(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အက္သလက္တီကုိ မက္ဒရစ္ႏွင့္ပြဲတြင္ အရန္ခုံမွထ ကာအသင္းအတြက္ အဖုိးတန္ ေခ်ပဂုိးသြင္းယူခဲ့ေသာ ျပင္သစ္ လူငယ္တိုက္စစ္မွဴးဒမ္ဘီလီ (၂၁ ႏွစ္)ကုိ ဘာစီလုိနာနည္းျပဗယ္လ္ ဗာဒီက ခ်ီးက်ဴးသည္။

လတ္တေလာသီတင္းပတ္ မ်ားအတြင္း စည္းကမ္းပုိင္းဆိုင္ ရာျပႆနာမ်ားရွိခဲ့သူ ဒမ္ဘီလီ သည္ အက္သလက္တီကုိမက္ဒ ရစ္ႏွင့္ပြဲတြင္ မိနစ္ ၈၀ ၌ လူစား ၀င္ကစားၿပီး ေနာက္က်အဖုိး တန္ေခ်ပဂုိးသြင္းယူခဲ့သည္။

‘‘ဒမ္ဘီလီဟာ တျခားကစား သမားေတြမွာမရွိတဲ့အရာေတြကုိ ပုိင္ဆိုင္ထားသူပါ။ သူက ကိုယ့္ ကုိယ္ကိုယ္ယုံၾကည္မႈရွိတယ္။ ဘယ္ေျခေရာညာေျခပါကန္ႏုိင္ တယ္။ အရည္အခ်င္းရွိၿပီး ပါရမီ ရွိတဲ့သူပါ။ သူဟာ လူတိုင္းပါးစပ္ ဖ်ားမွာ အၿမဲတမ္းေရပန္းစားသူ ျဖစ္ၿပီး အသင္းကိုအမ်ားႀကီးအကူ အညီေပးထားပါတယ္’’ဟုဗယ္လ္ ဗာဒီက ေျပာသည္။

အက္သလက္တီကုိမက္ဒ ရစ္ႏွင့္ပတ္သက္၍ ဗယ္လ္ဗာဒီက ‘‘အဓိကၿပိဳင္ဘက္က ဘယ္သူျဖစ္ မယ္ဆုိတာ ကြၽန္ေတာ္မသိပါဘူး။ ဒါေပမဲ့ အဲဒီအထဲမွာအက္သ လက္တီကုိမက္ဒရစ္ပါတယ္ဆုိ တာေတာ့ ေသခ်ာပါတယ္။ ဒီလုိ မ်ိဳးအသင္းနဲ႔ကစားတဲ့အခါ ခက္ ခဲတာကုိ ကြၽန္ေတာ္တုိ႔နားလည္ သေဘာေပါက္ရပါမယ္’’ ဟု ေျပာသည္။

ယခုေခ်ပဂုိးက ဒမ္ဘီလီကုိ ေကာင္းက်ိဳးမ်ားျဖစ္ထြန္းေစမည္ ဟု ၀ါရင့္ဘာစီလုိနာကစားသမား ဘက္စ္ကြက္က မွတ္ခ်က္ျပဳ သည္။

‘‘ဒီဂုိးက သူ႔အတြက္အမ်ား ႀကီးအက်ိဳးရွိေစမွာပါ။ သူ႔အေနနဲ႔ ကုိယ္ပိုုင္ဘ၀နဲ႔ ေဘာလုံးသမား တစ္ေယာက္ဘ၀မွာ အသားက် ဖုိ႔လုိပါေသးတယ္။ သူက ငယ္ ရြယ္ေသးတဲ့အတြက္ သူ႔ကုိကူညီ ဖုိ႔လုိအပ္ပါတယ္။ သူကအသင္း အတြက္အမ်ားႀကီးအေထာက္အ ကူျပဳႏိုင္တယ္ဆုိတာ ကြၽန္ေတာ္ တို႔သိၿပီးသားပါ’’ ဟု ယင္းပြဲတြင္ ဘာစီလုိနာအတြက္ ပြဲ ၅၀၀ ျပည့္ ေျမာက္ခဲ့သူ၎က ေျပာသည္။

