(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ဗိုလ္မင္းေရာင္အိမ္ရာအနီးရွိ ဦးဖိုးက်ားလမ္းႏွင့္ ေဇာ္ဂ်ီလမ္းဆံုတြင္ ႏိုဝင္ဘာလ ၂၀ ရက္ ည ၁၀ နာရီက ကယ္ဒီးနား အငွားယာဥ္ေပၚ လိုက္ပါလာသည့္ ခရီးသည္ အေယာင္ေဆာင္ အမ်ိဳးသားႏွစ္ဦးက ယာဥ္ေမာင္းကို ဓားျဖင့္ေထာက္၍ အငွားယာဥ္ကို လုယူခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

အငွားယာဥ္ လုယက္ခံရသည့္ ယာဥ္ေမာင္း အသက္ ၄၂ ႏွစ္ အမ်ိဳးသားမွာ အခင္းျဖစ္ညက ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ စည္ပင္လမ္းရွိ သစ္ဆိုင္ေကြ႔မွတ္တိုင္အနီးမွ အမ်ိဳးသားႏွစ္ဦးကို ဗိုလ္မင္းေရာင္အိမ္ရာသို႔ လိုက္ပို႔စဥ္ ယာဥ္ေနာက္ခန္းတြင္ လိုက္ပါလာသည့္ အမ်ိဳးသားက ၎၏ လည္ပင္းကို သိုင္းဖက္၍ ခႊ်န္ေသာ အရာတစ္ခုျဖင့္ ေထာက္ထားၿပီး ယာဥ္ေရွ႕ခန္းတြင္ လိုက္ပါလာသည့္ အမ်ိဳးသားက ၎ကို ယာဥ္ေပၚမွ တြန္းခ်၍ အငွားယာဥ္ကို လုယူေမာင္းေျပးခဲ့ေၾကာင္း ရဲအရာရွိက ေျပာသည္။

“လုယက္မႈက်ဴးလြန္သူ ႏွစ္ေယာက္က အငွားကားကို ေတာင္ဒဂံုဘက္ကေန ဗိုလ္မင္းေရာင္အိမ္ရာဘက္ က်ပ္သံုးေထာင္နဲ႔ငွားၿပီး လိုက္ပို႔ခိုင္းတာလို႔ သိရတယ္။ တစ္ေယာက္က အသက္ ၃၀ အ႐ြယ္ ေနာက္တစ္ေယာက္က အသက္ ၂၀ ႏွစ္ ေလာက္ရွိမယ္လို႔ ကားသမားက ေျပာလို႔ မသကၤာသူေတြကို ေခၚစစ္ေဆးေမးျမန္းႏိုင္ေအာင္ စံုစမ္းေဆာင္႐ြက္ေနပါတယ္”ဟု ရဲအရာရွိက ဆိုသည္။

လုယူသြားသည့္ ကယ္ဒီးနားအငွားယာဥ္ေပၚတြင္ ယာဥ္ေမာင္း၏ လက္ကိုင္ဖုန္းတစ္လံုးႏွင့္ ေငြက်ပ္သံုးေသာင္း ပါရွိသြားၿပီး ယင္းအမႈမွ ျပစ္မႈက်ဴးလြန္သည့္ အမည္မသိအမ်ိဳးသားႏွစ္ဦးကို ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၈၂/၁၁၄ ျဖင့္ အမႈဖြင့္အေရးယူစံုစမ္းစစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မင်းရောင်အိမ်ရာအနီးရှိ ဦးဖိုးကျားလမ်းနှင့် ဇော်ဂျီလမ်းဆုံတွင် နိုဝင်ဘာလ ၂၀ ရက် ည ၁၀ နာရီက ကယ်ဒီးနား အငှားယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် အယောင်ဆောင် အမျိုးသားနှစ်ဦးက ယာဉ်မောင်းကို ဓားဖြင့်ထောက်၍ အငှားယာဉ်ကို လုယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အငှားယာဉ် လုယက်ခံရသည့် ယာဉ်မောင်း အသက် ၄၂ နှစ် အမျိုးသားမှာ အခင်းဖြစ်ညက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စည်ပင်လမ်းရှိ သစ်ဆိုင်ကွေ့မှတ်တိုင်အနီးမှ အမျိုးသားနှစ်ဦးကို ဗိုလ်မင်းရောင်အိမ်ရာသို့ လိုက်ပို့စဉ် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် အမျိုးသားက ၎င်း၏ လည်ပင်းကို သိုင်းဖက်၍ ခွျှန်သော အရာတစ်ခုဖြင့် ထောက်ထားပြီး ယာဉ်ရှေ့ခန်းတွင် လိုက်ပါလာသည့် အမျိုးသားက ၎င်းကို ယာဉ်ပေါ်မှ တွန်းချ၍ အငှားယာဉ်ကို လုယူမောင်းပြေးခဲ့ကြောင်း ရဲအရာရှိက ပြောသည်။ 

“လုယက်မှုကျူးလွန်သူ နှစ်ယောက်က အငှားကားကို တောင်ဒဂုံဘက်ကနေ ဗိုလ်မင်းရောင်အိမ်ရာဘက် ကျပ်သုံးထောင်နဲ့ငှားပြီး လိုက်ပို့ခိုင်းတာလို့ သိရတယ်။ တစ်ယောက်က အသက် ၃၀ အရွယ် နောက်တစ်ယောက်က အသက် ၂၀ နှစ် လောက်ရှိမယ်လို့ ကားသမားက ပြောလို့ မသင်္ကာသူတွေကို ခေါ်စစ်ဆေးမေးမြန်းနိုင်အောင် စုံစမ်းဆောင်ရွက်နေပါတယ်”ဟု ရဲအရာရှိက ဆိုသည်။

လုယူသွားသည့် ကယ်ဒီးနားအငှားယာဉ်ပေါ်တွင် ယာဉ်မောင်း၏ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ်သုံးသောင်း ပါရှိသွားပြီး ယင်းအမှုမှ ပြစ်မှုကျူးလွန်သည့် အမည်မသိအမျိုးသားနှစ်ဦးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top