ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အေမရိကန္ျပည္ေထာင္စု ဆီရက္တဲလ္တြင္ေနထိုင္သူျဖစ္ၿပီး၊ ရာသီဥတု ေျပာင္းလဲမႈအတြက္ တိုက္ပြဲဝင္ေနသူတစ္ဦးျဖစ္သည္။ Zero Hour ဆိုသည့္အဖြဲ႔ကို ထူေထာင္ထားၿပီး အသက္က ၁၆ ႏွစ္သာရွိေသးသည္။

ယမန္ႏွစ္က ေဂ်မီဖုန္းတြင္ သတိေပးခ်က္ေတြ မၾကာခဏ ဝင္လာသည္။ ကိုလံဘီယာတြင္ ေျမၿပိဳမႈမ်ားျဖစ္၊ ဟာေဗးမုန္တိုင္းဝင္မည္၊ မာရီယာမုန္တိုင္း ဝင္မည္ဆိုသည့္သတင္းမ်ားျဖစ္သည္။ သတင္းေတြက သူေနထိုင္ရာ ေဒသႏွင့္ မေဝးေသာေနရာမ်ား ျဖစ္ေနသည္။ ဆီရင္တဲလ္ၿမိဳ႕ေပၚတြင္လည္း ကေနဒါႏိုင္ငံဘက္က ေတာမီးေၾကာင့္ မီးခိုးေတြ အၿမဲအံု႔မိႈင္းေနသည္။ ရာသီဥတုေတြကဆိုးလာၿပီ။ သူဘာလုပ္သင့္သနည္း။ သူတစ္ခုခု လုပ္ရန္ဆံုးျဖတ္လိုက္သည္။

“ကၽြန္မစိတ္ထဲမွာ ဒီကိစၥကို လူငယ္ေတြအေနနဲ႔ တစ္ခုခုလႈပ္ရွားသင့္တယ္လို႔ ထင္တယ္။ အဲဒီ ရာသီဥတု ေျပာင္းလဲေနမႈကို လႈပ္ရွားေနတဲ့ အဖြဲ႔တစ္ဖြဲ႔ရွိတယ္ဆိုတာလည္း သိတယ္။ ဒါေပမဲ့ အဲဒီကို ကၽြန္မ မသြားရဲဘူး။ ကၽြန္မက ကိုယ့္ကိုယ္ကိုယ္ သိပ္ငယ္ေသးတယ္ ထင္ေနတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ေႏြရာသီကေတာ့ ကၽြန္မတစ္ခုခု လႈပ္ရွားမွျဖစ္မယ္ဆိုၿပီး ဆံုးျဖတ္လိုက္တယ္”ဟု သူကဆိုသည္။

သူက ဆိုရွယ္မီဒီယာျဖစ္သည့္ Instagram ကတစ္ဆင့္ သူငယ္ခ်င္းမ်ားထံ စာေတြပို႔သည္။ ပရင့္စ္တန္ ေႏြရာသီစခန္းတြင္ ေတြ႔ခဲ့ဖူးသည့္သူငယ္ခ်င္းေတြ အားလံုးထံ စာပို႔သည္။ သူက Zero Hour ဆိုသည့္အဖြဲ႔ကို ထူေထာင္လိုက္ၿပီ။ ရာသီဥတု ေျပာင္းလဲေနမႈႏွင့္ပတ္သက္ၿပီး အစိုးရကို သတိေပးေနမည့္ လႈပ္ရွားမႈတစ္ခုကို သူတို႔စတင္လိုက္ၿပီျဖစ္သည္။

“ကၽြန္မတို႔ လႈပ္ရွားမႈဟာ ေကာက္႐ိုးမီး မဟုတ္ဘူး။ Zero Hour ဆိုတာ အခ်ိန္ေတြကို ယူၿပီးေတာ့ တည္ေဆာက္သြားမွာ၊ ေန႔တိုင္းတည္ေဆာက္ရင္း အေဆာက္အအံုႀကီးတစ္ခု ျဖစ္လာေအာင္လုပ္မွာ”ဟု သူက ခံယူခ်က္ႏွင့္ေျပာသည္။ သူတို႔က အျခားအဖြဲ႔အစည္းမ်ားျဖစ္သည့္ Women’s March အဖြဲ႔ႏွင့္ Dakota Access Pipeline အဖြဲ႔မ်ားႏွင့္ပါ ဆက္သြယ္ခဲ့သည္။