အက္သလက္တီကုိသည္ ယခုပြဲအႏိုင္ရလွ်င္ စပိန္လာလီဂါ အမွတ္ေပးဇယားထိပ္ဆုံးေနရာ သိမ္းပုိက္ခြင့္ ရမည္ျဖစ္ေသာ္ လည္း သေရရလဒ္ေၾကာင့္ ဘာစီ လုိနာ၏ေနာက္တစ္မွတ္အကြာ ၂၄ မွတ္ျဖင့္ရွိေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

အက်သလက်တီကို မက်ဒရစ်နှင့်ပွဲတွင် အရန်ခုံမှထ ကာအသင်းအတွက် အဖိုးတန် ချေပဂိုးသွင်းယူခဲ့သော ပြင်သစ် လူငယ်တိုက်စစ်မှူးဒမ်ဘီလီ (၂၁ နှစ်)ကို ဘာစီလိုနာနည်းပြဗယ်လ် ဗာဒီက ချီးကျူးသည်။

လတ်တလောသီတင်းပတ် များအတွင်း စည်းကမ်းပိုင်းဆိုင် ရာပြဿနာများရှိခဲ့သူ ဒမ်ဘီလီ သည် အက်သလက်တီကိုမက်ဒ ရစ်နှင့်ပွဲတွင် မိနစ် ၈၀ ၌ လူစား ဝင်ကစားပြီး နောက်ကျအဖိုး တန်ချေပဂိုးသွင်းယူခဲ့သည်။

‘‘ဒမ်ဘီလီဟာ တခြားကစား သမားတွေမှာမရှိတဲ့အရာတွေကို ပိုင်ဆိုင်ထားသူပါ။ သူက ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။ ဘယ်ခြေရောညာခြေပါကန်နိုင် တယ်။ အရည်အချင်းရှိပြီး ပါရမီ ရှိတဲ့သူပါ။ သူဟာ လူတိုင်းပါးစပ် ဖျားမှာ အမြဲတမ်းရေပန်းစားသူ ဖြစ်ပြီး အသင်းကိုအများကြီးအကူ အညီပေးထားပါတယ်’’ဟုဗယ်လ် ဗာဒီက ပြောသည်။

အက်သလက်တီကိုမက်ဒ ရစ်နှင့်ပတ်သက်၍ ဗယ်လ်ဗာဒီက ‘‘အဓိကပြိုင်ဘက်က ဘယ်သူဖြစ် မယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အဲဒီအထဲမှာအက်သ လက်တီကိုမက်ဒရစ်ပါတယ်ဆို တာတော့ သေချာပါတယ်။ ဒီလို မျိုးအသင်းနဲ့ကစားတဲ့အခါ ခက် ခဲတာကို ကျွန်တော်တို့နားလည် သဘောပေါက်ရပါမယ်’’ ဟု ပြောသည်။

ယခုချေပဂိုးက ဒမ်ဘီလီကို ကောင်းကျိုးများဖြစ်ထွန်းစေမည် ဟု ဝါရင့်ဘာစီလိုနာကစားသမား ဘက်စ်ကွက်က မှတ်ချက်ပြု သည်။

‘‘ဒီဂိုးက သူ့အတွက်အများ ကြီးအကျိုးရှိစေမှာပါ။ သူ့အနေနဲ့ ကိုယ်ပိုင်ဘဝနဲ့ ဘောလုံးသမား တစ်ယောက်ဘဝမှာ အသားကျ ဖို့လိုပါသေးတယ်။ သူက ငယ် ရွယ်သေးတဲ့အတွက် သူ့ကိုကူညီ ဖို့လိုအပ်ပါတယ်။ သူကအသင်း အတွက်အများကြီးအထောက်အ ကူပြုနိုင်တယ်ဆိုတာ ကျွန်တော် တို့သိပြီးသားပါ’’ ဟု ယင်းပွဲတွင် ဘာစီလိုနာအတွက် ပွဲ ၅၀၀ ပြည့် မြောက်ခဲ့သူ၎င်းက ပြောသည်။

အက်သလက်တီကိုသည် ယခုပွဲအနိုင်ရလျှင် စပိန်လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးနေရာ သိမ်းပိုက်ခွင့် ရမည်ဖြစ်သော် လည်း သရေရလဒ်ကြောင့် ဘာစီ လိုနာ၏နောက်တစ်မှတ်အကွာ ၂၄ မှတ်ဖြင့်ရှိနေသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top