ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေနအိမ္တစ္လံုး ဝယ္ယူၿပီးတဲ့ေနာက္မွာ အေရာင္းအဝယ္မွားလုိ႔ ေနာင္တရစိတ္ပ်က္ေနရတဲ့ အိမ္ပုိင္ရွင္ေတြမ်ားစြာရွိပါတယ္။ အ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေစ အဝယ္မွားတတ္လုိ႔ မိမိေနအိမ္ သစ္မွာေနထုိင္ရတာ သက္ေတာင့္သက္သာမျဖစ္ဘူး၊ မေပ်ာ္ရႊင္ရ ဘူးဆုိရင္ေတာ့ ဒီအေၾကာင္းက ေပါ့ေပါ့ေလးထားလုိက္လုိ႔ မရပါ ဘူး။

အိမ္ဝယ္ယူခဲ့စဥ္အခ်ိန္က အိမ္ၿခံေျမေစ်းႏႈန္း မေကာင္းလုိ႔ျဖစ္ ေစ၊ အက်ိဳးေဆာင္ေတြရဲ႕ ဖိအားေပးတုိက္တြန္းမႈေၾကာင့္ျဖစ္ေစ၊ ဒါမွမဟုတ္ မိမိတုိ႔မိသားစုေတြရဲ႕ အေၾကာင္းတစ္စံုတစ္ရာ အေရး ႀကီး ကိစၥေၾကာင့္ျဖစ္ေစ ေနအိမ္သစ္တစ္လံုးကုိ အေသအခ်ာ စီစစ္ ၾကည့္ရႈေရြးခ်ယ္လုိက္ရျခင္း မရွိပါပဲ ဝယ္ယူလုိက္ရတဲ့ အခါမ်ိဳးမွာဆုိ ရင္ ဒီလုိေနာင္တရစရာ၊ စိတ္ပ်က္စရာ အေၾကာင္းအရာေတြနဲ႔ ႀကံဳ ေတြ႔လာရႏုိင္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ေနအိမ္တစ္လံုးဝယ္ယူၿပီး ေနာက္ ျဖစ္လာမယ့္ ေနာင္တရျခင္းနဲ႔ စိတ္မသက္သာစရာေတြနဲ႔ ႀကံဳေတြ႔လာႏုိင္မယ့္ အေၾကာင္းေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္….

၁။ ပထမဆံုး အေရးႀကီးတဲ့အခ်က္ကေတာ့ မိမိေနအိမ္သစ္ရဲ႕ ေဘးပတ္ဝန္းက်င္က အိမ္နီးနားခ်င္းေတြပဲ ျဖစ္ပါတယ္။ အိမ္ကုိသာ ဝယ္ျဖစ္ရင္ ၿပီးေရာနဲ႔ ဝယ္ယူလုိက္တာက ေဘးပတ္ဝန္းက်င္က ဘယ္လုိလူေတြ၊ ဘယ္လုိအိမ္နီးနားခ်င္းပတ္ဝန္းက်င္ေတြျဖစ္သလဲ ဆုိတာ မေလ့လာမိလုိက္တဲ့ အခါမ်ိဳးက် ဒီျပႆနာမ်ိဳးနဲ႔ ႀကံဳေတြ႔ လာရႏုိင္ပါတယ္။ ပတ္ဝန္းက်င္က လူေတြက စရုိက္ဆိုး၊ ခပ္ဆိုးဆိုး အိမ္နီးခ်င္းေတြ ဒါမွမဟုတ္ သေဘာမေကာင္း၊ စိတ္ထားမျပည့္ဝတဲ့ အိမ္နီးခ်င္းေတြ၊ ပတ္ဝန္းက်င္နဲ႔ လံုးဝထိေတြ႔မႈမရွိ၊ လူမႈေရးမရွိတဲ့ အိမ္နီးခ်င္းေတြ၊ ဆူဆူညံညံလုပ္တတ္တဲ့ အိမ္နီးခ်င္းေတြ၊ စာရိတၱ မေကာင္းတဲ့ အိမ္နီးခ်င္းေတြ အစရွိသျဖင့္ ခပ္ဆိုးဆိုး သတိထားရ မယ့္ အိမ္နီးခ်င္းမ်ိဳးနဲ႔ဆုိရင္ေတာ့ သင့္မိသားစုအေနနဲ႔ သတိထား ေပါင္းသင္းေနထုိင္သင့္ပါတယ္။

