ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သူနာျပဳလုပ္ငန္းကုိ စိတ္ဝင္စားၿပီး အသက္ ၁၈ ႏွစ္မွ ၂၉ ႏွစ္အၾကား အေျခခံပညာ ၉ တန္းေအာင္ ျမန္မာ အမ်ဳိးသမီးမ်ားအေနျဖင့္ ထုိင္းႏိုင္ငံတြင္ သူနာျပဳအကူအလုပ္အကိုင္ရရွိႏုိင္မည့္ အခြင့္အေရးတခုအတြက္ စီစဥ္လ်က္ရွိေၾကာင္း၊ မၾကာမီ လူေခၚမႈစတင္ေတာ့မည္ျဖစ္ေၾကာင္း ပညာေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရး ေဖာင္ေဒးရွင္းမွ Development Director ကိုၾကည္မင္းဟန္က ေျပာသည္။

ပညာေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း (Foundation for Education and Development - FED) မွ တာဝန္ရွိသူမ်ားႏွင့္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ ဖလန္(၄)အရပ္တြင္ရွိသည့္ Kluaynamthai သင္တန္းေက်ာင္းမွ တာဝန္ရွိသူမ်ား ေတြ႕ဆံုေဆြးေႏြးလ်က္ရွိၿပီး ေရြးခ်ယ္ခံရသူမ်ားအတြက္ လုပ္ငန္းအႀကိဳသင္တန္းပုိ႔ခ်သြားမည္ျဖစ္ေၾကာင္း၊ သင္တန္းကုန္က်စရိတ္ ထုိင္းဘတ္တသိန္းခြဲကို သင္တန္းေက်ာင္းမွ အလံုးစံုကုန္က်ခံမည္ျဖစ္ေၾကာင္း သိရသည္။

''ကြၽန္ေတာ္တုိ႔က အလုပ္အကိုင္ အခြင့္အလမ္းအတြက္လည္းပါတယ္။ ျမန္မာႏုိင္ငံကေရာ ထုိင္းကေရာပါဝင္မွာပါ။ သင္တန္းကုန္က်စရိတ္ကို သင္တန္းေက်ာင္းကအကုန္ခံရမယ္။ ဒါေပမဲ့ အလုပ္စတင္ဝင္ေတာ့မယ္ဆုိရင္ေတာ့ ၃ ႏွစ္ တာဝန္ထမ္းေဆာင္ရမယ္။ ၃ ႏွစ္္မျပည့္ခင္ အလုပ္ထြက္သြားတယ္ဆုိရင္ေတာ့ သင္တန္းကုန္က်စရိတ္ ၂ ဆ ေလ်ာ္ရမယ္''ဟု ၎က ေျပာသည္။

ထို႔အျပင္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ (က်န္းမာေရး၊ နာေရးမွလြဲ၍) သင္တန္းၿပီးဆံုးသည္အထိ တက္ေရာက္ရန္ပ်က္ကြက္ပါက သင္တန္းကုန္က်စရိတ္ ၂ ဆ အား သင္တန္းတက္ေရာက္သူမွ ေပးေလ်ာ္ရမည္ျဖစ္ေၾကာင္း၊ လုပ္ငန္းခြင္ဝင္ေရာက္သည့္ သင္တန္းသူမ်ားအေနျဖင့္ ၃ ႏွစ္မျပည့္မီ အလုပ္မွ ႏုတ္ထြက္လုိပါက သင္တန္းကုန္က်စရိတ္ ၂ ဆအား ျပန္လည္ေပးေလ်ာ္သြားရမည္ျဖစ္ေၾကာင္း အဆိုပါ အစီအစဥ္ႏွင့္ပတ္သက္၍ ပညာေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္းက ေၾကညာထားျခင္းျဖစ္သည္။

''သင္တန္းတက္ၿပီး အလုပ္အကိုင္အတြက္လည္း ပူစရာမလုိပါဘူး။ အနည္းဆံုးတေယာက္ကို ထုိင္းဘတ္ တေသာင္းႏွစ္ေထာင္ (က်ပ္ေလးသိန္းရွစ္ေသာင္း) ေလာက္ရမယ္''ဟု ၎က ေျပာသည္။