၂၀၁၈ ခုႏွစ္ ဇူလိုင္လတြင္ Zero Hour အဖြဲ႔သည္ ဝါရွင္တန္ဒီစီတြင္ လူငယ္လႈပ္ရွားမႈကို စတင္လုပ္ေဆာင္ခဲ့သည္။ သူတို႔၏ အမာခံလူငယ္ ၂၅ ဦး ႏွင့္ ျပည္နယ္မ်ားကိုျဖတ္သန္းၿပီး ဆႏၵျပရန္စီစဥ္ေနသည္။ သူတို႔က တြင္းထြက္သဘာဝေလာင္စာမ်ားကို အသံုးမျပဳေရးအတြက္ ကန္႔ကြက္ၾကမည္ျဖစ္သည္။ ျပည္နယ္အစိုးရအဖြဲ႔ဝင္ သူေဌးႀကီးမ်ားက တြင္းထြက္ေလာင္စာကုမၸဏီႀကီးမ်ားကို ပိုင္ဆိုင္ေနၾကသျဖင့္ သူတို႔က ျပည္နယ္အႏွံ႔ ခ်ီတက္ဆႏၵျပၾကရမည့္ အေရးမွာ ေပါ့ေသးေသးမဟုတ္ေၾကာင္း နားလည္ထားၿပီးလည္းျဖစ္သည္။

လူငယ္မ်ားသည္ ရာသီဥတုေျပာင္းလဲေနမႈမ်ားကို မည္မွ်အေလးထားၿပီး ေဆာင္႐ြက္ေနသည္ဆိုျခင္းကို သူတို႔က သိေစခ်င္သည္။

“ေရခဲျပင္ေတြၿပိဳၿပီး ဒုကၡေရာက္ေနတဲ့ ပိုလာဝက္ဝံေတြရဲ႕ ဘဝဟာ ဝမ္းနည္းစရာေကာင္း႐ံုမကပါဘူး။ ျပည္သူေတြနဲ႔ ကေလးေတြရဲ႕ အနာဂတ္အတြက္ပါ ကၽြန္မတို႔ဆႏၵျပေနတာပါ။ လူေတြက ရာသီဥတု ေျပာင္းလဲကုန္ၿပီလားလို႔ ေမးလိုက္ခ်ိန္မွာ ေနာက္က်ေနၿပီ။ ဒါေၾကာင့္ ကၽြန္မတို႔က အခ်ိန္မရွိေတာ့ဘူး (Zero Hour) ကို ေရာက္ေနၿပီလို႔ ေျပာခ်င္လို႔ ဆႏၵျပေနၾကတာပါ”ဟု ေဂ်မီကဆိုသည္။

ေဂ်မီက ရာသီဥတုေျပာင္းလဲေနျခင္းကို မိမိတို႔ေခတ္အတြက္ အေျဖရွာရမည့္ အခ်ိန္ကာလတစ္ခုကို ေရာက္ေနၿပီျဖစ္ေၾကာင္း၊ ရာသီဥတုေျပာင္းလဲျခင္းက လူတိုင္းကို သက္ေရာက္မႈရွိေနၿပီး၊ လူေတြ ေသာက္ေနၾကသည့္ ေရမ်ားအေပၚတြင္ပါ သံသယျဖစ္စရာ ေကာင္းလာသည္ဟု ရွင္းျပေနသည္။

“လူေတြက ကၽြန္မတို႔ အနာဂတ္ကို ေမးၾကတယ္။ ကၽြန္မတို႔ကမၻာႀကီးဟာ ေနထိုင္ဖို႔ သာယာတဲ့ေနရာတစ္ေနရာ၊ သာယာတဲ့ကမၻာ မျဖစ္ႏိုင္ေတာ့ဘူး။ ေနာက္ႏွစ္အနည္းငယ္အတြင္း ကၽြန္မတို႔ မ်ိဳးဆက္သစ္ေတြဟာ ရာသီဥတုေျပာင္းလဲမႈရဲ႕ အက်ိဳးဆက္ေတြကို ခံစားရေတာ့မယ္”ဟု သူကသတိေပးသည္။

