ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျပည္နယ္ႏွင့္ တုိင္းအဆင့္ ၂၁ ႏွစ္ေအာက္ ေဘာလံုးၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္ရန္အတြက္ ကရင္ျပည္နယ္အတြင္း ၂၁ ႏွစ္ေအာက္ ၿမိဳ႕နယ္အလိုက္ ေဘာလံုးၿပိဳင္ပြဲကိုက်င္းပေနရာ ယင္းမွ ေရြးခ်ယ္ခံရမည့္ ျပည္နယ္အဆင့္ ေဘာလံုးသမားမ်ားကို ရက္ ၄၀ စခန္းသြင္း ေလ့က်င့္မည္ျဖစ္ေၾကာင္း ကရင္ျပည္နယ္ အစုိးရအဖြဲ႔ထံမွ သိရသည္။

ကရင္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အလုိက္ ၂၁ ႏွစ္ေအာက္ ေဘာလံုးၿပိဳင္ပြဲကို ႏုိဝင္ဘာလ ၂၄ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ၿပီး ၿမိဳ႕နယ္ ၇ ခုမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ကာ ယင္းၿပိဳင္ပြဲမွ ျပည္နယ္အဆင့္ ကစားသမားမ်ားကို ေရြးခ်ယ္မည္ျဖစ္ေၾကာင္း ကရင္ျပည္နယ္ အားကစားဝန္ႀကီး ဦးေတဇထြဋ္လႈိင္ေထြးက ဆုိသည္။

“လာမယ့္ဇန္နဝါရီလ ၉ ရက္ေန႔ ေနျပည္ေတာ္မွာက်င္းပမယ့္ အသက္ ၂၁ ႏွစ္ေအာက္ၿပိဳင္ပြဲ က်င္းပဖို႔ရွိတယ္။ ဒီၿပိဳင္ပြဲမတိုင္ခင္မွာ ဝန္ႀကီးခ်ဳပ္ဖလားကုိ က်င္းပရျခင္းေပါ့ေနာ္။ ဒီေန႔ကစၿပီး ၁၂ ပြဲတိတိ က်င္းပသြားမယ္။ ၿပီးရင္ ဒီက ကစားသမားေတြကို ရက္ ၄၀ ဝန္းက်င္စခန္းသြင္း ေလ့က်င့္ၿပီးေတာ့ ေနျပည္ေတာ္ၿပိဳင္ပြဲကုိ ေစလႊတ္သြားမယ္”ဟု ၎ကဆုိသည္။

လူငယ္မ်ားအေနႏွင့္ အားကစားကို ပိုမုိစိတ္ဝင္စားလာျခင္းအားျဖင့္ ေလာင္းကစားႏွင့္ မူးယစ္ေဆးဝါးမ်ားကုိ ေရွာင္ရွားလာႏုိင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း၊ ယင္းအတြက္ အားကစားလုပ္ငန္းမ်ာားကို အားေပးမည္ျဖစ္ေၾကာင္း ကရင္ျပည္နယ္ အသက္ ၂၁ ႏွစ္ေအာက္ ဝန္ႀကီးခ်ဳပ္ဖလား ေဘာလံုးၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားတြင္ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#

ပြည်နယ်နှင့် တိုင်းအဆင့် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကရင်ပြည်နယ်အတွင်း ၂၁ နှစ်အောက် မြို့နယ်အလိုက် ဘောလုံးပြိုင်ပွဲကိုကျင်းပနေရာ ယင်းမှ ရွေးချယ်ခံရမည့် ပြည်နယ်အဆင့် ဘောလုံးသမားများကို ရက် ၄၀ စခန်းသွင်း လေ့ကျင့်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ် ၇ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ယင်းပြိုင်ပွဲမှ ပြည်နယ်အဆင့် ကစားသမားများကို ရွေးချယ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် အားကစားဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ဆိုသည်။

“လာမယ့်ဇန်နဝါရီလ ၉ ရက်နေ့ နေပြည်တော်မှာကျင်းပမယ့် အသက် ၂၁ နှစ်အောက်ပြိုင်ပွဲ ကျင်းပဖို့ရှိတယ်။ ဒီပြိုင်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ဖလားကို ကျင်းပရခြင်းပေါ့နော်။ ဒီနေ့ကစပြီး ၁၂ ပွဲတိတိ ကျင်းပသွားမယ်။ ပြီးရင် ဒီက ကစားသမားတွေကို ရက် ၄၀ ဝန်းကျင်စခန်းသွင်း လေ့ကျင့်ပြီးတော့ နေပြည်တော်ပြိုင်ပွဲကို စေလွှတ်သွားမယ်”ဟု ၎င်းကဆိုသည်။

လူငယ်များအနေနှင့် အားကစားကို ပိုမိုစိတ်ဝင်စားလာခြင်းအားဖြင့် လောင်းကစားနှင့် မူးယစ်ဆေးဝါးများကို ရှောင်ရှားလာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ယင်းအတွက် အားကစားလုပ်ငန်းမျာားကို အားပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အသက် ၂၁ နှစ်အောက် ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top