ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဘုန္းေမာက္ကုိ ၂-၁ ဂုိးျဖင့္ႏုိင္ပြဲႏွင့္အတူ ၿပိဳင္ပြဲစုံ ၁၇ ပြဲဆက္႐ႈံးပြဲမရွိေအာင္စြမ္းေဆာင္ ႏိုင္ခဲ့ေသာ္လည္း မိမိအေနျဖင့္ အသင္းထံမွ ယခုထက္ပုိ၍ေမွ်ာ္ လင့္ေနဆဲျဖစ္ေၾကာင္း အာဆင္ နယ္နည္းျပအမ္မရီက ေျပာ သည္။

ယခုရာသီအေစာပိုင္းတြင္ ၁၀ ပြဲဆက္အႏိုင္ရၿပီး ယခုပြဲ မတိုင္မီ ေနာက္ဆုံးငါးပြဲ၌ေလးပြဲအထိသေရက်ခဲ့သည့္ အာဆင္ နယ္သည္ လက္ေဆာင္ဂုိးတစ္ဂုိး အပါအ၀င္ တုိက္စစ္မွဴးေအာ္ဘာ မီယန္၏ အႏုိင္ဂုိးျဖင့္ ဘုန္းေမာက္ ကုိ အႏိုင္ရရွိျခင္းျဖစ္သည္။

‘‘၁၇ ပြဲဆက္႐ႈံးပြဲမရွိဘူးေပါ့။ ဒါေပမဲ့ တခ်ိဳ႕ပြဲေတြမွာ သေရက် ခဲ့ပါတယ္။ ဒါက ကြၽန္ေတာ္တို႔အ တြက္ မလုံေလာက္ပါဘူး’’ ဟု အမ္မရီက ေျပာသည္။

ယခုရလဒ္ေၾကာင့္ အာဆင္ နယ္သည္ ၂၇ မွတ္ျဖင့္ အဆင့္(၅) တြင္ရွိေနၿပီး စတုတၳေနရာမွ ခ်ယ္လ္ဆီးႏွင့္တစ္မွတ္အကြာ၊ တတိယေနရာမွ စပါးႏွင့္သုံးမွတ္ ကြာဟေနကာ ဇယားထိပ္ဆုံးမွ မန္စီးတီးႏွင့္ရွစ္မွတ္ကြာဟေနဆဲ ျဖစ္သည္။

ယခုပြဲတြင္ အာဆင္နယ္ အတြက္ အႏိုင္ဂုိးသြင္းႏုိင္မႈ ေၾကာင့္ ေအာ္ဘာမီယန္အေနျဖင့္ ပရီးမီးယားလိဂ္ဂုိးသြင္းဘုရင္စာ ရင္းကုိ မန္စီးတီးတိုက္စစ္မွဴးအဂူ ႐ုိႏွင့္အတူ ရွစ္ဂိုးစီျဖင့္ဦးေဆာင္ ႏုိင္ခဲ့သည္။ ဘုန္းေမာက္က ၂၀၁၇ ဩဂုတ္ေနာက္ပုိင္း ပထမ ဆုံးအႀကိမ္အိမ္ကြင္းႏွစ္ပြဲဆက္ ႐ႈံးနိမ့္ၿပီးေနာက္ဆုံးသုံးပြဲဆက္႐ႈံး နိမ့္ခဲ့သည္။

‘‘ရလဒ္ကုိ ကြၽန္ေတာ္စိတ္ ပ်က္ပါတယ္။ ကြၽန္ေတာ့္ကစား သမားေတြ တတ္ႏုိင္သေလာက္ ေပးဆပ္ခဲ့တယ္၊ ပြဲကုိေကာင္း ေကာင္းစတင္ႏိုင္ခဲ့ၿပီး အာဆင္ နယ္က လုိက္ကစားခဲ့ရတယ္။ ကုိယ့္ဂုိးကုိယ္သြင္းမိတာကေတာ့ ကံမေကာင္းတာပဲ’’ ဟု ဘုန္း ေမာက္နည္းျပ အက္ဒီဟုိ၀ီက ေျပာသည္။

