ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ စိုင္းစိုင္းတစ္ေယာက္ ပရိသတ္ေတြကို ေခါင္းစားေအာင္ လုပ္လိုက္ပါၿပီ။ ဒီေန႕(ႏိုဝင္ဘာ၂၇ရက္)မနက္ပိုင္းမွာ ေဖြးေဖြးနဲ႕အတူတူ ရိုုက္ထားတဲ့ ဓာတ္ပံုအေဟာင္းေလး တစ္ပံုကို သူ႕ရဲ႕ ေပ့ခ်္မွာတင္ၿပီး ပရိသတ္ေတြကို ေမးခြန္းထုတ္လိုက္တာပါ။

"ဒီပံုက စိုင္းစိုင္းနဲ႔ေဖြးေဖြးရဲ႕ ပထမဆံုးအတူတူ႐ိုက္ခဲ့တဲ့ပံုျဖစ္ပါတယ္။ သင္ စိုင္းစိုင္းနဲ႔ေဖြးေဖြး ပရိသတ္ဆိုရင္ဒါက ဘယ္တုန္းကလဲ ဘာ႐ိုက္ ထားတာလဲ။ဘယ္မွာပါတာလဲ ဆိုတာ ေျဖပါ" ဆုိၿပီး ႏုိဝင္ဘာ(၂၇) ရက္ေန႕က စိုင္းစိုင္းရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားထားတာပါ။


သူဘာလို႕ အဲ့လိုေမးလဲဆိုတာကိုလည္း ဒီဇင္ဘာ(၁) ရက္ေန႕က်ရင္ ေျပာျပမယ္လို႕ ေရးထားပါေသးတယ္။ သူ႕ရဲ႕ ပရိသတ္ေတြကို သူတင္ထားတဲ့ ဓာတ္ပံုကို ေဖြးေဖြးရဲ႕ Fan ေတြကိုလည္း ျပေပးဖို႕အတြက္ စကားပါးထားပါေသးတယ္။

စိုင္းစိုင္းရဲ႕ ေဖြးေဖြးပံုကို ၾကည့္ၿပီး သူတို႕ႏွစ္ေယာက္ ဘယ္မွာ သရုပ္ေဆာင္ထားလဲဆိုတာ ပရိသတ္ေတြ အကုန္လံုးက ေျဖဆိုႏိုင္တာလည္း ေတြ႕ရပါတယ္။

စိုင္းစိုင္းတင္ထားတဲ့ ပံုေလးက Lလြန္းဝါ သီဆိုထားတဲ့ "မင္းပဲကိုယ္ခ်စ္တယ္" သီခ်င္းထဲက ပံုေလးျဖစ္ပါတယ္။စိုင္းစိုင္းတစ္ေယာက္ ပရိသတ္ေတြကို ေခါင္းစားေအာင္လုပ္ရင္းနဲ႕ ဒီဇင္ဘာ(၁) ရက္ေန႕အတြက္ ဘာေတြလာဦးမလဲဆိုတာ ပရိသတ္ေတြ ရင္ခုန္လုိ႕ေနပါတယ္။

စိုင္းစိုင္းခမ္းလိႈင္ဟာ ၂၀၀၀ခုႏွစ္မွာ ေခ်ာကလက္ေရာင္ေရခဲအိမ္မက္ ေတးစီးရီးကို ထြက္ရွိခဲ့ကာ ၂၀၀၁ ခုႏွစ္မွာ သူငယ္ခ်င္းမ်ားစြာအေခြ၊ ၂၀၀၃ ခုႏွစ္မွာ ေဖေဖာ္ဝါရီ မွတ္တမ္း၊ ၂၀၀၄ ခုႏွစ္မွာ Sai Sai Live Show နဲ႕ ၂၀၀၅ခုႏွစ္မွာ စိုင္းစုိင္းဟုေခၚသည္၊ ၂၀၀၇ခုႏွစ္မွာ Sai Sai Birthday ၊ 2009ခုႏွစ္မွာ Ever ေဂၚလီ၊ ၂၀၁၂ခုႏွစ္မွာ ဒိတ္ဒိတ္က်ဲ စတဲ့ ေတးစီးရီးမ်ားနဲ႕ အတြဲေခြမ်ားစြာမွာလည္း သီဆိုထားသူ တစ္ဦး လည္း ျဖစ္ပါတယ္။

သရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္လို႕ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frezon Production မွာလည္း ဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလုိ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းတစ်ယောက် ပရိသတ်တွေကို ခေါင်းစားအောင် လုပ်လိုက်ပါပြီ။ ဒီနေ့(နိုဝင်ဘာ၂၇ရက်)မနက်ပိုင်းမှာ ဖွေးဖွေးနဲ့အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံအဟောင်းလေး တစ်ပုံကို သူ့ရဲ့ ပေ့ချ်မှာတင်ပြီး ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တာပါ။

"ဒီပုံက စိုင်းစိုင်းနဲ့ဖွေးဖွေးရဲ့ ပထမဆုံးအတူတူရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ သင် စိုင်းစိုင်းနဲ့ဖွေးဖွေး ပရိသတ်ဆိုရင်ဒါက ဘယ်တုန်းကလဲ ဘာရိုက် ထားတာလဲ။ဘယ်မှာပါတာလဲ ဆိုတာ ဖြေပါ" ဆိုပြီး နိုဝင်ဘာ(၂၇) ရက်နေ့က စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။


သူဘာလို့ အဲ့လိုမေးလဲဆိုတာကိုလည်း ဒီဇင်ဘာ(၁) ရက်နေ့ကျရင် ပြောပြမယ်လို့ ရေးထားပါသေးတယ်။ သူ့ရဲ့ ပရိသတ်တွေကို သူတင်ထားတဲ့ ဓာတ်ပုံကို ဖွေးဖွေးရဲ့ Fan တွေကိုလည်း ပြပေးဖို့အတွက် စကားပါးထားပါသေးတယ်။

စိုင်းစိုင်းရဲ့ ဖွေးဖွေးပုံကို ကြည့်ပြီး သူတို့နှစ်ယောက် ဘယ်မှာ သရုပ်ဆောင်ထားလဲဆိုတာ ပရိသတ်တွေ အကုန်လုံးက ဖြေဆိုနိုင်တာလည်း တွေ့ရပါတယ်။

စိုင်းစိုင်းတင်ထားတဲ့ ပုံလေးက Lလွန်းဝါ သီဆိုထားတဲ့ "မင်းပဲကိုယ်ချစ်တယ်" သီချင်းထဲက ပုံလေးဖြစ်ပါတယ်။စိုင်းစိုင်းတစ်ယောက် ပရိသတ်တွေကို ခေါင်းစားအောင်လုပ်ရင်းနဲ့ ဒီဇင်ဘာ(၁) ရက်နေ့အတွက် ဘာတွေလာဦးမလဲဆိုတာ ပရိသတ်တွေ ရင်ခုန်လို့နေပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top