အ႐ြယ္ႏွင့္မလိုက္ စင္ေပၚတက္လာသည့္ ေဂ်မီတစ္ေယာက္ စိတ္ထက္သန္စြာျဖင့္ တိုက္ပြဲဝင္ေနသည္။ သူက -

“အနာဂတ္ မ်ိဳးဆက္သစ္မ်ား ၿငိမ္းခ်မ္းစြာ ေနထိုင္ႏိုင္ေရးအတြက္”ဟုဆိုသည္။

နက္တီဝစ္ ခ်ိဳတီဖက္ဖိုင္ဆယ္ (Netiwit Chotiphatphaisal)

နက္တီဝစ္သည္ အသက္ ၂၁ ႏွစ္သာ ရွိေသးသည္။ သူသည္ ထိုင္းႏိုင္ငံတြင္ လြတ္လပ္စြာေျပာဆိုခြင့္အတြက္ တိုက္ပြဲဝင္ေနသည့္ လူငယ္ေက်ာင္းသားတစ္ဦးျဖစ္သည္။ အသက္ ၁၄ ႏွစ္အ႐ြယ္တြင္ နက္တီဝစ္သည္ ထိုင္းလူငယ္ ေက်ာင္းသားလႈပ္ရွားမႈအတြင္းသို႔ မထင္မွတ္ဘဲ ဝင္ေရာက္ခဲ့ရသူျဖစ္သည္။ တိုင္းျပည္အတြင္း စစ္တပ္က အာဏာသိမ္းထားၿပီးေနာက္ ႏိုင္ငံအတြင္း၌လည္း ဆူပူအၾကမ္းဖက္မႈမ်ား က်ဆင္းသြားသည္မရွိ ႏိုင္ငံသမိုင္းတြင္ အဆိုးဝါးဆံုး ရက္စက္မႈမ်ားကို ျပည္သူတို႔ ရင္ဆိုင္ေနရသည္ဟုခံယူကာ ယံုၾကည္ခ်က္ျဖင့္ လႈပ္ရွားေနျခင္းျဖစ္သည္။

သူက ထိုင္းျပည္သူတို႔အေပၚ စိုးမိုးအုပ္ခ်ဳပ္ေနသည့္ စစ္တပ္အာဏာရွင္ေခါင္းေဆာင္မ်ားအေပၚ မႏွစ္သက္။ အသက္က ၂၁ ႏွစ္သာရွိေသးၿပီး ခ်ဴလာေလာင္ကြန္တကၠသိုလ္တြင္ ႏိုင္ငံေရးသိပၸံတန္းကို တက္ခဲ့ဖူးသည္။ သူက ယခု သူငယ္ခ်င္းေတြႏွင့္အတူ ထိုင္းႏိုင္ငံ ပညာေရးျပဳျပင္ေျပာင္းလဲေရး၊ ဒီမိုကေရစီအေရးႏွင့္ လြတ္လပ္စြာ ေျပာဆိုခြင့္ရရွိေရးတို႔အတြက္ တိုက္ပြဲဝင္ရန္ ဆံုးျဖတ္ထားသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ လြတ္လပ္ၿပီး တရားမွ်တတာကိုပဲ လိုခ်င္တယ္။ ျပည္သူတိုင္း လြတ္လပ္စြာ ေျပာဆိုခြင့္၊ ေရးသားခြင့္၊ စုေဝးခြင့္ေတြရဖို႔လိုတယ္”ဟု နက္တီဝစ္က ေျပာသည္။

သူ႔ေဘးတြင္ “မူၾကမ္းေတြခ်ည္းခ်ေနျခင္းမွ ကင္းေဝးသည့္ ႏိုင္ငံေတာ္ကိုသာ ကၽြနု္ပ္ခ်စ္သည္”ဆိုေသာ သူ၏ အသစ္စက္စက္ စာအုပ္ေလးကို ခ်ထားသည္။

