ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေစ့စပ္ေတာင္းရမ္းတဲ့အခါမွာ  ေနရာေဒသေပၚ မူတည္ၿပီး ေစ့စပ္ေတာင္းရမ္းၾကတဲ့ ပံုစံမတူညီပါဘူးေနာ္။

ေစ့စပ္ ေတာင္းရမ္းတဲ့အခါမွာ တစ္ေက်ာင္း တစ္ဂါထာ တစ္ရြာ တစ္ပုဒ္ဆန္းဆိုသလိုမ်ိဳး ေနရာေဒသေပၚ မူတည္ၿပီး ေစ့စပ္ေတာင္းရမ္းၾကတဲ့ ပံုစံမတူညီပါဘူးေနာ္။ သတို႔သမီးေလးတို႔ရဲ႕နယ္ေပၚ မူတည္ၿပီး ေစ့စပ္ေတာင္းရမ္းတဲ့ ပံုစံကေတာ့ ကြဲျပားမွာပါ။ ေစ့စပ္ေတာင္းရမ္းတဲ့အခါ ဘာေတြလိုအပ္လဲဆိုတာ ေျပာျပမယ္ေနာ္။

အုနး္ပြဲငွက္ေပ်ာပြဲ

ေစ့စပ္ေတာင္းရမ္းတဲ့အခါမွာ အုနး္ပြဲ ငွက္ေပ်ာပြဲကေတာ့ မပါမျဖစ္ပါပဲ။ သတို႔သမီးေလာင္းဆီ သြားတဲ့အခါမွာ အုန္းပြဲ ငွက္ေပ်ာပြဲနဲ႔ တင္ေတာင္းရမွာျဖစ္ၿပီး တခ်ိဳ႔နယ္ေတြမွာေတာ့ အုန္းပြဲငွက္ေပ်ာပြဲက ခိုးရာလိုက္ေျပးၿပီး မိဘေတြဆီ ျပန္အပ္မွသာ ထည့္ေလ့ ရွိပါတယ္။ ပံုမွန္ကေတာ့ အုန္းပြဲငွက္ေပ်ာပြဲ လိုပါတယ္။

လက္ဖက္အစ္၊ ကြမ္းအစ္

သတို႔သားေလာင္းတို႔ေရ အုန္းပြဲငွက္ေပ်ာပြဲအျပင္ ကြမ္းအစ္နဲ႔ လက္ဖက္အစ္ ထည့္တာမ်ိဳးလည္း ရွိပါတယ္။ ေတာင္းရမ္းပစၥည္းေတြ မပါဘဲ စီစဥ္တာမ်ဳိးေပါ့။ လာတဲ့ ဧည့္ပရိတ္သတ္ေတြက ဟုိအရင္က လက္ဖက္စားရင္စား မစားရင္ ကြမ္းဝါးဆိုၿပီး ရွိတာေၾကာင့္ပါ။

ေအာင္သေျပ

သတို႔သမီးေလာင္းေလးတို႔ေရ ငွက္ေပ်ာသီးမွည့္တဲ့ ငွက္ေပ်ာပြဲတစ္ပြဲ၊ လက္ဖက္အစ္ တစ္အစ္နဲ႔ ဖန္ခြက္ထဲကို ေရထည့္ၿပီး သေျပပန္း(၃) ခက္နဲ႔ ႏွင္းဆီပန္းေလး (၃) ပြင့္ေလာက္ ထိုးၿပီး ယူလာဖို႔ လိုပါတယ္။ ေအာင္ေစ ပိုင္ေစဖုိ႔ လုပ္ေဆာင္တဲ့အေနနဲ႔ ေအာင္သေျပပြဲ ယူလာတာမ်ိဳးပါ။

ပန္းနဲ႔ သစ္သီး

ေစ့စပ္ေတာင္းရမ္းပြဲကို ပန္းနဲ႔ သစ္သီးေတြ ယူလာတာမ်ိဳးက နည္းေပမယ့္ တခ်ိဳ႕ေဒသေတြမွာေတာ့ ပန္းနဲ႔ သစ္သီးေတြနဲ႔ တင္ေတာင္းတာမ်ိဳး ရွိပါတယ္ေနာ္။ သတို႔သမီးေလးတို႔ေရ ေစ့စပ္ေတာင္းရမ္းပြဲ လုပ္တဲ့အခါမွာ သတို႔သမီးေလးဘက္က လိုခ်င္တဲ့ ပံုစံေလး ေျပာၿပီး ယူလာခိုင္းပါေနာ္။

ေတာင္းရမ္းပစၥည္း

သတို႔သားေလးဘက္က ဘယ္ေလာက္တင္ေတာင္းတယ္ဆိုတာမ်ိဳးပါ။ ေတာင္းရမ္းပစၥည္းေတြနဲ႔ အုနး္ပြဲ ငွက္ေပ်ာပြဲ တြဲၿပီး ယူေဆာင္လာရမွာ ျဖစ္ပါတယ္။ ေတာင္းရမ္းပစၥည္းဆိုတာကေတာ့ ႏွစ္ဦးသား အဆင္ေျပဖို႔အတြက္ ထည့္ေပးတဲ့သေဘာပါပဲေနာ္။

ေစ့စပ္၊ ေတာင္းရမ္း၊ ႏွစ္ဖက္မိဘေတြ႔၊ ျမန္းျခင္းနဲ႔ မဂၤလာရက္ သတ္မွတ္တာေတြကို ဒီတစ္ရက္ထဲမွာပဲ လုပ္လုိ႔ ရပါတယ္ေနာ္။ သတို႔သမီးေလးတို႔ ဘက္က လူႀကီးေတြနဲ႔ အိမ္နီးနားပတ္ဝန္းက်င္က လူႀကီးေတြကို ဖိတ္ထားဖို႔ လိုပါတယ္။ ေနာက္ၿပီး ဧည့္ခံမယ့္ အေကၽြးအေမြးေတြလည္း ႀကိဳတင္ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Marry


