ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္မွ ေခၚေဆာင္သြားသည့္ တအန္း (ပေလာင္) ႐ြာသူ႐ြာသား ၉ ဦးကို အဆက္အသြယ္မရ ျဖစ္ေနသည္ဟု ရွမ္းေျမာက္အေျခစိုက္ လူ႕အခြင့္အေရး လႈပ္ရွား ေနသည့္ အဖြ႕ဲအစည္းမ်ားက ေျပာဆိုသည္။

ေခၚေဆာင္သြားျခင္း ခံရသူမ်ားမွာ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာအုပ္စု ၄ ခုတြင္ ေနထိုင္သည့္ ပေလာင္ (တအန္း) လူမ်ိဳးမ်ား ျဖစ္ၿပီး ထိုထဲတြင္ ၂ ႏွစ္အ႐ြယ္ မိန္းကေလးတဦး ႏွင့္ ၁၅ ရက္သား ေယာကၤ်ားေလး တဦးတို႔လည္း မိခင္ျဖစ္သူတို႔လည္း ပါဝင္သည္။

၎တို႔ကို နိုဝင္ဘာလ ၂၀ ရက္က တပ္မေတာ္က ေက်း႐ြာမ်ားအတြင္း ဝင္ေရာက္ ေခၚေဆာင္သြားျခင္းျဖစ္ၿပီး မိခင္ျဖစ္သူႏွင့္ ကေလး ၂ ဦးကို စစ္ေဘးေရွာင္  ဒုကၡသည္စခန္းအတြင္း ဝင္ေရာက္ေခၚေဆာင္သြားျခင္း ျဖစ္သည္ဟု တအန္း အမ်ိဳးသမီးအဖြဲ႕ (TWO) ၏ သတင္းႏွင့္မွတ္တမ္းဌာန၊ တာဝန္ခံ မေလြးခ်စ္စနန္း က  ေျပာသည္။

မေလြးခ်စ္စနန္း က  “အဆက္အသြယ္မရ ေသးဘူး။ ေဘးက ပတ္ဝန္းက်င္ရဲ႕ စကားေတြပဲ ဟိုတမ်ိဳးဒီတမ်ိဳးျဖစ္ေနတယ္” ဟု ေျပာသည္။

ေခၚေဆာင္သြားျခင္း ခံရသူမ်ားမွာ ၎တို႔ ေနထိုင္သည့္ ႐ြာမ်ားတြင္ ရွိေနစဥ္ တပ္မေတာ္ဘက္မွ ဝင္ေရာက္ ေခၚေဆာင္ သြားျခင္း ျဖစ္ၿပီး လက္ရွိတြင္ ကြတ္ခိုင္ၿမိဳ႕၊ ဗ်ဴဟာကုန္းတြင္ ခ်ဳပ္ေႏွာင္ထားသည္ဟု မေလြးခ်စ္စနန္းက ဆိုသည္။

မေလြးခ်စ္စနန္းက “အဲ့႐ြာေတြကို သြားရတဲ့ ခရီးက ၿမိဳ႕ကေန မိနစ္၂၀ေလာက္ဆို ေရာက္တယ္။ ဒါေပမယ့္ KIA ရွိတယ္။ ျပည္သူ႕စစ္ေတြနဲ႕ TNLA လည္း ရွိတယ္။ တပ္မေတာ္လည္း ရွိတယ္။ သူတို႔က အခ်ိန္ျပည့္ရွိေနတာ မဟုတ္ေပမယ့္ လက္နက္ကိုင္ၿပီး သြားေနေတာ့ က်မတို႔လည္း သြားရခက္ေနတယ္” ဟုေျပာသည္။

TWO က ၎တို႔ ရရွိထားသည့္ စာရင္းအရ တပ္မေတာ္၏ ေခၚေဆာင္သြားျခင္းခံရသူမ်ားမွာ အမ်ိဳးသမီး ၅ ဦးႏွင့္ အမ်ိဳးသား ၄ ဦး ျဖစ္ၿပီး ၎တို႔မွာ မန္ပန္ေက်း႐ြာ၊  ပန္ကူေက်း႐ြာအုပ္စု၊ ပန္ကူစစ္ေဘးေရွာင္စခန္း၊ မန္ဆာေက်း႐ြာ ႏွင့္ မန္ထန္ေက်း႐ြာတို႔မွ ျဖစ္သည္ဟု ေျပာသည္။

တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) မွ နိုဝင္ဘာလ ၂၀ ရက္တြင္ ထုတ္ျပန္ထားသည့္ သတင္းထုတ္ျပန္ခ်က္တြင္ တပ္မေတာ္မွ ဖမ္းဆီးသြားသူမ်ား၏ အမည္စာရင္းကို ေဖာ္ျပထားရာတြင္  အမ်ိဳးသမီး ၄ ဦးႏွင့္ အမ်ိဳးသား ၆ ဦးတို႔ အမည္ကို ေရးသားထားၿပီး ႐ြာမ်ားမွာ ပန္ကူေက်း႐ြာအုပ္စု၊ ပန္ကူေက်း႐ြာ၊ ဟိုေနာင္အုပ္စု၊မန္ဆာ႐ြာ၊ ဖယိုင္ေက်း႐ြာအုပ္စု၊ ဟိုေနာင္အုပ္စု၊ တုန္ဆင္အြန္ေက်း႐ြာ၊ အင္မိန္းအုပ္စု၊ နမ့္တစ္ေက်း႐ြာတို႔မွ ျဖစ္သည္ဟု ေဖာ္ျပထားသည္။

႐ြာသူ႐ြာသားမ်ားကို တပ္မေတာ္က ေခၚေဆာင္သြားျခင္းမခံရမီ နိုဝင္ဘာလ ၂၀ ရက္၊ မနက္ ၃ နာရီခြဲခန႔္တြင္ TNLA မွ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဟူေက်း႐ြာႏွင့္ မန္ပန္ေက်း႐ြာ ကားလမ္းေပၚတြင္ တပ္မေတာ္မွ ဗိုလ္ႀကီးခ်မ္းေျမ့ထြန္းကို ဖမ္းဆီးထားေၾကာင္း TNLA က သတင္း ထုတ္ျပန္ထားသည္။ 

TNLA ၏ သတင္းထုတ္ျပန္ခ်က္အရ ဗိုလ္ႀကီးခ်မ္းေျမ့ထြန္းမွာ ကြတ္ခိုင္အေျခစိုက္ စစ္ဗ်ဴဟာ ခလရ  ၄၅ မွ ျဖစ္ၿပီး ၎ႏွင့္အတူ MA-3 ၊ 5.56 MM အမ်ိဳးအစား ေသနတ္တလက္၊ က်ည္ ၁၄၁ ခုပါ က်ည္ေဘာက္ ၃ ခု ၊ M-5၊ 9MM ေသနတ္တလက္ကိုပါ သိမ္းဆည္းလိုက္ေၾကာင္း သိရသည္။

ဗိုလ္ႀကီးခ်မ္းေျမ့ထြန္း ဖမ္းဆီးခံရၿပီး နိုဝင္ဘာလ ၂၀ ရက္၊ ေန႕လည္ပိုင္းတြင္ တပ္မေတာ္ဘက္မွ ႐ြာသူ႐ြာသားမ်ားကို ဝင္ေရာက္ ေခၚေဆာင္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႐ြာသားမ်ားကို တပ္မေတာ္က ေခၚေဆာင္သြားသည္ ဆိုသည့္ ျဖစ္စဥ္ အေျခအေနႏွင့္ပတ္သက္၍ သိရွိနိုင္ရန္ အတြက္ ဧရာဝတီက ယင္းေဒသ အေျခစိုက္ တပ္မေတာ္ ဗ်ဴဟာႏွင့္ တပ္မေတာ္ ေျပာခြင့္ရပုဂၢိဳလ္မ်ားထံ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေသာ္လည္း မရရွိခဲ့ပါ။