ထိုင္းႏိုင္ငံတြင္ ေက်ာင္းသားလႈပ္ရွားမႈက သမိုင္းအစဥ္အလာရွိခဲ့သည္။ ဟိုးအတိတ္ ၁၉၇၆ ခုႏွစ္က ေက်ာင္းသားေတြ ဆူပူလႈပ္ရွားခဲ့ရသည့္ အေရးအခင္းတစ္ခုရွိခဲ့သည္။ ထိုအေၾကာင္းေတြကို စစ္အာဏာရွင္ေတြက သမိုင္းေဖ်ာက္ၿပီး ေက်ာင္းမ်ားတြင္ သင္ၾကားခြင့္ကို မေပးခဲ့ေပ။

ေက်ာင္းသံုးစာအုပ္မ်ားတြင္ ၁၉၇၆ ခုႏွစ္ ေက်ာင္းသားလႈပ္ရွားမႈသမိုင္းကို ေဖ်ာက္ပစ္ထားမႈေၾကာင့္ နက္တီဝစ္ႏွင့္အဖြဲ႔က ထိုင္းႏိုင္ငံပညာေရးေတာ္လွန္မႈ မဟာမိတ္အဖြဲ႔ကို ထူေထာင္ၿပီး လႈပ္ရွားမႈတစ္ခုကို စတင္ခဲ့ၾကသည္။ သူတို႔သည္ သူတို႔ကိုယ္ပိုင္အေတြးမ်ားႏွင့္ ေရးသားထားသည့္စာေတြကို ထုတ္ေဝသည္။ ႏိုင္ငံျခားက ေရးသားထားခ်က္မ်ားကို ဘာသာျပန္သည္။ အာဏာရွင္ မင္းဆိုးမင္းညစ္ေတြအေၾကာင္း ဘာသာျပန္ၿပီးေဖာ္ျပသည္။ ပညာေရးကို ေက်ာင္းသားမ်ား စီရင္ပိုင္ခြင့္ရွိသည္ဆိုေသာ သေဘာတရားမ်ား ျဖန္႔ေဝၾကသည္။

နက္တီဝစ္က ေက်ာင္းသားမ်ားကို ေက်ာင္းတက္လွ်င္ ပံုစံဆံပင္ညႇပ္ခိုင္းသည့္ကိစၥကိုလည္း ဆန္႔က်င္ရာ၌ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသူျဖစ္သည္။ သူက ေက်ာင္းတြင္ စာျဖင့္ကန္႔ကြက္သည္။ ေနာက္ပိုင္း ႐ုပ္သံကတစ္ဆင့္ ကန္႔ကြက္သည္။ သူ၏ လႈပ္ရွားမႈမ်ားကို ႏိုင္ငံတကာက အသိအမွတ္ျပဳၿပီး ထင္ရွားလာသည္။ သို႔ေသာ္ အာဏာပိုင္မ်ားက သူ႔ကို ေက်ာင္းသားအဖြဲ႔က ထုတ္ပစ္ျခင္း ခံလိုက္ရသည္။

“ဒီမွာ ပညာေရးေကာင္းေနရင္ ဆရာေတြက ေက်ာင္းသားေတြ ေမးခြန္းထေမးတာကို ဘာေၾကာင့္ ေၾကာက္ေနရမွာလဲ။ ထိုင္းႏိုင္ငံမွာက ေနရာတိုင္း ေၾကာက္ေနရတယ္။ စစ္အာဏာရွင္ေတြကို ေၾကာက္ေနရတာက တစ္မ်ိဳး၊ ဒုကၡေရာက္မလားလို႔ စိုးရိမ္ရတာကတစ္ဖံု ျဖစ္ေနတယ္။ ဒီမွာက အစိုးရကို ဆန္႔က်င္လႈပ္ရွားသူတစ္ဦးအေနနဲ႔ ေနရတဲ့ဘဝဟာ အရမ္းအႏၲရာယ္မ်ားတယ္”ဟုသူကဆိုသည္။ ထို႔ေၾကာင့္လည္း သူက ဆန္႔က်င္မႈလုပ္လိုက္ ပုန္းေရွာင္လိုက္ လုပ္ေနရသည္။

