ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တ႐ုတ္နိုင္ငံ Zunyi မွာရွိတဲ့ ကုမၸဏီတစ္ခုက မန္ေနဂ်ာ ၃ ေယာက္ဟာ အေရးယူျခင္း ခံံထားရပါတယ္။ အေၾကာင္းကေတာ့ Sale Target မမွီတဲ့ ဝန္ထမ္းေတြကို အျပစ္ေပးတဲ့အေနနဲ႕ ပိုးဟပ္ အတင္းအၾကပ္ စားခိုင္းတာေၾကာင့္ ျဖစ္ပါတယ္။

နာမည္ေဖာ္ျပထားျခင္း မရွိတဲ့ အဲဒီကုမၸဏီက ဝန္ထမ္းတေယာက္ဟာ ဒီအေၾကာင္းကို လူမႈကြန္ရက္ေပၚ တင္လိုက္တဲ့အခါ အေတာ္ေလး ေဝဖန္ခံရၿပီးေနာက္မွာေတာ့ အစိုးရအေနနဲ႕ ျပစ္ဒဏ္ေပးဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။ ဝန္ထမ္းႀကီးၾကပ္ကြပ္ကဲေရးဌာနက လူေတြဟာ အေရာင္းသမားေတြကို Target မမွီတာေၾကာင့္ ဒီလိုျပင္းထန္တဲ့ အျပစ္ဒဏ္ေပးျခင္းဟာ လူ႕အခြင့္အေရး ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ အင္တာနက္ အသုံးျပဳသူေတြက ေဝဖန္ေနၾကပါတယ္။

အြန္လိုင္းက ဗီဒီယိုထဲမွာ အမ်ိဳးသားတဦးဟာ အလယ္မွာ ရပ္ေနၿပီး သူေဌးျဖစ္သူက ခါးပတ္နဲ႕ ရိုက္ေနပါတယ္။ ေနာက္တခုမွာေတာ့ လူအခ်ိဳ႕ဟာ ဆီးရည္ျဖစ္တဲ့ အဝါေရာင္အရည္ေတြ ေသာက္ေနရတာ ျဖစ္ပါတယ္။ မၾကာခင္မွာပဲ ဒီဗီဒီယိုကို ဖ်က္လိုက္ေပမယ့္ Screenshot ေတြ ပ်ံ့ႏွံ႕သြားတဲ့အခါမွာေတာ့ ရဲေတြအေနနဲ႕ အေရးယူဖို႔ ျဖစ္လာပါတယ္။

အေရာင္းသမားေတြအေနနဲ႕ လအကုန္မွာ Target မျပည့္ရင္ အဖြဲ႕ေခါင္းေဆာင္က အေရာင္းသမားတေယာက္ ခ်င္းစီအတြက္ ပိုးဟပ္ ၃ ေကာင္စားရမယ္ဆိုတဲ့ မက္ေဆ့ခ်္ကို မန္ေနဂ်ာေတြက ပို႔တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အျခား မက္ေဆ့ခ်္ေတြမွာလည္း အိမ္သာေဆးရည္ ေသာက္ခိုင္းတာမ်ိဳး၊ ကြန္ဒုံးေရာင္းခိုင္းတာမ်ိဳး၊ အမ်ိဳးသမီး လစဥ္သုံးပစၥည္းေတြ ေရာင္းခိုင္းတာမ်ိဳး စတဲ့ အျပစ္ေပးနည္းေတြ လုပ္ေလ့ ရွိတယ္လို႔ အမည္မေဖာ္လိုသူ ဝန္ထမ္းတဦးက ဆိုပါတယ္။

ဒီလို အေၾကာင္းအရာေတြကို သိရတဲ့အခါ လူေတြက အံ့ၾသၾကသလို ဘာေၾကာင့္ ဒီလိုကုမၸဏီကေန အလုပ္မထြက္သလဲလို႔ ေမးခြန္းထုတ္ၾကပါတယ္။ ဒီကုမၸဏီက ဝန္ထမ္းတေယာက္ ေျပာျပခ်က္အရ ဝန္ထမ္းေတြဟာ ကုမၸဏီကို ၂ လစာ အေႂကြးတင္ေနတယ္၊ အလုပ္ထြက္ရင္လည္း နစ္နာေၾကးကို မေပးဘူးလို႔ ေျပာျပပါတယ္။

Zunyi က ရဲေတြကေတာ့ မန္ေနဂ်ာ ၂ ေယာက္ကို ၁၀ ရက္ ေထာင္ထဲမွာ ထိန္းသိမ္းထားၿပီး ေနာက္တေယာက္ကိုေတာ့ ၅ ရက္ ေထာင္ခ်မယ္လို႔ Weibo မွာ တင္ထားပါတယ္။ တ႐ုတ္ျပည္မွာ ဒီလိုမ်ိဳး ဆိုး႐ြားတဲ့ အျပစ္ေပးတာေတြဟာ အခုမွ ပထမဆုံး မဟုတ္ပါဘူး။ အရင္ကလည္း ဝန္ထမ္းေတြကို လူေရွ႕မွာ ဒူးေထာက္ခိုင္းၿပီး အျပစ္ေပးတာမ်ိဳးကို လူမႈကြန္ရက္မွာ ေတြ႕ရပါေသးတယ္။ ဒီလိုဆိုး႐ြားတဲ့ ကုမၸဏီမ်ိဳးမွာေတာ့ ဘယ္သူမွ အလုပ္လုပ္ခ်င္မွာ မဟုတ္ေလာက္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