တအန္း (ပေလာင္) ဥပေဒ အေထာက္အကူျပဳအဖြဲ႕၊ တာဝန္ခံ မိုင္းမ်ိဳးေအာင္ က “ က်ေနာ္တို႔ လိုက္စုံစမ္းၾကည့္ ေတာ့ အခု ကြတ္ခိုင္စစ္တပ္ကုန္း (ဗ်ဴဟာတပ္၊ ၄၅ တပ္ရင္းရွိတဲ့ေနရာ) မွာ ထိန္းသိမ္းထားတယ္လို႔ သိရတယ္။ အဲ့စခန္းထဲကိုေတာ့ ဝင္ေတြ႕လို႔ မရေသးဘူး”ဟု ေျပာသည္။

မိုင္းမ်ိဳးေအာင္က ၎တို႔၏ စုံစမ္းထားခ်က္မ်ားအရ တပ္မေတာ္က ေခၚေဆာင္သြားျခင္း ခံရသူမ်ားမွာ TNLA ႏွင့္ အဆက္အ သြယ္ရွိသျဖင့္ သံသယရွိသည္ဟု ဆိုကာ တပ္မေတာ္က ဝင္ေရာက္ ေခၚေဆာင္သြားျခင္း ျဖစ္သည္ဟု ၾကားသိရေၾကာင္း ေျပာသည္။

မိုင္းမ်ိဳးေအာင္က “သူတို႔ကို ဖမ္းသြားတဲ့အခ်ိန္မွာ ဘာအေထာက္အထားမွေတာ့ မရွိဘူး။ သို႔ေသာ္လည္း ဆက္စပ္ပတ္သတ္မႈ ရွိတယ္ဆိုၿပီး ဖမ္းသြားတယ္။ အခုထိေတာ့ ဘာမွ မသိရေသးဘူး” ဟု ဆိုသည္။

ယင္းသို႔ ေခၚေဆာင္ခံရသူမ်ားထဲတြင္ ပါဝင္သည့္ ၁၅ ရက္သား ကေလး၊ ၂ ႏွစ္အ႐ြယ္ ကေလးႏွင့္ မိခင္တို႔၏ အေျခအေနတို႔ ကိုလည္း စုံစမ္းမရေသးဘဲ တပ္မေတာ္၏ ေခၚေဆာင္သြားျခင္းခံရသူမ်ား၏ မိသားစုဝင္မ်ား သြားေတြ႕နိုင္ရန္လည္း စုံစမ္းေနဆဲ ျဖစ္သည္ဟု မိုင္းမ်ိဳးေအာင္က ေျပာသည္။

TNLA သည္ အစိုးရႏွင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး စာခ်ဳပ္ တစုံတရာ ခ်ဳပ္ဆိုထားျခင္းမရွိဘဲ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားလ်က္ရွိသည္။

တအန္း (ပေလာင္) ဥပေဒအေထာက္အကူျပဳအဖြဲ႕ ၊ တာဝန္ခံ မိုင္းမ်ိဳးေအာင္သည္လည္း ၂၀၁၇ ခုႏွစ္အတြင္းက TNLA ႏွင့္ ဆက္စပ္သည္ဟု ဆိုကာ ရဲတပ္ဖြဲ႕က ဖမ္းဆီးကာ  ၆ လခန႔္ အခ်ဳပ္ထဲတြင္ ထိန္းသိမ္းခံရၿပီး တရားရင္ဆိုင္ခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်မှ ခေါ်ဆောင်သွားသည့် တအန်း (ပလောင်) ရွာသူရွာသား ၉ ဦးကို အဆက်အသွယ်မရ ဖြစ်နေသည်ဟု ရှမ်းမြောက်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှား နေသည့် အဖွ့ဲအစည်းများက ပြောဆိုသည်။

ခေါ်ဆောင်သွားခြင်း ခံရသူများမှာ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄ ခုတွင် နေထိုင်သည့် ပလောင် (တအန်း) လူမျိုးများ ဖြစ်ပြီး ထိုထဲတွင် ၂ နှစ်အရွယ် မိန်းကလေးတဦး နှင့် ၁၅ ရက်သား ယောင်္ကျားလေး တဦးတို့လည်း မိခင်ဖြစ်သူတို့လည်း ပါဝင်သည်။