သူက လူႀကီးေတြကိုအားမရ။ လူႀကီးေတြက ေဘးျဖစ္မွာကို စိုးရိမ္ေသာက ေရာက္ေနၾကသည္။ သူတို႔က သူတို႔ အနာဂတ္အတြက္ တိုက္ပြဲမဝင္လွ်င္ လူငယ္ေတြက မိမိတို႔အတြက္ မိမိတို႔ တိုက္ပြဲဝင္ရန္ ဆံုးျဖတ္ရမည္ဟု ခိုင္မာစြာ စိတ္ဆံုးျဖတ္ထားၾကသည္။

သူ႔ေမွ်ာ္လင့္ခ်က္ကလည္း ေလးစားစရာ ေကာင္းသည္။

“ကၽြန္ေတာ္တို႔ လူ႔ေဘာင္အဖြဲ႔အစည္းမွာ ပိုၿပီးေတာ့ ပြင့္လင္းစြာနဲ႔ လြတ္လပ္ခြင့္ေတြ လိုေနပါၿပီ။ ျပည္သူေတြ ကိုယ္တိုင္က အာဏာကို စိန္ေခၚႏိုင္တဲ့အေနအထားကို ေရာက္ဖို႔လိုပါတယ္။ ေျပာင္းလဲမႈဆိုတာ ကၽြန္ေတာ္တို႔ ျပည္သူေတြ လုပ္ရမွာပါ။ အာဏာရွင္ေတြ လုပ္ရမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ အနာဂတ္ ကၽြန္ေတာ္တို႔ ဂုဏ္သိကၡာအတြက္ ကၽြန္ေတာ္တို႔ တိုက္ပြဲဝင္ရပါလိမ့္မယ္”ဟု သူကဆိုသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

အမေရိကန်ပြည်ထောင်စု ဆီရက်တဲလ်တွင်နေထိုင်သူဖြစ်ပြီး၊ ရာသီဥတု ပြောင်းလဲမှုအတွက် တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်သည်။ Zero Hour ဆိုသည့်အဖွဲ့ကို ထူထောင်ထားပြီး အသက်က ၁၆ နှစ်သာရှိသေးသည်။

ယမန်နှစ်က ဂျေမီဖုန်းတွင် သတိပေးချက်တွေ မကြာခဏ ဝင်လာသည်။ ကိုလံဘီယာတွင် မြေပြိုမှုများဖြစ်၊ ဟာဗေးမုန်တိုင်းဝင်မည်၊ မာရီယာမုန်တိုင်း ဝင်မည်ဆိုသည့်သတင်းများဖြစ်သည်။ သတင်းတွေက သူနေထိုင်ရာ ဒေသနှင့် မဝေးသောနေရာများ ဖြစ်နေသည်။ ဆီရင်တဲလ်မြို့ပေါ်တွင်လည်း ကနေဒါနိုင်ငံဘက်က တောမီးကြောင့် မီးခိုးတွေ အမြဲအုံ့မှိုင်းနေသည်။ ရာသီဥတုတွေကဆိုးလာပြီ။ သူဘာလုပ်သင့်သနည်း။ သူတစ်ခုခု လုပ်ရန်ဆုံးဖြတ်လိုက်သည်။

“ကျွန်မစိတ်ထဲမှာ ဒီကိစ္စကို လူငယ်တွေအနေနဲ့ တစ်ခုခုလှုပ်ရှားသင့်တယ်လို့ ထင်တယ်။ အဲဒီ ရာသီဥတု ပြောင်းလဲနေမှုကို လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ အဲဒီကို ကျွန်မ မသွားရဲဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိပ်ငယ်သေးတယ် ထင်နေတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နွေရာသီကတော့ ကျွန်မတစ်ခုခု လှုပ်ရှားမှဖြစ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်”ဟု သူကဆိုသည်။

