ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အေျခခံ ပညာေက်ာင္းမ်ားတြင္ KG(သူငယ္တန္း)၊ Grade-1(ပထမတန္း)၊ Grade-2(ဒုတိယတန္း) မွလြဲ၍ က်န္အတန္းမ်ားကို ဒီဇင္ဘာ အခန္းဆံုးစစ္ေဆးသည့္ စာေမးပြဲမ်ားက်င္းပရန္ အေျခခံပညာ ဦးစီးဌာနက ႏို၀င္ဘာပထမပတ္တြင္ ၫႊန္ၾကားထားသည္။

ထိုၫႊန္ၾကားခ်က္အရ တတိယတန္းမွ ဒသမတန္းအထိ အတန္းအားလံုး ေအာက္တိုဘာႏွင့္ ႏို၀င္ဘာတြင္ သင္ၾကားထားသည့္ သင္ခန္းစာမ်ားကို ဘာသာရပ္တစ္ခုလွ်င္ စာသင္ခ်ိန္ တစ္ခ်ိန္ႏႈန္းျဖင့္ တစ္ရက္လွ်င္ ႏွစ္ဘာသာ ဒီဇင္ဘာအတြင္း စစ္ေဆးရမည္ ျဖစ္သည္။


ထို႔ျပင္ စနစ္သစ္သင္႐ိုးၫႊန္းတမ္းအသစ္မ်ားျဖင့္ သင္ၾကားေနေသာ KG၊ Grade-1၊ Grade-2 အတန္းမ်ားတြင္ ေက်ာင္းသား၊ေက်ာင္းသူမ်ား၏ တတ္ေျမာက္မႈကို စာေမးပြဲ က်င္းပစစ္ေဆးမႈမ်ား မျပဳလုပ္ရန္ႏွင့္  ညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္ရန္ အေျခခံပညာ ဦးစီးဌာနက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပညာေရးမွဴး႐ံုးမ်ားမွတစ္ဆင့္ ၿမိဳ႕နယ္ပညာေရးမွဴး မ်ား၊ ေက်ာင္းအုပ္ႀကီးမ်ား၊ ဆရာ၊ဆရာမမ်ား သိရွိေစရန္ ၫႊန္ၾကားထားသည္။

‘‘KG၊ Grade-1၊ 2 က စာေမးပြဲစစ္ဖို႔  မေျပာထားဘူး။ သူတို႔ကို တတ္ကၽြမ္းမႈ၊ တတ္ေျမာက္မႈစစ္ေဆးဖို႔ ပဲေျပာတာ။ တတ္ေျမာက္မႈ စစ္ေဆးတယ္ဆိုတာက သူတို႔ကို ဖတ္တတ္၊ ေရးတတ္၊ တြက္တတ္လားဆိုတဲ့ အေျခခံတတ္ကၽြမ္းမႈေတြ ရွိဖို႔အတြက္ကို စစ္ေပးရမွာ။ စာအုပ္ထဲက စာကိုအလြတ္က်က္ၿပီး ျပန္ၿပီး စာေမးပြဲစစ္တာမ်ဳိး လုပ္လို႔မရဘူး။ ဒါပဲသင္၊ ဒါပဲက်က္၊ ဒါပဲေျဖခိုင္းရင္ဘယ္လိုလုပ္ၿပီး စဥ္းစားေတြးေခၚမႈရွိတဲ့ ကေလးေတြ ျဖစ္လာေတာ့မလဲ’’ဟု အေျခခံပညာဦးစီးဌာန တာ၀န္ခံ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလး၀င္းက ေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ကလည္း သူငယ္တန္း၊ ပထမတန္း၊ ဒုတိယတန္းမွလြဲ၍ က်န္အ

တန္းမ်ားကို ႏွစ္၀က္ဆံုး စာေမးပြဲစစ္ေဆးရန္ အေျခခံပညာဦးစီး ဌာနက ၫႊန္ၾကားခဲ့သည္။ သို႔ေသာ္ သူငယ္တန္းမွ ဒုတိယတန္းအထိ စာေမးပြဲမစစ္ရန္ ၫႊန္ၾကားခ်က္အတိုင္း မလိုက္နာဟုဆိုကာ အမက (၂၁) သဃၤန္းကြၽန္းမွ မူလတန္း ေက်ာင္းအုပ္ ဆရာမႀကီးကို ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမွဴး႐ံုးက သတိေပးၿပီး ခံ၀န္ကတိေရးထိုးေစခဲ့သည္။

