ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

(Photo-AFP)

အိႏၵိယႏုိင္ငံမွာ သတုိ႕သားတစ္ဦးဟာ ေဒလီၿမဳိ႕မွာျပဳလုပ္မယ့္ ၎ရဲ႕မဂၤလာပဲြဲကုိသြားတဲ့လမ္းမွာ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရေပမဲ့ ရည္႐ြယ္ထားတဲ့အတုိင္း မဂၤလာပြဲကုိ မျဖစ္ျဖစ္ေအာင္ ဆင္ႏႊဲခဲ့တယ္လုိ႕ ရဲတပ္ဖြဲ႕က ႏုိဝင္ဘာ ၂၁ ရက္မွာ ေျပာပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ သတုိ႕သားဟာ ေသနပစ္ခံရၿပီးေနာက္ နာရီအနည္းငယ္ၾကာတဲ့ ခြဲစိတ္ကုသမႈခံကာ ၎ရဲ႕ သတုိ႕သမီးဆီကုိ အေရာက္သြားၿပီး မဂၤလာပြဲဆင္ႏႊဲခဲ့တယ္လုိ႕ ဆုိပါတယ္။ မဂၤလာပြဲက်င္းပေနစဥ္မွာ သတုိ႕သားရဲ႕လက္ေမာင္းအတြင္း ေသနတ္က်ည္ဆန္႐ွိေနဆဲ ျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕က တနလၤာေန႕ (ႏုိဝင္ဘာ ၁၉ ရက္) ညပုိင္းက ျဖစ္ပြားခဲ့တဲ့ ထုိျဖစ္ရပ္မွ သံသယ႐ွိသူႏွစ္ဦးကုိ ႐ွာေဖြေနေၾကာင္း သိရပါတယ္။ ယခုျဖစ္ရပ္ဟာ အိႏၵိယမဂၤလာပြဲတစ္ခုမွာ ပစ္ခတ္မႈျဖစ္ပြားတဲ့ ပထမဆုံးျဖစ္ရပ္ မဟုတ္ဘူးလုိ႕ ဆုိပါတယ္။ ယခုႏွစ္ ဧၿပီလအတြင္းနဲ႕ ၂၀၁၆ ခုႏွစ္မွာ အိႏၵိယသတုိ႕သားေတြ ပစ္ခတ္ခံရၿပီး ေသဆုံးမႈမ်ား႐ွိခဲ့ပါတယ္။
(Photo-AFP)

မ်က္ျမင္ေတြရဲ႕ ေျပာၾကားမႈအရ ေသနတ္သမားႏွစ္ဦးက အခင္းျဖစ္ေနရာကုိ ေဒသစံေတာ္ခ်ိန္ ည နာရီခန္႕မွာ ေမာ္ေတာ္ဆုိင္ကယ္ျဖင့္ ေရာက္႐ွိလာခဲ့ၿပီး ပစ္ခတ္တုိက္ခုိက္ကာ ဝ႐ုန္းသုန္းကားျဖစ္ေနစဥ္အတြင္း ထြက္ေျပးသြားခဲ့ၾကတယ္လုိ႕ သိရပါတယ္။

ေသနတ္သမားႏွစ္ဦးက ပစ္ခတ္ျခင္းမျပဳမီ သတုိ႕သားလုိက္ပါမယ့္ မဂၤလာရထားလုံးေပၚကုိ တက္ခဲ့ၾကေသးေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ယခုျဖစ္ရပ္ဟာ ႀကဳံရာလူကုိ တုိက္ခုိက္မႈတစ္ခု မဟုတ္ဘူးလုိ႕လည္း ရဲတပ္ဖြဲ႕က ယုံၾကည္ထားပါတယ္။

 သတုိ႕သားဟာ သူငယ္ခ်င္းမ်ားနဲ႕ မိသားစုေတြၿခံရံကာ က်ယ္ေလာင္တဲ့ ဂီတသံေတြနဲ႕အတူ ကခုန္ေနစဥ္ ပစ္ခတ္ခံခဲ့ရပါတယ္။ ေသနတ္သမားေတြက သတုိ႕သားကုိ ေသေစရန္ တမင္ရည္႐ြယ္ခဲ့ပုံရတယ္လုိ႕ ဆုိပါတယ္။

 ထုိ႕ေနာက္ ေသနတ္ဒဏ္ရာရသြားတဲ့ သတုိ႕သားကုိ ညီအစ္ကုိေတာ္စပ္သူက Batra ေဆး႐ုံသုိ႕ပို႕ေဆာင္ၿပီး ကုသမႈခံယူခဲ့ရတယ္လို႕ လက္ေထာက္ရဲမွဴး ဗီေဂ်ကူးမားက BBC သတင္းဌာနကုိ ေျပာခဲ့ပါတယ္။

