ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာအသင္းသည္ ကြာလာလမ္ပူရွိ ဘူကစ္ဂ်ာေလ ကစားကြင္းတြင္ အိမ္ရွင္ မေလးရွားႏွင့္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ ဆူဇူကီးဖလား (AFF Suzuki Cup ) အုပ္စု (က) ေနာက္ဆုံးပြဲစဥ္ ယွဥ္ၿပိဳင္ကစားမည္ျဖစ္သည္။  ႏွစ္သင္းစလုံးသည္ ဆီမီးဖိုင္နယ္တြင္ ေနရာတေနရာရရွိေရးအတြက္ ရည္မွန္ေနၾကေသာေၾကာင့္ ထိုပြဲစဥ္ႏွင့္ ပတ္သက္ေသာ စိတ္လႈပ္ရွားမႈမ်ား ျမင့္မားေနသည္။

ထိုသို႔ သူနိုင္ကိုယ္နိုင္ အၿပိဳင္ႀကဲရမည့္ ပြဲေၾကာင့္ ထိုင္ခုံ ၈၇၄၁၁ ရွိေသာ ထိုအမ်ိဳးသား အားကစားကြင္းတြင္ လူအမ်ားအျပား လာေရာက္မည္ဟု ေမွ်ာ္လင့္ရၿပီး အမ်ားစုမွာ AFF Suzuki Cup ဖလားကို ဒုတိယအႀကိမ္ရယူရန္ ေမွ်ာ္မွန္းေနသည့္ မေလးရွားအသင္းကို အားေပးမည့္သူမ်ားျဖစ္သည္။ မေလးရွားအသင္းသည္ AFF Suzuki Cup ဖလားကို ၂၀၁၀ ခုႏွစ္က ရရွိခဲ့ဖူးသည္။

သို႔ေသာ္ ၿပိဳင္ပြဲတြင္ အိပ္မက္တခုရွိေနေသာ ျမန္မာ အသင္းသည္ မေလးရွားကို ေရကုန္ေရခမ္း ကစားမည္ဟု ေမွ်ာ္လင့္ရသည္။ ျမန္မာအသင္းသည္ ဘူကစ္ဂ်ာေလကြင္းတြင္ မေလးပရိသတ္မ်ားေၾကာင့္ ျဖစ္ေပၚလာမည့္ ၿခိမ္းေျခာက္သည့္ အေနအထားကို ေၾကာက္႐ြံ႕ေနမည္မဟုတ္ေၾကာင္း  ျမန္မာအသင္းနည္းျပ အန္တိုနီ ေဟးကေျပာသည္။

ျမန္မာအသင္းနည္းျပ က “အားကစား႐ုံထဲမွာ လူေတြ တတ္နိုင္သမွ် ျပည့္ေနေစခ်င္တယ္။ လူမ်ားေလ အားလုံးအတြက္ ေကာင္းေလပဲ” ဟု ပြဲမတိုင္မီ ေျပာသည္။ “က်ေနာ္တို႔က လူမေၾကာက္ဘူး။ လူအုပ္က ကြင္းနားကို ကပ္လို႔မရဘူး။ ကြင္းထဲမွာကေတာ့ တဖက္ ၁၁ စီပဲရွိတာပါ။ ဒါက အေရးအႀကီးဆုံး အခ်က္ပဲ” ဟု သူေျပာသည္။

ျမန္မာႏွင့္ ဗီယက္နမ္အသင္းတို႔သည္ ၇ မွတ္စီ ရရွိထားၾကေသာ္လည္း ျမန္မာအသင္းသည္ ဂိုးပိုမိုသြင္းထားေသာေၾကာင့္ အုပ္စု (က) တြင္ ထိပ္ဆုံးမွရွိေနသည္။ မေလးရွားမွာ ၆ မွတ္ျဖင့္ အုပ္စု တတိယ ေနရာတြင္ ရွိေနၿပီး ေနာက္တဆင့္တက္ရန္ သုံးမွတ္အျပည့္လိုေနသည္။ သေရက်လွ်င္ ေနာက္တဆင့္တက္ရန္မွာ ဗီယက္နမ္က ကေမာၻဒီးယားကို အျပတ္အသတ္ရႈံးမွသာ ျဖစ္နိုင္သည္။

“က်ေနာ့္အသင္းသားေတြကေတာ့ အရမ္းကို စိတ္ဓါတ္တက္ႂကြေနတယ္။ လူေတြအမ်ားႀကီးလာၿပီး လူတိုင္းပြဲႀကီး ပြဲေကာင္း ၾကည့္ရမယ္လို႔ထင္တယ္။ အမွတ္စာရင္းေတြရဲ႕ အေနအထားေၾကာင့္ အရမ္းစိတ္ဝင္စားစရာ ေကာင္းတဲ့ အေနအထားျဖစ္လိမ့္မယ္” ဟု အန္တိုနီေဟး က ေျပာသည္။

