(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဗုဒၶဟူးေန႔တြင္ လီဗာပူးႏွင့္ ကစားရမည့္ပီအက္စ္ဂ်ီအိမ္ ကြင္းခ်န္ပီယံလိဂ္ပြဲ၌ ေနမာႏွင့္ မက္ဘီပါ၀င္လာဖြယ္ရွိသည္ဟု ပီအက္စ္ဂ်ီနည္းျပ ေသာမက္စ္ တူခ်ယ္က အတည္ျပဳေျပာၾကား သည္။

ယင္းတိုက္စစ္မွဴးႏွစ္ဦးစလုံးသည္ ႏုိ၀င္ဘာ ၂၀ ရက္က ကစားေသာ လက္ေရြးစင္အသင္းေျခ စမ္းပြဲမ်ားတြင္ ဒဏ္ရာရ ရွိခဲ့သည္။

ဘရာဇီးက ကင္မရြန္းကုိ ၁-၀ ဂုိးျဖင့္အႏုိင္ရေသာပြဲတြင္ အသင္းေခါင္းေဆာင္ေနမာ  ေပါင္တြင္းေၾကဒဏ္ရာရရွိၿပီး မက္ဘီသည္ ျပင္သစ္က ဥ႐ုေဂြးကုိအႏုိင္ ရရွိေသာပဲြ၌ ပခုံး ထိခုိက္ခဲ့သည္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ႏွစ္ဦးသည္ စေနေန႔တူေလာ့စ္ႏွင့္ပြဲ တြင္ ပါ၀င္ကစားမည္မဟုတ္ေပ။ သုိ႔ေသာ္ ဂ်ာဂန္ကေလာ့ပ္၏ လီဗာပူးကုိ အိမ္ကြင္း၌ဧည့္ခံခ်ိန္တြင္ ယင္းကစားသမားႏွစ္ဦးပါ ၀င္ႏုိင္မည္ဟု တူခ်ယ္က ေမွ်ာ္လင့္ေန သည္။

‘‘မနက္ျဖန္အတြက္ေတာ့ ကြၽန္ေတာ္တုိ႔စြန္႔စားမွာ မဟုတ္ ပါဘူး။ ဒါေပမဲ့ ဗုဒၶဟူးေန႔ လီဗာ ပူးနဲ႔ပြဲမွာ သူတို႔ပါ၀င္ကစားဖြယ္ရွိ ပါတယ္။ ျဖစ္ႏုိင္ေျခရွိပါတယ္’’ ဟု တူခ်ယ္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

ဗုဒ္ဓဟူးနေ့တွင် လီဗာပူးနှင့် ကစားရမည့်ပီအက်စ်ဂျီအိမ် ကွင်းချန်ပီယံလိဂ်ပွဲ၌ နေမာနှင့် မက်ဘီပါဝင်လာဖွယ်ရှိသည်ဟု ပီအက်စ်ဂျီနည်းပြ သောမက်စ် တူချယ်က အတည်ပြုပြောကြား သည်။

ယင်းတိုက်စစ်မှူးနှစ်ဦးစလုံးသည် နိုဝင်ဘာ ၂၀ ရက်က ကစားသော လက်ရွေးစင်အသင်းခြေ စမ်းပွဲများတွင် ဒဏ်ရာရ ရှိခဲ့သည်။

ဘရာဇီးက ကင်မရွန်းကို ၁-၀ ဂိုးဖြင့်အနိုင်ရသောပွဲတွင် အသင်းခေါင်းဆောင်နေမာ  ပေါင်တွင်းကြေဒဏ်ရာရရှိပြီး မက်ဘီသည် ပြင်သစ်က ဥရုဂွေးကိုအနိုင် ရရှိသောပွဲ၌ ပခုံး ထိခိုက်ခဲ့သည်။

ပီအက်စ်ဂျီကြယ်ပွင့်နှစ်ဦးသည် စနေနေ့တူလော့စ်နှင့်ပွဲ တွင် ပါဝင်ကစားမည်မဟုတ်ပေ။ သို့သော် ဂျာဂန်ကလော့ပ်၏ လီဗာပူးကို အိမ်ကွင်း၌ဧည့်ခံချိန်တွင် ယင်းကစားသမားနှစ်ဦးပါ ဝင်နိုင်မည်ဟု တူချယ်က မျှော်လင့်နေ သည်။

‘‘မနက်ဖြန်အတွက်တော့ ကျွန်တော်တို့စွန့်စားမှာ မဟုတ် ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ လီဗာ ပူးနဲ့ပွဲမှာ သူတို့ပါဝင်ကစားဖွယ်ရှိ ပါတယ်။ ဖြစ်နိုင်ခြေရှိပါတယ်’’ ဟု တူချယ်က ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top