ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေလ့လာမႈအသစ္တစ္ရပ္အရ ေရေႏြးစိမ္ခ်ိဳးျခင္းေၾကာင့္ စိတ္အပန္းေျဖျခင္းထက္ ေက်ာ္လြန္၍ အက်ိဳးေက်းဇူးမ်ားရွိေၾကာင္း သိရသည္။ သုေတသီမ်ား၏ ေလ့လာခ်က္အရ ပံုမွန္ေရေႏြးစိမ္ခ်ိဳးျခင္းျဖင့္ ခႏၶာကိုယ္ေရာင္ရမ္းမႈကို ေလ်ာ့ပါးေစႏုိင္ၿပီး ဇီဝျဖစ္စဥ္ကို တိုး တက္ေစႏိုင္သည္။

ေရေႏြးစိမ္ခ်ိဳးျခင္းျဖင့္ ေသြးေၾကာမ်ားဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားႏွင့္ အိပ္စက္မႈကို တိုးတက္ေကာင္းမြန္ေစႏိုင္သည္။ ေရေႏြးစိမ္ခ်ိဳးျခင္းသည္ ကုန္က်စရိတ္နည္းၿပီး သိသာေသာ ေဘးထြက္ဆိုးက်ိဳးမ်ား မရွိေသာေၾကာင့္ က်န္းမာေရးေကာင္းက်ိဳးအ တြက္ လုပ္ေဆာင္သင့္ေသာ နည္းလမ္းတစ္ခုျဖစ္သည္။

ေလ့က်င့္ခန္းလုပ္ျခင္းကလည္း ခႏၶာကိုယ္ေရာင္ရမ္းမႈကို ေလ်ာ့ပါးေစၿပီး ခႏၶာကိုယ္က အင္ဆူလင္ေဟာ္မုန္းကို ေကာင္းစြာ အသံုးခ်ႏိုင္ေစရန္ အေထာက္အကူျပဳသည္။ ဆရာဝန္မ်ားက ဇီဝျဖစ္စဥ္ကေမာက္ကမျဖစ္လာႏိုင္ေျခကို ေလွ်ာ့ခ်ေရး ေလ့က်င့္ခန္းလုပ္ရန္ အႀကံျပဳထားေသာ္လည္း လူတိုင္း ေလ့က်င့္ခန္းမလုပ္ႏုိင္ျဖစ္ေနသည္။

၁၀၂ ဒီဂရီဖာရင္ဟိုက္ (၃၉ ဒီဂရီစင္တီဂရိတ္)အထိ ေႏြးေသာ ေရထဲတြင္ တစ္နာရီၾကာ စိမ္ခ်ိဳးျခင္းျဖင့္ က်န္းမာေရးအက်ိဳးေက်း ဇူးမ်ား ရရွိႏုိင္သည္။ ယင္းကဲ့သို႔ ေရေႏြးပံုမွန္စိမ္ခ်ိဳးသူမ်ားသည္ ေသြးထဲရွိ သၾကားဓာတ္ေလ်ာ့နည္းၿပီး ခႏၶာကိုယ္ေရာင္ရမ္းမႈေလ်ာ့နည္းေၾကာင္း ေလ့လာေတြ႕ရွိသည္။

ေရေႏြးစိမ္ခ်ိဳးျခင္းတစ္ခုတည္းျဖင့္ ဇီဝျဖစ္စဥ္ ကေမာက္ကမ ျဖစ္မႈကို မကုသႏိုင္ေသာ္လည္း ယင္းနည္းလမ္းသည္ ႐ိုးရွင္းလြယ္ကူျခင္း၊ ကုန္က်စရိတ္သက္သာၿပီး ထိေရာက္မႈရွိျခင္းတို႔ေၾကာင့္ အျခားကုသမႈမ်ားႏွင့္အတူ တြဲလုပ္သင့္သည္။

လြန္ခဲ့ေသာ ႏွစ္ ၂၀ ခန္႔က ေလ့လာမႈတစ္ရပ္တြင္လည္း ေရ ေႏြးစိမ္ခ်ိဳးျခင္းေၾကာင့္ ေသြးထဲရွိ သၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ ၿပီး အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါသည္မ်ား ေရေႏြးပံုမွန္စိမ္ခ်ိဳးရန္ အႀကံျပဳထားသည္။