၎င်းတို့ကို နိုဝင်ဘာလ ၂၀ ရက်က တပ်မတော်က ကျေးရွာများအတွင်း ဝင်ရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မိခင်ဖြစ်သူနှင့် ကလေး ၂ ဦးကို စစ်ဘေးရှောင်  ဒုက္ခသည်စခန်းအတွင်း ဝင်ရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု တအန်း အမျိုးသမီးအဖွဲ့ (TWO) ၏ သတင်းနှင့်မှတ်တမ်းဌာန၊ တာဝန်ခံ မလွေးချစ်စနန်း က  ပြောသည်။

မလွေးချစ်စနန်း က  “အဆက်အသွယ်မရ သေးဘူး။ ဘေးက ပတ်ဝန်းကျင်ရဲ့ စကားတွေပဲ ဟိုတမျိုးဒီတမျိုးဖြစ်နေတယ်” ဟု ပြောသည်။

ခေါ်ဆောင်သွားခြင်း ခံရသူများမှာ ၎င်းတို့ နေထိုင်သည့် ရွာများတွင် ရှိနေစဉ် တပ်မတော်ဘက်မှ ဝင်ရောက် ခေါ်ဆောင် သွားခြင်း ဖြစ်ပြီး လက်ရှိတွင် ကွတ်ခိုင်မြို့၊ ဗျူဟာကုန်းတွင် ချုပ်နှောင်ထားသည်ဟု မလွေးချစ်စနန်းက ဆိုသည်။

မလွေးချစ်စနန်းက “အဲ့ရွာတွေကို သွားရတဲ့ ခရီးက မြို့ကနေ မိနစ်၂၀လောက်ဆို ရောက်တယ်။ ဒါပေမယ့် KIA ရှိတယ်။ ပြည်သူ့စစ်တွေနဲ့ TNLA လည်း ရှိတယ်။ တပ်မတော်လည်း ရှိတယ်။ သူတို့က အချိန်ပြည့်ရှိနေတာ မဟုတ်ပေမယ့် လက်နက်ကိုင်ပြီး သွားနေတော့ ကျမတို့လည်း သွားရခက်နေတယ်” ဟုပြောသည်။

TWO က ၎င်းတို့ ရရှိထားသည့် စာရင်းအရ တပ်မတော်၏ ခေါ်ဆောင်သွားခြင်းခံရသူများမှာ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၄ ဦး ဖြစ်ပြီး ၎င်းတို့မှာ မန်ပန်ကျေးရွာ၊  ပန်ကူကျေးရွာအုပ်စု၊ ပန်ကူစစ်ဘေးရှောင်စခန်း၊ မန်ဆာကျေးရွာ နှင့် မန်ထန်ကျေးရွာတို့မှ ဖြစ်သည်ဟု ပြောသည်။

တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်တွင် တပ်မတော်မှ ဖမ်းဆီးသွားသူများ၏ အမည်စာရင်းကို ဖော်ပြထားရာတွင်  အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၆ ဦးတို့ အမည်ကို ရေးသားထားပြီး ရွာများမှာ ပန်ကူကျေးရွာအုပ်စု၊ ပန်ကူကျေးရွာ၊ ဟိုနောင်အုပ်စု၊မန်ဆာရွာ၊ ဖယိုင်ကျေးရွာအုပ်စု၊ ဟိုနောင်အုပ်စု၊ တုန်ဆင်အွန်ကျေးရွာ၊ အင်မိန်းအုပ်စု၊ နမ့်တစ်ကျေးရွာတို့မှ ဖြစ်သည်ဟု ဖော်ပြထားသည်။

ရွာသူရွာသားများကို တပ်မတော်က ခေါ်ဆောင်သွားခြင်းမခံရမီ နိုဝင်ဘာလ ၂၀ ရက်၊ မနက် ၃ နာရီခွဲခန့်တွင် TNLA မှ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူကျေးရွာနှင့် မန်ပန်ကျေးရွာ ကားလမ်းပေါ်တွင် တပ်မတော်မှ ဗိုလ်ကြီးချမ်းမြေ့ထွန်းကို ဖမ်းဆီးထားကြောင်း TNLA က သတင်း ထုတ်ပြန်ထားသည်။ 

