုဟာ ရိုးရိုးေမြးျပီး မိန္းမကိုယ္ကို ျပန္ခ်ဳပ္ ထားရသူမ်ား ျဖစ္ပါတယ္။ ဒါ့အျပင္ မိန္းမကိုယ္နဲ ့စအိုအၾကား ကာလရွည္ၾကာ နာက်င္ေနတတ္တဲ့အတြက္ မိမိ ခင္ပြန္းအေပၚ သိပ္စိတ္မရွည္ ခ်င္ေတာ့ပါဘူး။

ရိုးရိုးေမြးျခင္း၏ ကေလးအေပၚသက္ေရာက္ေသာ အက်ိဳးအျပစ္မ်ား။ မိခင္က ခ်က္ျခင္းဆိုသလို ေထြးေပြ ့ ယုယ နို႔ခ်ိဳတိုက္ေကၽြးနိုင္ပါတယ္။ ညွစ္ျပီးေမြးတဲ့အခါ ကေလးရဲ႕အဆုပ္ထဲေရာက္ေနတဲ့ ေရတြကိုလည္း ညွစ္ထုတ္ေပး လိုက္ပါတယ္။ ဒီေတာ့ ေမြးျပီးတာနဲ႔ကေလးက မြန္းမေနဘဲ ေအာက္စီဂ်င္ခ်က္ျခင္း ရွဴနိုင္မွာျဖစ္လို႕ဦးေနွာက္ကို ထိခိုက္မႈ နဲေစနိုင္ပါတယ္။

မိခင္ရဲ ့ေမြးလမ္းေၾကာင္းတစ္ေလွ်ာက္ကေန ခႏၶာကိုယ္ အတြက္လိုအပ္တဲ့ ဘက္တီးရီး ယား ေတြ ကူးစက္လာတာမို ့ ျပင္ပကမၻာကို ခံနိုင္ရည္ရွိတဲ့ ခုခံအား တစ္ခါတည္း ပါလာေလ့ရွိပါတယ္။ ဒါေပမယ့္ ေမြးဖြားခ်ိန္ ၾကာျမင့္ေနမယ္ဆိုရင္ ကေလးကို ညွပ္နဲ ့ဆြဲထုတ္ရတာ ရွိတတ္ျပီး ဦးေခါင္းခြံပံုပ်က္တာ၊ အခန္ ့မသင့္ရင္ ကိုယ္လက္ အဂၤါထိခိုက္တာ တို ့ ျဖစ္နိုင္ပါတယ္။

ခြဲေမြးျခင္း၏အားသာခ်က္မ်ား။ ရိုးရိုးေမြးနိုင္ရဲ႕သားနဲ႔ ခြဲေမြးမယ္ဆိုရင္ အားသာခ်က္ အေထြအထူး မရွိပါဘူး။

ခြဲေမြးျခင္း၏အားနဲခ်က္မ်ား။ ေဆးရံုမွာ ရက္ေပါင္းမ်ားစြာ ကုသခံရပါတယ္။ အနဲဆံုး ၄ရက္ပါပဲ။ နာက်င္ မႈ၊ ေယာင္ ရမ္းမႈေတြကို လနဲ႔ခ်ီ ခံရနိုင္ပါတယ္။ ေသြးထြက္မ်ားတဲ့အတြက္ ေသြးသြင္းရတာျဖစ္လို႕မလို လားအပ္တဲ့ ကူးစက္မႈ ေတြ ျဖစ္နိုင္ပါတယ္။

အစာအိမ္၊ ဆီးအိမ္ေတြကို ထိမိရွမိတတ္တဲ့အတြက္ အသက္ အႏၱရယ္မျဖစ္ေတာင္ တစ္သက္ လံုး တေျမ့ေျမ့နဲ ့ေလာင္ေနမယ့္ အတြင္းမီးကို ျငိမ္းေနရနိုင္ပါတယ္။ ကေလးကိုလည္း နို ့ခ်က္ျခင္းတိုက္နိုင္မွာ မဟုတ္ပါဘူး။ ၀မ္းဗိုက္မွာ ခြဲဒဏ္ရာ အမာရြတ္ၾကီး ျဖစ္က်န္ေန ပါလိမ့္မယ္။