၂။ ေက်ာင္း၊ ေစ်း၊ ေရွာ့ပင္းစင္တာ၊ ငွာနဆုိင္ရာ၊ ရံုး အစရွိသျဖင့္ အဓိကအေရးႀကီးတဲ့ လုိအပ္ခ်က္ေနရာေတြကုိနဲ႔ နီးစပ္တဲ့ေနရာေတြ မွာ မေရြးခ်ယ္မိလုိ႔ သြားလာေရးခက္ခဲေနရတာမ်ိဳးေတြ ႀကံဳေတြ႔လာ ရႏုိင္ပါတယ္။ ဥပမာ ကေလးငယ္ေလးေတြ၊ ေက်ာင္းတက္ကေလး ငယ္ရွိတဲ့ မိသားစုမ်ိဳးဆုိရင္ ေက်ာင္းနဲ႔နီးသလား၊ ေဝးသလား ဆုိတာ ကုိ ထည့္စဥ္းစားၿပီးမွ ဝယ္ယူသင့္ပါတယ္။ ေက်ာင္း၊ ေဆးရံု၊ ကစား ကြင္းတုိ႔နဲ႔ ေဝးကြာလုိ႔ ကေလးငယ္ေလးေတြအတြက္ သြားလာေရး ဒုကၡေရာက္ရပါတယ္။ ေစ်းတုိ႔၊ ငွာနဆုိင္ရာ ရံုးတုိ႔နဲ႔ ေဝးကြာလြန္းလုိ႔ လည္း အခက္အခဲေတြ ျဖစ္ေပၚလာရႏုိင္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ေန အိမ္ရဲ႕ပတ္ဝန္းက်င္နဲ႔ သြားလာရလြယ္ကူတဲ့ ေနရာမ်ိဳးမွာ ဝယ္ယူေန ထုိင္သင့္ပါတယ္။

၃။ အိမ္ရဲ႕ပံုစံအေျခအေနနဲ႔ မိသားစုနဲ႔ သင့္ေတာ္မႈ ရွိမရွိကုိလည္း ခ်ိန္ဆၿပီး ဝယ္ယူသင့္ပါတယ္။ အဘယ့္ေၾကာင့္ဆုိေသာ္ တခ်ိဳ႕ေန အိမ္ေတြက မိသားစုဝင္ေတြနည္းၿပီးေတာ့ အိမ္ကႀကီးလြန္းျခင္း၊မိ သားစုဝင္မ်ားတဲ့ မိသားစုေတြမွာလည္း ဝယ္ယူတဲ့အိမ္ကက်ဥ္း လြန္းျခင္းတုိ႔လုိ လိုက္ဖက္ညီမႈမရွိလုိ႔ ေနထုိင္ရအဆင္မေျပတာမ်ိဳး ေတြ ျဖစ္လာႏုိင္ပါတယ္။ အခန္းဖြဲ႕ေတြနည္းလုိ႔၊ က်ဥ္းေျမာင္းလုိ႔ လြတ္လြတ္လပ္လပ္နဲ႔ သက္ေတာင့္သက္သာ ေနထုိင္ရမွမဟုတ္လုိ႔ မိသားစုေတြ ေပ်ာ္ႏုိင္မွာမဟုတ္ပါဘူး။

