ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကုိယ္နဲ႔လက္တြဲေနတဲ႔ခ်စ္သူက ကုိယ့္ကုိခ်စ္တယ္ေျပာျပီး ေဖာက္ျပန္တာ လိမ္ညာတာမ်ိဳးၾကံဳခဲ႔ဖူးရင္ သူတုိ႔ဘာလို႔ဒီလုိ လုပ္ရတာလဲ၊ဘာလုိ႔လိမ္ညာရတာလဲဆုိတာကုိသိခ်င္ၾကမယ္ထင္ပါတယ္။ကုိယ့္ကုိလည္းခ်စ္တယ္ေျပာခဲ႔ေသး ေဖာက္လည္းေဖာက္ျပန္ေသး ဘာလုိ႔လဲေပါ့။သူတုိ႔ေတြ လိမ္ညာရတဲ႔အေၾကာင္းက ဒီအေၾကာင္းတရားေတြထဲက တစ္ခ်က္ျဖစ္ႏုိင္ပါတယ္။

သူ႔အေၾကာင္းကုိ ကုိယ္အရမ္းသိေနလုိ႔

ကိုယ္ဟာ သူဘာမွားေနတယ္၊ဘာက သူ႔အားနည္းခ်က္လဲသိေနမယ္။သူဘာလုပ္ရင္ေပ်ာ္ရႊင္တယ္၊သူ႔အလုပ္နဲ႔ပတ္သက္ျပီး စိတ္တုိင္းက်တယ္မက်ဘူးဆုိတာကုိယ္က အကဲခတ္မိ၊ရိပ္မိေနတဲ႔အခါသူတုိ႔က ေဖာကျ္ပန္တတ္ၾကတယ္။ဘာလုိ႔လဲဆုိေတာ့ တစ္ခ်ိဳ႔ေသာေယာက်္ားေလးေတြဟာ ကမာၻေပၚမွာသူတုိ႔သည္သာ အစြမ္းအစရွိတယ္လုိ႔သတ္မွတ္ထားၾကတယ္။ဒါေပမဲ႔ သူတုိ႔ကုိအစအဆံုးနားလည္ေနတဲ႔ မိန္းကေလးနဲ႔ေတြ႔တဲ႔အခါမွာေတာ့ သူတုိ႔မွာ ကုိယ့္ကိုယ့္ကုိယ္ယံုၾကည္စိတ္ေတြေပ်ာက္္ဆံုး၊စိတ္ေတြမလံုျခံဳျဖစ္ျပီး သူတုိ႔အေၾကာင္းကုိေသခ်ာနားမလည္၊ေကာင္းေကာင္းမသိပဲ သူတုိ႔ကုိအားကုိးတၾကီးယံုၾကည္ၾကတဲ႔မိန္းကေလးကုိသာ ရွာလာၾကတယ္။

ေရရွည္လက္တြဲဖုိ႔စိတ္ကူးမရွိခဲ႔လို႔

တစ္ခ်ိဳ႔ေယာက်္ားေလးေတြဟာ ဒီမိန္းကေလးနဲ႔ခ်စ္သူျဖစ္ျပီးရင္ ေရရွည္လက္တြဲႏုိင္ေအာင္ ဒီအခ်စ္ေရးကုိထိန္းသိမ္းသြားၾကတယ္ဆုိေပမဲ႔ တစ္ခိ်ဳ႔ကေတာ့စတြဲကတည္းက အနာဂတ္အတြက္စိတ္ကူးမရွိၾကပါဘူး။မိန္းကေလးဘက္က အတည္ခ်စ္ေပမဲ႔သူတုိ႔ကစိတ္၀င္စားရံုေလာက္ပဲရွိတဲ႔အခါမ်ိဳးေတြမွာ လိမ္ညာတတ္ၾကပါတယ္။လြယ္လြယ္ကူကူထားခဲ႔လုိ႔ရတယ္ဆုိတဲ့အေတြးနဲ႔ တစ္ျခားမိိန္းကေလးေတြကုိပါ ခ်ဥ္းကပ္တာမ်ိဳးပါ။သူဟာ ကုိယ့္အေပၚေရရွည္လက္တြဲမယ္။လက္ထပ္မယ္ဆုိတဲ႔အေတြးမ်ိဳးရွိရင္ တစ္ျခားမိန္းကေလးတစ္ေယာက္ရဲ႔ ျဖားေယာင္းမႈကုိ လြယ္လြယ္နဲ႔ပါသြားမွာမဟုတ္သလုိသူကုိယ္တုိင္ကလည္း ဒီအခ်စ္ေရးကုိဖ်က္ဆီးမွာမဟုတ္ပါဘူး။

