(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

(Photo-NDTV)

အိႏၵိယႏုိင္ငံ တူးေျမာင္းတစ္ခုထဲကုိ ဘတ္စ္ကားတစ္စီး ထုိးက်သြားမႈအတြင္း ကေလးငယ္အမ်ားအျပား အပါအဝင္ လူ ၂၈ ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ႏုိဝင္ဘာ ၂၄ ရက္ေန႕က အိႏၵိယေတာင္ပုိင္း Karnataka ျပည္နယ္ Mandya ေဒသမွာ ခရီးသည္တင္ဘတ္စ္ကားတစ္စီးဟာ လမ္းေခ်ာ္သြားခဲ့ၿပီးေနာက္ တူးေျမာင္းထဲကုိ ထုိးက်သြားခဲ့တာ ျဖစ္ပါတယ္။

တူးေျမာင္းထဲက်သြားတဲ့ ဘတ္စ္ကားမွ အေလာင္း ၂၈ ေလာင္းကုိ ျပန္လည္ဆယ္ယူခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာခဲ့ပါတယ္။ အခင္းျဖစ္ေနရာမွာ ႐ွိေနခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက  AFP သတင္းဌာနကုိ ေျပာၾကားမႈအရ ေသဆုံးသူေတြအနက္ အမ်ားအျပားဟာ ေက်ာင္းမွျပန္လာတဲ့ ကေလးငယ္ေတြျဖစ္တယ္လို႕ သိရပါတယ္။

"ေသဆုံးသြားတဲ့ ၂၈ ေယာက္မွာ ကေလးေတြအမ်ားအျပားပါတယ္" လုိ႕ ၎က AFP ကို ဖုန္းျဖင့္ေျပာၾကားခဲ့ပါတယ္။ ဘတ္စ္ကားေပၚမွာ လုိက္ပါလာတဲ့ ခရီးသည္အေရအတြက္ အတိအက်နဲ႕ မေတာ္တဆမႈ ျဖစ္ပြားခဲ့ရတဲ့ အေၾကာင္းရင္းကုိ ရဲတပ္ဖြဲ႕က ထုတ္ေဖာ္ေျပာျခင္း မ႐ွိေသးပါဘူး။

သုိ႕ေသာ္ ဘတ္စ္ကားေမာင္းသူက အ႐ွိန္ျမွင့္ေမာင္းႏွင္ခဲ့တယ္လုိ႕ ရဲတပ္ဖြဲ႕က ေျပာထားပါတယ္။ ေဒသခံမီဒီယာေတြကေတာ့ ဘတ္စ္ကားေပၚမွာ လူ ၃၅ ဦးပါ႐ွိခဲ့တယ္လို႕ ေဖာ္ျပပါတယ္။

႐ုပ္ျမင္သံၾကားမွာ ထုတ္လႊင့္ျပသခဲ့မႈအရ ေဒသခံေတြက တူးေျမာင္းထဲမွာ နစ္ျမဳပ္ေနတဲ့ ဘတ္စ္ကားဆီသုိ႕ ႀကဳိးမ်ားသုံးၿပီး သြားေရာက္ခဲ့ကာ အေလာင္းေတြကုိ ဆြဲထုတ္ဆယ္ယူခဲ့တာ ေတြ႕ရပါတယ္။  အေရးေပၚ ကယ္ဆယ္ေရးဝန္ထမ္းေတြနဲ႕ ေရငုပ္သမားေတြကလည္း ေဒသခံေတြနဲ႕အတူ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကတယ္လုိ႕ ဆုိပါတယ္။

NDTV ႐ုပ္ျမင္သံၾကားသတင္းရဲ႕ အဆုိအရ ဘတ္စ္ကားဟာ တူးေျမာင္းထဲက်သြားၿပီးေနာက္ ထြက္ေပါက္တံခါးေနရာနဲ႕ ေရေအာက္ၾကမ္းျပင္ထိေနခဲ့ရာ ေသဆုံးသူေတြဟာ ဘတ္စ္ကားထဲကေန အျပင္ကုိမထြက္ႏုိင္ဘဲ ပိတ္မိခဲ့ၾကေၾကာင္း သိရပါတယ္။

Karnataka ျပည္နယ္ဝန္ႀကီးခ်ဳပ္ H D Kumaraswamy က ေသဆုံးခဲ့သူေတြရဲ႕ မိသားစုေတြကုိ ကူညီသြားမယ္လုိ႕ ကတိျပဳခဲ့ပါတယ္။ အိႏၵိယမွာ လမ္းမေပၚ ယာဥ္မေတာ္တဆမႈေတြေၾကာင့္ တစ္ႏွစ္လွ်င္ လူဦးေရ ၁၅၀,၀၀၀ ေက်ာ္ ေသဆုံးေနေၾကာင္းလည္ သိရပါတယ္။

