(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာဥပေဒအသစ္ က်င့္သုံး သည့္ တစ္လခဲြေက်ာ္ၾကာအထိ စည္းကမ္းမဲ့အမႈိက္စြန္႔ပစ္ျခင္း၊ ကြမ္းတံေတြးေထြးျခင္းကို အေရး ယူမႈ မရွိေသးေၾကာင္း ရန္ကုန္ၿမိဳ႕ ေတာ္ စည္ပင္သာယာေရးေကာ္ မတီမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာဥပေဒကို ေအာက္တိုဘာ ၁ ရက္က စတင္က်င့္သုံးခဲ့ျခင္း ျဖစ္သည္။ ယင္းဥပေဒ၌ က်ဴး လြန္သည့္ ျပစ္မႈအေပၚမူတည္၍ သတ္မွတ္ျပစ္ဒဏ္မ်ားကို တုိးျမႇင့္ ထားသည္။

 ‘‘စည္ပင္ဥပေဒအသစ္အတုိင္း ျပစ္ဒဏ္ေတြကို ခ်မွတ္ေန သလို အသိပညာေပးမႈေတြကို လည္း ပူးတဲြလုပ္ေဆာင္ေနတဲ့ အေနအထားမွာ ရွိတယ္။ အမႈိက္ စြန္႔ပစ္မႈေတြ၊ ကြမ္းတံေတြးေထြးမႈေတြနဲ႔ ပတ္သက္လို႔ကေတာ့ ေစာင့္ၾကည့္ရမယ့္ လုပ္ငန္းေတြရွိ ေသးတယ္။ အခုအခ်ိန္အထိ ေတာ့ အဲဒီျပစ္မႈေတြအတြက္ အ ေရးယူဖို႔ ခက္ေနေသးတယ္’’ဟု အထက္ပါတာ၀န္ရွိသူက ေျပာ ၾကားသည္။

အဆုိပါ ဥပေဒသစ္က်င့္သုံး သည့္ တစ္လေက်ာ္အထိ စည္းကမ္းမဲ့ လမ္းေဘးေစ်းေရာင္း ခ်ျခင္း၊ စည္းကမ္းမဲ့ အေႏွးယာဥ္ စီးနင္းျခင္း၊ ဆုိင္ကယ္မစီးရနယ္ ေျမတြင္ ဆုိင္ကယ္စီးနင္းျခင္း၊ ယာဥ္မရပ္ရ နယ္ေျမ၌ ယာဥ္ရပ္ နားျခင္း၊ ဆုိင္ခန္းမ်ား လမ္းေျမ ကို က်ဴးေက်ာ္ဖြင့္လွစ္ျခင္း၊ ခြင့္ျပဳခ်က္မဲ့  အေဆာက္အအုံ ေဆာက္လုပ္ျခင္း တုိ႔အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီက တရားလုိလုပ္ ၍ တရားစဲြဆုိခဲ့သည္။

ယင္းသုိ႔ တရားစဲြဆိုခဲ့သည့္ အမႈေပါင္း ၄၀၀ ခန္႔ရွိခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီ မွတ္တမ္းမ်ားက ဆုိသည္။

စည္းကမ္းမဲ့ အမႈိက္စြန္႔ပစ္ ျခင္း၊ ကြမ္းတံေတြးေထြးျခင္းတုိ႔ ေၾကာင့္ အေရးယူသည့္ျဖစ္စဥ္ မရွိေသးေသာ္ စည္းကမ္းမဲ့အမႈိက္ စြန္႔ပစ္ပါက ဒဏ္ေငြက်ပ္သုံး ေသာင္းမွ က်ပ္သုံးသိန္းအထိ လည္းေကာင္း၊ ေထာင္ဒဏ္သုံး လအထိလည္းေကာင္း၊ အမ်ား ျပည္သူႏွင့္ သက္ဆုိင္သည့္ေနရာ မ်ားတြင္ ကြမ္းတံေတြးေထြးပါက ဒဏ္ေငြက်ပ္သုံးေသာင္းမွ ငါးေသာင္းအထိလည္းေကာင္းခ် မွတ္ႏုိင္ေၾကာင္း ရန္ကုန္ၿမိဳ႕ စည္ပင္ဥပေဒတြင္ ျပ႒ာန္းထားသည္။

