ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကိုယ့္ခ်စ္သူနဲ႔ မိဘ၊ ေဆြမ်ိဳးေတြ အဆင္ေျပေစဖို႔ဆိုတာ ကိုယ့္အေပၚမွာ အမ်ားႀကီး မူတည္သလို စၿပီးေတြ႔တဲ့ ေန႔ရဲ႕ အျပဳအမူ အေျပာအဆိုေတြ ေပၚမွာလည္း မူတည္ပါတယ္ေနာ္။

ခ်စ္သူကို အိမ္က မိဘ၊ ေဆြမ်ိဳးေတြနဲ႔ ေပးေတြ႔တယ္ဆိုတာ အရမ္းကို အေရးႀကီးၿပီး ဘဝအတြက္ အေရးႀကီး အခ်က္ေတြထဲက တစ္ခုပါ။ ကိုယ့္ခ်စ္သူနဲ႔ အိမ္က မိဘ၊ ေဆြမ်ိဳးေတြ အဆင္ေျပေစဖို႔ဆိုတာ ကိုယ့္အေပၚမွာ အမ်ားႀကီး မူတည္သလို စၿပီးေတြ႔တဲ့ ေန႔ရဲ႕ အျပဳအမူ အေျပာအဆိုေတြ ေပၚမွာလည္း မူတည္ပါတယ္ေနာ္။ ခ်စ္သူကို အိမ္ကသူေတြနဲ႔ ေပးေတြ႔ေတာ့မယ္ဆိုရင္ သိထားရမယ့္ အခ်က္ေလးေတြ ေျပာျပေပးလိုက္ပါတယ္ေနာ္။

ဘယ္သူဆိုတာ ေျပာျပထားပါ
ကိုယ့္ခ်စ္သူအေၾကာင္း ဘာမွ မေျပာျပထားေသးဘဲ ခ်က္ခ်င္းႀကီး ေပးေတြ႔လိုက္တာမ်ိဳး မလုပ္ပါနဲ႔ေနာ္။ အိမ္က ေမေမ ေဖေဖတို႔ဆီ သူ႔အေၾကာင္းေတြ တီးမိေခါက္မိ ျဖစ္ေအာင္ တစ္လေလာက္ေတာ့ အခ်ိန္ယူၿပီး ေျပာျပထားပါ။ ခ်စ္သူကေတာ့ ဘယ္သူ၊ ဘာလုပ္တယ္၊ ဘယ္မွာ စၿပီး သိၾကတယ္၊ သူ႔ကိုေတာ့ ဘယ္အခ်က္ေတြ သေဘာက်မိတာ အစရွိသျဖင့္ သူ႔အေၾကာင္းေတြ နည္းနည္းေတာ့ ေျပာျပထားပါ။

ဘယ္လိုေပးေတြ႔မလဲ
ကိုယ့္ခ်စ္သူကို ေပးေတြ႔တဲ့အခါမွာလည္း ဒါသမီးခ်စ္သူပါ၊ သားခ်စ္သူပါလို႔ ခ်က္ခ်င္းႀကီး မိတ္မဆက္ေပးလိုက္ခ်င္ဘူး၊ မိဘေတြဘက္က အကဲခတ္ခ်င္တယ္ဆိုရင္ေတာ့ ေပးေတြ႔လို႔ရမယ့္ နည္းလမ္းတစ္ခုရွိပါတယ္။ အဲဒါကေတာ့ အမွတ္မထင္ ဆံုတဲ့ ပံုစံမ်ိဳးေလး ဖန္တီးရပါမယ္။ ခ်စ္သူပါလုိ႔ အိမ္ကို မေျပာထားေသးဘဲ “သူကေတာ့ မဆုိးဘူးေနာ္ ေမေမ နည္းနည္းပါးပါး အကဲခတ္ၾကည့္မလား”  ဒါမ်ိဳးေလးေမးၿပီး တစ္ေနရာရာမွာ ေတြ႔လို႔ မုန္႔ အတူတူ သြားစားရင္း စကားေျပာျဖစ္တာမ်ိဳးဆိုရင္ ပိုေကာင္းပါတယ္။ အကဲခတ္ရံု၊ စကားေျပာၾကည့္ရံု အဆင့္ပဲ ဆိုေတာ့ ႏွစ္ဦးႏွစ္ဖက္စလံုး စိတ္က်ဥ္းက်ပ္စရာ မလုိေတာ့ဘူးေပါ့။

