ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕မစခန္းမႉး ဒု ရဲမႉး သိန္းထြန္းနိုင္သည္ ယေန႕ နံနက္ ၇ နာရီ ၃၀ မိႏွစ္ အခ်ိန္ခန႔္က စခန္း အတြင္းရွိ ေရတြင္းထဲသို႔ က်၍ ေသဆုံးသြားေၾကာင္း သတင္းရရွိသည္။

ေသဆုံးသူ ၿမိဳ႕မစခန္းမႉး ဒုရဲမႉး သိန္းထြန္းနိုင္သည္ ေတာင္ကုတ္စခန္းသို႔ ေျပာင္းေ႐ြ႕တာဝန္က်လာ သည္မွာ ၈ လ ခန႔္ရွိၿပီျဖစ္သည္။

ေတာင္ကုတ္ၿမိဳ႕မစခန္းမွ ဒုရဲအုပ္ တိုးေဇာ္ေအာင္က “ ဒီေန႕ မနက္ ၇ နာရီ ၃၅ ေလာက္က ျဖစ္တာပါ။ စခန္းထဲက ေရတြင္း မွာ မေတာ္တဆ ျပဳတ္က်ၿပီး ေသဆုံးတာသြားပါ။ ယူနီေဖာင္းနဲ႕ေတာ့ မဟုတ္ ဘူး။ အရပ္ဝတ္နဲ႕ ဒီတိုင္းပဲ သူ႕ဟာသူ မေတာ္ တဆ ေရတြင္းထဲကို ျပဳတ္က်ၿပီး ေသဆုံးသြားတာပါ။ အေလာင္းကိုေတာ့ က်ေနာ္တို႔ ေဆး႐ုံးကို ပို႔ထားပါတယ္ ” ဟု ဧရာဝတီသို႔ ေျပာသည္။

ေသဆုံးသူ ၿမိဳ႕မရဲ႒ာန စခန္းမႉးမွာ ဌာနတြင္း ခုံ႐ုံးဖြဲ႕ စစ္ေဆးခံေနရသူျဖစ္ေၾကာင္း ေတာင္ကုတ္ ေဒသခံမ်ား အၾကား သတင္းမ်ားထြက္ေပၚေနသည္။

သို႔ေသာ္ ဒုစခန္းမႉး ျဖစ္သူ ရဲအုပ္ခ်စ္ထြန္းကမူ “ဒီေန႕ မနက္ ၇ နာရီေက်ာ္ေက်ာ္ေလာက္က စခန္းမႉး ေပ်ာက္သြားလို႔ က်ေနာ္တို႔ လိုက္ရွာတဲ့ အခါ သူ႕ဖိနပ္ကို ေရတြင္းနားမွာ ေတြ႕ပါတယ္။ ေရတြင္းထဲကို ဆင္းရွာေတာ့ သူ႕အေလာင္းကို ေတြ႕တာပါ။ အဲဒါနဲ႕ ေဆး႐ုံကိုပို႔တယ္။ ေရနစ္ေသဆုံးေၾကာင္းကို ေဆး႐ုံက အတည္ျပဳပါတယ္။ အျပင္မွာ ေျပာေနၾက သလိုေတာ့ မဟုတ္ပါဘူး” ဟု ေျပာသည္။

ယင္းေတာင္ကုတ္ ၿမိဳ႕မစခန္းမႉး ဒုရဲမႉးသိန္းနိုင္ထြန္း ေသဆုံးျခင္းႏွင့္ပတ္သက္ၿပီး ၎စခန္းတြင္ ေသမႈ /ေသခင္းျဖင့္ ဖြင့္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ျပဳလုပ္ေနေၾကာင္းလည္း သိရသည္။

ယခုရက္ပိုင္းအတြင္း ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးၾကည္လင္းသည္လည္း ေတာင္ကုတ္ၿမိဳ႕နယ္ သို႔ ေရာက္ရွိေနၿပီး၊ ရဲတပ္ဖြဲ႕မႉး ၾကည္လင္း ေရာက္ရွိ ေနျခင္းမွာ ဌာနမ်ား၏ လုပ္ထုံး၊ လုပ္နည္းအရ စခန္းမ်ားကို ပုံမွန္ စစ္ေဆးၾကည့္ရႈ႕ရန္ ေရာက္ရွိေနျခင္း ျဖစ္ေၾကာင္း ေတာင္ကုတ္ ၿမိဳ႕မစခန္းမွ တာဝန္ရွိ သူမ်ားက ေျပာသည္။