ယခင္ပညာသင္ႏွစ္မ်ားက အေျခခံပညာေက်ာင္းမ်ားတြင္ ဇူလိုင္မွ ေဖေဖာ္၀ါရီအထိ တစ္ႏွစ္လွ်င္ ကုိးႀကိမ္မွ ၁၀ ႀကိမ္အထိ စာေမးပြဲ က်င္းပခဲ့သည္။ ယခုပညာသင္ႏွစ္တြင္ KG၊ Grade-1၊ Grade-2 မ်ားကို စာေမးပြဲ မစစ္

ေဆးသည့္အျပင္ က်န္အတန္းမ်ားကိုလည္း ဇူလိုင္ႏွင့္  ဒီဇင္ဘာတြင္ အခန္းဆံုးစစ္ေဆးျခင္း စာေမးပြဲ၊ ေအာက္တိုဘာတြင္ ႏွစ္၀က္ဆံုးစာေမးပြဲ၊ ေဖေဖာ္၀ါရီတြင္ ႏွစ္ဆံုးစာေမးပြဲဟူ၍ ေလးႀကိမ္သာ က်င္းပရန္ ၫႊန္ၾကားထားသည္။

‘‘စာေမးပြဲက ကေလးေတြကို ေတာ္ေတာ္ႀကီးကို Pressure ေပးေနတာ။ ဒီစာေမးပြဲ Pressure ေတြကို ေလ်ာ့ေစခ်င္တာ။ အရင္တုန္းက အမ်ားႀကီးပဲ။ ChapterEnd Test (အခန္းဆံုးစစ္ေဆးျခင္း) ကို အရင္တုန္းက အနည္းဆံုး ခုနစ္ႀကိမ္ ရွိတယ္။ တခ်ဳိ႕ ရွစ္ ႀကိမ္စစ္တယ္။ Year End Test(ႏွစ္ဆံုးစစ္ေဆးျခင္း)နဲ႔ ChapterEnd Test ကို တစ္ႏွစ္ ၁၀ ႀကိမ္ေလာက္ထိ စစ္တာ။ စာေမးပြဲနဲ႔ပဲ တို႔ ဆရာ၊ ဆရာမေတြက လံုးခ်ာလည္လိုက္ေနတာ။ တစ္နည္းအားျဖင့္ ဒီစာေမးပြဲေတြရဲ႕ Work Load ကိုလည္း ေလွ်ာ့ခ်င္တာ’’ဟု ဦးကိုေလး၀င္းက ဆိုသည္။

KG+12 စနစ္အရ ၂၀၁၆-၁၇ ပညာသင္ႏွစ္္ကစတင္ကာ KG၊ ၂၀၁၇-၁၈ ပညာသင္ႏွစ္က စတင္ကာ Grade-1၊ ယခု ၂၀၁၈-၁၉ ပညာသင္ႏွစ္ကစတင္ကာ Grade-2 တို႔၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို သင္႐ိုးၫႊန္းတမ္းအသစ္ျဖင့္ သင္ၾကားေနသည္။

KG+12 စနစ္ သင္႐ိုးၫႊန္းတမ္းအသစ္ မေျပာင္းလဲမီက သူငယ္တန္းမွ ဒသမတန္းအထိ လစဥ္အခန္းဆံုးစာေမးပြဲမ်ား စစ္ ေဆးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

အခြေခံ ပညာကျောင်းများတွင် KG(သူငယ်တန်း)၊ Grade-1(ပထမတန်း)၊ Grade-2(ဒုတိယတန်း) မှလွဲ၍ ကျန်အတန်းများကို ဒီဇင်ဘာ အခန်းဆုံးစစ်ဆေးသည့် စာမေးပွဲများကျင်းပရန် အခြေခံပညာ ဦးစီးဌာနက နိုဝင်ဘာပထမပတ်တွင် ညွှန်ကြားထားသည်။

ထိုညွှန်ကြားချက်အရ တတိယတန်းမှ ဒသမတန်းအထိ အတန်းအားလုံး အောက်တိုဘာနှင့် နိုဝင်ဘာတွင် သင်ကြားထားသည့် သင်ခန်းစာများကို ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်နှုန်းဖြင့် တစ်ရက်လျှင် နှစ်ဘာသာ ဒီဇင်ဘာအတွင်း စစ်ဆေးရမည် ဖြစ်သည်။


ထို့ပြင် စနစ်သစ်သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားနေသော KG၊ Grade-1၊ Grade-2 အတန်းများတွင် ကျောင်းသား၊ကျောင်းသူများ၏ တတ်မြောက်မှုကို စာမေးပွဲ ကျင်းပစစ်ဆေးမှုများ မပြုလုပ်ရန်နှင့်  ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန် အခြေခံပညာ ဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် မြို့နယ်ပညာရေးမှူး များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ သိရှိစေရန် ညွှန်ကြားထားသည်။

