ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မႏၲေလးတြင္ မူးယစ္ေဆးဝါးမ်ားႏွင့္ အတူ ဖမ္းဆီးခံခဲ့ရသည့္ အဆိုေတာ္ ရသ (ရဲမင္းသိန္း) အပါအဝင္ ၃ဦးကို နိုဝင္ဘာလ ၁၉ ရက္ေန႕က မႏၲေလးခရိုင္ တရား႐ုံးတြင္ စြဲခ်က္တင္သည့္ အမိန႔္ ခ်မွတ္ခဲ့သည္။

“တရားလိုနဲ႕ လိုျပသက္ေသေတြ အကုန္စစ္ၿပီးသြားတဲ့ အခ်ိန္မွာ စြဲခ်က္တင္ အမိန႔္ခ်ခဲ့တာပါ၊ ၁၉(က)နဲ႕ သုံးေယာက္စလုံး ကို စြဲခ်က္တင္ၿပီး စစ္ေဆးသြားမွာပါ၊ တရားခံဘက္က သက္ေသ တင္ျပလာတဲ့ အေပၚမွာ ဆက္စစ္သြားရမယ္”ဟု မႏၲၱေလး ခရိုင္ တရား႐ုံး သတင္းႏွင့္ ျပန္ၾကားေရး အရာရွိ ေဒၚစန္းစန္းဝင္းက ေျပာသည္။

အဆိုေတာ္ရသ အပါ ၃ဦးကို ရဲအုပ္ လင္းထြန္းက တရားလိုလုပ္ စြဲဆိုျခင္းကို မႏၲေလးခရိုင္ တရား႐ုံးက လက္ခံစစ္ေဆး ခဲ့ၿပီး မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစတတ္ေသာ ေဆးဝါးမ်ား တားဆီးကာကြယ္ေရး ဥပေဒ ပုဒ္မ ၁၉ (က)/၂၁ ျဖင့္ တရား႐ုံး စြဲတင္ခဲ့ေသာ္လည္း ပုဒ္မ ၁၉ (က) ျဖင့္ စြဲခ်က္တင္၍ စစ္ေဆးသြား မည္ဟုလည္း ဆိုသည္။

ပုဒ္မ ၁၉ (က) သည္ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ျပစ္ဒဏ္ ခ်မွတ္နိုင္ေၾကာင္း သိရသည္။

မႏၲေလးခရိုင္ ခ်မ္းျမသာစည္ ၿမိဳ႕နယ္ ထြန္တုံးရပ္ကြက္ ေအာင္ေစတနာလမ္း ၄၉ လမ္းႏွင့္ လမ္း ၅၀ လမ္းၾကားရွိ “နန္းထိုက္ပန္” ဧည့္ရိပ္မြန္တြင္ အဆိုေတာ္ရသသည္ မူးယစ္ေဆးဝါးမ်ားႏွင့္ အတူ ေရာက္ရွိေနေၾကာင္း သတင္းရရွိသျဖင့္ မူးယစ္ ရဲတပ္ဖြဲ႕မွ ၾသဂုတ္လ ၁၄ ရက္ေန႕ မြန္းလြဲ ၃ နာရီခန႔္က ဝင္ေရာက္ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

ရဲမင္းသိန္း (ခ) ရသ (၃၅)ႏွစ္၊ မ်ိဳးတင့္ (၂၆ႏွစ္)ႏွင့္ ေခမီ(ခ) ဗ်ာတာမီး (၂၀ႏွစ္) တို႔ကို မူးယစ္ေဆးျပား ၁၆၅၅ ျပား၊ ကာလတန္ဖိုး ၄၅၆၅၀၀၀ က်ပ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ၿပီး စက္တင္ဘာလ ၁၀ ရက္ေန႕တြင္ ခရိုင္တရား႐ုံး၌ အမႈကို စြဲတင္ခဲ့ျခင္း ျဖစ္သည္။

မူးယစ္ေဆးဝါးမ်ားႏွင့္ အတူ ဖမ္းဆီးရမိခဲ့သည့္ အဆိုေတာ္ရသ အပါအဝင္ ၃ဦးကို နိုဝင္ဘာ၂၆ ရက္ေန႕တြင္ ႐ုံးခ်ိန္း ထပ္မံ ခ်ိန္းဆို ခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

မန္တလေးတွင် မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် အဆိုတော် ရသ (ရဲမင်းသိန်း) အပါအဝင် ၃ဦးကို နိုဝင်ဘာလ ၁၉ ရက်နေ့က မန္တလေးခရိုင် တရားရုံးတွင် စွဲချက်တင်သည့် အမိန့် ချမှတ်ခဲ့သည်။

“တရားလိုနဲ့ လိုပြသက်သေတွေ အကုန်စစ်ပြီးသွားတဲ့ အချိန်မှာ စွဲချက်တင် အမိန့်ချခဲ့တာပါ၊ ၁၉(က)နဲ့ သုံးယောက်စလုံး ကို စွဲချက်တင်ပြီး စစ်ဆေးသွားမှာပါ၊ တရားခံဘက်က သက်သေ တင်ပြလာတဲ့ အပေါ်မှာ ဆက်စစ်သွားရမယ်”ဟု မန္တ္တလေး ခရိုင် တရားရုံး သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းဝင်းက ပြောသည်။

အဆိုတော်ရသ အပါ ၃ဦးကို ရဲအုပ် လင်းထွန်းက တရားလိုလုပ် စွဲဆိုခြင်းကို မန္တလေးခရိုင် တရားရုံးက လက်ခံစစ်ဆေး ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် တရားရုံး စွဲတင်ခဲ့သော်လည်း ပုဒ်မ ၁၉ (က) ဖြင့် စွဲချက်တင်၍ စစ်ဆေးသွား မည်ဟုလည်း ဆိုသည်။

ပုဒ်မ ၁၉ (က) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။

မန္တလေးခရိုင် ချမ်းမြသာစည် မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း ၄၉ လမ်းနှင့် လမ်း ၅၀ လမ်းကြားရှိ “နန်းထိုက်ပန်” ဧည့်ရိပ်မွန်တွင် အဆိုတော်ရသသည် မူးယစ်ဆေးဝါးများနှင့် အတူ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူးယစ် ရဲတပ်ဖွဲ့မှ သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရဲမင်းသိန်း (ခ) ရသ (၃၅)နှစ်၊ မျိုးတင့် (၂၆နှစ်)နှင့် ခေမီ(ခ) ဗျာတာမီး (၂၀နှစ်) တို့ကို မူးယစ်ဆေးပြား ၁၆၅၅ ပြား၊ ကာလတန်ဖိုး ၄၅၆၅၀၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ခရိုင်တရားရုံး၌ အမှုကို စွဲတင်ခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် အဆိုတော်ရသ အပါအဝင် ၃ဦးကို နိုဝင်ဘာ၂၆ ရက်နေ့တွင် ရုံးချိန်း ထပ်မံ ချိန်းဆို ခဲ့ကြောင်း သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top