ဒဏ္ရာလံုး၀ေပ်ာက္ကင္းဖို႔ ၂လအနဲဆံုး ၾကာျမင့္မွာျဖစ္ျပီး ခင္ပြန္းသည္အေပၚ ေတာ္ေတာ္နဲ႔ တာ၀န္ေက်နိုင္အံုးမွာ မဟုတ္ပါဘူး။ ရိုးရိုးေမြးတာထက္ ခြဲေမြး တဲ့အခါမွာ မိခင္ေသဆံုးနိုင္ေခ် ၃ဆပိုမ်ား ပါတယ္။

တစ္ခါခြဲေမြးျပီးရင္ ေနာက္အေခါက္ေတြလည္း ခြဲေမြးရတာ့မွာပါ။ ဒါ့အျပင္ ဒုတိယကေလးကို ကိုယ္ ၀န္ေဆာင္ ထားတဲ့အခါ သားအိမ္ခ်ဳပ္ရိုးေျပ သြားနိုင္ပါေသးတယ္။ မိခင္ေရာကေလးပါ အသက္ အႏၱရယ္ရွိပါတယ္။

ခြဲေမြးျခင္း၏ ကေလးအေပၚ သက္ေရာက္ေသာ အက်ိဳးအျပစ္မ်ား။ ေမြးျပီးျပီးျခင္း အဆုပ္ထဲ မွာေရရွိေန တဲ့အတြက္ အသက္မရွဴနိုင္ပါ။

အမ်ားစုမွာ အဆုပ္အေအးပတ္ေရာဂါ ရသြားပါတယ္။ ခြဲေမြးထားတဲ့ ကေလးေတြဟာ အ၀လြန္ တတ္ၾကပါတယ္။ အေၾကာင္းရင္းကို မသိရေသးပါဘူး။

အက်ိဳးကေတာ့ တစ္ခုပဲ ရွိပါတယ္။ ခြဲေမြးတဲ့အခါမွာလို အခန္႔မသင့္လို႕ဆိုျပီး ညွပ္နဲ႕ဆြဲထုတ္ခံရမွာ မဟုတ္တဲ့အတြက္ ဦးေခါင္းမွာ ဒဏ္ရာဒဏ္ခ်က္ေတြ ကင္းေနပါလိမ့္ မယ္ဆိုတာကို ေလ့လာေရးသား တင္ျပလိုက္ရပါသည္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myawaddy Health


#Unicode Version#

ကလေးတွေအတွက် လူ့လောကကို ဝင်လာဖို့ နည်းလမ်း၂သွယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး အနေနဲ့ကျန်းမာရေးကောင်းမွန်နေရင် ရိုးရိုးမွေးလို့ရသလို ကျန်းမာရေး အားနဲချက် ရှိနေ ရင်တော့ ခွဲမွေး ရလေ့ရှိပါတယ်။

အဓိကကတော့ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ အသက်ရှင် သန်နေဖို့ပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ ရိုးရိုးမွေးနိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အလှမပျက်ချင်လို့ ခွဲမွေးကြတဲ့ အမျိုးသမီးဦးရေဟာ များသည်ထက်များလာပြီး ခွဲမွေးတာကိုက ဖက်ရှင်လိုဖြစ်နေတဲ့အတွက် ပညာရှင်များက ရိုးရိုးမွေးခြင်းနဲ့ ခွဲမွေးခြင်း တို့ရဲ့ အားသာချက်၊ အားနဲချက်တွေကို နှိူင်းယှဉ်ဖော်ပြထား ပါတယ်။

အမွှာပူးမွေးမယ်၊ ဆီးချို၊ သွေးတိုးတွေလို ကျန်းမာရေး အားနဲချက်ရှိမယ်၊ HIV ဝေဒနာသည်ဖြစ်နေမယ်၊ ဒါမှမဟုတ် အချင်းနဲ့ပါတ်သက်တဲ့ပြဿနာတွေ ရှိနေမယ်ဆိုရင် ခွဲမွေးရလေ့ရှိပြီး ကာယကံရှင်ကိုလည်း သူခွဲမွေးမှ ရမယ်ဆိုတာကို ကြိုတင်အသိပေးထားလေ့ ရှိပါတယ်။