မရင့္က်က္ေသးလုိ႔

ကုိယ္နဲ႔ခ်စ္သူျဖစ္တယ္ဆုိေပမ႔ဲ သူကမရင့္က်က္ေသးတဲ့အခါ အခုသူရေနတဲ႔အခ်စ္က အခ်စ္စစ္လား၊တကယ္ျမဲမယ့္အခ်စ္ေရးလားဆုိတာ ေ၀ခြဲမရျဖစ္တတ္ပါတယ္။အဲ႔ဒီအခါ ကုိယ္မသိေလာက္ဘူးအထင္နဲ႔ ကုိယ့္ထက္သာမယ္ထင္တဲ႔ ကုိယ့္ဆီကရတဲ့အခ်စ္ထက္ပုိသာမယ္ထင္တဲ႔ သူကုိရွာေဖြၾကည့္ၾကတယ္။

နဂိုကတည္းက လူလိမ္ျဖစ္ေနလုိ႔

ကုိယ့္က်မွခ်စ္တယ္မဟုတ္ပဲ တစ္ျခားလူေတြကုိပါ လြယ္လြယ္နဲ႔ခ်စ္တယ္ေျပာလာတဲ႔လူတစ္ေယာက္အဖုိ႔ လိမ္ညာတယ္ဆုိတာ မဆန္းေတာ့ပါဘူး။သူ႔အေနနဲ႔ စိတ္၀င္စားရံုသက္သက္ ခ်စ္တယ္ေျပာျပီး တြဲခဲ႔ေပမဲ႔ ကုိယ္ေတြဘက္က တကယ္ခ်စ္မိသြားတဲ႔အခါ သူတုိ႔ရဲ႔ လုပ္ရပ္က စိတ္နာစရာျဖစ္သြားပါတယ္။သူ႔ကုိေသခ်ာလက္မခံခင္ သူ႔ကုိအရမ္းမခ်စ္မိသြားခင္ သူနဲ႔ပတ္သက္လုိ႔ နည္းနည္းပါးပါးေလ့လာထားသင့္ပါတယ္။ကုိယ့္အေပၚမေကာင္းမွန္းသိရက္နဲ႔ေရွ႔ဆက္တုိးမယ္ဆုိရင္ေတာ့ ကုိယ့္အခ်စ္နဲ႔ကုိယ္ လွလွပပက်ဆံုးတာပါပဲ။

သူေတာင္းဆုိသေလာက္ ကုိယ္မလုိက္ေလ်ာေပးလုိ႔

ခ်စ္သူေတြဆုိတာ ႏွစ္ဦးႏွစ္ဖက္အဆင္မေျပတာကုိ ညိႏိႈင္းမွ ေရွ႔ဆက္သြားလုိ႔ရတာပါ။အဲ႔ဒီလုိမဟုတ္ပဲ သူ႔ဘက္ကမျဖစ္ႏုိင္တာကုိေတာင္းဆုိလုိ႔ကုိယ္ကျငင္းတဲ႔အခါ ဒါကသူတုိ႔အတြက္စိတ္ခုစရာျဖစ္သြားျပီး သူတုိ႔လိုခ်င္တာေပးႏုိင္တဲ႔မိန္းကေလးကုိရွာေဖြေလ့ရွိၾကပါတယ္။၂၄နာရီလံုး သူ႔အနားမွာ အခ်ိန္ျပည့္ရွိေနခိုင္းတာမ်ိဳး၊သူလုိအပ္တဲ႔အခိ်န္ခ်က္ခ်င္းေရာက္လာဆိုတာမ်ိဳး တစ္နည္းအားျဖင့္အတၱၾကီးတဲ႔ေယာက်္ားေလးမ်ိဳးဟာသူတုိ႔အေပၚမွာ အင္မတိအင္မတန္နားလည္လိုက္ေလ်ာေပးတတ္တဲ႔၊အားေပ်ာ့တဲ႔မိန္းကေလးမ်ိဳးနဲ႔သာ ပုိျပီးအဆင္ေျပႏုိင္ပါတယ္။သူကုိယ့္အေပၚလိုသလိုထိန္းခ်ဳပ္လို႔မရတဲ႔အခါမ်ိဳးမွာ သူ႔ဘက္က လမ္းခဲြစကားေျပာလာတာျဖစ္ေစ၊တစ္ျခားမိန္းကေလးတစ္ေယာက္နဲ႔ဇာတ္လမ္းလုပ္တာမ်ိဳးျဖစ္ေစ လုပ္လာႏုိင္ပါတယ္။လမ္းခြဲစကားမေျပာပဲ ေဖာက္ျပန္တယ္ဆုိရင္ ဒါက သူဟာ အေတာ္ေလးအတၱၾကီးလုိ႔ပါပဲ။အခ်စ္ကုိလည္းလက္မလႊတ္ႏုိင္၊သူလုိသလိုထိန္းခ်ဳပ္လုိ႔ရတဲ႔မိန္းကေလးကုိလည္းလက္မလႊတ္ႏုိင္တာမ်ိဳးေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

