မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

စိတ္ပင္ပန္း၊ လူပင္ပန္းမႈေတြေၾကာင့္ စိတ္ဖိစီးတာေတြ၊ ပူပန္ေသာကေတြကို ခံစားရေလ့ရွိၿပီး မဂၤလာပြဲနီးေလေလ စိတ္ဆင္းရဲ စိတ္႐ႈပ္ေလေလ ျဖစ္တတ္ပါတယ္

ဘဝရဲ႕ အႀကီးမားဆံုး အေရးပါဆံုး အေျပာင္းအလဲ ျဖစ္တဲ့ မဂၤလာပြဲလို အခ်ိန္မ်ိဳးမွာ ပြဲနားနီးေလေလ သတို႔သားေလာင္း၊ သတို႔သမီးေလာင္းေလးတို႔က စိတ္ပင္ပန္း၊ လူပင္ပန္းမႈေတြေၾကာင့္ စိတ္ဖိစီးတာေတြ၊ ပူပန္ေသာကေတြကို ခံစားရေလ့ရွိၿပီး မဂၤလာပြဲနီးေလေလ စိတ္ဆင္းရဲ စိတ္႐ႈပ္ေလေလ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ မဂၤလာေဆာင္ခါနီးမွာ ႀကံဳရတတ္တဲ့ စိိတ္ဆင္းရဲမႈေတြကို အႏိုင္ယူႏိုင္မယ့္ နည္းလမ္းေကာင္းေတြကို Marry က ေဝမွ်ေပးခ်င္ပါတယ္။

ေကာင္းတဲ့မွတ္ခ်က္ေတြကို မွတ္သားပါ
မဂၤလာပြဲ အတြက္ ႀကိဳတင္ စီစဥ္ေနတဲ့ အခ်ိန္မ်ိဳးမွာ စီစဥ္သင့္တာေတြ မက်န္ခဲ့ေစဖို႔ ေန႔စဥ္ မွတ္တမ္းသေဘာမ်ိဳး ေရးမွတ္ထားသင့္ပါတယ္။ အဲ့လို ေနစဥ္မွတ္တမ္း လုပ္တဲ့အခါမွာေတာ့ တစ္ေန႔တာ စီစဥ္ခဲ့သမွ်ရဲ႕ ေကာင္းတာေတြကိုပဲ ဂ႐ုစိုက္ မွတ္တမ္းတင္ေစခ်င္ပါတယ္။ ဆိုလိုတာကေတာ့ အဆင္ေျပတာေရာ၊ မေျပတာပါ ႀကံဳရႏိုင္ေပမယ့္ အဆင္ေျပေက်နပ္ခဲ့ရတာေတြကိုပဲ မွတ္သားထားေစခ်င္ပါတယ္။

သာယာၿငိမ့္ေညာင္းတဲ့ ေတးဂီတကို နားဆင္ပါ
ေတးဂီတကလည္း လူ႔စိတ္ကို ေျပာင္းလဲေစတဲ့ အရာပါပဲ။ စိတ္ညစ္ညဴး အားငယ္ေနတဲ့ အခ်ိန္မ်ိဳးမွာ ဝမ္းနည္းစရာေကာင္းတဲ့ ေတးသီခ်င္းမ်ိဳး နားဆင္တာ၊ စိတ္ရႈပ္ေထြး ေဒါသထြက္ေနခ်ိန္မ်ိဳးမွာ ေပါက္ကြဲတဲ့ သီခ်င္းမ်ိဳးေတြကို နားေထာင္တာက စိတ္ခံစားခ်က္ေတြကို ပိုၿပီး ဆိုးဝါးေစတာေၾကာင့္ စိတ္ကို ေပ်ာ္ရေအာင္ ၾကည္ႏူးမႈ ျဖစ္ေစတဲ့ ေတးသီခ်င္းမ်ိဳးေတြကိုပဲ နားေထာင္ေပးပါ။

ေကာင္းတာေတြပဲ ေတြးပါ၊ ေကာင္းတာေတြပဲ လုပ္ပါ
တစ္ပါးသူအေပၚမွာထားတဲ့ ကိုယ့္ရဲ႕ စိတ္ေကာင္း ႏွလံုးေကာင္းေလးက ကိုယ့္ကို  ပိုၿပီး စိတ္ခ်မ္းသာေစပါတယ္။ အတြင္းစိတ္ရဲ႕ ေကာင္းမြန္မႈ မွန္သမွ်က ကိုယ္ခံစားရသမွ်ကိုလည္း ေကာင္းမြန္တဲ့ ခံစားခ်က္ေတြ ျဖစ္ေစပါတယ္။ ဒါေၾကာင့္မို႔ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိတဲ့စိတ္ေတြ၊ အေတြးအႀကံေကာင္းေတြကို ႀကံစည္ေတြးေတာတာနဲ႔ ကိုယ့္ဘဝကိုယ္ ေက်နပ္တဲ့စိတ္ေတြက သတို႔သမီးေလးတို႔ကို ပိုၿပီးစိတ္ခ်မ္းသာေစမယ့္ အရာေတြပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry


#Unicode Version#
စိတ်ပင်ပန်း၊ လူပင်ပန်းမှုတွေကြောင့် စိတ်ဖိစီးတာတွေ၊ ပူပန်သောကတွေကို ခံစားရလေ့ရှိပြီး မင်္ဂလာပွဲနီးလေလေ စိတ်ဆင်းရဲ စိတ်ရှုပ်လေလေ ဖြစ်တတ်ပါတယ်

ဘဝရဲ့ အကြီးမားဆုံး အရေးပါဆုံး အပြောင်းအလဲ ဖြစ်တဲ့ မင်္ဂလာပွဲလို အချိန်မျိုးမှာ ပွဲနားနီးလေလေ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့က စိတ်ပင်ပန်း၊ လူပင်ပန်းမှုတွေကြောင့် စိတ်ဖိစီးတာတွေ၊ ပူပန်သောကတွေကို ခံစားရလေ့ရှိပြီး မင်္ဂလာပွဲနီးလေလေ စိတ်ဆင်းရဲ စိတ်ရှုပ်လေလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်ခါနီးမှာ ကြုံရတတ်တဲ့ စိတ်ဆင်းရဲမှုတွေကို အနိုင်ယူနိုင်မယ့် နည်းလမ်းကောင်းတွေကို Marry က ဝေမျှပေးချင်ပါတယ်။

ကောင်းတဲ့မှတ်ချက်တွေကို မှတ်သားပါ
မင်္ဂလာပွဲ အတွက် ကြိုတင် စီစဉ်နေတဲ့ အချိန်မျိုးမှာ စီစဉ်သင့်တာတွေ မကျန်ခဲ့စေဖို့ နေ့စဉ် မှတ်တမ်းသဘောမျိုး ရေးမှတ်ထားသင့်ပါတယ်။ အဲ့လို နေစဉ်မှတ်တမ်း လုပ်တဲ့အခါမှာတော့ တစ်နေ့တာ စီစဉ်ခဲ့သမျှရဲ့ ကောင်းတာတွေကိုပဲ ဂရုစိုက် မှတ်တမ်းတင်စေချင်ပါတယ်။ ဆိုလိုတာကတော့ အဆင်ပြေတာရော၊ မပြေတာပါ ကြုံရနိုင်ပေမယ့် အဆင်ပြေကျေနပ်ခဲ့ရတာတွေကိုပဲ မှတ်သားထားစေချင်ပါတယ်။

သာယာငြိမ့်ညောင်းတဲ့ တေးဂီတကို နားဆင်ပါ
တေးဂီတကလည်း လူ့စိတ်ကို ပြောင်းလဲစေတဲ့ အရာပါပဲ။ စိတ်ညစ်ညူး အားငယ်နေတဲ့ အချိန်မျိုးမှာ ဝမ်းနည်းစရာကောင်းတဲ့ တေးသီချင်းမျိုး နားဆင်တာ၊ စိတ်ရှုပ်ထွေး ဒေါသထွက်နေချိန်မျိုးမှာ ပေါက်ကွဲတဲ့ သီချင်းမျိုးတွေကို နားထောင်တာက စိတ်ခံစားချက်တွေကို ပိုပြီး ဆိုးဝါးစေတာကြောင့် စိတ်ကို ပျော်ရအောင် ကြည်နူးမှု ဖြစ်စေတဲ့ တေးသီချင်းမျိုးတွေကိုပဲ နားထောင်ပေးပါ။

ကောင်းတာတွေပဲ တွေးပါ၊ ကောင်းတာတွေပဲ လုပ်ပါ
တစ်ပါးသူအပေါ်မှာထားတဲ့ ကိုယ့်ရဲ့ စိတ်ကောင်း နှလုံးကောင်းလေးက ကိုယ့်ကို  ပိုပြီး စိတ်ချမ်းသာစေပါတယ်။ အတွင်းစိတ်ရဲ့ ကောင်းမွန်မှု မှန်သမျှက ကိုယ်ခံစားရသမျှကိုလည်း ကောင်းမွန်တဲ့ ခံစားချက်တွေ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့စိတ်တွေ၊ အတွေးအကြံကောင်းတွေကို ကြံစည်တွေးတောတာနဲ့ ကိုယ့်ဘဝကိုယ် ကျေနပ်တဲ့စိတ်တွေက သတို့သမီးလေးတို့ကို ပိုပြီးစိတ်ချမ်းသာစေမယ့် အရာတွေပဲ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top