သင္တန္းကာလမွာ စုစုေပါင္း ၉ လျဖစ္ၿပီး ထိုင္းစကားႏွင့္ ထိုင္းစာအတြက္ ၁ လ မြမ္းမံသင္တန္း ေပးအပ္သြားမည္ျဖစ္ေၾကာင္း၊ သင္တန္းၿပီးဆံုးၿပီး အလုပ္သင္ဝန္ထမ္းအျဖစ္ ၃ လ တာဝန္ထမ္း ေဆာင္ရမည္ျဖစ္ကာ မိမိ၏ႀကိဳးစားမႈအေလ်ာက္ လစာတုိးမည္ျဖစ္ေၾကာင္း၊ တရားဝင္အလုပ္လုပ္ကိုင္ခြင့္ (Work Permit) အတြက္ သင္တန္းမွ တာဝန္ယူေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: New Watch

#Unicode Version#

သူနာပြုလုပ်ငန်းကို စိတ်ဝင်စားပြီး အသက် ၁၈ နှစ်မှ ၂၉ နှစ်အကြား အခြေခံပညာ ၉ တန်းအောင် မြန်မာ အမျိုးသမီးများအနေဖြင့် ထိုင်းနိုင်ငံတွင် သူနာပြုအကူအလုပ်အကိုင်ရရှိနိုင်မည့် အခွင့်အရေးတခုအတွက် စီစဉ်လျက်ရှိကြောင်း၊ မကြာမီ လူခေါ်မှုစတင်တော့မည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ Development Director ကိုကြည်မင်းဟန်က ပြောသည်။

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (Foundation for Education and Development - FED) မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဖလန်(၄)အရပ်တွင်ရှိသည့် Kluaynamthai သင်တန်းကျောင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးလျက်ရှိပြီး ရွေးချယ်ခံရသူများအတွက် လုပ်ငန်းအကြိုသင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကုန်ကျစရိတ် ထိုင်းဘတ်တသိန်းခွဲကို သင်တန်းကျောင်းမှ အလုံးစုံကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့က အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်းပါတယ်။ မြန်မာနိုင်ငံကရော ထိုင်းကရောပါဝင်မှာပါ။ သင်တန်းကုန်ကျစရိတ်ကို သင်တန်းကျောင်းကအကုန်ခံရမယ်။ ဒါပေမဲ့ အလုပ်စတင်ဝင်တော့မယ်ဆိုရင်တော့ ၃ နှစ် တာဝန်ထမ်းဆောင်ရမယ်။ ၃ နှစ်မပြည့်ခင် အလုပ်ထွက်သွားတယ်ဆိုရင်တော့ သင်တန်းကုန်ကျစရိတ် ၂ ဆ လျော်ရမယ်''ဟု ၎င်းက ပြောသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် (ကျန်းမာရေး၊ နာရေးမှလွဲ၍) သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရန်ပျက်ကွက်ပါက သင်တန်းကုန်ကျစရိတ် ၂ ဆ အား သင်တန်းတက်ရောက်သူမှ ပေးလျော်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဝင်ရောက်သည့် သင်တန်းသူများအနေဖြင့် ၃ နှစ်မပြည့်မီ အလုပ်မှ နုတ်ထွက်လိုပါက သင်တန်းကုန်ကျစရိတ် ၂ ဆအား ပြန်လည်ပေးလျော်သွားရမည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ကြေညာထားခြင်းဖြစ်သည်။

''သင်တန်းတက်ပြီး အလုပ်အကိုင်အတွက်လည်း ပူစရာမလိုပါဘူး။ အနည်းဆုံးတယောက်ကို ထိုင်းဘတ် တသောင်းနှစ်ထောင် (ကျပ်လေးသိန်းရှစ်သောင်း) လောက်ရမယ်''ဟု ၎င်းက ပြောသည်။

သင်တန်းကာလမှာ စုစုပေါင်း ၉ လဖြစ်ပြီး ထိုင်းစကားနှင့် ထိုင်းစာအတွက် ၁ လ မွမ်းမံသင်တန်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပြီး အလုပ်သင်ဝန်ထမ်းအဖြစ် ၃ လ တာဝန်ထမ်း ဆောင်ရမည်ဖြစ်ကာ မိမိ၏ကြိုးစားမှုအလျောက် လစာတိုးမည်ဖြစ်ကြောင်း၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့် (Work Permit) အတွက် သင်တန်းမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top