၄။ ေနအိမ္တစ္လံုးကုိ အေပၚယံပဲၾကည့္လုိ႔ ဝယ္ယူလုိက္ျခင္းက တကယ့္ကုိအမွားႀကီးမွာပါပဲ။ အေပၚယံေလးမွာပဲ လွပၿပီးေတာ့ အထင္ႀကီးစရာေကာင္းသေလာက္ အိမ္ရဲ႕အတြင္းခန္းမွာေတာ့ ထင္မထားေလာက္ေအာင္ကုိ ျဖစ္ေနမယ္ဆုိရင္ သင့္အတြက္ စိတ္ သက္ေတာင့္သက္သာ ျဖစ္မွမဟုတ္ပါဘူး။ အျပင္ပန္းနဲ႔ ပန္းၿခံ၊ ၿခံဝင္းေလးပဲ လွၿပီး အတြင္းခန္းမွာ ျပင္ဆင္ရမယ့္အစိတ္အပုိင္းေတြ၊ အခန္းဖြဲ႔၊ ၾကမ္းျပင္၊ အမုိး အစရွိသျဖင့္ေတြမွာလည္း တာရွည္ခံဖုိ႔အ တြက္ ျပင္ဆင္ရမယ္။ ေနာက္ၿပီး လွ်ပ္စစ္မီး၊ ေရရရွိမႈ၊ လံုၿခံဳေရး၊ ေရႏုတ္ေျမာင္း အစရွိသျဖင့္ေတြလည္း ျပင္ဆင္ရမယ္ဆုိရင္ေတာ့ သင့္အတြက္ အိမ္အေရြးမွား ျဖစ္သြားၿပီလုိ႔ ဆုိႏုိင္ပါတယ္။

၅။ ေနာက္ဆံုးတစ္ခ်က္ကေတာ့ အိမ္ေစ်းႏႈန္းနဲ႔ အိမ္ၿခံေျမေစ်းကြက္ အေျခအေနပဲ ျဖစ္ပါတယ္။ မျဖစ္မေနျဖစ္လုိ႔ အေရးတႀကီး ဝယ္ယူ လုိက္တဲ့ အိမ္က ေစ်းႀကီးႀကီးနဲ႔ရသြားလုိ႔ သင့္အတြက္ေငြေၾကးဆံုး ရံႈးမႈ ႏွေျမာစရာေကာင္းပါတယ္။ သင္ဝယ္ယူေနခ်ိန္မွာ ျမင့္တက္ေန တဲ့ အိမ္ေစ်းႏႈန္းက ျပန္ေရာင္းလို႔ရမယ့္ ေစ်းႏႈန္းေတာင္ မရႏုိင္ဘူး ဆုိတဲ့ အေျခအေနမ်ိဳးပါ။ ဒါ့ေၾကာင့္မုိ႔လုိ႔ ျဖစ္ႏုိင္မယ္ဆုိရင္ ေနအိမ္ တစ္လံုးဝယ္ယူဖုိ႔ အေလာတႀကီးအလ်င္မလုိပါနဲ႔။ ေစ်းႏႈန္းက ကၽြမ္း က်င္တဲ့ ပြဲစား၊ အက်ိဳးေဆာင္ေတြနဲ႔ အေသအခ်ာညွိယူၿပီးမွ ဝယ္ယူသင့္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  iMyanmarHouse.com


#Unicode Version#

နေအိမ်တစ်လုံး ဝယ်ယူပြီးတဲ့နောက်မှာ အရောင်းအဝယ်မှားလို့ နောင်တရစိတ်ပျက်နေရတဲ့ အိမ်ပိုင်ရှင်တွေများစွာရှိပါတယ်။ အ ကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ အဝယ်မှားတတ်လို့ မိမိနေအိမ် သစ်မှာနေထိုင်ရတာ သက်တောင့်သက်သာမဖြစ်ဘူး၊ မပျော်ရွှင်ရ ဘူးဆိုရင်တော့ ဒီအကြောင်းက ပေါ့ပေါ့လေးထားလိုက်လို့ မရပါ ဘူး။