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၁၁ ရက္ေန႕ကလည္း ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕မရဲစခန္းမွ ရဲတပ္သား ေအာင္ျမင့္ သိန္းသည္ စခန္းရွိ လူပ်ိဳေဆာင္တြင္ မိမိကိုယ္ကို ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ေသဆုံးမႈ တခုျဖစ္ပြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မစခန်းမှူး ဒု ရဲမှူး သိန်းထွန်းနိုင်သည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနှစ် အချိန်ခန့်က စခန်း အတွင်းရှိ ရေတွင်းထဲသို့ ကျ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ မြို့မစခန်းမှူး ဒုရဲမှူး သိန်းထွန်းနိုင်သည် တောင်ကုတ်စခန်းသို့ ပြောင်းရွေ့တာဝန်ကျလာ သည်မှာ ၈ လ ခန့်ရှိပြီဖြစ်သည်။

တောင်ကုတ်မြို့မစခန်းမှ ဒုရဲအုပ် တိုးဇော်အောင်က “ ဒီနေ့ မနက် ၇ နာရီ ၃၅ လောက်က ဖြစ်တာပါ။ စခန်းထဲက ရေတွင်း မှာ မတော်တဆ ပြုတ်ကျပြီး သေဆုံးတာသွားပါ။ ယူနီဖောင်းနဲ့တော့ မဟုတ် ဘူး။ အရပ်ဝတ်နဲ့ ဒီတိုင်းပဲ သူ့ဟာသူ မတော် တဆ ရေတွင်းထဲကို ပြုတ်ကျပြီး သေဆုံးသွားတာပါ။ အလောင်းကိုတော့ ကျနော်တို့ ဆေးရုံးကို ပို့ထားပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူ မြို့မရဲဋ္ဌာန စခန်းမှူးမှာ ဌာနတွင်း ခုံရုံးဖွဲ့ စစ်ဆေးခံနေရသူဖြစ်ကြောင်း တောင်ကုတ် ဒေသခံများ အကြား သတင်းများထွက်ပေါ်နေသည်။

သို့သော် ဒုစခန်းမှူး ဖြစ်သူ ရဲအုပ်ချစ်ထွန်းကမူ “ဒီနေ့ မနက် ၇ နာရီကျော်ကျော်လောက်က စခန်းမှူး ပျောက်သွားလို့ ကျနော်တို့ လိုက်ရှာတဲ့ အခါ သူ့ဖိနပ်ကို ရေတွင်းနားမှာ တွေ့ပါတယ်။ ရေတွင်းထဲကို ဆင်းရှာတော့ သူ့အလောင်းကို တွေ့တာပါ။ အဲဒါနဲ့ ဆေးရုံကိုပို့တယ်။ ရေနစ်သေဆုံးကြောင်းကို ဆေးရုံက အတည်ပြုပါတယ်။ အပြင်မှာ ပြောနေကြ သလိုတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

ယင်းတောင်ကုတ် မြို့မစခန်းမှူး ဒုရဲမှူးသိန်းနိုင်ထွန်း သေဆုံးခြင်းနှင့်ပတ်သက်ပြီး ၎င်းစခန်းတွင် သေမှု /သေခင်းဖြင့် ဖွင့်ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းသည်လည်း တောင်ကုတ်မြို့နယ် သို့ ရောက်ရှိနေပြီး၊ ရဲတပ်ဖွဲ့မှူး ကြည်လင်း ရောက်ရှိ နေခြင်းမှာ ဌာနများ၏ လုပ်ထုံး၊ လုပ်နည်းအရ စခန်းများကို ပုံမှန် စစ်ဆေးကြည့်ရှု့ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း တောင်ကုတ် မြို့မစခန်းမှ တာဝန်ရှိ သူများက ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပေါက်တောမြို့မရဲစခန်းမှ ရဲတပ်သား အောင်မြင့် သိန်းသည် စခန်းရှိ လူပျိုဆောင်တွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး သေဆုံးမှု တခုဖြစ်ပွားခဲ့သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top