မေတာ္တဆမႈ အမ်ားစုဟာ လမ္းမေကာင္းမႈ၊ ေမာ္ေတာ္ယာဥ္မ်ား ျပဳျပင္ထိန္းသိမ္းမႈအားနည္းခ်က္နဲ႕ မဆင္မျခင္ ေမာင္းႏွင္မႈေတြေၾကာင့္ ျဖစ္တယ္လို႕ ဆုိပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းကလည္း Karnatka နဲ႕ အိမ္နီးခ်င္းျပည္နယ္ Telangana မွာ ဘတ္စ္ကားတစ္စီး လွ်ဳိေျမာင္ထဲကုိ ထုိးက်ခဲ့မႈေၾကာင့္ လူ ၅၀ ခန္႕ ေသဆုံးခဲ့ဖူးပါတယ္။

ဒါ့အျပင္ ယခုသီတင္းပတ္အတြင္း ၾကာသပေတးေန႕ (ႏုိဝင္ဘာ ၂၂ ရက္) ကလည္း Madhya Pradesh ျပည္နယ္မွာ လုိက္ပါလာတဲ့ ဗင္ကားနဲ႕ ဘတ္စ္ကားတစ္စီး တုိက္မိခဲ့ၿပီး ဗင္ကားေပၚမွာ လုိက္ပါလာတဲ့ ေက်ာင္းသူေက်ာင္းသား ေျခာက္ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

အိန္ဒိယနိုင်ငံ တူးမြောင်းတစ်ခုထဲကို ဘတ်စ်ကားတစ်စီး ထိုးကျသွားမှုအတွင်း ကလေးငယ်အများအပြား အပါအဝင် လူ ၂၈ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့က အိန္ဒိယတောင်ပိုင်း Karnataka ပြည်နယ် Mandya ဒေသမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးဟာ လမ်းချော်သွားခဲ့ပြီးနောက် တူးမြောင်းထဲကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

တူးမြောင်းထဲကျသွားတဲ့ ဘတ်စ်ကားမှ အလောင်း ၂၈ လောင်းကို ပြန်လည်ဆယ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ အခင်းဖြစ်နေရာမှာ ရှိနေခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက  AFP သတင်းဌာနကို ပြောကြားမှုအရ သေဆုံးသူတွေအနက် အများအပြားဟာ ကျောင်းမှပြန်လာတဲ့ ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

"သေဆုံးသွားာတဲ့ ၂၈ ယောက်မှာ ကလေးတွေအများအပြားပါတယ်" လို့ ၎င်းက AFP ကို ဖုန်းဖြင့်ပြောကြားခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အရေအတွက် အတိအကျနဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။

သို့သော် ဘတ်စ်ကားမောင်းသူက အရှိန်မြှင့်မောင်းနှင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ဒေသခံမီဒီယာတွေကတော့ ဘတ်စ်ကားပေါ်မှာ လူ ၃၅ ဦးပါရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့မှုအရ ဒေသခံတွေက တူးမြောင်းထဲမှာ နစ်မြုပ်နေတဲ့ ဘတ်စ်ကားဆီသို့ ကြိုးများသုံးပြီး သွားရောက်ခဲ့ကာ အလောင်းတွေကို ဆွဲထုတ်ဆယ်ယူခဲ့တာ တွေ့ရပါတယ်။  အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရေငုပ်သမားတွေကလည်း ဒေသခံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

NDTV ရုပ်မြင်သံကြားသတင်းရဲ့ အဆိုအရ ဘတ်စ်ကားဟာ တူးမြောင်းထဲကျသွားပြီးနောက် ထွက်ပေါက်တံခါးနေရာနဲ့ ရေအောက်ကြမ်းပြင်ထိနေခဲ့ရာ သေဆုံးသူတွေဟာ ဘတ်စ်ကားထဲကနေ အပြင်ကိုမထွက်နိုင်ဘဲ ပိတ်မိခဲ့ကြကြောင်း သိရပါတယ်။

Karnataka ပြည်နယ်ဝန်ကြီးချုပ် H D Kumaraswamy က သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အိန္ဒိယမှာ လမ်းမပေါ် ယာဉ်မတော်တဆမှုတွေကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၅၀,၀၀၀ ကျော် သေဆုံးနေကြောင်းလည် သိရပါတယ်။

မတော်တဆမှု အများစုဟာ လမ်းမကောင်းမှု၊ မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းမှုအားနည်းချက်နဲ့ မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း Karnatka နဲ့ အိမ်နီးချင်းပြည်နယ် Telangana မှာ ဘတ်စ်ကားတစ်စီး လျှိုမြောင်ထဲကို ထိုးကျခဲ့မှုကြောင့် လူ ၅၀ ခန့် သေဆုံးခဲ့ဖူးပါတယ်။

ဒါ့အပြင် ယခုသီတင်းပတ်အတွင်း ကြာသပတေးနေ့ (နိုဝင်ဘာ ၂၂ ရက်) ကလည်း Madhya Pradesh ပြည်နယ်မှာ လိုက်ပါလာတဲ့ ဗင်ကားနဲ့ ဘတ်စ်ကားတစ်စီး တိုက်မိခဲ့ပြီး ဗင်ကားပေါ်မှာ လိုက်ပါလာတဲ့ ကျောင်းသူကျောင်းသား ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top