ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေငြလိုုခ်င္ရံုုနဲ ့ေတာ့ စီးပြားေရးမလုပ္နဲ ့ခဏနဲ ့ျပန္ျပဳတ္သြားမယ္

အလုပ္မလုပ္ရရင္ မေနႏိုင္တဲ့ ေရာဂါရိွမွ စီးပြားေရးလုပ္

ေငြက ေနာက္ကိုလိုက္လာလိမ့္မယ္

ေငြအရင္းအနွီး နည္းသြားလို ့ အလုပ္ မျဖစ္တာ မဟုတ္ဘူး…

ဦးေႏွာက္ ရင္းနွီးတာနည္းသြားလို ့အလုပ္မျဖစ္တာ…

ေသခ်ာ မစဥ္းစားဘဲငါးပြက္ရာပဲ ငါးစာလိုက္ခ်ခဲ့လိုု ့အလုုပ္မျဖစ္တာ …

ျမန္မာလူမ်ိဳးမိုု ့ ေပါင္းလုုပ္လိုု ့မရတာ…ကြဲၾကတာ မဟုုတ္ဘူး…

လုုပ္ပိုုင္ခြင့္၊ ခံစားခြင့္နဲ ့တာဝန္ယူမႈေတြကို အစထဲက ရွင္းရွင္းလင္းလင္းမခြဲဘဲ လံုုးခ်ခဲ့လိုု ့ ကြဲၾကတာ …

လုပ္ငန္း ဆံုုးရႈံးသြားတာ…ဝန္ထမ္းေတြ ညံ့လိုု ့မဟုုတ္ဘူး…

ၿပိဳင္ဘက္ေတြ ညစ္လိုု ့မဟုတ္ဘူး။ကိုယ္စီမံခန္ ့ခြဲတာ လိုုသြားလိုု ့ …

အလုပ္ေတြ မ်ားလို ့ မၿပီးတာမဟုတ္ဘူး။

အခ်ိန္ နဲ ့ တာဝန္ ခြဲေဝဖို ့စီမံခန္ ့ခြဲမႈ မလုပ္လို ့ မၿပီးတာ…

တစ္ေယာက္ထဲ လုုပ္လို ့ရတဲ့ ကိစၥေတြကိုု နွစ္ေယာက္ လိုက္လုုပ္ေနလို ့ အလုပ္ေတြ မျပီးၿပီးတာ …

အသံုးစရိတ္မ်ားလို ့ အရႈံးေပၚတာ မဟုတ္ဘူး။

အျဖဳန္းစရိတ္ မ်ားသြားလို႔ အရႈံးေပၚတာ …

လုုပ္ငန္းကိုု ေသးေသးပဲစခဲ့လို ့ခင္ဗ်ား မေအာင္ျမင္တာ မဟုတ္ဘူး။

အိမ္မက္ေသးသြားလို ့ မေအာင္ျမင္တာ …

လုပ္ငန္းကို ႀကီးႀကီးစႏိုင္လို ့သူေအာင္ျမင္ေနတာ မဟုတ္ဘူး။

အိမ္မက္ႀကီးျကီးနဲ ့စခဲ့လို ့သူေအာင္ျမင္တာ …

အရင္းအႏွီးမ်ားတဲ့သူနဲ ့လက္တြဲတိုင္း ေအာင္ျမင္မွာ မဟုုတ္ဘူး။

ရလဒ္ ထြက္ေအာင္ လုုပ္မယ့္တာဝန္ယူမယ့္၊ တာဝန္ခံမယ့္သူနဲ ့ဦးစားေပး လက္တြဲမွ ေအာင္ျမင္မွာ …

ဝန္ထမ္းေတြရဲ ့ဘဝနဲ ့အရည္အေသြးကိုတိုးတက္ေအာင္ မေျပာင္းလဲေပးနိုုင္ရင္…

ျကီးက်ယ္တဲ့ အလုပ္ေတြကို ဖန္တီးလို ့မရဘူး …

မိုုးထဲေလထဲေရာက္ရင္ ေရွာင္ေနတဲ့အေခ်ာင္သမားေတြကိုု လက္တြဲျဖဳတ္…

အေျပာသမားကိုု လက္တြဲျဖဳတ္…

ရလဒ္ မထြက္တဲ့သူကိုု လက္တြဲျဖဳတ္…..