ကလေးအရွယ် ကြီးလွန်းပြီး မိခင် တင်ပဆုံ ကျဉ်းလွန်းရင်လည်းကောင်း၊ ကလေးက မွေးလမ်းကြောင်းကို ခေါင်းမတည်ထားသလို အဲဒီ လိုခေါင်းတည်လာအောင် အပြင်ကနေလှည့်ပေးတာ ကလည်း မအောင်မြင်ရင်လည်းကောင်း ခွဲမွေးရပါ တယ်။

တစ်ခါတလေ မွေးခန်းထဲကိုရောက်ပြီးမှ ကလေးအောက်စီ ဂျင် မရတော့တဲ့ ပြဿနာမျိုးဖြစ်ပြီး အရေးပေါ်ခွဲမွေး လိုက်ရတာလည်း ရှိပါတယ်။ အခုနောက်ပိုင်း မှာတော့ လိုအပ်လို့ခွဲမွေးရတဲ့အပြင် မွေး လူနာရဲ့တောင်းဆိုချက်နဲ့ခွဲမွေးပေးရတာတွေ ပိုများလာ တာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက်ပိုပြီး ဘေးအန္တရယ် ကင်း တယ်လို့ထင်ရပေမယ့် ခွဲမွေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်အန္တရယ်တွေ ရှိနေတာ အမှန်ပဲဖြစ်ပါတယ်။

ခွဲမွေးတယ်ဆိုတာ လူနာရဲ့ဝမ်းဗိုက်ကို ဖွင့်ရပါတယ်။ သားအိမ်ကို ဆက်ပြီးဖွင့်ရပါတယ်။ ကလေးကို ဆွဲထုတ်ရပါ တယ်။ ပြီးရင် သားအိမ်နဲ့ဝမ်းဗိုက်ကို ပြန်ပိတ်ရပါတယ်။ ဒါဟာ အကြီးစားခွဲစိပ်မှု တစ်ခုဖြစ် ပါတယ်။

တခြား အကြီး စား ခွဲစိပ်မှုတွေလိုပဲ လူနာကိုအသက်အန္တရယ်ဖြစ်စေနိုင်ပြီး ဒီနေရာမှာ အသက် ၂ချောင်းကိစ္စကို ပြောနေတာဖြစ်ပါ တယ်။

ရိုးရိုးမွေးရတာ ပိုပြီးမိခင်ဆန်တယ်လို့ ခံစားရပါတယ်။ ကိုယ်နဲ့အတူ ၉လလုံးလုံးအတူရှိနေတဲ့ကလေးကို ကိုယ့်ရဲ့ အားနဲ့ပဲ လူ့လောကထဲ ကိုရောက်အောင် တွန်းပို့ပေးရတာ တစ်ကယ်ပဲ ပီတိဖြစ်စရာပါ။

မိခင်နဲ့ကလေးရဲ့သံယောဇဉ်ကိုလည်း အများကြီး ပိုစေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ဟု ရိုးရိုးမွေး ဖွားခြင်းကိုသာ ဦးစားပေး ရွေး ချယ်ခဲ့သူ ကလေး ၆ ဦး မိခင်တစ်ဦးက ပြောပြပါတယ်။

ကိုယ့်ကလေးကိုယ် ဘယ်လိုမွေးမယ်ဆိုတာ မိခင်လောင်းရဲ့ကိုယ်ပိုင်အခွင့်အရေးပဲ ဖြစ်သင့်ပါတယ်။ အသက် ၂ချောင်းနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက်ကို ကျွန်မတို့ကိုယ်တိုင်ပဲ ချမှတ်ချင်ပါတယ်။ ခွဲမွေးတဲ့အခါ မိခင် တစ်ခုခုဖြစ်သွား တယ် ထားအုံးတော့၊ ကလေးကတော့ အသက်ရှင်မှာ အမှန်ပါပဲ။

ကျွန်မတို့ခွဲမွေး ဖို့ရွေးချယ်တယ် ဆိုတာ ကလေးကို အမှန်တစ်ကယ်ချစ်လို့ပါ။ အလှအပနဲ့ မဆိုင်ပါဘူးလို့လည်း မိမိ ကျန်းမာရေးအခြေအနေကို စိတ်မချလို့ သားဦး ကို ခွဲမွေးထားတဲ့ မိခင်အသစ်စက်စက် တစ်ဦးက လည်း ပြောပြပါတယ်။