ကိုယ်နဲ့လက်တွဲနေတဲ့ချစ်သူက ကိုယ့်ကိုချစ်တယ်ပြောပြီး ဖောက်ပြန်တာ လိမ်ညာတာမျိုးကြုံခဲ့ဖူးရင် သူတို့ဘာလို့ဒီလို လုပ်ရတာလဲ၊ဘာလို့လိမ်ညာရတာလဲဆိုတာကိုသိချင်ကြမယ်ထင်ပါတယ်။ကိုယ့်ကိုလည်းချစ်တယ်ပြောခဲ့သေး ဖောက်လည်းဖောက်ပြန်သေး ဘာလို့လဲပေါ့။သူတို့တွေ လိမ်ညာရတဲ့အကြောင်းက ဒီအကြောင်းတရားတွေထဲက တစ်ချက်ဖြစ်နိုင်ပါတယ်။

သူ့အကြောင်းကို ကိုယ်အရမ်းသိနေလို့

ကိုယ်ဟာ သူဘာမှားနေတယ်၊ဘာက သူ့အားနည်းချက်လဲသိနေမယ်။သူဘာလုပ်ရင်ပျော်ရွှင်တယ်၊သူ့အလုပ်နဲ့ပတ်သက်ပြီး စိတ်တိုင်းကျတယ်မကျဘူးဆိုတာကိုယ်က အကဲခတ်မိ၊ရိပ်မိနေတဲ့အခါသူတို့က ဖောြက်ပန်တတ်ကြတယ်။ဘာလို့လဲဆိုတော့ တစ်ချို့သောယောကျ်ားလေးတွေဟာ ကမ္ဘာပေါ်မှာသူတို့သည်သာ အစွမ်းအစရှိတယ်လို့သတ်မှတ်ထားကြတယ်။ဒါပေမဲ့ သူတို့ကိုအစအဆုံးနားလည်နေတဲ့ မိန်းကလေးနဲ့တွေ့တဲ့အခါမှာတော့ သူတို့မှာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်စိတ်တွေပျောက်ဆုံး၊စိတ်တွေမလုံခြုံဖြစ်ပြီး သူတို့အကြောင်းကိုသေချာနားမလည်၊ကောင်းကောင်းမသိပဲ သူတို့ကိုအားကိုးတကြီးယုံကြည်ကြတဲ့မိန်းကလေးကိုသာ ရှာလာကြတယ်။

ရေရှည်လက်တွဲဖို့စိတ်ကူးမရှိခဲ့လို့

တစ်ချို့ယောကျ်ားလေးတွေဟာ ဒီမိန်းကလေးနဲ့ချစ်သူဖြစ်ပြီးရင် ရေရှည်လက်တွဲနိုင်အောင် ဒီအချစ်ရေးကိုထိန်းသိမ်းသွားကြတယ်ဆိုပေမဲ့ တစ်ချို့ကတော့စတွဲကတည်းက အနာဂတ်အတွက်စိတ်ကူးမရှိကြပါဘူး။မိန်းကလေးဘက်က အတည်ချစ်ပေမဲ့သူတို့ကစိတ်ဝင်စားရုံလောက်ပဲရှိတဲ့အခါမျိုးတွေမှာ လိမ်ညာတတ်ကြပါတယ်။လွယ်လွယ်ကူကူထားခဲ့လို့ရတယ်ဆိုတဲ့အတွေးနဲ့ တစ်ခြားမိန်းကလေးတွေကိုပါ ချဉ်းကပ်တာမျိုးပါ။သူဟာ ကိုယ့်အပေါ်ရေရှည်လက်တွဲမယ်။လက်ထပ်မယ်ဆိုတဲ့အတွေးမျိုးရှိရင် တစ်ခြားမိန်းကလေးတစ်ယောက်ရဲ့ ဖြားယောင်းမှုကို လွယ်လွယ်နဲ့ပါသွားမှာမဟုတ်သလိုသူကိုယ်တိုင်ကလည်း ဒီအချစ်ရေးကိုဖျက်ဆီးမှာမဟုတ်ပါဘူး။

