(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×



ျမန္မာပရိသတ္မ်ားအေနျဖင့္ ျမစ္တစ္စင္း၏ ဂီတစီးရီးတြဲႏွင့္ ဖက္ရွင္စီးရီးတြဲတို႔ျဖင့္ လူသိမ်ားေသာ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္မင္းသမီး ကင္ေဟးဆူးသည္ အသက္ (၄၈) ႏွစ္ရွိေနၿပီျဖစ္ ေသာ္လည္း အသက္ (၂ဝ) အရြယ္ကဲ့သို႔ပင္ လွပႏုပ်ဳိေနဆဲျဖစ္သည္ဟု Korea times သတင္းက ႏိုဝင္ဘာ ၂၆ ရက္တြင္ ဓာတ္ပံုမ်ားျဖင့္ ေဝေဝဆာဆာေဖာ္ျပခဲ့သည္။



၁၉၈၆ ခုႏွစ္တြင္ Blue Dragron ဖလင္ဆုျဖင့္ ပထမဆံုး႐ုပ္ရွင္ထူးခြၽန္ဆုစတင္ဆြတ္ခူးခဲ့ေသာ ကင္ေဟးဆူးသည္ (၃၉) ႀကိမ္ ေျမာက္ နဂါးျပာဆုေပးပြဲ၌ အစီအစဥ္တင္ဆက္သူအျဖစ္ပါဝင္ခဲ့ၿပီး ယင္းပြဲတြင္ သူမသည္ ႏွစ္ဆယ္ေက်ာ္အရြယ္ကဲ့သို႔ ႏုပ်ဳိလွပ ေနသည္ဟုလည္း သတင္းကေဖာ္ျပခဲ့သည္။ ယင္းဆုေပးပြဲသို႔ ဗီယက္နမ္အမ်ဳိးသမီး သ႐ုပ္ေဆာင္ Park Joong-boon  (၅၂) ႏွစ္လည္း တက္ေရာက္ခဲ့ၿပီး သူမႏွင့္ကင္တို႔ သည္ ၁၉၈၆ ခုႏွစ္က "Gambo"  ႐ုပ္ရွင္တြင္ အတူသ႐ုပ္ေဆာင္ခဲ့ၾကသည္။



Park က ယင္းဆုေပးပြဲတြင္ အေကာင္းဆံုးဒါ႐ုိက္တာဆုကို ဖြင့္ေဖာက္ေၾကညာေပးခဲ့ၿပီးေနာက္ ကင္အားခ်ီးမြမ္းသည့္အေနျဖင့္ ''ကင္ေဟးဆူးဟာ ႏွစ္ႏွစ္ေလာက္ ပိုငယ္လာသလိုပါပဲ'' ဟု အရႊန္းေဖာက္ေျပာခဲ့သည္။ ကင္က သေဘာက်စြာရယ္ေမာၿပီး ''အေသအခ်ာပဲေပါ့''ဟု ျပန္ေျပာခဲ့သည္။ ကင္ေဟးဆူးသည္ ၁၉၇ဝ ျပည့္ႏွစ္ စက္တင္ဘာလက ေမြးဖြားခဲ့ၿပီး ၂ဝဝ၆ ခုႏွစ္က Tazza: The High Roller  ႐ုပ္ရွင္ျဖင့္ ထင္ရွားလာခဲ့ကာ ယေန႔အခ်ိန္တြင္ ႐ုပ္ရွင္ ထူးခြၽန္ဆုမ်ားစြာ ရရွိထားသူျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangonmedia


#Unicode Version#

မြန်မာပရိသတ်များအနေဖြင့် မြစ်တစ်စင်း၏ ဂီတစီးရီးတွဲနှင့် ဖက်ရှင်စီးရီးတွဲတို့ဖြင့် လူသိများသော တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး ကင်ဟေးဆူးသည် အသက် (၄၈) နှစ်ရှိနေပြီဖြစ် သော်လည်း အသက် (၂ဝ) အရွယ်ကဲ့သို့ပင် လှပနုပျိုနေဆဲဖြစ်သည်ဟု Korea times သတင်းက နိုဝင်ဘာ ၂၆ ရက်တွင် ဓာတ်ပုံများဖြင့် ဝေဝေဆာဆာဖော်ပြခဲ့သည်။

၁၉၈၆ ခုနှစ်တွင် Blue Dragron ဖလင်ဆုဖြင့် ပထမဆုံးရုပ်ရှင်ထူးချွန်ဆုစတင်ဆွတ်ခူးခဲ့သော ကင်ဟေးဆူးသည် (၃၉) ကြိမ် မြောက် နဂါးပြာဆုပေးပွဲ၌ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့ပြီး ယင်းပွဲတွင် သူမသည် နှစ်ဆယ်ကျော်အရွယ်ကဲ့သို့ နုပျိုလှပ နေသည်ဟုလည်း သတင်းကဖော်ပြခဲ့သည်။ ယင်းဆုပေးပွဲသို့ ဗီယက်နမ်အမျိုးသမီး သရုပ်ဆောင် Park Joong-boon  (၅၂) နှစ်လည်း တက်ရောက်ခဲ့ပြီး သူမနှင့်ကင်တို့ သည် ၁၉၈၆ ခုနှစ်က "Gambo"  ရုပ်ရှင်တွင် အတူသရုပ်ဆောင်ခဲ့ကြသည်။


Park က ယင်းဆုပေးပွဲတွင် အကောင်းဆုံးဒါရိုက်တာဆုကို ဖွင့်ဖောက်ကြေညာပေးခဲ့ပြီးနောက် ကင်အားချီးမွမ်းသည့်အနေဖြင့် ''ကင်ဟေးဆူးဟာ နှစ်နှစ်လောက် ပိုငယ်လာသလိုပါပဲ'' ဟု အရွှန်းဖောက်ပြောခဲ့သည်။ ကင်က သဘောကျစွာရယ်မောပြီး ''အသေအချာပဲပေါ့''ဟု ပြန်ပြောခဲ့သည်။ ကင်ဟေးဆူးသည် ၁၉၇ဝ ပြည့်နှစ် စက်တင်ဘာလက မွေးဖွားခဲ့ပြီး ၂ဝဝ၆ ခုနှစ်က Tazza: The High Roller  ရုပ်ရှင်ဖြင့် ထင်ရှားလာခဲ့ကာ ယနေ့အချိန်တွင် ရုပ်ရှင် ထူးချွန်ဆုများစွာ ရရှိထားသူဖြစ်သည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top