သူက ဆိုရှယ်မီဒီယာဖြစ်သည့် Instagram ကတစ်ဆင့် သူငယ်ချင်းများထံ စာတွေပို့သည်။ ပရင့်စ်တန် နွေရာသီစခန်းတွင် တွေ့ခဲ့ဖူးသည့်သူငယ်ချင်းတွေ အားလုံးထံ စာပို့သည်။ သူက Zero Hour ဆိုသည့်အဖွဲ့ကို ထူထောင်လိုက်ပြီ။ ရာသီဥတု ပြောင်းလဲနေမှုနှင့်ပတ်သက်ပြီး အစိုးရကို သတိပေးနေမည့် လှုပ်ရှားမှုတစ်ခုကို သူတို့စတင်လိုက်ပြီဖြစ်သည်။

“ကျွန်မတို့ လှုပ်ရှားမှုဟာ ကောက်ရိုးမီး မဟုတ်ဘူး။ Zero Hour ဆိုတာ အချိန်တွေကို ယူပြီးတော့ တည်ဆောက်သွားမှာ၊ နေ့တိုင်းတည်ဆောက်ရင်း အဆောက်အအုံကြီးတစ်ခု ဖြစ်လာအောင်လုပ်မှာ”ဟု သူက ခံယူချက်နှင့်ပြောသည်။ သူတို့က အခြားအဖွဲ့အစည်းများဖြစ်သည့် Women’s March အဖွဲ့နှင့် Dakota Access Pipeline အဖွဲ့များနှင့်ပါ ဆက်သွယ်ခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် Zero Hour အဖွဲ့သည် ဝါရှင်တန်ဒီစီတွင် လူငယ်လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့သည်။ သူတို့၏ အမာခံလူငယ် ၂၅ ဦး နှင့် ပြည်နယ်များကိုဖြတ်သန်းပြီး ဆန္ဒပြရန်စီစဉ်နေသည်။ သူတို့က တွင်းထွက်သဘာဝလောင်စာများကို အသုံးမပြုရေးအတွက် ကန့်ကွက်ကြမည်ဖြစ်သည်။ ပြည်နယ်အစိုးရအဖွဲ့ဝင် သူဌေးကြီးများက တွင်းထွက်လောင်စာကုမ္ပဏီကြီးများကို ပိုင်ဆိုင်နေကြသဖြင့် သူတို့က ပြည်နယ်အနှံ့ ချီတက်ဆန္ဒပြကြရမည့် အရေးမှာ ပေါ့သေးသေးမဟုတ်ကြောင်း နားလည်ထားပြီးလည်းဖြစ်သည်။

လူငယ်များသည် ရာသီဥတုပြောင်းလဲနေမှုများကို မည်မျှအလေးထားပြီး ဆောင်ရွက်နေသည်ဆိုခြင်းကို သူတို့က သိစေချင်သည်။

“ရေခဲပြင်တွေပြိုပြီး ဒုက္ခရောက်နေတဲ့ ပိုလာဝက်ဝံတွေရဲ့ ဘဝဟာ ဝမ်းနည်းစရာကောင်းရုံမကပါဘူး။ ပြည်သူတွေနဲ့ ကလေးတွေရဲ့ အနာဂတ်အတွက်ပါ ကျွန်မတို့ဆန္ဒပြနေတာပါ။ လူတွေက ရာသီဥတု ပြောင်းလဲကုန်ပြီလားလို့ မေးလိုက်ချိန်မှာ နောက်ကျနေပြီ။ ဒါကြောင့် ကျွန်မတို့က အချိန်မရှိတော့ဘူး (Zero Hour) ကို ရောက်နေပြီလို့ ပြောချင်လို့ ဆန္ဒပြနေကြတာပါ”ဟု ဂျေမီကဆိုသည်။

ဂျေမီက ရာသီဥတုပြောင်းလဲနေခြင်းကို မိမိတို့ခေတ်အတွက် အဖြေရှာရမည့် အချိန်ကာလတစ်ခုကို ရောက်နေပြီဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းက လူတိုင်းကို သက်ရောက်မှုရှိနေပြီး၊ လူတွေ သောက်နေကြသည့် ရေများအပေါ်တွင်ပါ သံသယဖြစ်စရာ ကောင်းလာသည်ဟု ရှင်းပြနေသည်။