ခႏၶာကိုယ္ေရာင္ရမ္းမႈက အင္ဆူလင္ကို ခႏၶာကိုယ္က အသံုး မခ်ႏိုင္မႈ ပိုမိုဆိုးရြားလာေစေၾကာင္း သုေတသီမ်ားကေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

လေ့လာမှုအသစ်တစ်ရပ်အရ ရေနွေးစိမ်ချိုးခြင်းကြောင့် စိတ်အပန်းဖြေခြင်းထက် ကျော်လွန်၍ အကျိုးကျေးဇူးများရှိကြောင်း သိရသည်။ သုတေသီများ၏ လေ့လာချက်အရ ပုံမှန်ရေနွေးစိမ်ချိုးခြင်းဖြင့် ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပြီး ဇီဝဖြစ်စဉ်ကို တိုး တက်စေနိုင်သည်။

ရေနွေးစိမ်ချိုးခြင်းဖြင့် သွေးကြောများဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အိပ်စက်မှုကို တိုးတက်ကောင်းမွန်စေနိုင်သည်။ ရေနွေးစိမ်ချိုးခြင်းသည် ကုန်ကျစရိတ်နည်းပြီး သိသာသော ဘေးထွက်ဆိုးကျိုးများ မရှိသောကြောင့် ကျန်းမာရေးကောင်းကျိုးအ တွက် လုပ်ဆောင်သင့်သော နည်းလမ်းတစ်ခုဖြစ်သည်။

လေ့ကျင့်ခန်းလုပ်ခြင်းကလည်း ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျော့ပါးစေပြီး ခန္ဓာကိုယ်က အင်ဆူလင်ဟော်မုန်းကို ကောင်းစွာ အသုံးချနိုင်စေရန် အထောက်အကူပြုသည်။ ဆရာဝန်များက ဇီဝဖြစ်စဉ်ကမောက်ကမဖြစ်လာနိုင်ခြေကို လျှော့ချရေး လေ့ကျင့်ခန်းလုပ်ရန် အကြံပြုထားသော်လည်း လူတိုင်း လေ့ကျင့်ခန်းမလုပ်နိုင်ဖြစ်နေသည်။

၁၀၂ ဒီဂရီဖာရင်ဟိုက် (၃၉ ဒီဂရီစင်တီဂရိတ်)အထိ နွေးသော ရေထဲတွင် တစ်နာရီကြာ စိမ်ချိုးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေး ဇူးများ ရရှိနိုင်သည်။ ယင်းကဲ့သို့ ရေနွေးပုံမှန်စိမ်ချိုးသူများသည် သွေးထဲရှိ သကြားဓာတ်လျော့နည်းပြီး ခန္ဓာကိုယ်ရောင်ရမ်းမှုလျော့နည်းကြောင်း လေ့လာတွေ့ရှိသည်။

ရေနွေးစိမ်ချိုးခြင်းတစ်ခုတည်းဖြင့် ဇီဝဖြစ်စဉ် ကမောက်ကမ ဖြစ်မှုကို မကုသနိုင်သော်လည်း ယင်းနည်းလမ်းသည် ရိုးရှင်းလွယ်ကူခြင်း၊ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိခြင်းတို့ကြောင့် အခြားကုသမှုများနှင့်အတူ တွဲလုပ်သင့်သည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်က လေ့လာမှုတစ်ရပ်တွင်လည်း ရေ နွေးစိမ်ချိုးခြင်းကြောင့် သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင် ပြီး အမျိုးအစား-၂ ဆီးချိုရောဂါသည်များ ရေနွေးပုံမှန်စိမ်ချိုးရန် အကြံပြုထားသည်။

ခန္ဓာကိုယ်ရောင်ရမ်းမှုက အင်ဆူလင်ကို ခန္ဓာကိုယ်က အသုံး မချနိုင်မှု ပိုမိုဆိုးရွားလာစေကြောင်း သုတေသီများကပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top