‘‘KG၊ Grade-1၊ 2 က စာမေးပွဲစစ်ဖို့  မပြောထားဘူး။ သူတို့ကို တတ်ကျွမ်းမှု၊ တတ်မြောက်မှုစစ်ဆေးဖို့ ပဲပြောတာ။ တတ်မြောက်မှု စစ်ဆေးတယ်ဆိုတာက သူတို့ကို ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်လားဆိုတဲ့ အခြေခံတတ်ကျွမ်းမှုတွေ ရှိဖို့အတွက်ကို စစ်ပေးရမှာ။ စာအုပ်ထဲက စာကိုအလွတ်ကျက်ပြီး ပြန်ပြီး စာမေးပွဲစစ်တာမျိုး လုပ်လို့မရဘူး။ ဒါပဲသင်၊ ဒါပဲကျက်၊ ဒါပဲဖြေခိုင်းရင်ဘယ်လိုလုပ်ပြီး စဉ်းစားတွေးခေါ်မှုရှိတဲ့ ကလေးတွေ ဖြစ်လာတော့မလဲ’’ဟု အခြေခံပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ကလည်း သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းမှလွဲ၍ ကျန်အ

တန်းများကို နှစ်ဝက်ဆုံး စာမေးပွဲစစ်ဆေးရန် အခြေခံပညာဦးစီး ဌာနက ညွှန်ကြားခဲ့သည်။ သို့သော် သူငယ်တန်းမှ ဒုတိယတန်းအထိ စာမေးပွဲမစစ်ရန် ညွှန်ကြားချက်အတိုင်း မလိုက်နာဟုဆိုကာ အမက (၂၁) သင်္ဃန်းကျွန်းမှ မူလတန်း ကျောင်းအုပ် ဆရာမကြီးကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက သတိပေးပြီး ခံဝန်ကတိရေးထိုးစေခဲ့သည်။

ယခင်ပညာသင်နှစ်များက အခြေခံပညာကျောင်းများတွင် ဇူလိုင်မှ ဖေဖော်ဝါရီအထိ တစ်နှစ်လျှင် ကိုးကြိမ်မှ ၁၀ ကြိမ်အထိ စာမေးပွဲ ကျင်းပခဲ့သည်။ ယခုပညာသင်နှစ်တွင် KG၊ Grade-1၊ Grade-2 များကို စာမေးပွဲ မစစ်

ဆေးသည့်အပြင် ကျန်အတန်းများကိုလည်း ဇူလိုင်နှင့်  ဒီဇင်ဘာတွင် အခန်းဆုံးစစ်ဆေးခြင်း စာမေးပွဲ၊ အောက်တိုဘာတွင် နှစ်ဝက်ဆုံးစာမေးပွဲ၊ ဖေဖော်ဝါရီတွင် နှစ်ဆုံးစာမေးပွဲဟူ၍ လေးကြိမ်သာ ကျင်းပရန် ညွှန်ကြားထားသည်။

‘‘စာမေးပွဲက ကလေးတွေကို တော်တော်ကြီးကို Pressure ပေးနေတာ။ ဒီစာမေးပွဲ Pressure တွေကို လျော့စေချင်တာ။ အရင်တုန်းက အများကြီးပဲ။ ChapterEnd Test (အခန်းဆုံးစစ်ဆေးခြင်း) ကို အရင်တုန်းက အနည်းဆုံး ခုနစ်ကြိမ် ရှိတယ်။ တချို့ ရှစ် ကြိမ်စစ်တယ်။ Year End Test(နှစ်ဆုံးစစ်ဆေးခြင်း)နဲ့ ChapterEnd Test ကို တစ်နှစ် ၁၀ ကြိမ်လောက်ထိ စစ်တာ။ စာမေးပွဲနဲ့ပဲ တို့ ဆရာ၊ ဆရာမတွေက လုံးချာလည်လိုက်နေတာ။ တစ်နည်းအားဖြင့် ဒီစာမေးပွဲတွေရဲ့ Work Load ကိုလည်း လျှော့ချင်တာ’’ဟု ဦးကိုလေးဝင်းက ဆိုသည်။

KG+12 စနစ်အရ ၂၀၁၆-၁၇ ပညာသင်နှစ်ကစတင်ကာ KG၊ ၂၀၁၇-၁၈ ပညာသင်နှစ်က စတင်ကာ Grade-1၊ ယခု ၂၀၁၈-၁၉ ပညာသင်နှစ်ကစတင်ကာ Grade-2 တို့၌ ကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားနေသည်။

KG+12 စနစ် သင်ရိုးညွှန်းတမ်းအသစ် မပြောင်းလဲမီက သူငယ်တန်းမှ ဒသမတန်းအထိ လစဉ်အခန်းဆုံးစာမေးပွဲများ စစ် ဆေးခဲ့သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top