iMyanmarHouse.com - Best Property Website for Myanmar
×

လႈိင္ၿမိဳ႕နယ္၊​ (၁) ရပ္ကြက္၊​ ေဇယ်သိဒၶိ ၂ လမ္းထိပ္တြင္ ႏုိဝင္ဘာလ ၁၇ ရက္ ညပုိင္းက ကထိန္မ႑ပ္အတြင္း ဗီဒီယုိဖြင့္မၾကည့္ရန္ ေျပာဆုိသူ အသက္ ၂၂ ႏွစ္ အမ်ဳိးသားတစ္ဦး ဓားျဖင့္ထိုးသတ္ခံရေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ရင္ညြန္႔ေအာက္ ထုိးသြင္းဒဏ္ရာႏွစ္ခ်က္၊ ဘယ္လက္ေမာင္း ျပတ္ရွဒဏ္ရာတစ္ခ်က္ျဖင့္ ေသဆံုးခဲ့သူ ခ်စ္ကုိကိုမွာ လႈိင္ၿမိဳ႕နယ္အတြင္း အေႏွးယာဥ္နင္းသူျဖစ္ၿပီး အခင္းျဖစ္ည ၈ နာရီခြဲက ကထိန္မ႑ပ္အတြင္း ဗီဒီယုိ ထုိင္ၾကည့္ေနသူမ်ားကို ၎က ဗီဒီယုိဖြင့္မၾကည့္ရန္ ေျပာဆုိခဲ့သည္။


“ေသဆံုးသူက ဆုိက္ကားနင္းတယ္။ လူသတ္မႈ က်ဴးလြန္သူကလည္း ဆုိက္ကားသမား။ ဆုိက္ကားဂိတ္နားမွာရွိတဲ့ ကထိန္မ႑ပ္နဲ႔ မတူေတာ့ဘူး။ ဗီဒီယုိ႐ံု က်ေနတာပဲလုိ႔ ေျပာဆုိခဲ့တယ္။ ဒါကို ဗီဒီယိုထုိင္ၾကည့္ေနသူ ေလးငါးေယာက္က မေက်မနပ္ျဖစ္ၿပီး ေသဆံုးသူကို ဝိုင္းျပႆနာရွာၾကတယ္။ အဲဒီထဲက တစ္ေယာက္က ပါလာတဲ့ ဓားနဲ႔ထုိးသတ္ခဲ့တယ္။ တရားခံကုိလည္း ဖမ္းမိထားပါၿပီ”ဟု ရဲအရာရွိက ရွင္းျပသည္။

ဓားျဖင့္ထုိးသတ္ခံရသူ အေႏွးယာဥ္နင္း ခ်စ္ကုိကို၏႐ုပ္အေလာင္းကို အင္းစိန္ေဆး႐ံုသုိ႔ပုိ႔အပ္ၿပီး ဓားျဖင့္ထုိးသူဟု တုိင္ၾကားခံရသူ အေႏွးယာဥ္နင္း အသက္ ၂၄ ႏွစ္ ေအးမင္းထြဋ္ကိုဖမ္းဆီး၍ လႈိင္ၿမိဳ႕မ ရဲစခန္းက (ပ) ၁၀၂၅/၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

လှိုင်မြို့နယ်၊ (၁) ရပ်ကွက်၊ ဇေယျသိဒ္ဓိ ၂ လမ်းထိပ်တွင် နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက ကထိန်မဏ္ဍပ်အတွင်း ဗီဒီယိုဖွင့်မကြည့်ရန် ပြောဆိုသူ အသက် ၂၂ နှစ် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရင်ညွန့်အောက် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ဘယ်လက်မောင်း ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့သူ ချစ်ကိုကိုမှာ လှိုင်မြို့နယ်အတွင်း အနှေးယာဉ်နင်းသူဖြစ်ပြီး အခင်းဖြစ်ည ၈ နာရီခွဲက ကထိန်မဏ္ဍပ်အတွင်း ဗီဒီယို ထိုင်ကြည့်နေသူများကို ၎င်းက ဗီဒီယိုဖွင့်မကြည့်ရန် ပြောဆိုခဲ့သည်။ 
 

“သေဆုံးသူက ဆိုက်ကားနင်းတယ်။ လူသတ်မှု ကျူးလွန်သူကလည်း ဆိုက်ကားသမား။ ဆိုက်ကားဂိတ်နားမှာရှိတဲ့ ကထိန်မဏ္ဍပ်နဲ့ မတူတော့ဘူး။ ဗီဒီယိုရုံ ကျနေတာပဲလို့ ပြောဆိုခဲ့တယ်။ ဒါကို ဗီဒီယိုထိုင်ကြည့်နေသူ လေးငါးယောက်က မကျေမနပ်ဖြစ်ပြီး သေဆုံးသူကို ဝိုင်းပြဿနာရှာကြတယ်။ အဲဒီထဲက တစ်ယောက်က ပါလာတဲ့ ဓားနဲ့ထိုးသတ်ခဲ့တယ်။ တရားခံကိုလည်း ဖမ်းမိထားပါပြီ”ဟု ရဲအရာရှိက ရှင်းပြသည်။

ဓားဖြင့်ထိုးသတ်ခံရသူ အနှေးယာဉ်နင်း ချစ်ကိုကို၏ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ပို့အပ်ပြီး ဓားဖြင့်ထိုးသူဟု တိုင်ကြားခံရသူ အနှေးယာဉ်နင်း အသက် ၂၄ နှစ် အေးမင်းထွဋ်ကိုဖမ်းဆီး၍ လှိုင်မြို့မ ရဲစခန်းက (ပ) ၁၀၂၅/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားသည်။ 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top