ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာႏုိင္ငံတြင္ ဒီဇင္ ဘာေနာက္ဆုံးပတ္အတြင္း အ ေအးလိႈင္းျဖတ္မည္ဟု ထြက္ေပၚ ေနေသာသတင္းသည္ မဟုတ္မွန္ ဘဲ သတင္းအတုသာျဖစ္ေၾကာင္း မုိးေလ၀သပညာရွင္ေဒါက္တာ ထြန္းလြင္က ေျပာသည္။

‘ဒီဇင္ဘာ ၂၄ မွ ၂၉ ရက္အ ထိအႏၲရာယ္ရွိေသာအေအးလႈိင္း ျဖတ္မည္’ဟူေသာ ေခါင္းစဥ္ျဖင့္ သတင္းသည္ ႏုိ၀င္ဘာ ၁၅ ရက္ ကစကာ လူမႈကြန္ရက္တြင္ ထြက္ ေပၚလာခဲ့သည္။ ယင္းသတင္းအ ေပၚ စုိးရိမ္ၾကၿပီး ထပ္ဆင့္ျပန္ လည္ျဖန္႔ေ၀သူ အမ်ားအျပားရွိ ေနခ်ိန္တြင္ သတင္းအမွားျဖစ္ ေၾကာင္း ေဒါက္တာထြန္းလြင္က ‘‘ဒါဟာ သတင္းတု (Fake News) ျဖစ္ပါတယ္’’ ဟု တရား၀င္ေျပာ ၾကားသည္။

ယင္းသတင္းထြက္ေပၚလာ ပုံကုိ သုံးသပ္ၾကည့္ရာ တစ္စုံ တစ္ေယာက္က ရည္ရြယ္ခ်က္ရွိရွိ ျဖင့္ ေဖ့စ္ဘြတ္ခ္မက္ဆင္ဂ်ာမွ တစ္ဆင့္ ျဖန္႔ေနသည္ကုိေတြ႕ရ သည္ဟု ပညာရွင္ကဆုိသည္။ ‘‘ဒီသတင္းဟာ  အမွန္ကသတင္း ေဟာင္းပါ။ ၂၀၁၇ ခုႏွစ္က သ တင္းပါ။ အဲဒါကုိ သကၠရာဇ္ျဖဳတ္၊ ေန႔စြဲေလာက္ပဲ အခ်ိန္ကိုက္ထည့္ ၿပီး အခုျဖစ္ေတာ့မယ့္ပုံစံနဲ႔ လုိက္ ျဖန္႔ေနေတာ့ ဒါဟာသတင္းတု ျဖစ္သြားပါတယ္’’ ဟု ေဒါက္တာ ထြန္းလြင္က ေျပာသည္။

လက္ရွိကာလ(ႏုိ၀င္ဘာ)က စတင္ကာ အယ္လ္နီညိဳျဖစ္ေပၚ ေနၿပီး လာမည့္ေဆာင္းရာသီ သည္ ပုံမွန္ထက္အေအးေပါ့ႏုိင္ သည္ဟု ေဒါက္တာထြန္းလြင္က ႀကိဳတင္ခန္႔မွန္းထားသည္။၂၀၁၈ အတြင္း ရာသီဥတုႏွင့္ပတ္သက္ ၍ သတင္းအမွားေလးႀကိမ္ခန္႔ ထြက္ခဲ့ၿပီး ေနာက္ဆက္တြဲ ေကာ လာဟလမ်ား ႀကီးမားခဲ့သည္။ ျဖစ္ရပ္တစ္ခုခုေၾကာင့္ ႏုိင္ငံေရး အေျခအေန႐ႈပ္ေထြးေနခ်ိန္တြင္ အခ်ိန္ကုိက္ထြက္ေပၚလာသည့္ သတင္းအမွားမ်ားအေပၚ စိတ္ ပ်က္ရေၾကာင္း လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေန ရာခ်ထားေရး၀န္ႀကီးဌာန ေဘး အႏၲရာယ္စီမံခန္႔ခြဲေရးဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာ ကုိကုိႏုိင္ကေျပာသည္။