“က်ေနာ့္ ကစားမယ့္အစီအစဥ္ကိုေတာ့ ထုတ္ေျပာလို႔မရဘူး။ ဒါေပမယ့္ ဘယ္အသင္းမွထိုင္ေနၿပီး တမွတ္ပဲရေအာင္ လုပ္လို႔ေတာ့မရဘူး။ နိုင္ဖို႔အတြက္ပဲကစားနိုင္တယ္” ဟု လည္း ဘာမင္ဂန္အသင္းတြင္ ကြင္းလယ္ကစားသမား လုပ္ခဲ့ဖူးေသာ ျမန္မာနည္းျပႀကီး က ရွင္းျပသည္။

ၿပိဳင္ဖက္အသင္းမ်ားႏွင့္ ပတ္သက္ၿပီး ေျပာရာတြင္ ျမန္မာအသင္းသည္ မေလးအသင္းကို ဂ႐ုစိုက္ရမည္ျဖစ္ေၾကာင္း သူေျပာသည္။

“သူတို႔ေနာက္ဆုံးပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈေတြ အမ်ားႀကီးရေပမယ့္ ဂိုးသြင္းခြင့္ မဖန္တီးနိုင္ခဲ့ဘူး။ မ်က္ခင္းတုကြင္းမွာ ကေမာၻဒီယား အသင္းနဲ႕ကစားတုန္းကလည္း အရမ္းကို ႐ုန္းကန္ေနရတယ္။ ဒါေပမယ့္ သူတို႔မွာ အရည္အခ်င္းရွိတယ္။ ဂ႐ုစိုက္ရမယ္” ဟုေျပာသည္။

အေရးႀကီးေသာ ပြဲမ်ားႏွင့္ ပတ္သက္ၿပီး အသင္းလူေ႐ြးခ်ယ္မႈႏွင့္ ပတ္သက္ၿပီး ျမန္မာနည္းျပ က “ ဒီပြဲဟာ အေရးအႀကီးဆုံး ပြဲျဖစ္လို႔ လူတိုင္းကို အသုံးျပဳနိုင္ေအာင္ အသင္းသားေတြကို လုံလုံေလာက္ေလာက္ အနားေပးထားၿပီးသားပါ။ အသင္းျပည့္ အဆင္သင့္ရွိပါတယ္” ဟု ေျပာသည္။

၁၂ ရက္အတြင္း ေလးပြဲကစားရျခင္းသည္ ျမန္မာအတြက္ အက်ိဳးမဆုံးဘဲ အျမတ္ထြက္နိုင္သည္ဟုလည္း သူေျပာသည္။ “ ၁၂ ရက္အတြင္း ၄ ပြဲကစားရတာ အက်ိဳးထိခိုက္တယ္လို႔ က်ေနာ္မထင္ဘူး။ က်ေနာ္တို႔က အရွိန္အဟုန္တက္ေနၿပီး မေလး အသင္းက တပါတ္ နားေနရေတာ့ အရွိန္အဟုန္က်ၿပီး အက်ိဳးထိခိုက္တယ္လို႔ ေျပာလို႔မရဘူး” ဟုလည္းသူေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

မြန်မာအသင်းသည် ကွာလာလမ်ပူရှိ ဘူကစ်ဂျာလေ ကစားကွင်းတွင် အိမ်ရှင် မလေးရှားနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလား (AFF Suzuki Cup ) အုပ်စု (က) နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  နှစ်သင်းစလုံးသည် ဆီမီးဖိုင်နယ်တွင် နေရာတနေရာရရှိရေးအတွက် ရည်မှန်နေကြသောကြောင့် ထိုပွဲစဉ်နှင့် ပတ်သက်သော စိတ်လှုပ်ရှားမှုများ မြင့်မားနေသည်။

ထိုသို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမည့် ပွဲကြောင့် ထိုင်ခုံ ၈၇၄၁၁ ရှိသော ထိုအမျိုးသား အားကစားကွင်းတွင် လူအများအပြား လာရောက်မည်ဟု မျှော်လင့်ရပြီး အများစုမှာ AFF Suzuki Cup ဖလားကို ဒုတိယအကြိမ်ရယူရန် မျှော်မှန်းနေသည့် မလေးရှားအသင်းကို အားပေးမည့်သူများဖြစ်သည်။ မလေးရှားအသင်းသည် AFF Suzuki Cup ဖလားကို ၂၀၁၀ ခုနှစ်က ရရှိခဲ့ဖူးသည်။

သို့သော် ပြိုင်ပွဲတွင် အိပ်မက်တခုရှိနေသော မြန်မာ အသင်းသည် မလေးရှားကို ရေကုန်ရေခမ်း ကစားမည်ဟု မျှော်လင့်ရသည်။ မြန်မာအသင်းသည် ဘူကစ်ဂျာလေကွင်းတွင် မလေးပရိသတ်များကြောင့် ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်သည့် အနေအထားကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း  မြန်မာအသင်းနည်းပြ အန်တိုနီ ဟေးကပြောသည်။