အိမ်ဝယ်ယူခဲ့စဉ်အချိန်က အိမ်ခြံမြေဈေးနှုန်း မကောင်းလို့ဖြစ် စေ၊ အကျိုးဆောင်တွေရဲ့ ဖိအားပေးတိုက်တွန်းမှုကြောင့်ဖြစ်စေ၊ ဒါမှမဟုတ် မိမိတို့မိသားစုတွေရဲ့ အကြောင်းတစ်စုံတစ်ရာ အရေး ကြီး ကိစ္စကြောင့်ဖြစ်စေ နေအိမ်သစ်တစ်လုံးကို အသေအချာ စီစစ် ကြည့်ရှုရွေးချယ်လိုက်ရခြင်း မရှိပါပဲ ဝယ်ယူလိုက်ရတဲ့ အခါမျိုးမှာဆို ရင် ဒီလိုနောင်တရစရာ၊ စိတ်ပျက်စရာ အကြောင်းအရာတွေနဲ့ ကြုံ တွေ့လာရနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ နေအိမ်တစ်လုံးဝယ်ယူပြီး နောက် ဖြစ်လာမယ့် နောင်တရခြင်းနဲ့ စိတ်မသက်သာစရာတွေနဲ့ ကြုံတွေ့လာနိုင်မယ့် အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်….

၁။ ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ မိမိနေအိမ်သစ်ရဲ့ ဘေးပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေပဲ ဖြစ်ပါတယ်။ အိမ်ကိုသာ ဝယ်ဖြစ်ရင် ပြီးရောနဲ့ ဝယ်ယူလိုက်တာက ဘေးပတ်ဝန်းကျင်က ဘယ်လိုလူတွေ၊ ဘယ်လိုအိမ်နီးနားချင်းပတ်ဝန်းကျင်တွေဖြစ်သလဲ ဆိုတာ မလေ့လာမိလိုက်တဲ့ အခါမျိုးကျ ဒီပြဿနာမျိုးနဲ့ ကြုံတွေ့ လာရနိုင်ပါတယ်။ ပတ်ဝန်းကျင်က လူတွေက စရိုက်ဆိုး၊ ခပ်ဆိုးဆိုး အိမ်နီးချင်းတွေ ဒါမှမဟုတ် သဘောမကောင်း၊ စိတ်ထားမပြည့်ဝတဲ့ အိမ်နီးချင်းတွေ၊ ပတ်ဝန်းကျင်နဲ့ လုံးဝထိတွေ့မှုမရှိ၊ လူမှုရေးမရှိတဲ့ အိမ်နီးချင်းတွေ၊ ဆူဆူညံညံလုပ်တတ်တဲ့ အိမ်နီးချင်းတွေ၊ စာရိတ္တ မကောင်းတဲ့ အိမ်နီးချင်းတွေ အစရှိသဖြင့် ခပ်ဆိုးဆိုး သတိထားရ မယ့် အိမ်နီးချင်းမျိုးနဲ့ဆိုရင်တော့ သင့်မိသားစုအနေနဲ့ သတိထား ပေါင်းသင်းနေထိုင်သင့်ပါတယ်။

၂။ ကျောင်း၊ ဈေး၊ ရှော့ပင်းစင်တာ၊ ငှာနဆိုင်ရာ၊ ရုံး အစရှိသဖြင့် အဓိကအရေးကြီးတဲ့ လိုအပ်ချက်နေရာတွေကိုနဲ့ နီးစပ်တဲ့နေရာတွေ မှာ မရွေးချယ်မိလို့ သွားလာရေးခက်ခဲနေရတာမျိုးတွေ ကြုံတွေ့လာ ရနိုင်ပါတယ်။ ဥပမာ ကလေးငယ်လေးတွေ၊ ကျောင်းတက်ကလေး ငယ်ရှိတဲ့ မိသားစုမျိုးဆိုရင် ကျောင်းနဲ့နီးသလား၊ ဝေးသလား ဆိုတာ ကို ထည့်စဉ်းစားပြီးမှ ဝယ်ယူသင့်ပါတယ်။ ကျောင်း၊ ဆေးရုံ၊ ကစား ကွင်းတို့နဲ့ ဝေးကွာလို့ ကလေးငယ်လေးတွေအတွက် သွားလာရေး ဒုက္ခရောက်ရပါတယ်။ ဈေးတို့၊ ငှာနဆိုင်ရာ ရုံးတို့နဲ့ ဝေးကွာလွန်းလို့ လည်း အခက်အခဲတွေ ဖြစ်ပေါ်လာရနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ နေ အိမ်ရဲ့ပတ်ဝန်းကျင်နဲ့ သွားလာရလွယ်ကူတဲ့ နေရာမျိုးမှာ ဝယ်ယူနေ ထိုင်သင့်ပါတယ်။