“လူတွေက ကျွန်မတို့ အနာဂတ်ကို မေးကြတယ်။ ကျွန်မတို့ကမ္ဘာကြီးဟာ နေထိုင်ဖို့ သာယာတဲ့နေရာတစ်နေရာ၊ သာယာတဲ့ကမ္ဘာ မဖြစ်နိုင်တော့ဘူး။ နောက်နှစ်အနည်းငယ်အတွင်း ကျွန်မတို့ မျိုးဆက်သစ်တွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို ခံစားရတော့မယ်”ဟု သူကသတိပေးသည်။

အရွယ်နှင့်မလိုက် စင်ပေါ်တက်လာသည့် ဂျေမီတစ်ယောက် စိတ်ထက်သန်စွာဖြင့် တိုက်ပွဲဝင်နေသည်။ သူက -

“အနာဂတ် မျိုးဆက်သစ်များ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက်”ဟုဆိုသည်။

နက်တီဝစ် ချိုတီဖက်ဖိုင်ဆယ် (Netiwit Chotiphatphaisal)

နက်တီဝစ်သည် အသက် ၂၁ နှစ်သာ ရှိသေးသည်။ သူသည် ထိုင်းနိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့်အတွက် တိုက်ပွဲဝင်နေသည့် လူငယ်ကျောင်းသားတစ်ဦးဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်တွင် နက်တီဝစ်သည် ထိုင်းလူငယ် ကျောင်းသားလှုပ်ရှားမှုအတွင်းသို့ မထင်မှတ်ဘဲ ဝင်ရောက်ခဲ့ရသူဖြစ်သည်။ တိုင်းပြည်အတွင်း စစ်တပ်က အာဏာသိမ်းထားပြီးနောက် နိုင်ငံအတွင်း၌လည်း ဆူပူအကြမ်းဖက်မှုများ ကျဆင်းသွားသည်မရှိ နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး ရက်စက်မှုများကို ပြည်သူတို့ ရင်ဆိုင်နေရသည်ဟုခံယူကာ ယုံကြည်ချက်ဖြင့် လှုပ်ရှားနေခြင်းဖြစ်သည်။

သူက ထိုင်းပြည်သူတို့အပေါ် စိုးမိုးအုပ်ချုပ်နေသည့် စစ်တပ်အာဏာရှင်ခေါင်းဆောင်များအပေါ် မနှစ်သက်။ အသက်က ၂၁ နှစ်သာရှိသေးပြီး ချူလာလောင်ကွန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံတန်းကို တက်ခဲ့ဖူးသည်။ သူက ယခု သူငယ်ချင်းတွေနှင့်အတူ ထိုင်းနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီအရေးနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ရရှိရေးတို့အတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားသည်။

“ကျွန်တော်တို့အနေနဲ့ လွတ်လပ်ပြီး တရားမျှတတာကိုပဲ လိုချင်တယ်။ ပြည်သူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ စုဝေးခွင့်တွေရဖို့လိုတယ်”ဟု နက်တီဝစ်က ပြောသည်။

သူ့ဘေးတွင် “မူကြမ်းတွေချည်းချနေခြင်းမှ ကင်းဝေးသည့် နိုင်ငံတော်ကိုသာ ကျွနု်ပ်ချစ်သည်”ဆိုသော သူ၏ အသစ်စက်စက် စာအုပ်လေးကို ချထားသည်။

ထိုင်းနိုင်ငံတွင် ကျောင်းသားလှုပ်ရှားမှုက သမိုင်းအစဉ်အလာရှိခဲ့သည်။ ဟိုးအတိတ် ၁၉၇၆ ခုနှစ်က ကျောင်းသားတွေ ဆူပူလှုပ်ရှားခဲ့ရသည့် အရေးအခင်းတစ်ခုရှိခဲ့သည်။ ထိုအကြောင်းတွေကို စစ်အာဏာရှင်တွေက သမိုင်းဖျောက်ပြီး ကျောင်းများတွင် သင်ကြားခွင့်ကို မပေးခဲ့ပေ။