သူမ်ားအျပစ္ပဲျမင္တတ္တဲ့သူဆိုု လက္တြဲျဖဳတ္…

Theory နဲ ့ Strategy ေတြပဲ ထုုိင္ရြတ္ေနၿပီး ေျမျပင္မွာ ဝင္မကူတဲ့သူဆို လက္တြဲျဖဳတ္ …

အေသးစိတ္ အလုပ္ေတြကိုု တာဝန္ခံျပီး က်ားစီးဖားစီး လုုပ္တဲ့သူကိုု လုပ္ပိုင္ခြင့္ေပး…

အျမဲတက္ျကြေနတဲ့သူကိုု လက္တြဲထား အလုုပ္ကိုု ရူးသြပ္တဲ့လူကိုု ပ့ံပိုုး…

ဒါဆို ရလဒ္ထြက္မယ္ …

ေအာင္ျမင္တဲ့ စြန္ ့ဦး ဆိုတာ…

အိမ္မက္ ထိုင္မက္ေနတဲ့သူေတြ မဟုတ္ဘူး။

မရပ္မနားကို လဲက်လိုက္ျပန္ထလိုက္ လုပ္ေနတဲ့သူေတြ …

ခင္ဗ်ား အလုုပ္ ဘယ္ေလာက္ရႈပ္ရႈပ္…

ဘယ္သူမွ စိတ္မဝင္စားဘူး။

ခင္ဗ်ား ရလဒ္ ထြက္ေအာင္ လုုပ္ျပမွ အားလံုးက စိတ္ဝင္စားတယ္ …

ေနာက္ဆံုးေျပာရရင္စီးပြားေရး လုပ္တယ္ ဆိုတာ…

ခင္ဗ်ားအေၾကာင္း သူမ်ားေတြသိဖို ့ထက္…

သူမ်ားေတြ အေၾကာင္းကိုသာ ခင္ဗ်ားသိဖို ့ ပိုအေရးႀကီးတယ္ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: SKC


#Unicode Version#

ငွေလိုချင်ရုံနဲ့တော့ စီးပွားရေးမလုပ်နဲ့ခဏနဲ့ပြန်ပြုတ်သွားမယ်

အလုပ်မလုပ်ရရင် မနေနိုင်တဲ့ ရောဂါရှိမှ စီးပွားရေးလုပ်

ငွေက နောက်ကိုလိုက်လာလိမ့်မယ်

ငွေအရင်းအနှီး နည်းသွားလို့ အလုပ် မဖြစ်တာ မဟုတ်ဘူး…

ဦးနှောက် ရင်းနှီးတာနည်းသွားလို့အလုပ်မဖြစ်တာ…

သေချာ မစဉ်းစားဘဲငါးပွက်ရာပဲ ငါးစာလိုက်ချခဲ့လို့အလုပ်မဖြစ်တာ …

မြန်မာလူမျိုးမို့ ပေါင်းလုပ်လို့မရတာ…ကွဲကြတာ မဟုတ်ဘူး…

လုပ်ပိုင်ခွင့်၊ ခံစားခွင့်နဲ့တာဝန်ယူမှုတွေကို အစထဲက ရှင်းရှင်းလင်းလင်းမခွဲဘဲ လုံးချခဲ့လို့ ကွဲကြတာ …