TNLA ၏ သတင်းထုတ်ပြန်ချက်အရ ဗိုလ်ကြီးချမ်းမြေ့ထွန်းမှာ ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာ ခလရ  ၄၅ မှ ဖြစ်ပြီး ၎င်းနှင့်အတူ MA-3 ၊ 5.56 MM အမျိုးအစား သေနတ်တလက်၊ ကျည် ၁၄၁ ခုပါ ကျည်ဘောက် ၃ ခု ၊ M-5၊ 9MM သေနတ်တလက်ကိုပါ သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ဗိုလ်ကြီးချမ်းမြေ့ထွန်း ဖမ်းဆီးခံရပြီး နိုဝင်ဘာလ ၂၀ ရက်၊ နေ့လည်ပိုင်းတွင် တပ်မတော်ဘက်မှ ရွာသူရွာသားများကို ဝင်ရောက် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွာသားများကို တပ်မတော်က ခေါ်ဆောင်သွားသည် ဆိုသည့် ဖြစ်စဉ် အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် အတွက် ဧရာဝတီက ယင်းဒေသ အခြေစိုက် တပ်မတော် ဗျူဟာနှင့် တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်များထံ တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

တအန်း (ပလောင်) ဥပဒေ အထောက်အကူပြုအဖွဲ့၊ တာဝန်ခံ မိုင်းမျိုးအောင် က “ ကျနော်တို့ လိုက်စုံစမ်းကြည့် တော့ အခု ကွတ်ခိုင်စစ်တပ်ကုန်း (ဗျူဟာတပ်၊ ၄၅ တပ်ရင်းရှိတဲ့နေရာ) မှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်။ အဲ့စခန်းထဲကိုတော့ ဝင်တွေ့လို့ မရသေးဘူး”ဟု ပြောသည်။

မိုင်းမျိုးအောင်က ၎င်းတို့၏ စုံစမ်းထားချက်များအရ တပ်မတော်က ခေါ်ဆောင်သွားခြင်း ခံရသူများမှာ TNLA နှင့် အဆက်အ သွယ်ရှိသဖြင့် သံသယရှိသည်ဟု ဆိုကာ တပ်မတော်က ဝင်ရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း ပြောသည်။

မိုင်းမျိုးအောင်က “သူတို့ကို ဖမ်းသွားတဲ့အချိန်မှာ ဘာအထောက်အထားမှတော့ မရှိဘူး။ သို့သော်လည်း ဆက်စပ်ပတ်သတ်မှု ရှိတယ်ဆိုပြီး ဖမ်းသွားတယ်။ အခုထိတော့ ဘာမှ မသိရသေးဘူး” ဟု ဆိုသည်။

ယင်းသို့ ခေါ်ဆောင်ခံရသူများထဲတွင် ပါဝင်သည့် ၁၅ ရက်သား ကလေး၊ ၂ နှစ်အရွယ် ကလေးနှင့် မိခင်တို့၏ အခြေအနေတို့ ကိုလည်း စုံစမ်းမရသေးဘဲ တပ်မတော်၏ ခေါ်ဆောင်သွားခြင်းခံရသူများ၏ မိသားစုဝင်များ သွားတွေ့နိုင်ရန်လည်း စုံစမ်းနေဆဲ ဖြစ်သည်ဟု မိုင်းမျိုးအောင်က ပြောသည်။

TNLA သည် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်းမရှိဘဲ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

တအန်း (ပလောင်) ဥပဒေအထောက်အကူပြုအဖွဲ့ ၊ တာဝန်ခံ မိုင်းမျိုးအောင်သည်လည်း ၂၀၁၇ ခုနှစ်အတွင်းက TNLA နှင့် ဆက်စပ်သည်ဟု ဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ  ၆ လခန့် အချုပ်ထဲတွင် ထိန်းသိမ်းခံရပြီး တရားရင်ဆိုင်ခဲ့ရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top