ကျောင်းသုံးစာအုပ်များတွင် ၁၉၇၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ဖျောက်ပစ်ထားမှုကြောင့် နက်တီဝစ်နှင့်အဖွဲ့က ထိုင်းနိုင်ငံပညာရေးတော်လှန်မှု မဟာမိတ်အဖွဲ့ကို ထူထောင်ပြီး လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ကြသည်။ သူတို့သည် သူတို့ကိုယ်ပိုင်အတွေးများနှင့် ရေးသားထားသည့်စာတွေကို ထုတ်ဝေသည်။ နိုင်ငံခြားက ရေးသားထားချက်များကို ဘာသာပြန်သည်။ အာဏာရှင် မင်းဆိုးမင်းညစ်တွေအကြောင်း ဘာသာပြန်ပြီးဖော်ပြသည်။ ပညာရေးကို ကျောင်းသားများ စီရင်ပိုင်ခွင့်ရှိသည်ဆိုသော သဘောတရားများ ဖြန့်ဝေကြသည်။

နက်တီဝစ်က ကျောင်းသားများကို ကျောင်းတက်လျှင် ပုံစံဆံပင်ညှပ်ခိုင်းသည့်ကိစ္စကိုလည်း ဆန့်ကျင်ရာ၌ နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။ သူက ကျောင်းတွင် စာဖြင့်ကန့်ကွက်သည်။ နောက်ပိုင်း ရုပ်သံကတစ်ဆင့် ကန့်ကွက်သည်။ သူ၏ လှုပ်ရှားမှုများကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထင်ရှားလာသည်။ သို့သော် အာဏာပိုင်များက သူ့ကို ကျောင်းသားအဖွဲ့က ထုတ်ပစ်ခြင်း ခံလိုက်ရသည်။

“ဒီမှာ ပညာရေးကောင်းနေရင် ဆရာတွေက ကျောင်းသားတွေ မေးခွန်းထမေးတာကို ဘာကြောင့် ကြောက်နေရမှာလဲ။ ထိုင်းနိုင်ငံမှာက နေရာတိုင်း ကြောက်နေရတယ်။ စစ်အာဏာရှင်တွေကို ကြောက်နေရတာက တစ်မျိုး၊ ဒုက္ခရောက်မလားလို့ စိုးရိမ်ရတာကတစ်ဖုံ ဖြစ်နေတယ်။ ဒီမှာက အစိုးရကို ဆန့်ကျင်လှုပ်ရှားသူတစ်ဦးအနေနဲ့ နေရတဲ့ဘဝဟာ အရမ်းအန္တရာယ်များတယ်”ဟုသူကဆိုသည်။ ထို့ကြောင့်လည်း သူက ဆန့်ကျင်မှုလုပ်လိုက် ပုန်းရှောင်လိုက် လုပ်နေရသည်။

သူက လူကြီးတွေကိုအားမရ။ လူကြီးတွေက ဘေးဖြစ်မှာကို စိုးရိမ်သောက ရောက်နေကြသည်။ သူတို့က သူတို့ အနာဂတ်အတွက် တိုက်ပွဲမဝင်လျှင် လူငယ်တွေက မိမိတို့အတွက် မိမိတို့ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ရမည်ဟု ခိုင်မာစွာ စိတ်ဆုံးဖြတ်ထားကြသည်။

သူ့မျှော်လင့်ချက်ကလည်း လေးစားစရာ ကောင်းသည်။

“ကျွန်တော်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ ပိုပြီးတော့ ပွင့်လင်းစွာနဲ့ လွတ်လပ်ခွင့်တွေ လိုနေပါပြီ။ ပြည်သူတွေ ကိုယ်တိုင်က အာဏာကို စိန်ခေါ်နိုင်တဲ့အနေအထားကို ရောက်ဖို့လိုပါတယ်။ ပြောင်းလဲမှုဆိုတာ ကျွန်တော်တို့ ပြည်သူတွေ လုပ်ရမှာပါ။ အာဏာရှင်တွေ လုပ်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနာဂတ် ကျွန်တော်တို့ ဂုဏ်သိက္ခာအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရပါလိမ့်မယ်”ဟု သူကဆိုသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top