၃။ အိမ်ရဲ့ပုံစံအခြေအနေနဲ့ မိသားစုနဲ့ သင့်တော်မှု ရှိမရှိကိုလည်း ချိန်ဆပြီး ဝယ်ယူသင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် တချို့နေ အိမ်တွေက မိသားစုဝင်တွေနည်းပြီးတော့ အိမ်ကကြီးလွန်းခြင်း၊မိ သားစုဝင်များတဲ့ မိသားစုတွေမှာလည်း ဝယ်ယူတဲ့အိမ်ကကျဉ်း လွန်းခြင်းတို့လို လိုက်ဖက်ညီမှုမရှိလို့ နေထိုင်ရအဆင်မပြေတာမျိုး တွေ ဖြစ်လာနိုင်ပါတယ်။ အခန်းဖွဲ့တွေနည်းလို့၊ ကျဉ်းမြောင်းလို့ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာ နေထိုင်ရမှမဟုတ်လို့ မိသားစုတွေ ပျော်နိုင်မှာမဟုတ်ပါဘူး။

၄။ နေအိမ်တစ်လုံးကို အပေါ်ယံပဲကြည့်လို့ ဝယ်ယူလိုက်ခြင်းက တကယ့်ကိုအမှားကြီးမှာပါပဲ။ အပေါ်ယံလေးမှာပဲ လှပပြီးတော့ အထင်ကြီးစရာကောင်းသလောက် အိမ်ရဲ့အတွင်းခန်းမှာတော့ ထင်မထားလောက်အောင်ကို ဖြစ်နေမယ်ဆိုရင် သင့်အတွက် စိတ် သက်တောင့်သက်သာ ဖြစ်မှမဟုတ်ပါဘူး။ အပြင်ပန်းနဲ့ ပန်းခြံ၊ ခြံဝင်းလေးပဲ လှပြီး အတွင်းခန်းမှာ ပြင်ဆင်ရမယ့်အစိတ်အပိုင်းတွေ၊ အခန်းဖွဲ့၊ ကြမ်းပြင်၊ အမိုး အစရှိသဖြင့်တွေမှာလည်း တာရှည်ခံဖို့အ တွက် ပြင်ဆင်ရမယ်။ နောက်ပြီး လျှပ်စစ်မီး၊ ရေရရှိမှု၊ လုံခြုံရေး၊ ရေနုတ်မြောင်း အစရှိသဖြင့်တွေလည်း ပြင်ဆင်ရမယ်ဆိုရင်တော့ သင့်အတွက် အိမ်အရွေးမှား ဖြစ်သွားပြီလို့ ဆိုနိုင်ပါတယ်။

၅။ နောက်ဆုံးတစ်ချက်ကတော့ အိမ်ဈေးနှုန်းနဲ့ အိမ်ခြံမြေဈေးကွက် အခြေအနေပဲ ဖြစ်ပါတယ်။ မဖြစ်မနေဖြစ်လို့ အရေးတကြီး ဝယ်ယူ လိုက်တဲ့ အိမ်က ဈေးကြီးကြီးနဲ့ရသွားလို့ သင့်အတွက်ငွေကြေးဆုံး ရှုံးမှု နှမြောစရာကောင်းပါတယ်။ သင်ဝယ်ယူနေချိန်မှာ မြင့်တက်နေ တဲ့ အိမ်ဈေးနှုန်းက ပြန်ရောင်းလို့ရမယ့် ဈေးနှုန်းတောင် မရနိုင်ဘူး ဆိုတဲ့ အခြေအနေမျိုးပါ။ ဒါ့ကြောင့်မို့လို့ ဖြစ်နိုင်မယ်ဆိုရင် နေအိမ် တစ်လုံးဝယ်ယူဖို့ အလောတကြီးအလျင်မလိုပါနဲ့။ ဈေးနှုန်းက ကျွမ်း ကျင်တဲ့ ပွဲစား၊ အကျိုးဆောင်တွေနဲ့ အသေအချာညှိယူပြီးမှ ဝယ်ယူသင့်ပါတယ်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top