#Unicode Version#

စေ့စပ်တောင်းရမ်းတဲ့အခါမှာ  နေရာဒေသပေါ် မူတည်ပြီး စေ့စပ်တောင်းရမ်းကြတဲ့ ပုံစံမတူညီပါဘူးနော်။

စေ့စပ် တောင်းရမ်းတဲ့အခါမှာ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုမျိုး နေရာဒေသပေါ် မူတည်ပြီး စေ့စပ်တောင်းရမ်းကြတဲ့ ပုံစံမတူညီပါဘူးနော်။ သတို့သမီးလေးတို့ရဲ့နယ်ပေါ် မူတည်ပြီး စေ့စပ်တောင်းရမ်းတဲ့ ပုံစံကတော့ ကွဲပြားမှာပါ။ စေ့စပ်တောင်းရမ်းတဲ့အခါ ဘာတွေလိုအပ်လဲဆိုတာ ပြောပြမယ်နော်။

အုန်းပွဲငှက်ပျောပွဲ

စေ့စပ်တောင်းရမ်းတဲ့အခါမှာ အုန်းပွဲ ငှက်ပျောပွဲကတော့ မပါမဖြစ်ပါပဲ။ သတို့သမီးလောင်းဆီ သွားတဲ့အခါမှာ အုန်းပွဲ ငှက်ပျောပွဲနဲ့ တင်တောင်းရမှာဖြစ်ပြီး တချို့နယ်တွေမှာတော့ အုန်းပွဲငှက်ပျောပွဲက ခိုးရာလိုက်ပြေးပြီး မိဘတွေဆီ ပြန်အပ်မှသာ ထည့်လေ့ ရှိပါတယ်။ ပုံမှန်ကတော့ အုန်းပွဲငှက်ပျောပွဲ လိုပါတယ်။

လက်ဖက်အစ်၊ ကွမ်းအစ်

သတို့သားလောင်းတို့ရေ အုန်းပွဲငှက်ပျောပွဲအပြင် ကွမ်းအစ်နဲ့ လက်ဖက်အစ် ထည့်တာမျိုးလည်း ရှိပါတယ်။ တောင်းရမ်းပစ္စည်းတွေ မပါဘဲ စီစဉ်တာမျိုးပေါ့။ လာတဲ့ ဧည့်ပရိတ်သတ်တွေက ဟိုအရင်က လက်ဖက်စားရင်စား မစားရင် ကွမ်းဝါးဆိုပြီး ရှိတာကြောင့်ပါ။

အောင်သပြေ
သတို့သမီးလောင်းလေးတို့ရေ ငှက်ပျောသီးမှည့်တဲ့ ငှက်ပျောပွဲတစ်ပွဲ၊ လက်ဖက်အစ် တစ်အစ်နဲ့ ဖန်ခွက်ထဲကို ရေထည့်ပြီး သပြေပန်း(၃) ခက်နဲ့ နှင်းဆီပန်းလေး (၃) ပွင့်လောက် ထိုးပြီး ယူလာဖို့ လိုပါတယ်။ အောင်စေ ပိုင်စေဖို့ လုပ်ဆောင်တဲ့အနေနဲ့ အောင်သပြေပွဲ ယူလာတာမျိုးပါ။

ပန်းနဲ့ သစ်သီး
စေ့စပ်တောင်းရမ်းပွဲကို ပန်းနဲ့ သစ်သီးတွေ ယူလာတာမျိုးက နည်းပေမယ့် တချို့ဒေသတွေမှာတော့ ပန်းနဲ့ သစ်သီးတွေနဲ့ တင်တောင်းတာမျိုး ရှိပါတယ်နော်။ သတို့သမီးလေးတို့ရေ စေ့စပ်တောင်းရမ်းပွဲ လုပ်တဲ့အခါမှာ သတို့သမီးလေးဘက်က လိုချင်တဲ့ ပုံစံလေး ပြောပြီး ယူလာခိုင်းပါနော်။

တောင်းရမ်းပစ္စည်း
သတို့သားလေးဘက်က ဘယ်လောက်တင်တောင်းတယ်ဆိုတာမျိုးပါ။ တောင်းရမ်းပစ္စည်းတွေနဲ့ အုန်းပွဲ ငှက်ပျောပွဲ တွဲပြီး ယူဆောင်လာရမှာ ဖြစ်ပါတယ်။ တောင်းရမ်းပစ္စည်းဆိုတာကတော့ နှစ်ဦးသား အဆင်ပြေဖို့အတွက် ထည့်ပေးတဲ့သဘောပါပဲနော်။

စေ့စပ်၊ တောင်းရမ်း၊ နှစ်ဖက်မိဘတွေ့၊ မြန်းခြင်းနဲ့ မင်္ဂလာရက် သတ်မှတ်တာတွေကို ဒီတစ်ရက်ထဲမှာပဲ လုပ်လို့ ရပါတယ်နော်။ သတို့သမီးလေးတို့ ဘက်က လူကြီးတွေနဲ့ အိမ်နီးနားပတ်ဝန်းကျင်က လူကြီးတွေကို ဖိတ်ထားဖို့ လိုပါတယ်။ နောက်ပြီး ဧည့်ခံမယ့် အကျွေးအမွေးတွေလည်း ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top