တရုတ်နိုင်ငံ Zunyi မှာရှိတဲ့ ကုမ္ပဏီတစ်ခုက မန်နေဂျာ ၃ ယောက်ဟာ အရေးယူခြင်း ခံံထားရပါတယ်။ အကြောင်းကတော့ Sale Target မမှီတဲ့ ဝန်ထမ်းတွေကို အပြစ်ပေးတဲ့အနေနဲ့ ပိုးဟပ် အတင်းအကြပ် စားခိုင်းတာကြောင့် ဖြစ်ပါတယ်။

နာမည်ဖော်ပြထားခြင်း မရှိတဲ့ အဲဒီကုမ္ပဏီက ဝန်ထမ်းတယောက်ဟာ ဒီအကြောင်းကို လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့အခါ အတော်လေး ဝေဖန်ခံရပြီးနောက်မှာတော့ အစိုးရအနေနဲ့ ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဝန်ထမ်းကြီးကြပ်ကွပ်ကဲရေးဌာနက လူတွေဟာ အရောင်းသမားတွေကို Target မမှီတာကြောင့် ဒီလိုပြင်းထန်တဲ့ အပြစ်ဒဏ်ပေးခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ အင်တာနက် အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။

အွန်လိုင်းက ဗီဒီယိုထဲမှာ အမျိုးသားတဦးဟာ အလယ်မှာ ရပ်နေပြီး သူဌေးဖြစ်သူက ခါးပတ်နဲ့ ရိုက်နေပါတယ်။ နောက်တခုမှာတော့ လူအချို့ဟာ ဆီးရည်ဖြစ်တဲ့ အဝါရောင်အရည်တွေ သောက်နေရတာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ဒီဗီဒီယိုကို ဖျက်လိုက်ပေမယ့် Screenshot တွေ ပျံ့နှံ့သွားတဲ့အခါမှာတော့ ရဲတွေအနေနဲ့ အရေးယူဖို့ ဖြစ်လာပါတယ်။

အရောင်းသမားတွေအနေနဲ့ လအကုန်မှာ Target မပြည့်ရင် အဖွဲ့ခေါင်းဆောင်က အရောင်းသမားတယောက် ချင်းစီအတွက် ပိုးဟပ် ၃ ကောင်စားရမယ်ဆိုတဲ့ မက်ဆေ့ချ်ကို မန်နေဂျာတွေက ပို့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြား မက်ဆေ့ချ်တွေမှာလည်း အိမ်သာဆေးရည် သောက်ခိုင်းတာမျိုး၊ ကွန်ဒုံးရောင်းခိုင်းတာမျိုး၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ရောင်းခိုင်းတာမျိုး စတဲ့ အပြစ်ပေးနည်းတွေ လုပ်လေ့ ရှိတယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ဆိုပါတယ်။

ဒီလို အကြောင်းအရာတွေကို သိရတဲ့အခါ လူတွေက အံ့သြကြသလို ဘာကြောင့် ဒီလိုကုမ္ပဏီကနေ အလုပ်မထွက်သလဲလို့ မေးခွန်းထုတ်ကြပါတယ်။ ဒီကုမ္ပဏီက ဝန်ထမ်းတယောက် ပြောပြချက်အရ ဝန်ထမ်းတွေဟာ ကုမ္ပဏီကို ၂ လစာ အကြွေးတင်နေတယ်၊ အလုပ်ထွက်ရင်လည်း နစ်နာကြေးကို မပေးဘူးလို့ ပြောပြပါတယ်။

Zunyi က ရဲတွေကတော့ မန်နေဂျာ ၂ ယောက်ကို ၁၀ ရက် ထောင်ထဲမှာ ထိန်းသိမ်းထားပြီး နောက်တယောက်ကိုတော့ ၅ ရက် ထောင်ချမယ်လို့ Weibo မှာ တင်ထားပါတယ်။ တရုတ်ပြည်မှာ ဒီလိုမျိုး ဆိုးရွားတဲ့ အပြစ်ပေးတာတွေဟာ အခုမှ ပထမဆုံး မဟုတ်ပါဘူး။ အရင်ကလည်း ဝန်ထမ်းတွေကို လူရှေ့မှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးတာမျိုးကို လူမှုကွန်ရက်မှာ တွေ့ရပါသေးတယ်။ ဒီလိုဆိုးရွားတဲ့ ကုမ္ပဏီမျိုးမှာတော့ ဘယ်သူမှ အလုပ်လုပ်ချင်မှာ မဟုတ်လောက်ပါဘူး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top