ဆရာဝန္ေတြက သတုိ႕သားရဲ႕ ေသနတ္ဒဏ္ရာကုိ ေသြးတိတ္ေစရန္ ကုသေပးခဲ့ေပမဲ့ က်ည္ဆန္ထုတ္ယူရန္ အႀကီးစား ခြဲစိတ္ကုသမႈ ျပဳလုပ္ရအုံးမွာျဖစ္ပါတယ္။ မဂၤလာပြဲအၿပီးမွာေတာ့ သတုိ႕သားဟာ ေဆး႐ုံကိုျပန္သြားခဲ့ရတယ္လို႕ BBC သတင္းမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

အိန္ဒိယနိုင်ငံမှာ သတို့သားတစ်ဦးဟာ ဒေလီမြို့မှာပြုလုပ်မယ့် ၎င်းရဲ့မင်္ဂလာပွဲကိုသွားတဲ့လမ်းမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပေမဲ့ ရည်ရွယ်ထားတဲ့အတိုင်း မင်္ဂလာပွဲကို မဖြစ်ဖြစ်အောင် ဆင်နွှဲခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် သတို့သားဟာ သေနပစ်ခံရပြီးနောက် နာရီအနည်းငယ်ကြာတဲ့ ခွဲစိတ်ကုသမှုခံကာ ၎င်းရဲ့ သတို့သမီးဆီကို အရောက်သွားပြီး မင်္ဂလာပွဲဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲကျင်းပနေစဉ်မှာ သတို့သားရဲ့လက်မောင်းအတွင်း သေနတ်ကျည်ဆန်ရှိနေဆဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က တနင်္လာနေ့ (နိုဝင်ဘာ ၁၉ ရက်) ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်မှ သံသယရှိသူနှစ်ဦးကို ရှာဖွေနေကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ အိန္ဒိယမင်္ဂလာပွဲတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားတဲ့ ပထမဆုံးဖြစ်ရပ် မဟုတ်ဘူးလို့ ဆိုပါတယ်။ ယခုနှစ် ဧပြီလအတွင်းနဲ့ ၂၀၁၆ ခုနှစ်မှာ အိန္ဒိယသတို့သားတွေ ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိခဲ့ပါတယ်။

မျက်မြင်တွေရဲ့ ပြောကြားမှုအရ သေနတ်သမားနှစ်ဦးက အခင်းဖြစ်နေရာကို ဒေသစံတော်ချိန် ည နာရီခန့်မှာ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ကာ ဝရုန်းသုန်းကားဖြစ်နေစဉ်အတွင်း ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။

သေနတ်သမားနှစ်ဦးက ပစ်ခတ်ခြင်းမပြုမီ သတို့သားလိုက်ပါမယ့် မင်္ဂလာရထားလုံးပေါ်ကို တက်ခဲ့ကြသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ ကြုံရာလူကို တိုက်ခိုက်မှုတစ်ခု မဟုတ်ဘူးလို့လည်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

 သတို့သားဟာ သူငယ်ချင်းများနဲ့ မိသားစုတွေခြံရံကာ ကျယ်လောင်တဲ့ ဂီတသံတွေနဲ့အတူ ကခုန်နေစဉ် ပစ်ခတ်ခံခဲ့ရပါတယ်။ သေနတ်သမားတွေက သတို့သားကို သေစေရန် တမင်ရည်ရွယ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

 ထို့နောက် သေနတ်ဒဏ်ရာရသွားတဲ့ သတို့သားကို ညီအစ်ကိုတော်စပ်သူက Batra ဆေးရုံသို့ပို့ဆောင်ပြီး ကုသမှုခံယူခဲ့ရတယ်လို့ လက်ထောက်ရဲမှူး ဗီဂျေကူးမားက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

ဆရာဝန်တွေက သတို့သားရဲ့ သေနတ်ဒဏ်ရာကို သွေးတိတ်စေရန် ကုသပေးခဲ့ပေမဲ့ ကျည်ဆန်ထုတ်ယူရန် အကြီးစား ခွဲစိတ်ကုသမှု ပြုလုပ်ရအုံးမှာဖြစ်ပါတယ်။ မင်္ဂလာပွဲအပြီးမှာတော့ သတို့သားဟာ ဆေးရုံကိုပြန်သွားခဲ့ရတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top