(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေ႐ႊျပည္သာၿမိဳ႕နယ္၊ တ/၁၅ ရပ္ ကြက္တြင္ ႏိုဝင္ဘာလ ၂၀ ရက္ နံနက္ အေစာပိုင္းက နာေရးအိမ္တြင္ ေဝယ်ာဝစၥကိစၥမ်ားကို ကူညီေဆာင္႐ြက္ေပးေနေသာ လူငယ္ႏွစ္ဦးကို အရက္မူးေနသည့္ အမ်ိဳးသားတစ္ဦးက ဓားျဖင့္ထိုးခဲ့ေသာေၾကာင့္ အသက္ ၂၃ ႏွစ္ အမ်ိဳးသားတစ္ဦးမွာ ေသဆံုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

ဓားျဖင့္ ထိုးခံရသူ အသက္ ၂၃ ႏွစ္ ကိုေအးကိုႏွင့္ အသက္ ၂၀ ႏွစ္ ကိုဝဏၰ ေအာင္တို႔ ႏွစ္ဦးမွာ ေ႐ႊျပည္သာၿမိဳ႕နယ္၊ တ/၁၅ ရပ္ကြက္၊ သံမဏိ(၃)လမ္းတြင္ ေနထိုင္သူမ်ားျဖစ္ၾကၿပီး ႏိုဝင္ဘာလ ၂၀ ရက္ နံနက္ ၃ နာရီက လမ္းထဲရွိ နာေရးအိမ္တြင္ ေဝယ်ာဝစၥကိစၥမ်ားကို လုပ္ကိုင္ေဆာင္႐ြက္ေပးေနခ်ိန္ ယင္းရပ္ကြက္တြင္ ေနထိုင္သူ အသက္ ၆၄ ႏွစ္ ဝင္းေအာင္(ခ) အဘိုးႀကီးက အရက္မူးၿပီး နာေရးအိမ္သို႔ ေရာက္ရွိလာခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္အရ သိရသည္။

“ဓားနဲ႔ထိုးခံရသူ ႏွစ္ေယာက္က အရက္မူးၿပီး နာေရးအိမ္ေရာက္လာသူကို အိမ္ျပန္ဖို႔ ေျပာခဲ့တယ္။ ျပစ္မႈက်ဴးလြန္သူက သူ႔ကို ျပန္ခိုင္းရမလားဆိုၿပီး ပါလာတဲ့ဓားေျမႇာင္နဲ႔ လိုက္ထိုးတာ။ ေသဆံုးသြားသူက လည္ပင္းမွာ ျပတ္ရွဒဏ္ရာရခဲ့တယ္။ က်န္တစ္ေယာက္က ရင္ဘတ္နဲ႔ ညာဘက္လက္မွာ ထိုးသြင္းဒဏ္ရာေတြရခဲ့ၿပီး အင္းစိန္ေဆး႐ံုမွာ ေဆးကုသမႈခံယူေနပါတယ္။ တရားခံကိုလည္း ဖမ္းမိထားပါတယ္” ဟု ရဲအရာရွိက ရွင္းျပသည္။

အဆိုပါလူသတ္မႈျဖစ္စဥ္ေၾကာင့္ ဝင္းေအာင္(ခ) အဖိုးႀကီးကို ဖမ္းဆီး၍ ေ႐ႊျပည္သာၿမိဳ႕နယ္ ေလွာ္ကားနယ္ေျမရဲစခန္းက (ပ) ၇၂၀/၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ် ကွက်တွင် နိုဝင်ဘာလ ၂၀ ရက် နံနက် အစောပိုင်းက နာရေးအိမ်တွင် ဝေယျာဝစ္စကိစ္စများကို ကူညီဆောင်ရွက်ပေးနေသော လူငယ်နှစ်ဦးကို အရက်မူးနေသည့် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့သောကြောင့် အသက် ၂၃ နှစ် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဓားဖြင့် ထိုးခံရသူ အသက် ၂၃ နှစ် ကိုအေးကိုနှင့် အသက် ၂၀ နှစ် ကိုဝဏ္ဏ အောင်တို့ နှစ်ဦးမှာ ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်၊ သံမဏိ(၃)လမ်းတွင် နေထိုင်သူများဖြစ်ကြပြီး နိုဝင်ဘာလ ၂၀ ရက် နံနက် ၃ နာရီက လမ်းထဲရှိ နာရေးအိမ်တွင် ဝေယျာဝစ္စကိစ္စများကို လုပ်ကိုင်ဆောင်ရွက်ပေးနေချိန် ယင်းရပ်ကွက်တွင် နေထိုင်သူ အသက် ၆၄ နှစ် ဝင်းအောင်(ခ) အဘိုးကြီးက အရက်မူးပြီး နာရေးအိမ်သို့ ရောက်ရှိလာခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“ဓားနဲ့ထိုးခံရသူ နှစ်ယောက်က အရက်မူးပြီး နာရေးအိမ်ရောက်လာသူကို အိမ်ပြန်ဖို့ ပြောခဲ့တယ်။ ပြစ်မှုကျူးလွန်သူက သူ့ကို ပြန်ခိုင်းရမလားဆိုပြီး ပါလာတဲ့ဓားမြှောင်နဲ့ လိုက်ထိုးတာ။ သေဆုံးသွားသူက လည်ပင်းမှာ ပြတ်ရှဒဏ်ရာရခဲ့တယ်။ ကျန်တစ်ယောက်က ရင်ဘတ်နဲ့ ညာဘက်လက်မှာ ထိုးသွင်းဒဏ်ရာတွေရခဲ့ပြီး အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ တရားခံကိုလည်း ဖမ်းမိထားပါတယ်” ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါလူသတ်မှုဖြစ်စဉ်ကြောင့် ဝင်းအောင်(ခ) အဖိုးကြီးကို ဖမ်းဆီး၍ ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေရဲစခန်းက (ပ) ၇၂၀/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top