ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

(ဓါတ္ပံု-ေျပတီဦး fb)

ႏုိ၀င္ဘာ ၃၀ ရက္တြင္က်ေရာက္မည့္ အသက္(၄၀) ျပည့္ေမြးေန႔တြင္ သာသနာ့ေဘာင္သို႔၀င္ရန္ ရည္ရြယ္ထားေၾကာင္း ေျပတီဦးက ေျပာသည္။

‘‘အသက္(၄၀)ျပည့္တယ္ဆို တာ ဆုိ႐ုိးစကားလည္း ရွိတယ္ ေလ။ (၄၀)ျပည့္မွ ဘ၀စတယ္ဆုိ တာ။ (၄၀)ဆုိတာ အမွတ္တရဆုိ ေတာ့ အဲဒီေမြးေန႔ေလးမွာ ဘုန္း ႀကီး၀တ္ခ်င္တယ္’’ဟု ေျပတီဦး က ေျပာသည္။

သာသနာ့ေဘာင္သို႔ သုံး ရက္ခန္႔၀င္ရန္ ရည္ရြယ္ထားၿပီး သီတင္းသုံးေနထုိင္မည့္ ဘုန္းႀကီးေက်ာင္းကို  ေက်ာင္းထုိင္ဆရာေတာ္ကို မေလွ်ာက္ရေသးေသာေၾကာင့္ မေျပာႏုိင္ေသး ေၾကာင္း ၎ကဆုိသည္။

‘‘မင္းသားမျဖစ္ခင္ကေတာ့ ခဏခဏ ၀တ္ျဖစ္တယ္။ ႏွစ္တုိင္းလိုလို ၀တ္ျဖစ္တယ္။ ၀တ္ခ်င္တာ လည္း အရမ္းၾကာၿပီ။ ဟိုေန႔၀တ္ မယ္၊ ဒီေန႔၀တ္မယ္နဲ႔ အက်ဳိးအ ေၾကာင္းေတြ မတုိက္ဆုိင္တာနဲ႔ ေရႊ႕ေရႊ႕လာတာ။ အဲဒီေန႔ေတာ့ ၀တ္ျဖစ္ေအာင္၀တ္မယ္’’ဟု ေျပ တီဦးက ေျပာသည္။

ထုိ႔အျပင္ ၎၏ေမြးေန႔တြင္ တည္ေထာင္ခဲ့ေသာ ေျပတီဦး ေဖာင္ေဒးရွင္းအေနျဖင့္လည္း ၂၀၁၉ တြင္ (၁၀)ႏွစ္ျပည့္မည္ျဖစ္ၿပီး လက္ရွိအထိ ၎တို႔၏ ေဖာင္ေဒးရွင္းက ေထာက္ပ့ံေပးထား သည့္ ေက်ာင္းသား၊ ေက်ာင္းသူ၂၀၀ ေက်ာ္ရွိကာ ေဆးတကၠသိုလ္ေက်ာင္းဆင္း ဆရာ၀န္ ၆၀ေက်ာ္ရွိၿပီဟု ၎ကဆုိ သည္။

ေျပတီဦး  ပညာေရးေဖာင္ေဒး ရွင္းအေနျဖင့္ ေဆးတကၠသိုလ္၊ နည္းပညာတကၠသိုလ္၊   ဥပေဒ အထူးျပဳ    တက္ေရာက္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေထာက္ပံ့ေပးသလုိ ပညာေရးတကၠသိုလ္တက္ေရာက္မည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအ တြက္လည္း ေထာက္ပံ့ေပးရန္ အစီအစဥ္ရွိ ေၾကာင္း ေျပတီဦးက ေျပာသည္။

‘‘ဘယ္ကုသိုလ္က ဘယ္ ေလာက္အထိ အတုိင္းအတာရွိ လဲ၊ ဘယ္ေလာက္မြန္ျမတ္လဲဆို တာ တိတိက်က်ေတာ့ မသိပါ ဘူး။ ဒါေပမဲ့ ဒီကေလးေတြရဲ႕ ဘ၀ကိုေတြးလုိက္ရင္ ကြၽန္ေတာ္ လုပ္ေပးတာက ႀကီးႀကီးမားမား မဟုတ္ေပမယ့္ အရမ္း၀မ္းသာၿပီး ေက်နပ္တယ္’’ဟု ေဖာင္ေဒးရွင္း မွ ေထာက္ပံ့ေပးထားသည့္ ကေလးမ်ားႏွင့္ ပတ္သက္၍ ၎ ၏ ပီတိကိုေျပာသည္။