မြန်မာအသင်းနည်းပြ က “အားကစားရုံထဲမှာ လူတွေ တတ်နိုင်သမျှ ပြည့်နေစေချင်တယ်။ လူများလေ အားလုံးအတွက် ကောင်းလေပဲ” ဟု ပွဲမတိုင်မီ ပြောသည်။ “ကျနော်တို့က လူမကြောက်ဘူး။ လူအုပ်က ကွင်းနားကို ကပ်လို့မရဘူး။ ကွင်းထဲမှာကတော့ တဖက် ၁၁ စီပဲရှိတာပါ။ ဒါက အရေးအကြီးဆုံး အချက်ပဲ” ဟု သူပြောသည်။

မြန်မာနှင့် ဗီယက်နမ်အသင်းတို့သည် ၇ မှတ်စီ ရရှိထားကြသော်လည်း မြန်မာအသင်းသည် ဂိုးပိုမိုသွင်းထားသောကြောင့် အုပ်စု (က) တွင် ထိပ်ဆုံးမှရှိနေသည်။ မလေးရှားမှာ ၆ မှတ်ဖြင့် အုပ်စု တတိယ နေရာတွင် ရှိနေပြီး နောက်တဆင့်တက်ရန် သုံးမှတ်အပြည့်လိုနေသည်။ သရေကျလျှင် နောက်တဆင့်တက်ရန်မှာ ဗီယက်နမ်က ကမ္ဘောဒီးယားကို အပြတ်အသတ်ရှုံးမှသာ ဖြစ်နိုင်သည်။

“ကျနော့်အသင်းသားတွေကတော့ အရမ်းကို စိတ်ဓါတ်တက်ကြွနေတယ်။ လူတွေအများကြီးလာပြီး လူတိုင်းပွဲကြီး ပွဲကောင်း ကြည့်ရမယ်လို့ထင်တယ်။ အမှတ်စာရင်းတွေရဲ့ အနေအထားကြောင့် အရမ်းစိတ်ဝင်စားစရာ ကောင်းတဲ့ အနေအထားဖြစ်လိမ့်မယ်” ဟု အန်တိုနီဟေး က ပြောသည်။

“ကျနော့် ကစားမယ့်အစီအစဉ်ကိုတော့ ထုတ်ပြောလို့မရဘူး။ ဒါပေမယ့် ဘယ်အသင်းမှထိုင်နေပြီး တမှတ်ပဲရအောင် လုပ်လို့တော့မရဘူး။ နိုင်ဖို့အတွက်ပဲကစားနိုင်တယ်” ဟု လည်း ဘာမင်ဂန်အသင်းတွင် ကွင်းလယ်ကစားသမား လုပ်ခဲ့ဖူးသော မြန်မာနည်းပြကြီး က ရှင်းပြသည်။

ပြိုင်ဖက်အသင်းများနှင့် ပတ်သက်ပြီး ပြောရာတွင် မြန်မာအသင်းသည် မလေးအသင်းကို ဂရုစိုက်ရမည်ဖြစ်ကြောင်း သူပြောသည်။

“သူတို့နောက်ဆုံးပွဲမှာ ဘောလုံးပိုင်ဆိုင်မှုတွေ အများကြီးရပေမယ့် ဂိုးသွင်းခွင့် မဖန်တီးနိုင်ခဲ့ဘူး။ မျက်ခင်းတုကွင်းမှာ ကမ္ဘောဒီယား အသင်းနဲ့ကစားတုန်းကလည်း အရမ်းကို ရုန်းကန်နေရတယ်။ ဒါပေမယ့် သူတို့မှာ အရည်အချင်းရှိတယ်။ ဂရုစိုက်ရမယ်” ဟုပြောသည်။

အရေးကြီးသော ပွဲများနှင့် ပတ်သက်ပြီး အသင်းလူရွေးချယ်မှုနှင့် ပတ်သက်ပြီး မြန်မာနည်းပြ က “ ဒီပွဲဟာ အရေးအကြီးဆုံး ပွဲဖြစ်လို့ လူတိုင်းကို အသုံးပြုနိုင်အောင် အသင်းသားတွေကို လုံလုံလောက်လောက် အနားပေးထားပြီးသားပါ။ အသင်းပြည့် အဆင်သင့်ရှိပါတယ်” ဟု ပြောသည်။

၁၂ ရက်အတွင်း လေးပွဲကစားရခြင်းသည် မြန်မာအတွက် အကျိုးမဆုံးဘဲ အမြတ်ထွက်နိုင်သည်ဟုလည်း သူပြောသည်။ “ ၁၂ ရက်အတွင်း ၄ ပွဲကစားရတာ အကျိုးထိခိုက်တယ်လို့ ကျနော်မထင်ဘူး။ ကျနော်တို့က အရှိန်အဟုန်တက်နေပြီး မလေး အသင်းက တပါတ် နားနေရတော့ အရှိန်အဟုန်ကျပြီး အကျိုးထိခိုက်တယ်လို့ ပြောလို့မရဘူး” ဟုလည်းသူပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top