နှစ်ဦးနှစ်ဖက် မိသားစုအသိုင်းအဝိုင်း ဘယ်လောက်ပဲကြီးကြီး၊ တစ်နေ့တာကုန်ဆုံးသွားပြီး ညအမှောင် ဖုံးလွှမ်းသွား တဲ့အခါ ကျွန်မရဲ့ခင်ပွန်းသည်ပဲ ကျွန်မအနားမှာ ရှိပေးနိုင်တာပါ။ သူ့အတွက် ကျွန်မ တာဝန်ကျေချင်ပါတယ်။

ါကြောင့် ကျွန်မရဲ့ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းတဲ့အနေနဲ့ ကိုယ်ပဲအနာခံပြီး ခွဲမွေးဖို့ရွေးချယ်တာဖြစ်ပါတယ်လို့တမင်တကာ ခွဲမွေးဖို့ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ကလည်း ပြောပြပါတယ်။

ရိုးရိုးမွေးခြင်း၏ အားသာချက်များ။ ဆေးရုံတက်ချိန် တိုတောင်းပြီး အနာကျက်ချိန် အများကြီးပိုမြန်ပါ တယ်။ နိုင်ငံ တကာမှာ ရိုးရိုးမွေးလူနာကို ဆေးရုံပေါ်မှာ ၂၄နာရီကနေ ၄၈နာရီအထိပဲ ထားပါတယ်။

ခွဲမွေးထားသလိုမျိုး သွေးထွက်လွန်ခြင်း၊ ဝမ်းဗိုက်မှာ ခွဲဒဏ်ရာကြောင့်ဖြစ်တဲ့ အမာ ရွတ်ဖြစ်ပေါ်ခြင်း၊ မေးဆေး ဒဏ်ကြောင့် မေ့တတ် လာခြင်း၊ မေ့ဆေးထိုးတားတဲ့နေရာမှာ အမြဲနာနေခြင်း တို့ကို ခံစားရမှာမဟုတ်တဲ့အပြင် ခွဲလူနာ လုပ်နိုင်မှာမဟုတ်တဲ့ ကိုယ့်ရင်သွေးလေးကိုရင်ခွင်ပိုက်ပြီး နို့ချိုတိုက်ကျွေးတာကိုလည်း ချက်ခြင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ရိုးရိုးမွေးခြင်း၏ အားနဲချက်များ။ မိန်းမကိုယ် ပတ်ပတ်လည်က အရေပြားနဲ့တစ်ရှုးတွေ စုတ်ပြဲသွားနိုင်ပါ တယ်။ ဒါတွေကို ပြန်ချုပ်ရတဲ့အခါ တင်ပဆုံကြွက်သားမှာ ဒဏ်ဖြစ်သွားနိုင်ပြီး ဆီး၊ ဝမ်းထိန်းရ ခက်သွားနိုင် ပါတယ်။

ချောင်းဆိုးလိုက်တိုင်း၊ ရယ်လိုက်တိုင်း ဆီးထွက်ကျတဲ့အမျိုးသမီးအများဟုဟာ ရိုးရိုးမွေးပြီး မိန်းမကိုယ်ကို ပြန်ချုပ် ထားရသူများ ဖြစ်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်နဲ့စအိုအကြား ကာလရှည်ကြာ နာကျင်နေတတ်တဲ့အတွက် မိမိ ခင်ပွန်းအပေါ် သိပ်စိတ်မရှည် ချင်တော့ပါဘူး။

ရိုးရိုးမွေးခြင်း၏ ကလေးအပေါ်သက်ရောက်သော အကျိုးအပြစ်များ။ မိခင်က ချက်ခြင်းဆိုသလို ထွေးပွေ့ ယုယ နို့ချိုတိုက်ကျွေးနိုင်ပါတယ်။ ညှစ်ပြီးမွေးတဲ့အခါ ကလေးရဲ့အဆုပ်ထဲရောက်နေတဲ့ ရေတွကိုလည်း ညှစ်ထုတ်ပေး လိုက်ပါတယ်။ ဒီတော့ မွေးပြီးတာနဲ့ကလေးက မွန်းမနေဘဲ အောက်စီဂျင်ချက်ခြင်း ရှူနိုင်မှာဖြစ်လို့ဦးနှောက်ကို ထိခိုက်မှု နဲစေနိုင်ပါတယ်။