ခ်စ္သူပါလို႔ ေျပာၿပီး ေပးေတြ႔မယ္ဆိုရင္
ခ်စ္သူပါလို႔ ေျပာၿပီး ေသခ်ာ ေပးေတြ႔မယ္ဆိုရင္ေတာ့ ႀကိဳတင္ျပင္ဆင္ထားရမယ့္ အခ်က္ေတြမ်ားပါတယ္။ နံပါတ္တစ္ကေတာ့ ဘယ္ေနရာမွာ ေတြ႔မလဲ ဆိုတာပါ။ အိမ္မွာပဲ လက္ခံစကားေျပာမလား၊ ဒါမွမဟုတ္ အျပင္မွာလားေပါ့။ ဒါမ်ိဳး ႀကိဳတင္ျပင္ဆင္ထားရပါမယ္။ ေနာက္တစ္ခုကေတာ့ ကိုယ့္ရဲ႕ ခ်စ္သူကို သင္ထားေပးရမွာပါ။ အိမ္က လူႀကီးေတြ မႀကိဳက္တဲ့ အခ်က္ေတြ မေျပာမိေစဖုိ႔ ႀကိဳေျပာထားရပါမယ္ေနာ္။ မဟုတ္ရင္ တစ္ႀကိမ္တည္း အမွတ္ေတြ ေလ်ာ့သြားမွာပါ။ အိမ္က လူႀကီးေတြ ဘယ္အရာကိုႀကိဳက္ၿပီး ဘယ္အရာေတြကို မႀကိဳက္ဘူးဆိုတာလည္း ေျပာျပထားပါ။ ဒါမွ စကားေျပာၾကည့္တဲ့အခါ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပမွာပါ။

အိမ္ကမိဘေတြနဲ႔ ခ်စ္သူနဲ႔ ေပးေတြ႔ၿပီဆိုရင္
ယဥ္ယဥ္ေက်းေက်း ပ်ဴပ်ဴ ဆက္ဆံတတ္ဖို႔နဲ႔ မိဘေတြကို ဦးစားေပးဖို႔ ႀကိဳတင္ျပင္ဆင္ထားပါေနာ္။ ခ်စ္သူက အရင္ေစာင့္ေနတယ္ဆိုလည္း မိဘေတြ လာတဲ့အခါ မတ္တပ္ရပ္ ျပံဳးျပၿပီး ဦးဦး၊ ေဒၚေဒၚထိုင္ပါ ခင္ဗ် ဒါမ်ိဳးေလးေတြ ေလာကြတ္လုပ္ၿပီး ေျပာတတ္ဖုိ႔ ႀကိဳတင္ သင္ထားေပးေနာ္။ ၿပီးေတာ့ မိဘေတြေရွ႕ေရာက္တဲ့အခါမွာ ႏွစ္ေယာက္က နည္းနည္းခြာခြာေလး ေနပါ။ ခံုမွာ ေနရာယူတာက အစ ခ်စ္သူႏွစ္ဦးက တတြဲတြဲလုပ္ေနၿပီး မိဘေတြကို ေမ့ထားတာမ်ိဳးဆိုရင္ မိဘေတြ ႀကိဳက္မွာ မဟုတ္ပါဘူးေနာ္။ ဒါေၾကာင့္ မိဘေတြနဲ႔ ေတြ႔တဲ့အခါ ဘယ္လိုစကားေျပာမယ္ဆိုတာ ႀကိဳတင္ျပင္ဆင္ထားပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry


#Unicode Version#

ကိုယ့်ချစ်သူနဲ့ မိဘ၊ ဆွေမျိုးတွေ အဆင်ပြေစေဖို့ဆိုတာ ကိုယ့်အပေါ်မှာ အများကြီး မူတည်သလို စပြီးတွေ့တဲ့ နေ့ရဲ့ အပြုအမူ အပြောအဆိုတွေ ပေါ်မှာလည်း မူတည်ပါတယ်နော်။

ချစ်သူကို အိမ်က မိဘ၊ ဆွေမျိုးတွေနဲ့ ပေးတွေ့တယ်ဆိုတာ အရမ်းကို အရေးကြီးပြီး ဘဝအတွက် အရေးကြီး အချက်တွေထဲက တစ်ခုပါ။ ကိုယ့်ချစ်သူနဲ့ အိမ်က မိဘ၊ ဆွေမျိုးတွေ အဆင်ပြေစေဖို့ဆိုတာ ကိုယ့်အပေါ်မှာ အများကြီး မူတည်သလို စပြီးတွေ့တဲ့ နေ့ရဲ့ အပြုအမူ အပြောအဆိုတွေ ပေါ်မှာလည်း မူတည်ပါတယ်နော်။ ချစ်သူကို အိမ်ကသူတွေနဲ့ ပေးတွေ့တော့မယ်ဆိုရင် သိထားရမယ့် အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်နော်။