ေျပတီဦးေဖာင္ေဒးရွင္း၏ (၁၀)ႏွစ္ျပည့္အထိမ္းအမွတ္ပဲြကို ၂၀၁၉ အတြင္း ျပဳလုပ္ရန္ရွိၿပီး ေဖာင္ေဒးရွင္းအတြက္ ရန္ပုံေငြ မ်ား ထပ္မံရွာေဖြရန္ အစီအစဥ္ ရွိသည္ဟု ေျပတီဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

နိုဝင်ဘာ ၃၀ ရက်တွင်ကျရောက်မည့် အသက်(၄၀) ပြည့်မွေးနေ့တွင် သာသနာ့ဘောင်သို့ဝင်ရန် ရည်ရွယ်ထားကြောင်း ပြေတီဦးက ပြောသည်။

‘‘အသက်(၄၀)ပြည့်တယ်ဆို တာ ဆိုရိုးစကားလည်း ရှိတယ် လေ။ (၄၀)ပြည့်မှ ဘဝစတယ်ဆို တာ။ (၄၀)ဆိုတာ အမှတ်တရဆို တော့ အဲဒီမွေးနေ့လေးမှာ ဘုန်း ကြီးဝတ်ချင်တယ်’’ဟု ပြေတီဦး က ပြောသည်။

သာသနာ့ဘောင်သို့ သုံး ရက်ခန့်ဝင်ရန် ရည်ရွယ်ထားပြီး သီတင်းသုံးနေထိုင်မည့် ဘုန်းကြီးကျောင်းကို  ကျောင်းထိုင်ဆရာတော်ကို မလျှောက်ရသေးသောကြောင့် မပြောနိုင်သေး ကြောင်း ၎င်းကဆိုသည်။

‘‘မင်းသားမဖြစ်ခင်ကတော့ ခဏခဏ ဝတ်ဖြစ်တယ်။ နှစ်တိုင်းလိုလို ဝတ်ဖြစ်တယ်။ ဝတ်ချင်တာ လည်း အရမ်းကြာပြီ။ ဟိုနေ့ဝတ် မယ်၊ ဒီနေ့ဝတ်မယ်နဲ့ အကျိုးအ ကြောင်းတွေ မတိုက်ဆိုင်တာနဲ့ ရွှေ့ရွှေ့လာတာ။ အဲဒီနေ့တော့ ဝတ်ဖြစ်အောင်ဝတ်မယ်’’ဟု ပြေ တီဦးက ပြောသည်။

ထို့အပြင် ၎င်း၏မွေးနေ့တွင် တည်ထောင်ခဲ့သော ပြေတီဦး ဖောင်ဒေးရှင်းအနေဖြင့်လည်း ၂၀၁၉ တွင် (၁၀)နှစ်ပြည့်မည်ဖြစ်ပြီး လက်ရှိအထိ ၎င်းတို့၏ ဖောင်ဒေးရှင်းက ထောက်ပံ့ပေးထား သည့် ကျောင်းသား၊ ကျောင်းသူ၂၀၀ ကျော်ရှိကာ ဆေးတက္ကသိုလ်ကျောင်းဆင်း ဆရာဝန် ၆၀ကျော်ရှိပြီဟု ၎င်းကဆို သည်။

ပြေတီဦး  ပညာရေးဖောင်ဒေး ရှင်းအနေဖြင့် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊   ဥပဒေ အထူးပြု    တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ပေးသလို ပညာရေးတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအ တွက်လည်း ထောက်ပံ့ပေးရန် အစီအစဉ်ရှိ ကြောင်း ပြေတီဦးက ပြောသည်။

‘‘ဘယ်ကုသိုလ်က ဘယ် လောက်အထိ အတိုင်းအတာရှိ လဲ၊ ဘယ်လောက်မွန်မြတ်လဲဆို တာ တိတိကျကျတော့ မသိပါ ဘူး။ ဒါပေမဲ့ ဒီကလေးတွေရဲ့ ဘဝကိုတွေးလိုက်ရင် ကျွန်တော် လုပ်ပေးတာက ကြီးကြီးမားမား မဟုတ်ပေမယ့် အရမ်းဝမ်းသာပြီး ကျေနပ်တယ်’’ဟု ဖောင်ဒေးရှင်း မှ ထောက်ပံ့ပေးထားသည့် ကလေးများနှင့် ပတ်သက်၍ ၎င်း ၏ ပီတိကိုပြောသည်။

ပြေတီဦးဖောင်ဒေးရှင်း၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ၂၀၁၉ အတွင်း ပြုလုပ်ရန်ရှိပြီး ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ များ ထပ်မံရှာဖွေရန် အစီအစဉ် ရှိသည်ဟု ပြေတီဦးက ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top