မရင့်ကျက်သေးလို့

ကိုယ်နဲ့ချစ်သူဖြစ်တယ်ဆိုပေမဲ့ သူကမရင့်ကျက်သေးတဲ့အခါ အခုသူရနေတဲ့အချစ်က အချစ်စစ်လား၊တကယ်မြဲမယ့်အချစ်ရေးလားဆိုတာ ဝေခွဲမရဖြစ်တတ်ပါတယ်။အဲ့ဒီအခါ ကိုယ်မသိလောက်ဘူးအထင်နဲ့ ကိုယ့်ထက်သာမယ်ထင်တဲ့ ကိုယ့်ဆီကရတဲ့အချစ်ထက်ပိုသာမယ်ထင်တဲ့ သူကိုရှာဖွေကြည့်ကြတယ်။

နဂိုကတည်းက လူလိမ်ဖြစ်နေလို့

ကိုယ့်ကျမှချစ်တယ်မဟုတ်ပဲ တစ်ခြားလူတွေကိုပါ လွယ်လွယ်နဲ့ချစ်တယ်ပြောလာတဲ့လူတစ်ယောက်အဖို့ လိမ်ညာတယ်ဆိုတာ မဆန်းတော့ပါဘူး။သူ့အနေနဲ့ စိတ်ဝင်စားရုံသက်သက် ချစ်တယ်ပြောပြီး တွဲခဲ့ပေမဲ့ ကိုယ်တွေဘက်က တကယ်ချစ်မိသွားတဲ့အခါ သူတို့ရဲ့ လုပ်ရပ်က စိတ်နာစရာဖြစ်သွားပါတယ်။သူ့ကိုသေချာလက်မခံခင် သူ့ကိုအရမ်းမချစ်မိသွားခင် သူနဲ့ပတ်သက်လို့ နည်းနည်းပါးပါးလေ့လာထားသင့်ပါတယ်။ကိုယ့်အပေါ်မကောင်းမှန်းသိရက်နဲ့ရှေ့ဆက်တိုးမယ်ဆိုရင်တော့ ကိုယ့်အချစ်နဲ့ကိုယ် လှလှပပကျဆုံးတာပါပဲ။

သူတောင်းဆိုသလောက် ကိုယ်မလိုက်လျောပေးလို့

ချစ်သူတွေဆိုတာ နှစ်ဦးနှစ်ဖက်အဆင်မပြေတာကို ညိနှိုင်းမှ ရှေ့ဆက်သွားလို့ရတာပါ။အဲ့ဒီလိုမဟုတ်ပဲ သူ့ဘက်ကမဖြစ်နိုင်တာကိုတောင်းဆိုလို့ကိုယ်ကငြင်းတဲ့အခါ ဒါကသူတို့အတွက်စိတ်ခုစရာဖြစ်သွားပြီး သူတို့လိုချင်တာပေးနိုင်တဲ့မိန်းကလေးကိုရှာဖွေလေ့ရှိကြပါတယ်။၂၄နာရီလုံး သူ့အနားမှာ အချိန်ပြည့်ရှိနေခိုင်းတာမျိုး၊သူလိုအပ်တဲ့အချိန်ချက်ချင်းရောက်လာဆိုတာမျိုး တစ်နည်းအားဖြင့်အတ္တကြီးတဲ့ယောကျ်ားလေးမျိုးဟာသူတို့အပေါ်မှာ အင်မတိအင်မတန်နားလည်လိုက်လျောပေးတတ်တဲ့၊အားပျော့တဲ့မိန်းကလေးမျိုးနဲ့သာ ပိုပြီးအဆင်ပြေနိုင်ပါတယ်။သူကိုယ့်အပေါ်လိုသလိုထိန်းချုပ်လို့မရတဲ့အခါမျိုးမှာ သူ့ဘက်က လမ်းခွဲစကားပြောလာတာဖြစ်စေ၊တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ဇာတ်လမ်းလုပ်တာမျိုးဖြစ်စေ လုပ်လာနိုင်ပါတယ်။လမ်းခွဲစကားမပြောပဲ ဖောက်ပြန်တယ်ဆိုရင် ဒါက သူဟာ အတော်လေးအတ္တကြီးလို့ပါပဲ။အချစ်ကိုလည်းလက်မလွှတ်နိုင်၊သူလိုသလိုထိန်းချုပ်လို့ရတဲ့မိန်းကလေးကိုလည်းလက်မလွှတ်နိုင်တာမျိုးပေါ့။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top