ဘယ်သူဆိုတာ ပြောပြထားပါ
ကိုယ့်ချစ်သူအကြောင်း ဘာမှ မပြောပြထားသေးဘဲ ချက်ချင်းကြီး ပေးတွေ့လိုက်တာမျိုး မလုပ်ပါနဲ့နော်။ အိမ်က မေမေ ဖေဖေတို့ဆီ သူ့အကြောင်းတွေ တီးမိခေါက်မိ ဖြစ်အောင် တစ်လလောက်တော့ အချိန်ယူပြီး ပြောပြထားပါ။ ချစ်သူကတော့ ဘယ်သူ၊ ဘာလုပ်တယ်၊ ဘယ်မှာ စပြီး သိကြတယ်၊ သူ့ကိုတော့ ဘယ်အချက်တွေ သဘောကျမိတာ အစရှိသဖြင့် သူ့အကြောင်းတွေ နည်းနည်းတော့ ပြောပြထားပါ။

ဘယ်လိုပေးတွေ့မလဲ
ကိုယ့်ချစ်သူကို ပေးတွေ့တဲ့အခါမှာလည်း ဒါသမီးချစ်သူပါ၊ သားချစ်သူပါလို့ ချက်ချင်းကြီး မိတ်မဆက်ပေးလိုက်ချင်ဘူး၊ မိဘတွေဘက်က အကဲခတ်ချင်တယ်ဆိုရင်တော့ ပေးတွေ့လို့ရမယ့် နည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ အမှတ်မထင် ဆုံတဲ့ ပုံစံမျိုးလေး ဖန်တီးရပါမယ်။ ချစ်သူပါလို့ အိမ်ကို မပြောထားသေးဘဲ “သူကတော့ မဆိုးဘူးနော် မေမေ နည်းနည်းပါးပါး အကဲခတ်ကြည့်မလား”  ဒါမျိုးလေးမေးပြီး တစ်နေရာရာမှာ တွေ့လို့ မုန့် အတူတူ သွားစားရင်း စကားပြောဖြစ်တာမျိုးဆိုရင် ပိုကောင်းပါတယ်။ အကဲခတ်ရုံ၊ စကားပြောကြည့်ရုံ အဆင့်ပဲ ဆိုတော့ နှစ်ဦးနှစ်ဖက်စလုံး စိတ်ကျဉ်းကျပ်စရာ မလိုတော့ဘူးပေါ့။

ချစ်သူပါလို့ ပြောပြီး ပေးတွေ့မယ်ဆိုရင်
ချစ်သူပါလို့ ပြောပြီး သေချာ ပေးတွေ့မယ်ဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေများပါတယ်။ နံပါတ်တစ်ကတော့ ဘယ်နေရာမှာ တွေ့မလဲ ဆိုတာပါ။ အိမ်မှာပဲ လက်ခံစကားပြောမလား၊ ဒါမှမဟုတ် အပြင်မှာလားပေါ့။ ဒါမျိုး ကြိုတင်ပြင်ဆင်ထားရပါမယ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ချစ်သူကို သင်ထားပေးရမှာပါ။ အိမ်က လူကြီးတွေ မကြိုက်တဲ့ အချက်တွေ မပြောမိစေဖို့ ကြိုပြောထားရပါမယ်နော်။ မဟုတ်ရင် တစ်ကြိမ်တည်း အမှတ်တွေ လျော့သွားမှာပါ။ အိမ်က လူကြီးတွေ ဘယ်အရာကိုကြိုက်ပြီး ဘယ်အရာတွေကို မကြိုက်ဘူးဆိုတာလည်း ပြောပြထားပါ။ ဒါမှ စကားပြောကြည့်တဲ့အခါ နှစ်ဦးနှစ်ဖက် အဆင်ပြေမှာပါ။

အိမ်ကမိဘတွေနဲ့ ချစ်သူနဲ့ ပေးတွေ့ပြီဆိုရင်
ယဉ်ယဉ်ကျေးကျေး ပျူပျူ ဆက်ဆံတတ်ဖို့နဲ့ မိဘတွေကို ဦးစားပေးဖို့ ကြိုတင်ပြင်ဆင်ထားပါနော်။ ချစ်သူက အရင်စောင့်နေတယ်ဆိုလည်း မိဘတွေ လာတဲ့အခါ မတ်တပ်ရပ် ပြုံးပြပြီး ဦးဦး၊ ဒေါ်ဒေါ်ထိုင်ပါ ခင်ဗျ ဒါမျိုးလေးတွေ လောကွတ်လုပ်ပြီး ပြောတတ်ဖို့ ကြိုတင် သင်ထားပေးနော်။ ပြီးတော့ မိဘတွေရှေ့ရောက်တဲ့အခါမှာ နှစ်ယောက်က နည်းနည်းခွာခွာလေး နေပါ။ ခုံမှာ နေရာယူတာက အစ ချစ်သူနှစ်ဦးက တတွဲတွဲလုပ်နေပြီး မိဘတွေကို မေ့ထားတာမျိုးဆိုရင် မိဘတွေ ကြိုက်မှာ မဟုတ်ပါဘူးနော်။ ဒါကြောင့် မိဘတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုစကားပြောမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားပါနော်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top