‘‘ဘုန္းေမာက္က ကြၽန္ေတာ္ တို႔ကုိ အမ်ားႀကီးဖိအားေပးခဲ့ တယ္။ ဒါေပမဲ့ ကြၽန္ေတာ့္ကစား သမားတိုင္းရဲ႕ ကစားပုံနဲ႔ပတ္ သက္လုိ႔ အလြန္ပဲေပ်ာ္ရႊင္ၿပီး ဒါ က ေနာက္တစ္ပတ္အတြက္ ေကာင္းပါတယ္။ ေနာက္တစ္ပတ္ မွာ စပါးလုိမ်ိဳးထိပ္တန္းအသင္း နဲ႔ကစားရမွာပါ’’ ဟု အမ္မရီက ေျပာသည္။ အျခားပြဲစဥ္တြင္ဟက္ဒါဖီးလ္က ၀ုဖ္လ္ကုိ ၂-၀ ဂုိးျဖင့္ အႏိုင္ရခဲ့သည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ဘုန်းမောက်ကို ၂-၁ ဂိုးဖြင့်နိုင်ပွဲနှင့်အတူ ပြိုင်ပွဲစုံ ၁၇ ပွဲဆက်ရှုံးပွဲမရှိအောင်စွမ်းဆောင် နိုင်ခဲ့သော်လည်း မိမိအနေဖြင့် အသင်းထံမှ ယခုထက်ပို၍မျှော် လင့်နေဆဲဖြစ်ကြောင်း အာဆင် နယ်နည်းပြအမ်မရီက ပြော သည်။

ယခုရာသီအစောပိုင်းတွင် ၁၀ ပွဲဆက်အနိုင်ရပြီး ယခုပွဲ မတိုင်မီ နောက်ဆုံးငါးပွဲ၌လေးပွဲအထိသရေကျခဲ့သည့် အာဆင် နယ်သည် လက်ဆောင်ဂိုးတစ်ဂိုး အပါအဝင် တိုက်စစ်မှူးအော်ဘာ မီယန်၏ အနိုင်ဂိုးဖြင့် ဘုန်းမောက် ကို အနိုင်ရရှိခြင်းဖြစ်သည်။

‘‘၁၇ ပွဲဆက်ရှုံးပွဲမရှိဘူးပေါ့။ ဒါပေမဲ့ တချို့ပွဲတွေမှာ သရေကျ ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အ တွက် မလုံလောက်ပါဘူး’’ ဟု အမ်မရီက ပြောသည်။

ယခုရလဒ်ကြောင့် အာဆင် နယ်သည် ၂၇ မှတ်ဖြင့် အဆင့်(၅) တွင်ရှိနေပြီး စတုတ္ထနေရာမှ ချယ်လ်ဆီးနှင့်တစ်မှတ်အကွာ၊ တတိယနေရာမှ စပါးနှင့်သုံးမှတ် ကွာဟနေကာ ဇယားထိပ်ဆုံးမှ မန်စီးတီးနှင့်ရှစ်မှတ်ကွာဟနေဆဲ ဖြစ်သည်။

ယခုပွဲတွင် အာဆင်နယ် အတွက် အနိုင်ဂိုးသွင်းနိုင်မှု ကြောင့် အော်ဘာမီယန်အနေဖြင့် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်စာ ရင်းကို မန်စီးတီးတိုက်စစ်မှူးအဂူ ရိုနှင့်အတူ ရှစ်ဂိုးစီဖြင့်ဦးဆောင် နိုင်ခဲ့သည်။ ဘုန်းမောက်က ၂၀၁၇ ဩဂုတ်နောက်ပိုင်း ပထမ ဆုံးအကြိမ်အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ပြီးနောက်ဆုံးသုံးပွဲဆက်ရှုံး နိမ့်ခဲ့သည်။

‘‘ရလဒ်ကို ကျွန်တော်စိတ် ပျက်ပါတယ်။ ကျွန်တော့်ကစား သမားတွေ တတ်နိုင်သလောက် ပေးဆပ်ခဲ့တယ်၊ ပွဲကိုကောင်း ကောင်းစတင်နိုင်ခဲ့ပြီး အာဆင် နယ်က လိုက်ကစားခဲ့ရတယ်။ ကိုယ့်ဂိုးကိုယ်သွင်းမိတာကတော့ ကံမကောင်းတာပဲ’’ ဟု ဘုန်း မောက်နည်းပြ အက်ဒီဟိုဝီက ပြောသည်။

‘‘ဘုန်းမောက်က ကျွန်တော် တို့ကို အများကြီးဖိအားပေးခဲ့ တယ်။ ဒါပေမဲ့ ကျွန်တော့်ကစား သမားတိုင်းရဲ့ ကစားပုံနဲ့ပတ် သက်လို့ အလွန်ပဲပျော်ရွှင်ပြီး ဒါ က နောက်တစ်ပတ်အတွက် ကောင်းပါတယ်။ နောက်တစ်ပတ် မှာ စပါးလိုမျိုးထိပ်တန်းအသင်း နဲ့ကစားရမှာပါ’’ ဟု အမ်မရီက ပြောသည်။ အခြားပွဲစဉ်တွင်ဟက်ဒါဖီးလ်က ဝုဖ်လ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top