 ယင္းျပစ္မႈမ်ားအတြက္ ေစာင့္ၾကည့္အေရးယူရန္ လက္ရွိ၀န္ထမ္း အင္အားႏွင့္ လုံေလာက္မႈမရွိ၍ အင္အားတိုးခ်ဲ႕ရန္လုိအပ္ေနေသးေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ တဲြဖက္အတြင္းေရးမွဴးဦးသန္းက ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ရန်ကုန်မြို့တော်စည်ပင် သာယာဥပဒေအသစ် ကျင့်သုံး သည့် တစ်လခွဲကျော်ကြာအထိ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်းကို အရေး ယူမှု မရှိသေးကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာဥပဒေကို အောက်တိုဘာ ၁ ရက်က စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ယင်းဥပဒေ၌ ကျူး လွန်သည့် ပြစ်မှုအပေါ်မူတည်၍ သတ်မှတ်ပြစ်ဒဏ်များကို တိုးမြှင့် ထားသည်။

 ‘‘စည်ပင်ဥပဒေအသစ်အတိုင်း ပြစ်ဒဏ်တွေကို ချမှတ်နေ သလို အသိပညာပေးမှုတွေကို လည်း ပူးတွဲလုပ်ဆောင်နေတဲ့ အနေအထားမှာ ရှိတယ်။ အမှိုက် စွန့်ပစ်မှုတွေ၊ ကွမ်းတံတွေးထွေးမှုတွေနဲ့ ပတ်သက်လို့ကတော့ စောင့်ကြည့်ရမယ့် လုပ်ငန်းတွေရှိ သေးတယ်။ အခုအချိန်အထိ တော့ အဲဒီပြစ်မှုတွေအတွက် အ ရေးယူဖို့ ခက်နေသေးတယ်’’ဟု အထက်ပါတာဝန်ရှိသူက ပြော ကြားသည်။

အဆိုပါ ဥပဒေသစ်ကျင့်သုံး သည့် တစ်လကျော်အထိ စည်းကမ်းမဲ့ လမ်းဘေးဈေးရောင်း ချခြင်း၊ စည်းကမ်းမဲ့ အနှေးယာဉ် စီးနင်းခြင်း၊ ဆိုင်ကယ်မစီးရနယ် မြေတွင် ဆိုင်ကယ်စီးနင်းခြင်း၊ ယာဉ်မရပ်ရ နယ်မြေ၌ ယာဉ်ရပ် နားခြင်း၊ ဆိုင်ခန်းများ လမ်းမြေ ကို ကျူးကျော်ဖွင့်လှစ်ခြင်း၊ ခွင့်ပြုချက်မဲ့  အဆောက်အအုံ ဆောက်လုပ်ခြင်း တို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက တရားလိုလုပ် ၍ တရားစွဲဆိုခဲ့သည်။

ယင်းသို့ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၄၀၀ ခန့်ရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မှတ်တမ်းများက ဆိုသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ခြင်း၊ ကွမ်းတံတွေးထွေးခြင်းတို့ ကြောင့် အရေးယူသည့်ဖြစ်စဉ် မရှိသေးသော် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်ပါက ဒဏ်ငွေကျပ်သုံး သောင်းမှ ကျပ်သုံးသိန်းအထိ လည်းကောင်း၊ ထောင်ဒဏ်သုံး လအထိလည်းကောင်း၊ အများ ပြည်သူနှင့် သက်ဆိုင်သည့်နေရာ များတွင် ကွမ်းတံတွေးထွေးပါက ဒဏ်ငွေကျပ်သုံးသောင်းမှ ငါးသောင်းအထိလည်းကောင်းချ မှတ်နိုင်ကြောင်း ရန်ကုန်မြို့ စည်ပင်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

 ယင်းပြစ်မှုများအတွက် စောင့်ကြည့်အရေးယူရန် လက်ရှိဝန်ထမ်း အင်အားနှင့် လုံလောက်မှုမရှိ၍ အင်အားတိုးချဲ့ရန်လိုအပ်နေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောကြားထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top