(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မႏၲေလးတုိင္း ေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္ရိွ ေရႊေတာင္ဦး ေတာင္ေပၚရွိ ေအးေစတီဘုန္းႀကီးေက်ာင္းတြင္ ဦးပၪၨင္းတစ္ပါးႏွင့္ကပိၸယတစ္ဦးတို႔ ႏိုဝင္ဘာ ၂၅ ရက္က ည ၁၁ နာရီခန္႔ကအသတ္ခံခဲ့ရေၾကာင္း မုိးကုတ္ၿမိဳ႕မရဲစခန္းမွသိရသည္။ ျဖစ္စဥ္မွာကပိၸယဦးစန္းေရွာ(ခ)သားခ်စ္မွာ ဘုန္းႀကီးေက်ာင္းသို႔ ညေစာင့္အျဖစ္ သြားေရာက္ခဲ့ၿပီး ႏိုဝင္ဘာ ၂၆ ရက္ ေန႔ လယ္ပိုင္းတြင္ ကေလးေက်ာင္းပို႔ရန္ ကိစၥ ေၾကာင့္ဖုန္းဆက္ရာ မကိုင္သျဖင့္ ဘုန္းႀကီး ေက်ာင္းသို႔လုိက္လံသြားရာမွ ေသဆံုးေန မွန္းသိရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အသတ္ခံခဲ့ရသည့္ ဦးပၪၨင္းမွာသက္ေတာ္ (၆၇) ႏွစ္ရိွ ဦးပညာစကၠျဖစ္ၿပီး ဘုန္းႀကီး ေက်ာင္းအတြင္းတုတ္ျဖင့္အ႐ိုက္ခံရကာ ေသဆံုးခဲ့ျခင္းျဖစ္ၿပီး ကပိၸယမွာ အသက္ (၄၃) ႏွစ္အရြယ္ရိွ ဦးစန္းေရွာ(ခ)သားခ်စ္ ျဖစ္ကာ ေက်ာင္းျပင္ပေတာင္ေစာင္းေအာက္တြင္ ဦးေခါင္းေနာက္ဘက္တြင္ ဒဏ္ရာ၊ ေက်ာဘက္ထုိးသြင္းဒဏ္ရာတို႔ျဖင့္ အသတ္ ခံရျခင္းျဖစ္ေၾကာင္း မုိးကုတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

''မိန္းမျဖစ္သူက ေယာက်္ားကိုဖုန္းဆက္တာ ၁ဝ ခါေလာက္ရိွတာ။ မကိုင္လို႔လုိက္ၾကည့္ရာမွ အသတ္ခံရမွန္း သိရတာျဖစ္ပါတယ္။ ဦးပၪၥင္းရဲ႕မယ္ေတာ္ကိုေတာ့ အခန္းထဲမွာ ႀကိဳးတုပ္ၿပီးထားခဲ့တယ္။ မယ္ေတာ္ႀကီးေျပာတာကေတာ့ အရပ္ပုပုနဲ႔တစ္ေယာက္၊ ထြားထြားက်ဳိင္းက်ဳိင္းနဲ႔တစ္ေယာက္က သူ႔ကိုႀကိဳးတုပ္ၿပီး အခန္းထဲထည့္ခဲ့တယ္လို႔ေျပာပါတယ္။ အခုေတာ့ တရားခံကို စံုစမ္းေနပါတယ္''ဟု မုိးကုတ္ၿမိဳ႕မရဲစခန္းမွ တာဝန္က်ရဲအရာရိွက ေျပာသည္။ အခင္းျဖစ္ပြားခ်ိန္တြင္ ေက်ာင္းထုိင္ဆရာေတာ္မွာ ဇာတိျဖစ္သည့္ ၿမိဳ႕သာသို႔ ခရီးထြက္ေနေၾကာင္းသိရသည္။ အဆိုပါလူသတ္မႈကို မုိးကုတ္ၿမိဳ႕မရဲစခန္းက (ပ)၃၁ဝ/ ၂ဝ၁၈ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရိွသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Democracy Today


#Unicode Version#

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ ရွှေတောင်ဦး တောင်ပေါ်ရှိ အေးစေတီဘုန်းကြီးကျောင်းတွင် ဦးပဉ္ဇင်းတစ်ပါးနှင့်ကပ္ပိယတစ်ဦးတို့ နိုဝင်ဘာ ၂၅ ရက်က ည ၁၁ နာရီခန့်ကအသတ်ခံခဲ့ရကြောင်း မိုးကုတ်မြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာကပ္ပိယဦးစန်းရှော(ခ)သားချစ်မှာ ဘုန်းကြီးကျောင်းသို့ ညစောင့်အဖြစ် သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက် နေ့ လယ်ပိုင်းတွင် ကလေးကျောင်းပို့ရန် ကိစ္စ ကြောင့်ဖုန်းဆက်ရာ မကိုင်သဖြင့် ဘုန်းကြီး ကျောင်းသို့လိုက်လံသွားရာမှ သေဆုံးနေ မှန်းသိရှိရခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံခဲ့ရသည့် ဦးပဉ္ဇင်းမှာသက်တော် (၆၇) နှစ်ရှိ ဦးပညာစက္ကဖြစ်ပြီး ဘုန်းကြီး ကျောင်းအတွင်းတုတ်ဖြင့်အရိုက်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ကပ္ပိယမှာ အသက် (၄၃) နှစ်အရွယ်ရှိ ဦးစန်းရှော(ခ)သားချစ် ဖြစ်ကာ ကျောင်းပြင်ပတောင်စောင်းအောက်တွင် ဦးခေါင်းနောက်ဘက်တွင် ဒဏ်ရာ၊ ကျောဘက်ထိုးသွင်းဒဏ်ရာတို့ဖြင့် အသတ် ခံရခြင်းဖြစ်ကြောင်း မိုးကုတ်မြို့မရဲစခန်းမှ သိရသည်။

''မိန်းမဖြစ်သူက ယောကျ်ားကိုဖုန်းဆက်တာ ၁ဝ ခါလောက်ရှိတာ။ မကိုင်လို့လိုက်ကြည့်ရာမှ အသတ်ခံရမှန်း သိရတာဖြစ်ပါတယ်။ ဦးပဉ္စင်းရဲ့မယ်တော်ကိုတော့ အခန်းထဲမှာ ကြိုးတုပ်ပြီးထားခဲ့တယ်။ မယ်တော်ကြီးပြောတာကတော့ အရပ်ပုပုနဲ့တစ်ယောက်၊ ထွားထွားကျိုင်းကျိုင်းနဲ့တစ်ယောက်က သူ့ကိုကြိုးတုပ်ပြီး အခန်းထဲထည့်ခဲ့တယ်လို့ပြောပါတယ်။ အခုတော့ တရားခံကို စုံစမ်းနေပါတယ်''ဟု မိုးကုတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။ အခင်းဖြစ်ပွားချိန်တွင် ကျောင်းထိုင်ဆရာတော်မှာ ဇာတိဖြစ်သည့် မြို့သာသို့ ခရီးထွက်နေကြောင်းသိရသည်။ အဆိုပါလူသတ်မှုကို မိုးကုတ်မြို့မရဲစခန်းက (ပ)၃၁ဝ/ ၂ဝ၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top