လုပ်ငန်း ဆုံးရှုံးသွားတာ…ဝန်ထမ်းတွေ ညံ့လို့မဟုတ်ဘူး…

ပြိုင်ဘက်တွေ ညစ်လို့မဟုတ်ဘူး။ကိုယ်စီမံခန့်ခွဲတာ လိုသွားလို့ …

အလုပ်တွေ များလို့ မပြီးတာမဟုတ်ဘူး။

အချိန် နဲ့ တာဝန် ခွဲဝေဖို့စီမံခန့်ခွဲမှု မလုပ်လို့ မပြီးတာ…

တစ်ယောက်ထဲ လုပ်လို့ရတဲ့ ကိစ္စတွေကို နှစ်ယောက် လိုက်လုပ်နေလို့ အလုပ်တွေ မပြီးပြီးတာ …

အသုံးစရိတ်များလို့ အရှုံးပေါ်တာ မဟုတ်ဘူး။

အဖြုန်းစရိတ် များသွားလို့ အရှုံးပေါ်တာ …

လုပ်ငန်းကို သေးသေးပဲစခဲ့လို့ခင်ဗျား မအောင်မြင်တာ မဟုတ်ဘူး။

အိမ်မက်သေးသွားလို့ မအောင်မြင်တာ …

လုပ်ငန်းကို ကြီးကြီးစနိုင်လို့သူအောင်မြင်နေတာ မဟုတ်ဘူး။

အိမ်မက်ကြီးကြီးနဲ့စခဲ့လို့သူအောင်မြင်တာ …

အရင်းအနှီးများတဲ့သူနဲ့လက်တွဲတိုင်း အောင်မြင်မှာ မဟုတ်ဘူး။

ရလဒ် ထွက်အောင် လုပ်မယ့်တာဝန်ယူမယ့်၊ တာဝန်ခံမယ့်သူနဲ့ဦးစားပေး လက်တွဲမှ အောင်မြင်မှာ …

ဝန်ထမ်းတွေရဲ့ဘဝနဲ့အရည်အသွေးကိုတိုးတက်အောင် မပြောင်းလဲပေးနိုင်ရင်…

ကြီးကျယ်တဲ့ အလုပ်တွေကို ဖန်တီးလို့မရဘူး …

မိုးထဲလေထဲရောက်ရင် ရှောင်နေတဲ့အချောင်သမားတွေကို လက်တွဲဖြုတ်…

အပြောသမားကို လက်တွဲဖြုတ်…

ရလဒ် မထွက်တဲ့သူကို လက်တွဲဖြုတ်…..

သူများအပြစ်ပဲမြင်တတ်တဲ့သူဆို လက်တွဲဖြုတ်…

Theory နဲ့ Strategy တွေပဲ ထိုင်ရွတ်နေပြီး မြေပြင်မှာ ဝင်မကူတဲ့သူဆို လက်တွဲဖြုတ် …

အသေးစိတ် အလုပ်တွေကို တာဝန်ခံပြီး ကျားစီးဖားစီး လုပ်တဲ့သူကို လုပ်ပိုင်ခွင့်ပေး…

အမြဲတက်ကြွနေတဲ့သူကို လက်တွဲထား အလုပ်ကို ရူးသွပ်တဲ့လူကို ပံ့ပိုး…

ဒါဆို ရလဒ်ထွက်မယ် …

အောင်မြင်တဲ့ စွန့်ဦး ဆိုတာ…

အိမ်မက် ထိုင်မက်နေတဲ့သူတွေ မဟုတ်ဘူး။

မရပ်မနားကို လဲကျလိုက်ပြန်ထလိုက် လုပ်နေတဲ့သူတွေ …

ခင်ဗျား အလုပ် ဘယ်လောက်ရှုပ်ရှုပ်…

ဘယ်သူမှ စိတ်မဝင်စားဘူး။

ခင်ဗျား ရလဒ် ထွက်အောင် လုပ်ပြမှ အားလုံးက စိတ်ဝင်စားတယ် …

နောက်ဆုံးပြောရရင်စီးပွားရေး လုပ်တယ် ဆိုတာ…

ခင်ဗျားအကြောင်း သူများတွေသိဖို့ထက်…

သူများတွေ အကြောင်းကိုသာ ခင်ဗျားသိဖို့ ပိုအရေးကြီးတယ် …
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top