‘‘သတင္းေတြက ၾကားတဲ့အ တိုင္းပဲ။ ႏုိ၀င္ဘာ ၁၆ ရက္က ဘဂၤါလီ ၁၀၀ ေက်ာ္ခုိး၀င္လာလုိ႔ အဲဒီကိစၥကုိရွင္းေနရတဲ့ၾကားထဲ အခုလုိသတင္းအမွားေတြကုိထပ္ ေျဖရွင္းေနရတယ္။ အယ္လ္နီညိဳ ေတာင္ျဖစ္ေနတာ ဘယ္က အ ေအးလႈိင္းကလာမွာလဲ။ သတင္း အမွားေတြက စိတ္ပ်က္စရာပဲ’’ ဟု ေဒါက္တာကုိကုိႏုိင္က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day

#Unicode Version#

မြန်မာနိုင်ငံတွင် ဒီဇင် ဘာနောက်ဆုံးပတ်အတွင်း အ အေးလှိုင်းဖြတ်မည်ဟု ထွက်ပေါ် နေသောသတင်းသည် မဟုတ်မှန် ဘဲ သတင်းအတုသာဖြစ်ကြောင်း မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က ပြောသည်။

‘ဒီဇင်ဘာ ၂၄ မှ ၂၉ ရက်အ ထိအန္တရာယ်ရှိသောအအေးလှိုင်း ဖြတ်မည်’ဟူသော ခေါင်းစဉ်ဖြင့် သတင်းသည် နိုဝင်ဘာ ၁၅ ရက် ကစကာ လူမှုကွန်ရက်တွင် ထွက် ပေါ်လာခဲ့သည်။ ယင်းသတင်းအ ပေါ် စိုးရိမ်ကြပြီး ထပ်ဆင့်ပြန် လည်ဖြန့်ဝေသူ အများအပြားရှိ နေချိန်တွင် သတင်းအမှားဖြစ် ကြောင်း ဒေါက်တာထွန်းလွင်က ‘‘ဒါဟာ သတင်းတု (Fake News) ဖြစ်ပါတယ်’’ ဟု တရားဝင်ပြော ကြားသည်။

ယင်းသတင်းထွက်ပေါ်လာ ပုံကို သုံးသပ်ကြည့်ရာ တစ်စုံ တစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖြင့် ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှ တစ်ဆင့် ဖြန့်နေသည်ကိုတွေ့ရ သည်ဟု ပညာရှင်ကဆိုသည်။ ‘‘ဒီသတင်းဟာ  အမှန်ကသတင်း ဟောင်းပါ။ ၂၀၁၇ ခုနှစ်က သ တင်းပါ။ အဲဒါကို သက္ကရာဇ်ဖြုတ်၊ နေ့စွဲလောက်ပဲ အချိန်ကိုက်ထည့် ပြီး အခုဖြစ်တော့မယ့်ပုံစံနဲ့ လိုက် ဖြန့်နေတော့ ဒါဟာသတင်းတု ဖြစ်သွားပါတယ်’’ ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

လက်ရှိကာလ(နိုဝင်ဘာ)က စတင်ကာ အယ်လ်နီညိုဖြစ်ပေါ် နေပြီး လာမည့်ဆောင်းရာသီ သည် ပုံမှန်ထက်အအေးပေါ့နိုင် သည်ဟု ဒေါက်တာထွန်းလွင်က ကြိုတင်ခန့်မှန်းထားသည်။၂၀၁၈ အတွင်း ရာသီဥတုနှင့်ပတ်သက် ၍ သတင်းအမှားလေးကြိမ်ခန့် ထွက်ခဲ့ပြီး နောက်ဆက်တွဲ ကော လာဟလများ ကြီးမားခဲ့သည်။ ဖြစ်ရပ်တစ်ခုခုကြောင့် နိုင်ငံရေး အခြေအနေရှုပ်ထွေးနေချိန်တွင် အချိန်ကိုက်ထွက်ပေါ်လာသည့် သတင်းအမှားများအပေါ် စိတ် ပျက်ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ကိုကိုနိုင်ကပြောသည်။

‘‘သတင်းတွေက ကြားတဲ့အ တိုင်းပဲ။ နိုဝင်ဘာ ၁၆ ရက်က ဘင်္ဂါလီ ၁၀၀ ကျော်ခိုးဝင်လာလို့ အဲဒီကိစ္စကိုရှင်းနေရတဲ့ကြားထဲ အခုလိုသတင်းအမှားတွေကိုထပ် ဖြေရှင်းနေရတယ်။ အယ်လ်နီညို တောင်ဖြစ်နေတာ ဘယ်က အ အေးလှိုင်းကလာမှာလဲ။ သတင်း အမှားတွေက စိတ်ပျက်စရာပဲ’’ ဟု ဒေါက်တာကိုကိုနိုင်က ပြော သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top