မိခင်ရဲ့မွေးလမ်းကြောင်းတစ်လျှောက်ကနေ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ ဘက်တီးရီး ယား တွေ ကူးစက်လာတာမို့ ပြင်ပကမ္ဘာကို ခံနိုင်ရည်ရှိတဲ့ ခုခံအား တစ်ခါတည်း ပါလာလေ့ရှိပါတယ်။ ဒါပေမယ့် မွေးဖွားချိန် ကြာမြင့်နေမယ်ဆိုရင် ကလေးကို ညှပ်နဲ့ဆွဲထုတ်ရတာ ရှိတတ်ပြီး ဦးခေါင်းခွံပုံပျက်တာ၊ အခန့်မသင့်ရင် ကိုယ်လက် အင်္ဂါထိခိုက်တာ တို့ ဖြစ်နိုင်ပါတယ်။

ခွဲမွေးခြင်း၏အားသာချက်များ။ ရိုးရိုးမွေးနိုင်ရဲ့သားနဲ့ ခွဲမွေးမယ်ဆိုရင် အားသာချက် အထွေအထူး မရှိပါဘူး။

ခွဲမွေးခြင်း၏အားနဲချက်များ။ ဆေးရုံမှာ ရက်ပေါင်းများစွာ ကုသခံရပါတယ်။ အနဲဆုံး ၄ရက်ပါပဲ။ နာကျင် မှု၊ ယောင် ရမ်းမှုတွေကို လနဲ့ချီ ခံရနိုင်ပါတယ်။ သွေးထွက်များတဲ့အတွက် သွေးသွင်းရတာဖြစ်လို့မလို လားအပ်တဲ့ ကူးစက်မှု တွေ ဖြစ်နိုင်ပါတယ်။

အစာအိမ်၊ ဆီးအိမ်တွေကို ထိမိရှမိတတ်တဲ့အတွက် အသက် အန္တရယ်မဖြစ်တောင် တစ်သက် လုံး တမြေ့မြေ့နဲ့လောင်နေမယ့် အတွင်းမီးကို ငြိမ်းနေရနိုင်ပါတယ်။ ကလေးကိုလည်း နို့ချက်ခြင်းတိုက်နိုင်မှာ မဟုတ်ပါဘူး။ ဝမ်းဗိုက်မှာ ခွဲဒဏ်ရာ အမာရွတ်ကြီး ဖြစ်ကျန်နေ ပါလိမ့်မယ်။

ဒဏ်ရာလုံးဝပျောက်ကင်းဖို့ ၂လအနဲဆုံး ကြာမြင့်မှာဖြစ်ပြီး ခင်ပွန်းသည်အပေါ် တော်တော်နဲ့ တာဝန်ကျေနိုင်အုံးမှာ မဟုတ်ပါဘူး။ ရိုးရိုးမွေးတာထက် ခွဲမွေး တဲ့အခါမှာ မိခင်သေဆုံးနိုင်ချေ ၃ဆပိုများ ပါတယ်။

တစ်ခါခွဲမွေးပြီးရင် နောက်အခေါက်တွေလည်း ခွဲမွေးရတာ့မှာပါ။ ဒါ့အပြင် ဒုတိယကလေးကို ကိုယ် ဝန်ဆောင် ထားတဲ့အခါ သားအိမ်ချုပ်ရိုးပြေ သွားနိုင်ပါသေးတယ်။ မိခင်ရောကလေးပါ အသက် အန္တရယ်ရှိပါတယ်။

ခွဲမွေးခြင်း၏ ကလေးအပေါ် သက်ရောက်သော အကျိုးအပြစ်များ။ မွေးပြီးပြီးခြင်း အဆုပ်ထဲ မှာရေရှိနေ တဲ့အတွက် အသက်မရှူနိုင်ပါ။

အများစုမှာ အဆုပ်အအေးပတ်ရောဂါ ရသွားပါတယ်။ ခွဲမွေးထားတဲ့ ကလေးတွေဟာ အဝလွန် တတ်ကြပါတယ်။ အကြောင်းရင်းကို မသိရသေးပါဘူး။

အကျိုးကတော့ တစ်ခုပဲ ရှိပါတယ်။ ခွဲမွေးတဲ့အခါမှာလို အခန့်မသင့်လို့ဆိုပြီး ညှပ်နဲ့ဆွဲထုတ်ခံရမှာ မဟုတ်တဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာဒဏ်ချက်တွေ ကင်းနေပါလိမ့် မယ်ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရပါသည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top